Sharing & Caring by Dr.Thida Myint
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing & Caring by Dr.Thida Myint, Health/Beauty, ChanAyeTharZan, Mandalay.
06/08/2023
မျှစ်တာလပေါဟင်း ချက်ပုံလေးပါနော်!! ပထမဦးစွာ ဆန်လက်တစ်ဆုပ်လှော်ပီး ရေထည့် ကြက်သွန်ဖြူနဲ့ကြက်သွန်နီထောင်းထည့် အရသာမှုန့်ထည့် ပုဇွန်ခြောက်ထည့်ပီးဟင်းရည်အိုးအရင်တည်ပါ, အစပ်ချက်မယ်ဆိုငပိနဲ့ငရုပ်သီးစိမ်းထောင်းထည့်ပါ, အချိုချက်မယ်ဆို အဲ့2ခုမလိုပါ!! ဟင်းရည်ပွက်လာရင် မျှစ်အရင်ထည့်ပါ မျှစ်အစိမ်းကိုလှီးပီး ရေစိမ်ထားပီးသားမျှစ်ကိုအသုံးပြုပါတယ်!! မျှစ်ထည့်ပီး မျှစ်နူးအောင် အချိန်စောင့်ပါ!! ပီးရင် ငရုပ်သီးတောင့်ထည့် ရွှေဖရုံသီး လှီးပီးသားထည့် မှိုထည့် ဖရုံညွန့်ထည့် ဆူးပုတ်ထည့် ပီး အရသာအပေါ့အငံမြည်းပီး အရွက်တွေကျက်ရင် စားလို့ရပါပီရှင်!!
06/08/2023
သခွါးသီးသုပ်လုပ်နည်းလေးပါနော်🥰🥰🥰သခွါးသီးအလုံးကြီးကို ဂျစ်နဲ့ခြစ် ဂျစ်မရှိတော့ ဇွန်းနဲ့ခြစ်😂😂😂 ပီးရင် ငရုပ်သီးစိမ်းထောင်း ပုဇွန်ခြောက်ထောင်း ငပိဖုတ် ကြက်သွန်နီလှီး ပင်စိမ်း သံပုရာသီးညှစ်ပီး အရသာမှုန့်အချိုအငံထည့်ပီး လက်အိတ်နဲ့နယ်ပါ, အရမ်းကောင်းတဲ့ သခွါးသီးသုပ်လေး စားလို့ရပါပီရှင်😁😁😁
26/07/2023
အရမ်းချောပီး အရမ်းတော်သောဆရာ🙏🙏🙏 သူကိုယ်တိုင်လဲလှတယ် သူများတွေကိုလဲ လှအောင်ဖန်တီးပေးတဲ့သူ!! ဆရာဝန်စစ်စစ် နိုင်ငံတကာဘွဲ့တွေရထားတဲ့သူနဲ့ပဲ အလှပြင်ကြပါနော်!! ဆရာက Plastic Surgeon စစ်စစ်ကိုမှ Koreaကနေ FRCS ရထားတဲ့သူပါ!! ဆရာဝန်တွေရွေးချယ်ပီးကုတဲ့ဆရာဝန်ဆိုတာ တကယ်တော်တဲ့ တတ်တဲ့သူကိုပဲ ရွေးချယ်ကြပါတယ် ဆေးပညာအကြောင်းနားလည်တော့ ဘယ်သူကလက်ကောင်းတယ် ဘယ်သူက တကယ်တော်တယ်တတ်တယ်ဆိုတာ အကုန်သိကြပါတယ်🥰🥰🥰
Plastic Surgery နဲ့ပတ်သတ်ပြီး မေးချင်တာလေးတွေရှိရင် Comment (or) Cbမှာ မေးလို့ရပါတယ်ရှင့်။
Admin တို့အနေနဲ့ မေးခွန်းတွေထဲကမှ သင့်တော်ရာမေးခွန်း၇ခုကို ရွေးထုတ်ပြီး Dr Pauk ရဲ့အဖြေကို ရှေ့အပတ်မှာပြန်လည်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
အထူးသဖြင့် နယ်ကနေရန်ကုန်မလာနိုင်သူတွေ၊ သွားလာရန်ခက်ခဲသူတွေအတွက် ရည်ရွယ်တာမို့ သိလိုသမျှ comment (or) Cb မှာမေးလို့ရပါတယ်ရှင် 🙏
25/07/2023
ကျမဆရာဝန်တစ်ယောက်ပါ, Review ရေးတယ်ဆိုတာ အရင်ကတော့ ကိုယ့်သဘောအတိုင်းပေါ့ အခုတော့ ကိုယ့်ရဲ့ ကာမပိုင်ယူတော့မယ့်အမျိုးသားရှိလာပီမို့ သူ့ဆီတော့ခွင့်တောင်းရပါတယ်, ကိုကိုရေ ဒါလေးကို Review ရေးချင်လို့ ဒီပုံလေးတွေထည့်မယ်နော်လို့ Private parts တွေဖြစ်တဲ့အတွက် ကိုယ်ကတော့ပွင့်လင်းပေမယ့် သူ့အတွက်တော့ခွင့်ပြုဖို့တောင် တော်တော်စဉ်းစားပေးထားတာပါ!! အားလုံးကို ကောင်းတာလေးတွေဆို ဝေမျှချင်တဲ့ ကျမရဲ့ စိတ်ရင်းကြောင့် ဒီpostလေးကို ရေးတင်တာပါနော်!!
