KHH Secco Silica Gel : Mandalay Dealer
Secco Silica Gel
04/05/2026
မန္တလေးမြို့ မှ အစားအသောက် ၊ ဆေးဝါး၊
အဝတ်အထည်၊ ဖိနပ်၊ လက်ဝတ်ရတနာ၊
အီလက်ထရောနစ်ပစ္စည်း၊ ကင်မရာ Accessories ၊
ရွှေငွေ ဒေါ်လာ သိမ်းဆည်းခြင်း၊
စသည့် စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်ကြီးများခင်ဗျာ......
မိမိတို့ ထုတ်ကုန်ပစ္စည်းများကို စိုထိုင်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန်အတွက် အကောင်းဆုံး ရေငွေ့ထိန်းချုပ်မှု Formula နဲ့ထုတ်လုပ်ထားသော -Secco_Silica_Gel များနှင့်
လေနှင့် ထိတွေ့မှုကြောင့် ပျက်စီးမှုမှ ကာကွယ်ရန် Oxygen Absorber များကို မန္တလေးမြို့တွင် ဝယ်ယူနိုင်ပါပြီ ခင်ဗျာ ။
မိမိ လုပ်ငန်းအတွက် အမြဲတမ်းအသုံးပြုလိုသူများ၊ ပြန်လည်ရောင်းချလိုသူများ အတွက် " B2B Plan " ရှိပြီး စျေးနှုန်းချိုသာစွာရောင်းချပေးသွားမှာပါ 😊
တိုက်ရိုက်လာရောက်ဝယ်ယူလိုပါက ၆၃လမ်း၊ ၁၀၈လမ်းနှင့် ၁၀၉လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့၊ 09-798910907 လိပ်စာအတိုင်း လာရောက်ဝယ်ယူနိုင်ပါတယ်နော် 😊😊
======================
We distribute -Secco_Silica_Gel in Mandalay Division, under the agreement with and the permission of “KHH Company Limited", Yangon, Myanmar.
Fb page: KHH SECCO Silica Gel Mandalay Dealer
04/04/2026
Now...All the items are out of stock 😀
04/04/2026
လိပ်စာ
၆၃လမ်း၊ ၁၀၈လမ်းနှင့်၁၀၉လမ်းကြား
အ.ထ.က (၃၀) ကျောင်းအရှေ့ဘက်
ချမ်းမြသာစည်မြို့နယ်
မန္တလေး
09-798910907
16/03/2026
Silica gel အသုံးပြုသူများ၊ ပြန်လည်ရောင်းချသူများသတိပြုရန် 📌
Silica gel အထုပ်လေးတွေကို လက်နဲ့ တိုက်ရိုက်ကိုင်တွယ်တာ ဒါမှမဟုတ် ကိုင်တွယ်ပြီးမှ ပြန်ရောင်းချတာဟာ သုံးစွဲသူရဲ့ ကျန်းမာရေးရော၊ ပစ္စည်းရဲ့ အရည်အသွေးအတွက်ပါ မကောင်းတဲ့ အချက်တွေ ရှိပါတယ်။
သတိထားရမည့် အချက်တွေကတော့
📌 အစိုဓာတ် စုပ်ယူမှု အာနိသင် ကျဆင်းခြင်း
Silica gel ရဲ့ အဓိက အလုပ်က ပတ်ဝန်းကျင်မှာရှိတဲ့ အစိုဓာတ်ကို စုပ်ယူဖို့ပါ။ လက်နဲ့ကိုင်လိုက်တဲ့အခါ ကျွန်ုပ်တို့ရဲ့ လက်ဖဝါးက မမြင်နိုင်တဲ့ ချွေးနဲ့ အစိုဓာတ်တွေကို Silica gel က စတင်စုပ်ယူလိုက်တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည် (Capacity) လျော့သွားပါတယ်။ ပြင်ပလေထုအတွင်းရှိ စိုထိုင်းဆကိုလဲ စုပ်ယူသွားပါတယ်။
ရောင်းချမယ့် ပစ္စည်းထဲ မထည့်ခင်ကတည်းက အစိုဓာတ်တွေ ဝနေပြီဆိုရင် တကယ့်ပစ္စည်းထဲ ရောက်တဲ့အခါ မှိုမတက်အောင်၊ အစိုဓာတ်စုပ်ယူအောင် ကောင်းကောင်း မကာကွယ်နိုင်တော့ပါဘူး။ ဒါကြောင့် silica gel ရဲ့ shelf life သက်တမ်းတိုနိုင်ပါတယ်။
