I'Aura Product Mandalay

I'Aura Product Mandalay

Share

IAura product များကို စျေးနှုန်းမှန်ကန်စွာဖ

12/06/2023
07/06/2023

ရသေ့ကြီးဦးခန္တီဂါထာကိုရွတ်ချင်တယ် ဘာအတွက်ရွတ်ရတာလဲဘာတွေထိန်းရမလဲအမေးများကြလို့တင်ပေးလိုက်ပါပြီ(ခိုင်မြဲသော စီးပွားရေးကိုထူထောင်လိုသူများအတွက် နည်းလမ်း)ရသေ့ကြီး ဦးခန္တီ ၏ လိုတရ ဣစ္ဆာသယ ဂါထာ ( ခေါ် ) ဓနသိဒ္ဓိ ဂါထာ=================== (ပုတီးစိတ်နည်း)၁။ဂါထာတစ်ပုဒ် ပုတီးတစ်လုံးချနှင့် ပုတီးတစ်ပတ်စိတ်ပါ။၂။မြတ်စွာဘုရား၏ ဂုဏ်တော် ဆယ့်သုံးပါးဖြစ်ပါသည်။ အနက်ကိုသေခြာစွာဖတ်ပြီး အနုလုံ၊ ပဋိလုံ အဖန်တလဲလဲ ဆင်ခြင်ရင်း ပုတီးစိပ်ရမည်။ ၃။စိတ်ပျံ့လွင့်ပြီး ကြက်တူရွေးစာအံသင်သကဲ့သို့အရေအတွက်ပြည့်အောင်သာ မစိပ်ရပါ။၄။ပုတီးသည် သမထ အခြေခံဖြစ်သည်။၅။စိတ်မပျံ့လွင့်ပါက သမာဓိရမည်။၆။သမာဓိရပါက ဝိပဿနာ ကူးလျင် အလွန် မြန်ဆန်သည်။ရ။၅ပါးသီလ ထိန်းရပါမည်။ ၅ပါးသီလ မလုံပါကမထူးခြားပါ။၈။မြေပျော့တွင်အိမ်ဆောက်ပါက ခဏသာ ခံမည်။မကြာမီ ပြိုလဲမည်မှာ ဧကန်မုချဖြစ်၏။၉။လောကဓံရှစ်ပါးအရညံ့ချိန်တွင် အကျိုးပေးနည်းသော်လည်း သမာဓိရမည်မှာမလွဲ။၁၀။ကောင်းချိန်တွင်မူ လိုတရ၏။(ပါဠိ)"အရဟံ ဗဟိ အန္တဇယံသုဂတံအ-မိတံ ဝိရဇံလ - လိတံ။အ-တုလံ စရဏံတိဘဝူပသမံ ယမကံ။သုခ-ဒံ သရဏံပဏ-မာမိ ဇိနံ။"==================(မြန်မာပြန်)၁။ အရဟံ – ပူဇော် အထူး ကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။၂။ ဗဟိ-အန္တ-ဇယံ – အတွင်း-အပ ရန်ကို အောင်တော် မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။၃။ သုဂတံ – ကောင်းသော စကားကို ဟောပြော တတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။၄။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုး ဗျာဋိဟာ ရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။၅။ ဝိရဇံ – ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။၆။ လလိတံ – တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။၇။ အတုလံ – အတု မရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။၈။ စရဏံ – အကျင့် စရဏနှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။၉။ တိ-ဘဝူပ-သမံ – ဘုံသုံးပါး ၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။၁၀။ ယမကံ – ရေမီး အစုံအစုံ တန်ခိုး ဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။၁၁။ သုခဒံ – ချမ်းသာ ကို ပေးစွမ်းနိုင်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။၁၂။ သရဏံ – ကိုးကွယ် အားထားရာဖြစ်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။၁၃။ ဇိနံ – မာန်ငါးပါး ကိုအောင်မြင်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။

Photos from I'Aura Product Mandalay's post 27/05/2023

-09797806447
#မန္တလေး

26/05/2023

Off line အရောင်းလေးပါ
Suncream 1 sold out

Photos from I'Aura Product Mandalay's post 25/05/2023
21/05/2023

ဘုရားဂုဏ်တော်၉ပါး ------------------------------------မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော နံနက်ခင်းလေးဖြစ်ပါစေ🙏🏻🌹🙏🏻🌹🙏🏻🌹🙏🏻🌹🙏🏻🌹🌺🌺🌺🌼🌼🌼🌸🌸🌸🪷🪷🪷🪷🌷🌷🌷🌷၁။ အရဟံကိလေသာကို ပယ်သတ်တော် မူပြီးသော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်တွင်ပင် မကောင်းမှု မပြု။ ပူဇော်မှုအထူး ခံထိုက်တော်မူသော မြတ်စွာဘုရား။၂။ သမ္မာသမ္ဗုဒ္ဓေါ တရားအပေါင်းကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။၃။ ဝိဇ္ဇာစရဏ သမ္ပန္နော ဝိဇ္ဇာ ၃ ပါး၊ ဝိဇ္ဇာ ၈ ပါး၊ စရဏ ၁၅ ပါး ပြည့်စုံတော်မူသော မြတ်စွာဘုရား။၄။ သုဂတောကောင်းသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား။ ၅။ လောကဝိဒူ လောက ၃ ပါးကို အကြွင်းမဲ့ သိတော်မူ မြတ်စွာဘုရား။၆။ အနုတ္တရော ပုရိသ ဓမ္မ သာရထိ ဘုရားရှင်ထက် မြင့်မြတ်သာလွန်သူမရှိ။ လူ နတ် ဗြဟ္မာ တိရိစ္ဆာန် ကြမ်းတို့အား ယဉ်ကျေးအောင် ဆုံးမတော် မူသော မြတ်စွာဘုရား။ ၇။ သတ္တာဒေ၀ မနုဿနံ လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။ ၈။ ဗုဒ္ဓေါ သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်လဲ သိ၊ ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား🙏🏻🌹🙏🏻🌹🙏🏻🌹🌸🌼🌸🌼🌸🌺🌷🪷🪷🌷🪷🌷🌺🌼🌸🌼🌸🌸🌺၉။ ဘဂဝါ ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရာ🙏🏻🌹🙏🏻🌹🙏🏻🌹