အလုပ်တွေအရမ်းများပီး လေ့ကျင့်ခန်းလဲမလုပ်အား Gymလဲမဆော့အား အစားလဲတအားမလျှော့နိုင်တဲ့ ကျမအတွက် Wedding ကနီးလာပီ Wtကမကျ, ဗိုက်ကပူ အချိန်တိုအတွင်းမှာ မပိန်နိုင်တော့ ကျမရဲ့ Aesthetic ဆရာဝန် Dr.မျိုးနဲ့တိုင်ပင်ပီး ဗိုက်ကို Liposuction လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်, အရင်ကပေါင်နဲ့လက်မောင်းထုတ်ဖူးတဲ့ Plastic Surgeon Dr.Pauk(Dr.Zaw Win Htay)နဲ့ ပဲလုပ်ဖို့ ဆုံးဖြတ်ပီး မေ့ဆေးဆရာဝန်တော်တဲ့သူနဲ့ဆေးရုံကိုလဲ VIPအခန်းမှာယူပီး လုပ်ခဲ့ပါတယ်!! ဆေးရုံက မြောက်ဒဂုံက Dagon Medical Hospital မှာလုပ်တာပါ!! ကျမဆရာတွေအားလုံးက အရမ်းဂရုစိုက်ပီး အရမ်းကိုတော်ကြပါတယ်, မေ့ဆေးကြောက်တဲ့ကျမကို မေ့ဆေးမသုံးပဲ ခါးရိုးထုံဆေးသုံးပေးပါတယ်, ခွဲခန်းဝင်တာ 5နာရီကြာပါတယ်, ကျမကို နောက်ကြောနောက်ကအဆီရော မေးစေ့အောက်ကအဆီရော အိပ်ဆေးအနည်းငယ်သုံးပီး တစ်ခါထဲထုတ်ပေးကြပါတယ်!! ဒီနေရာမှာမေးစရာရှိလာပါတယ် ဘာလို့ Bkkမှာမလုပ်လဲလို့, Bkkမှာက အခုငွေကုန်တာထက် 3ဆပိုကုန်ပီးတော့ ကိုယ့်ဆီကဆရာဝန်တွေလောက်စေတနာမပါတာရယ် ကိုယ့်ကိုလူနာစောင့်ပေးမယ့်သူအခက်အခဲရယ်နဲ့ ခွဲစိတ်မှုမဟုတ်ပဲ အဆီထုတ်တာမို့ ကိုယ့်ဆီမှာကိုယ်ပဲ ရွေးချယ်လိုက်တာပါ!! အဆီထုတ်ပီးရင်တော့ ဗိုက်စီးတွေစီးရပါတယ် ကျမကတော့ Curvyက arm shaperနဲ့ ဗိုက်ချပ်ဘောင်းဘီကိုပဲ ဝတ်ပါတယ် ကျမနဲ့အဆင်ပြေလို့ပါ!! အရင်တခေါက် လက်မောင်းနဲ့ပေါင်ကိုလုပ်တာက မညီတာလေးတွေကျန်တာ ပြန်လုပ်ရမှာလေးတွေရှိပါတယ် အဲ့ဒါကတော့ ဘယ်နိုင်ငံမှာလုပ်လုပ် တခါနဲ့မပြီးပါဘူး!! အမတစ်ယောက်Bkkမှာလုပ်တာလဲ အဲ့လိုကျန်တာအသားတွဲတာလေးတွေရှိပါတယ်!! အရေပြားတခါထဲဆွဲချုပ်ဖို့လိုမယ်ထင်တာဆိုရင်တော့ ကျမကတော့ ကိုရီးယားမှာသွားလုပ်ပါမယ် အစီအစဉ်ရှိပါတယ် ဥပမာ နှာခေါင်းပြင်တာတို့ ချုပ်ရိုးထင်မယ့်ဟာဆိုရင်တော့ ကိုရီယားမှာပဲလုပ်မှာပါ!! Liposuction အဆီထုတ်တာကတော့ ကျမကတော့ ကျမရွေးချယ်ထားတဲ့ ဆရာဝန်တွေကို အရမ်းစိတ်တိုင်းကျပါတယ်!! လုပ်ချင်တဲ့သူရှိရင် ကျမဆီအားမနာတမ်းမေးပါနော် ကျမညွှန်ပေးပါမယ်, ကျမကတော့ အားလုံးကသိချင်ကြလို့ မေးကြလို့ ကိုယ့်အတွေ့အကြုံကို Honestly Reviewပေးတာပါနော်, ဆေးရုံဆေးခန်းကြော်ငြာပေးစရာလဲမလိုဘူး ကျမပိုက်ဆံနဲ့ကျမဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တဲ့အရာကို အားလုံးကို စိတ်ရင်းအမှန်နဲ့ ဝေမျှပေးခြင်းဖြစ်ပါတယ်!! အစားအသောက်လျှော့ပီး လေ့ကျင့်ခန်းလုပ်တာကတော့ အကောင်းဆုံးနည်းလမ်းပါ, ကျမကတော့ အလုပ်များတာရော အစားစားမိနေတာရော အချိန်မပေးနိုင်တာရောကြောင့် ကျမနဲ့သင့်တော်တဲ့နည်းလမ်းကိုရွေးချယ်လိုက်တာပါ!! ဗိုက်ချပ်ပီး အခုလှသွားတော့ ထပ်ပိန်ဖို့ Moti ရတာပေါ့ရှင်!! ကျန်တာကတော့ ကိုယ့်စိတ်နဲ့ကိုယ်မို့ ကိုယ်နဲ့သင့်တော်မယ့် နည်းလမ်းတွေကို ရွေးချယ်ပီး လှကြပါစေလို့, ပုံလေးတွေကိုလဲ ကျန်းမာရေးအသိ မောင်နှမသားချင်းမေတ္တာစိတ်မျိုးနဲ့ကြည့်ပေးကြပါနော်, ကျမအနေနဲ့လဲ မိသားစုစိတ် စေတနာစိတ်နဲ့ပဲ အားလုံးသိချင်နေကြတာလေးကို မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်🥰🥰
အမျိုးသမီးတစ်ယောက်ကို စချစ်ကတည်းက လက်ထပ်ဖို့အထိ တွေးပီး ချစ်တဲ့ယောက်ကျားကိုပဲရွေးချယ်ရပါမယ်!! အချစ်ဆိုတာ လုပ်ယူလို့မရပေမယ့် မိန်းကလေးတွေဆိုတာ ကိုယ့်ကိုဂရုစိုက်ပီး ချစ်ပေးတဲ့သူရှိရင် သူ့အလိုလိုချစ်သွားမှာပါပဲ!! ဘဝမှာ ကံအမြဲကောင်းတတ်တဲ့သူမို့ အိမ်ထောင်ဖက်တောင် ကိုယ်နဲ့သင့်တော်တဲ့သူ ကိုယ့်ကိုအလိုလိုက်မယ့်သူ ကိုယ့်ကိုတန်ဖိုးထားမယ့်သူက သူ့အလိုလိုရောက်လာတာပါ!! ကျမက ပညာတတ် စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်တဲ့အလျှောက် ကျမအပေါ်ကောင်းတဲ့သူ တကယ်မေတ္တာမှန်တဲ့သူကို ကျမ မှန်မှန်ကန်ကန် ရွေးချယ်ရမှာပါပဲ!! ကျမအသက်အရွယ်နဲ့ အချစ်ကိုရူးမိုက်ရမယ့်အရွယ်မဟုတ်တော့သလို ကိုယ့်အပေါ်မကောင်းတော့ဘူးထင်တဲ့သူကိုလဲ သီးခံပီးဆက်တွဲစရာ ဘာအကြောင်းမှမရှိပါဘူး!! ပြတ်သားသင့်တာကို ပြတ်သားရမယ် လုပ်စရာရှိတာကို လုပ်ရမယ်!! ကျမတို့မိန်းကလေးတွေက စိတ်ကိုအလိုလိုက်ရင် ဘဝတွေက သာယာမှာမဟုတ်ဘူး!! ကျမကတော့ ကျမဆန္ဒတွေကို သိက္ခာနဲ့ထိန်းတယ်!! နောက်တစ်ခု