📌
အစားအသောက် နဲ့ ဆေးဝါးတွေထဲ ထည့်မယ့် Silica gel ဆိုရင် ပိုပြီး အရေးကြီးပါတဲ့အချက်က
ဘက်တီးရီးယား ကူးစက်မှုပါ။ လက်မှာရှိတဲ့ ပိုးမွှားတွေ၊ ဆီဥတွေက အထုပ်ရဲ့ အပြင်ဘက်အလွှာမှာ ကပ်ကျန်ခဲ့နိုင်ပါတယ်။ အဲဒီအထုပ်ကို အခြားသူဆီ ပြန်ရောင်းတဲ့အခါ ဒါမှမဟုတ် တခြားပစ္စည်းထဲ ထည့်တဲ့အခါ တစ်ဆင့် ကူးစက်မှု (Cross-contamination) ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် လက်နဲ့ ခဏခဏ ကိုင်ထားတဲ့ အထုပ်တွေက အရောင်စွန်းထင်းတာ၊ နွမ်းဖတ်သွားတာမျိုး ဖြစ်တတ်လို့ အမြင်မလှတော့လို့ ဝယ်သူအတွက် ယုံကြည်မှု လျော့နည်းစေပါတယ်။
📌 နောက်တစ်ချက်က
Silica gel ကိုယ်တိုင်က အဆိပ်အတောက် မရှိသလောက် နည်းပါးပေမယ့် အချို့သော အမျိုးအစားတွေ (ဥပမာ- အပြာရောင်မှ ပန်းရောင်ပြောင်းတဲ့ အမျိုးအစား) မှာ Cobalt Chloride လိုမျိုး ဓာတုပစ္စည်း ပါဝင်တတ်ပါတယ်။
အရေပြား ယားယံခြင်း: အသားအရေ နုသူတွေ ဒါမှမဟုတ် ဓာတ်မတည့်သူတွေ ကိုင်မိရင် အရေပြား ယားယံတာ၊ ခြောက်သွေ့တာမျိုး ဖြစ်နိုင်ပါတယ်။
ကျွန်ုပ်တို့ KHH secco silica gel ကတော့ cabalt chloride coated မဟုတ်တဲ့ အတွက် ဒီပြဿနာကို တွေ့ရမှာတော့ မဟုတ်ပါဘူး။ အထုပ်လေးတွေအပေါ်မှာ Do not eat လို့ ဖော်ပြထားတာာကတော့ chocking hazard သတိမူစေဖို့ပါ။
အကြံပြုချက်
📌 လက်အိတ် သုံးပါ
အထုပ်တွေကို ခွဲထုတ်တာ ဒါမှမဟုတ် ပစ္စည်းထဲ ထည့်တာမျိုး လုပ်မယ်ဆိုရင် ရာဘာလက်အိတ် (သို့မဟုတ်) ပလတ်စတစ်လက်အိတ် စွပ်ပြီး လုပ်ဆောင်သင့်ပါတယ်။
📌 လေလုံအောင် ပိတ်ပါ
အသုံးမပြုသေးတဲ့ အထုပ်တွေကို လေလုံတဲ့ ဘူး ဒါမှမဟုတ် အိတ်ထဲမှာပဲ အမြဲ သိမ်းဆည်းထားပါ။
📣 မှတ်ချက်
ဥပမာ၊ ဓာတ်ပုံရိုက်ဖို့၊ video ရိုက်ဖို့၊ တခြားအကြောင်းတခုခုကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်ကိုင်တွယ်ထားတဲ့ အထုပ်တွေကို ပြန်ရောင်းတာဟာ စီးပွားရေး ကျင့်ဝတ်အရရော၊ ပစ္စည်းရဲ့ Quality အရပါ မလုပ်သင့်တဲ့ အချက်ဖြစ်ပါတယ်။ ပုံရိုက်ချိန် ကြာရင်ကြာသလို လေနဲ့ထိတွေ့မှုများတာကြောင့် လေထုတွင်းရှိ ရေခိုးရေငွေ့ကို စုပ်ယူသွားနိုင်ချေ များပါတယ်။ မဖြစ်မနေ ခွဲထုပ်ရမည် ဆိုလျှင် လေလုံအခန်းအတွင်းတွင် အလျင်မြန်ဆုံး ခွဲထုပ်ပါ။ လက်အိတ်သုံးပါ။ အိတ်ကို ချက်ချင်း seal ပိတ်ပါ။
ကုန်ပစ္စည်းထုတ်လုပ်သူများ အနေဖြင့်လဲ စက်ရုံကထုပ်ပိုးထားသည့်အတိုင်း အနည်းဆုံးပမာဏပါ အထုပ်ကိုရွေးချယ်ဝယ်ယူပါ။ Silica gel အထုပ်သေးလေးများကို အကုန်အသုံးမပြုဖြစ်သေးပါက မိမိတခါသုံးမည့် ပမာဏကို ထုတ်ယူထားပြီး အိတ်ကိုသေချာပိတ် သိမ်းဆည်းပါ။
ထုတ်ယူထားသည့် Silica gel များကိုလဲ အတတ်နိုင်ဆုံး အမြန်ဆုံး အသုံးပြုပါ။ မိမိကုန်ပစ္စည်းအတွင်း silica gel ထည့်မည့် လုပ်ငန်းစဥ်ကို တပြိုင်တည်း တချိန်တည်း ထည့်သွင်းပါ။ ပါကင်ပိတ်ပါ။