19/05/2023

🌞မင်္ဂလာမနက်ခင်းပါ🙏
" အခက်အခဲဖြစ်တဲ့အချိန်၊ ခံစားနေရချိန်မှာ နာနာဖိရွတ် "***************************************
"ဖုဋ္ဌဿလောက ဓမ္မေဟိ" = ( လောကဓံတရား တစ်ပါးပါးနဲ့ ထိတွေ့ခံစားရတဲ့အခါလို့ အဓိပ္ပါယ်ရပါတယ်။)
"စိတ္တံယဿ နကမ္ပတိ" = ( စိတ်သည်မတုန်မလှုပ်ပါစေနှင့်လို့ အဓိပ္ပါယ်ရပါတယ်)
"အသောကံ" = ( မတွေးတော၊ မစိုးရိမ်ပါနဲ့လို့ အဓိပ္ပါယ်ရပါတယ်။)
"ဝိရဇံ" = (မက်မောမှုမရှိပါနဲ့လို့ အဓိပ္ပါယ်ရပါတယ်)
"ခေမံ" = ( ကြည်လင် အေးချမ်းအောင် စိတ်ကို လေ့ကျင့်မွေးမြူထားပါလို့ အဓိပ္ပါယ်ရပါတယ်)
✨ အန္တရာယ် အလွန်ကင်းတယ်။ တစ်ခါတစ်ရံ ဘဝမှာ အခက်အခဲတွေ့ လာလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အခါမှာ အဲ့ဒီ ဂါထာတော် ရွတ်လိုက်တဲ့အခါ မျက်စိထဲမှာ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ ကွင်းကွင်းကွက်ကွက် ပေါ်လာတော့တာပါပဲ။
ဖြစ်နိုင်ရင် မျက်လုံးဖွင့်တဲ့အခါမှာလည်းရွတ်။ ဘဝမှာ အခက်အခဲတွေနဲ့ ပိတ်ဆို့နေတဲ့အချိန်၊ စိတ်ညစ်ရလွန်းလို့ရှုးမတတ်ခံစားရနေချိန်၊ အမှုအခင်းပြဿနာကြုံတွေ့ချိန်၊ လာဘ်ပိတ်နေချိန်၊ အချစ်ကြောင့်၊ အိမ်ထောင်ရေးကြောင့် စိတ်သောကကြုံနေရချိန်တွေမှာ နာနာဖိရွတ်ပေး၊
မကြာခဏအားတိုင်း၊ သတိရတိုင်း ရွတ်ပေးနေရင် ဘဝဟာ သူအလိုလို အဆင်ပြေ ချောမွေ့ပြီး စိတ်ချမ်းသာမှု အတိနဲ့ ဘဝဟာ နှလုံး မွေ့လျောဖွယ်ကောင်းတဲ့ ပန်းဥယျဉ်ကြီးတစ်ခုလို လှပ စိုပြေ လာပါလိမ့်မယ်။
လက်ရှိမှာလဲ အဓိဌာန်ဝင်ပီး ပုတီးစိပ်ဖြစ်နေတဲ့ ဂါထာလေးပါ ''ဖုဋ္ဌဿ လောက ဓမ္မေဟိ(ဖုတ်ထတ်သ လောက ဓမ်မေဟိ)
စိတ်တံ ယဿ န ကမ္ပတိ(စိတ်တံ ယတ်သ န ကမ်ပတိ)
အသောကံ ဝိရဇံ ခေမံ''
🕊️အားလုံးသော မိတ်ဆွေများ ကျန်းမာချမ်းသာ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ🙏🏻
" စိတ်ထား ကောင်းလျှင် ကံကောင်းမည်"
✨မျှဝေ ကုသိုလ် ယူနိုင်ပါတယ်

Photos from I'Aura Product Mandalay's post 18/05/2023

#မန္တလေး
#မန်းလေးအိမ်ရောက်ငွေချေ

18/05/2023

အောင် အရဟံ လာဘံသိဒ္ဓိ
အောင် အရဟံ ပီယံသိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ
ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ 🙏

Photos from Iaura Myanmar by ceo's post 17/05/2023
Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

နန်းရှေ့ 19လမ်း၊ပုသိမ်ကြီး
Mandalay