ကျမ ပေါ်တင်ပဲ ပြောတတ်တယ် ပွင့်ပွင့်လင်းလင်းပဲနေတယ်, သစ္စာမဖောက်တတ်ဘူး, တစ်ယောက်မကောင်းလို့တစ်ယောက်ပြောင်းတာတော့ ကျမ Rightပဲလေ, အဓိကက တိတ်တိတ်ပုန်း ခိုးမလုပ်ဖို့ပဲ, သူတော်ကောင်းယောင်မဆောင်ဖို့ပဲ!! အရာရာ ပွင့်လင်းတဲ့ ကျမအတွက် တချို့ကိစ္စတွေကတော့ အန္တရာယ်ရှိပေမယ့် ကျမစိတ် ကျမကိုတော့ အမြဲလုံခြုံပီး အမြဲစိတ်သန့်နေတယ်!! ဒီpostလေးက အချစ်နဲ့အိမ်ထောင်ဖက်အတွက် ကျမအတွေးလေးတွေ ဆုံးဖြတ်ချက်တွေကို Sharing လုပ်တာပါနော်!! ညီမလေးတွေ အမတွေ စိတ်ထားတတ်အောင် Shareလုပ်ပေးတာပါ, ကျမကတော့ မှန်ကန်တဲ့သူကို ရွေးချယ်နိုင်တဲ့ ကျမကိုယ်ကျမ ကျေနပ်သလို, လူမှန်နေရာမှန်ရှိလာပေးတဲ့ ကျမဘဝရဲ့လက်တွဲဖော်ကိုလဲ တကယ်ကျေးဇူးတင်ပါတယ်🥰🥰🥰
ညနေ 4နာရီလောက်ကျရင် Pageလေးကို အသက်သွင်းတဲ့အနေနဲ့ Liveလေးလွှင့်ပီး စကားတွေပြောကြမယ်နော်!! Sharing လုပ်မယ့် ခေါင်းစဉ်ခေါ်မလား အကြောင်းအရာခေါ်မလား , စာအုပ်ကြီးဖတ်ပြသလို စကားလုံးတွေမသုံးပဲ ကိုယ့်အတွေ့အကြုံတွေကို ရိုးရိုးသားသား Sharing လုပ်မှာဖြစ်ပေမယ့် ပြောရမှာ Shareရမယ့်အကြောင်းအရာတွေကများတော့ တစ်ခါပြောရင် အကြောင်းအရာတစ်မျိုးကိုပဲ Emphasise လုပ်ပါမယ်!! ဒီနေ့ကတော့ Introပေါ့😁😁😁 စိတ်ဝင်စားရင် လာjoinပါနော်🥰🥰🥰
🥰Sharing & Caring လုပ်တယ်ဆိုတာ ကိုယ်သိတာတတ်တာကို ဝေမျှပေးတာရယ်, ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ ဖြေရှင်းခဲ့လဲဆိုတာတွေရယ်, ကိုယ့်အပေါ် လူလည်ကျလို့ အလိမ်ခံရလို့ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို နောက်လူတွေမခံရအောင် ပြောပြပေးတာရယ်, နောက်တစ်ခုက Caringလုပ်တယ်ဆိုတာ ကိုယ်လုပ်ပေးနိုင်တဲ့ ဂရုစိုက်နိုင်တာ ပံ့ပိုးပေးနိုင်တဲ့အရာ ရှိရင် ဂရုစိုက်ပေးတာ ပံ့ပိုးပေးတာမျိုးပါ!! ဒါတွေက မိမိ အကျိုးအမြတ်တွက်မဟုတ်ပဲ စာဖတ်သူ နားထောင်သူတွေ အကျိုးအမြတ်ကိုသာ ရည်ရွယ်ပီး, ပညာဒါန အတွေ့အကြုံဒါန, လုပ်အားဒါန support လုပ်ဖြစ်ခဲ့ရင် ငွေအားဒါန စသဖြင့် ကျမတတ်နိုင်တဲ့ဘက်ကနေ ကျမအတွေ့အကြုံတွေကိုဝေမျှဖို့ပါ!!