ဒါမှသာ silica gel လေးများက ကုန်ပစ္စည်းအနီးနားမှာနေပြီး ထိရောက်စွာ အလုပ်လုပ်ပေးနိုင်မှာပါ။
28/01/2026
Silica gel ဆိုတာ ကုန်ပစ္စည်းထုတ်လုပ်သူ Manufacturers များ ဝယ်ယူအသုံးပြုတာ အများဆုံးပါ။ မိမိ၏ ကုန်ပစ္စည်းက စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း မည့်သည့်အရာပဲ ဖြစ်ပါစေ ဝယ်ယူသုံးစွဲကြမည့် End users (Consumers) များအတွက် သတိပေးစာသားကို မြန်မာလို ရိုက်နှိပ်ဖော်ပြပေးထားတဲ့ silica gel အထုပ်လေးတွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်လို့ အကြံပြုပါစေ ခင်ဗျာ။
ကျွန်တော်တို့ရဲ့ KHH SECCO_SORB silica gel အထုပ်လေးတွေမှာ သတိပေးစာသားကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ဖော်ပြထားတဲ့ အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ထုတ်ကုန်များကို ပြည်တွင်းရော ပြည်ပမှာပါ တင်သွင်းရောင်းချတဲ့အခါမှာ များစွာ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
ဂရုစိုက်ခြင်းများစွာဖြင့်
#ပန်းအခြောက်ခံ
63/108×109... chan mya thar si, mandalay
09-798910907
28/01/2026
KHH- Secco-Sorb Powder Desiccant Extra Dri: Excellent Dryness for Containers
⛴ ⛴ ⛴ ⛴ ⛴ ⛴ ⛴ ⛴ ⛴ ⛴ ⛴ ⛴ ⛴ ⛴
Container မျာခြောက်သွေ့နေစေဖို့ ကျွန်ုပ်တို့၏ KHH-Secco PD အထုပ်များ
✅
Container hanging bags : Your Companion on Sea Export Journeys
ကုန်ပစ္စည်းများအား Containers များဖြင့် သယ်ယူပို့ဆောင်တဲ့အခါ Containers နံရံတွင် ချိတ်ဆွဲ၍ အသုံးပြုနိုင်ပါတယ်။
✅
Specification: 1000g
1Kg အထုပ်များ ရရှိနိုင်ပါတယ်။
✅
Moisture absorption rate of up to 250%, compared to silica gel at only 30% or clay at only 18%.
Powder Desiccant (PD) ရဲ့ moisture စုပ်ယူနိုင်စွမ်းကလဲ အံ့မခန်းပါပဲ 250% အထိတောင် ဆိုပဲ။
✅
Fast and effective moisture absorption, lasting 30-60 days in relative humidity of 55% or higher.
စိုထိုင်းဆမြင့်သော နေရာတွေမှာ အမြန်ဆုံးနဲ့ အထိရောက်ဆုံး စုပ်ယူနိုင်စေပါတယ်။ ရက်ပေါင်း ၆၀ အထိတောင် သူ့ကို အသုံးပြုထားလို့ရတယ်နော်။
✅
Convenient plastic hanging hooks.
ချိတ်ဆွဲရ လွယ်ကူသော ချိတ်ပါပါတယ်။
✅
Hang 8-12 strips for a 20-foot container
ပေနှစ်ဆယ်အကျယ်ရှိသော container တစ်လုံးလျှင် 8ထုပ်မှ 12ထုပ်အထိ ချိတ်ဆွဲအသုံးပြုပါ။
✅
Before use, loose, dry, warm powder
After use, soft clumps of powder
Protects containers regardless of the season.
အသုံးမပြုရသေးခင်တော့ PDထုပ်လေးတွေက နူးညံ့၊ နွေးထွေး၊ ခြောက်ခြောက်သွေ့သွေ့လေးပေါ့။ အသုံးပြုပြီး သူ အလုပ်လုပ်ပြီးသွားရင်တော့ အမှုန့်လေးတွေက နူးနူးအိအိ ပျော့ပျော့လေးတွေ ဖြစ်သွားတတ်ပါတယ်။ ဘယ်လိုရာသီမှာမဆို Containers ကို ကာကွယ်ဖို့ PD ကို သုံးသင့်ပါတယ်။
✅
PD အထုပ်များကို
မိမိတို့ အိပ်ခန်း၊ ဧည့်ခန်း၊ စာကြည့်ခန်း အတွင်း
မှိုနံ့ကင်းရှင်းဖို့၊
စိုထိုင်းဆ ထိန်းသိမ်းဖို့၊
အခန်းတွင်းရှိ တန်ဖိုးကြီးပစ္စည်းများ၊
ပန်းချီကားများ စသည်တို့ကို ရေငွေ့ကြောင့်မပျက်စီးစေ ဖို့ အခန်းနံရံတွင် ချိတ်ဆွဲ အသုံးပြုနိုင်ပါတယ်။
20/01/2026
Valentine's Day ကလဲ နီးပြန်ပြီ
ဒီတခါတော့ အကြံဉာဏ်ပေးချင်တာက
ညီမလေးတို့က ပန်းစည်းလက်ဆောင် မရသေးခင် SG ကို ကြိုဝယ်ချင်ဝယ်ထား (အရင်နှစ်ကဝယ်ထားသူများကတော့ ဝယ်စရာထပ်မလိုတော့ဘူး recycle သုံးလို့ရတယ်ဆိုတော့လေ)
ဒါမှမဟုတ်.....
ညီလေးတို့က ပန်းစည်းပေးရင် SG ပါတပြိုင်တည်း တွဲပေး........
အတွေ့အကြုံအရကတော့ ညီမလေးတွေခမျာ ပန်းစည်းရမှ SG မှာကြရရှာတော့........ SG က မရောက်သေး ပန်းတွေကနွမ်းလို့ ဖြစ်ရ...... ဒီကပို့ရသူမှာလဲ စိတ်တွေပူ စောင့်ရသူမှာလဲ စိတ်မရှည်နဲ့ .......
ဒါကြောင့် စောစောကြိုဝယ်ကြနော် ❤ ချစ်သော ညီငယ် ညီမငယ်များ......
#ပန်းအခြောက်ခံ
#ပန်းစည်း
#ချစ်သူများနေ့
How sweet and informative clip
07/11/2025
Price quotation
01/11/2025
မိမိ ထုတ်ကုန်ပစ္စည်း ထည့်သွင်း ထုပ်ပိုးမည့် container/package အတွင်းသို့ ထည့်ရမည့် Silica gel ပမာဏ ကို တွက်ချက်လိုပါက
Container ၏ Volume ကို သိဖို့လိုပါတယ်။ The volume of air in a container is equal to the volume of the container itself ပါ။
Volume ကိုတွက်ဖို့ Container၏ အလျား..အနံ...အမြင့် (cm) ကို တိုင်းပါ။
V= L×W×H formula တွင် တွက်ချက်ပါ
V ကို cm3 ဖြင့် အဖြေရလာပါက 1000ဖြင့်စားပြီး liter အဖြစ်ပြောင်းပါ။
1liter = 1000 cubic centimeters ပါ။
ဒါဆို 10cm×10cm×10cm ရှိသော ဘူးတစ်ဘူးမှာ volume က 1000cm3ပါ။ liter ပြောင်းတော့ 1 liter ရှိပါတယ်။
General rule ကတော့ .............1gm of silica gel per 1 liter of container volume ပါ။
ဒါကြောင့် 1liter volume ရှိသော ဘူးတစ်ဘူးလျှင် Silica gel 1gm တစ်ထုပ်ထည့်သွင်းရပါမည်။ မိမိထုတ်ကုန်၏ moisture content ကလဲ 10-12%အတွင်းရှိဖို့လိုပါတယ်။
Google တွင် silica gel calculator ဟုရိုက်ပြီးလဲ ရှာဖွေ တွက်ချက်နိုင်ပါတယ်။
တွက်ချက်၍ ရရှိသည့် Silica gel ပမာဏထက် ပိုထည့်ပေးပါက ကောင်းပါသည်ဟု အောက်ဖော်ပြပါ Reference page တွင် ဖော်ပြထားပါတယ်....
Ref: https:// docs.os.online.com
https://www.silicagelproducts.co.nz/blog/How-much-Silica-Gel-is-required
Disclaimer: We are sharing concerning with Silica gel using by searching through google search engine. Be notice that to ensure your product and process knowledge and consult with speacialist in using silica gel.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
05041