🥰ဆရာဝန်ဖြစ်ဖို့ ဘယ်လိုကြိုးစားခဲ့တာတွေ လူနာကုရတာတွေ အတွေ့အကြုံတွေကို Sharing လုပ်မယ်, စီးပွါးရေးလုပ်တဲ့အခါမှာလဲ ဘယ်လိုကြိုးစားခဲ့တယ် ဘယ်လိုအတိုက်အခိုက်တွေရှိတယ် ဘာတွေတွေ့ကြုံခဲ့တယ် ဘယ်လိုအလိမ်ခံခဲ့ရတယ် ဘယ်လိုပြန်ကြိုးစားခဲ့ရတယ် အားလုံးကို Sharing လုပ်မယ်!! ကိုယ်ကြုံခဲ့ရတဲ့ လူလိမ်တွေ လူဖျံတွေကို နာမည်မထည့်ပါဘူး, အတွေ့အကြုံကိုပဲပြောပြမှာပါ!! 🥰နောက်ပီးတော့ ပိုက်ဆံရှိလာလို့ မြေဝယ်တာပဲဖြစ်ဖြစ် ကားဝယ်တာပဲဖြစ်ဖြစ် အိမ်ဆောက်တာပဲဖြစ်ဖြစ် ကိုယ်မသိတဲ့နယ်ပယ်မှာ ဘယ်လိုလူတွေရှိတယ် ဘာတွေဖြစ်တတ်တယ် ဘယ်လိုတွေလုပ်သွားကြတယ် ဘယ်လိုဆုံးရှူံးမှုတွေရှိတယ် စသဖြင့် ကျမခံခဲ့ရတာတွေ ကျမရခဲ့တဲ့ အတွေ့အကြုံတွေကို ကျမမိတ်ဆွေတွေ မခံရအောင် Sharing လုပ်ပေးမှာပါ!!
🥰တချို့ Sharing လုပ်တယ်တို့ Coachလုပ်တယ်တို့ ဆိုပီး Pageတွေထောင်ကြပါတယ်, စကားတွေပြောကြပါတယ်, တချို့သူတွေ တကယ်စီးပွါးရေးလောကထဲကမဟုတ်ပဲ စာတွေအလွတ်ကျက်ပီးပြောနေတာတွေကို နားထောင်နေရတာ သိပ်အကျိုးမရှိဘူးလို့ ကျမတော့မြင်တယ်!! သူတို့ကိုယ်တိုင်တောင် မချမ်းသာတာ ဘယ်လိုလုပ် စီးပွါးရေးအကြောင်းတွေ အောင်မြင်ရေးအကြောင်းတွေပြောနေတာလဲ ကျမတော့နားမလည်ဘူး!! တကယ့်သူဌေးကြီးတွေပြောတာဆို ကျမနားထောင်တယ်, တကယ့်ပညာတတ်တွေ အောင်မြင်တဲ့သူတွေပြောတာဆို နားထောင်သင့်ပါတယ်, မဟုတ်ရင်တော့ အဲ့လိုလူတွေက သူတို့အောင်မြင်မှုရဖို့ ငွေရှာဖို့ကြိုးစားနေတယ်လို့ပဲ ကျမတော့မြင်တယ်!! ဒါတွေပြောလို့လဲ ကျမကိုယ်ကျမ အရမ်းအောင်မြင်နေတယ် အရမ်းချမ်းသာနေတယ်လို့ပြောတာ မဟုတ်ပါဘူးနော်!! ဒါပေမယ့် ဒီလိုတွေ Sharing , Caring လုပ်နိုင်တဲ့ အနေအထားတစ်ခုမှာတော့ ကျမမှာရှိနေပါတယ်, အသက်အရွယ်နဲ့ မလိုက်အောင် အလုပ်တွေ အတွေ့အကြုံတွေများခဲ့လို့ပါ!!
🥰ဒီPageကို ထောင်တာသည် ကျမအကျိုးအမြတ်တွက် လုံးဝမဟုတ်ပဲ ကျမရဲ့ရပ်တည်ချက်အမှန် စေတနာ သန့်သန့်ဖြင့်သာ Sharing, Caring လုပ်မှာဖြစ်ပါတယ်!! ဗဟုသုတရစေမယ့် အကြောင်းတွေ အကျိုးရှိမယ့်အကြောင်းတွေပဲပြောပါ့မယ်!!
🥰ကျမရဲ့နေ့စဉ်လှုပ်ရှားမှုကိုကြည့်ချင်ရင် Facebookက Thida Myint account မှာ တင်ချင်ရာအကုန်တင်ပါတယ်, အဲ့မှာကြည့်လို့ရပါတယ် စိတ်ထဲရှိတာအကုန်တင်တာပါ!! ရတနာတွေဝယ်ချင်ရင် Thida Myintနဲ့ Dr.Handmade Pageမှာ ဝယ်ပါ !! TikTok ကတော့ TikTok account နဲ့ Facebook မှာပဲတင်ပါတယ်!! ဒီPageမှာ အပျော် TikTok တောင် ကျမတင်မှာမဟုတ်ပါဘူး!!
🥰ဒီPageရဲ့ ရည်ရွယ်ချက်ဟာ သူများအကျိုးအတွက်ဖွင့်တာဖြစ်လို့ promoteလုပ်ဖို့မလိုသလို ကျမကနေပီး လိုက်ပီးလဲ invite မလုပ်ပါဘူး!! ကျမကိုချစ်တဲ့သူတွေ ကျမကိုယုံကြည်တဲ့သူတွေ ကျမကိုလိုအပ်တဲ့သူတွေက Likeလုပ်ရင် ရပါပီ!! ဒီPageကနေ သူများကိုမတိုက်ခိုက်ပါဘူး, ဒါပေမယ့် အမှန်တွေတော့ အကုန်ပြောမှာပါ, ဒါမှ ကိုယ်ခံရသလို မခံရအောင် တခါတလေ လူမှုရေးနဲ့စီးပွါးရေးကို မရောသင့်တာတွေ အားမနာသင့်တဲ့နေရာ မနာသင့်တာတွေ ပြောပြမှာပါ!! ကျမမှာ သံယောဇဉ်ကြီးတဲ့စိတ်, မိတ်ဆွေတွေအပေါ်အားနာတတ်တဲ့စိတ်တော့ရှိပါတယ် အဲ့စိတ်ကြောင့်ပဲ တချို့အရာတွေ ကျမခံရတာပါ, တကယ့်တကယ်ကျ ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရတာဆိုတာတွေရယ် ကိုယ်အားနာသလို သူများကလဲ့ကျ အားမနာတတ်ကြတာတွေရယ်, ငွေလက်လွန်သွားရင် ပြန်မရတာတွေ ကိုယ့်လိုလူတိုင်းကိုမတွေးသင့်တဲ့အချက်တွေကို ကျမအတွေ့အကြုံတွေနဲ့ Sharing လုပ်ပေးမှာပါ!! အားလုံးသိချင်ကြမှာပါ, ကျမကတော့ ဒါတွေကို စိတ်တွေ အချိန်တွေ ငွေတွေ အများကြီးရင်းပီးမှ ရထားတာပါ!! ကျမမိတ်ဆွေတွေ Friends တွေ Followersတွေကို တပြားမှမကုန်ပဲ သိစေ ရစေချင်တဲ့စေတနာပါနော်!!
🥰နောက်တစ်ခုက ကျမ လိုအပ်တဲ့နေရာတွေအတွက် ပရဟိတအလှူတွေလုပ်ပါမယ်, အဓိကက ဘုန်းကြီး ရဟန်း သီလရှင်နဲ့ အမှန်တကယ်ချို့တဲ့သူတွေအတွက် ကျမတတ်နိုင်တာတွေလှူပါမယ်, လုပ်ငန်းအတွက် စီးပွါးရေးအတွက် support လုပ်ပေးနိုင်တာရှိရင်လုပ်ပါမယ်!! ကဲစာရှည်သွားပီ ကျမက မြန်မာစာ စာစီစာကုံးအရမ်းကျွမ်းခဲ့တော့ စာရေးရင် အရှည်ကြီးတွေရေးတတ်တော့ မနည်းဖြတ်နေရတယ်😁😁😁 Let’s start my pageနော် ချစ်ဆုံးတို့ရေ
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay