Carolyn’s Diary

Carolyn’s Diary

Share

သမီးလေးကယ်ရိုလင်းလေးရဲ့အမှတ်တရလေးတွေနဲ့development လေးတွေကိုသိမ်းထားဖို့အတွက်

Photos from Carolyn’s Diary's post 24/11/2025

ကန်စွန်းဥ pancake

ပါဝင်ပစ္စည်း
✅ကြက်ဥ ၁ လုံး
✅ငချိတ်ကန်းစွန်းဥ ၁ လုံး
✅Hi Q နို့( ၁ နှစ်အထက်)
✅Pancake powder မှုန့်
✅ထောပတ်ဆီ

ပြုလုပ်ပုံ
ပြုတ်ထားတဲ့ကန်စွန်းဥအနည်းငယ်+ ကြက်ဥအနှစ်+ နို့ ၁/၃+ Pancake powder တဝက် အားလုံးရောပြီး blender ထဲထည့်ပြီးမွှေပါတယ်

ရလာတဲ့အနှစ်ကို ထောပတ်ဆီအနည်းငယ်သုတ်ထားတဲ့မကပ်အိုးပေါ် ထည့်ပြီး မီးအနည်းငယ်ဖြင့်သာကြော်ပါတယ်

(ပုံရိုက်တာမလှပေမယ့် အရသာရှိပြီး အာဟာရလည်းပြည့်စုံတဲ့ ကန်စွန်းဥ Pancake လေးပါ)

Carolyn လေးက Pancake ကြိုက်တဲ့အတွက် pancake အရသာလေးတွေ မတူအောင်အမျိုးမျိုးလုပ်ကျွေးဖြစ်ပါတယ်

၁ နှစ်အောက် ကလေးဆိုရင်တော့ HiQ အစား formula နို့ကိုပဲသုံးရမှာပါ

#ပန်ကိတ်လုပ်နည်း

#ဖြည့်စွက်စာ
#မေမေတွေအတွက်

14/11/2025

Happy 1st birthday သမီးလေး Carolyn

ပါးပါးနဲ့မားမားတို့ဘဝထဲရောက်လာပေးလို့ကျေးဇူးပါ❤️

ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာရင်ကိုရပြီနော်

Love you my girl

Photos from Carolyn’s Diary's post 14/10/2025

Happy 11 month birthday ပါ သဲလေးရေ
ဆုတောင်းနေကျအတိုင်း ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာပေးပါနော်


#မေမေတွေအတွက်

Photos from Carolyn’s Diary's post 26/09/2025

၁ နှစ်ပြည့်ကျရင်တော့ အဲလိုလေးတွေ အပြင်မှာ ရိုက်ပေးမယ်နော် သဲလေး Carolyn

Prompts လေးတွေပုံလေးတွေအောက်မှာရေးထားတယ်နော်( တပုံချင်းရဲ့ comment မှာလည်းပြန်တင်ထားတယ်နော်)
(မီးမီးလေးတွေအတွက်လုပ်ပေးချင်တဲ့မေမေများအတွက်)



#မေမေတွေအတွက်

Photos from Carolyn’s Diary's post 25/09/2025

Carolyn လေးကိုလည်း ခေတ်မှီသွားအောင်လို့၊ ဘယ်ပုံလေးကအတူဆုံးလဲ

Photos from Carolyn’s Diary's post 10/09/2025

Carolyn လေး HFMD ဖြစ်တာခုတော့သက်သာသွားပါပြီ

5.9.25 ရက်နေ့ကစပြီးထမင်းလုံးဝမစားတော့ပဲငြင်းတာ၊ ၂-၃ ရက်ဆက်တိုက်၊ သွားပေါက်ဘို့လို့ပဲထင်တာ အမျိုးမျိုးစားချင်အောင်လုပ်ကျွေးလည်းမစားဘူး၊

တခြား ဖျားတာ၊ ဗိုက်အောင့်တာ၊ မှိန်းတာမျိုးလဲမရှိတော့ ကိုယ်လည်း သာမန်ပဲထင်တာ

7.9.25 ကျတော့ Hand နဲ့ foot မှာ rash တွေစထွက်လာမှပဲ HFMD ပဲနေမှာဆိုပြီး ကလေးအထူးကုနဲ့သွားပြတော့မှ ဟုတ်တယ်တဲ့

ကံကောင်းတာတခုက သမီးကပါးစပ်မှာတော့သိပ်မဖြစ်လိုက်ဘူး၊

ဆေးလိမ်း၊ ဆေးသောက်နဲ့ပဲ 9.9.25 မှာ rash တွေမရှိတော့ဘူး၊

ဒီနေ့ 10.9.25 မှစပြီးထမင်းပြန်စားလာတာ၊ သူထမင်းပြန်စားလာတာကိုပဲပျော်ရတာ

4-5 ရက်လောက်နို့ပဲစို့ပြီးအစားမစားတော့ပေါင်ချိန်လည်းကျသွားတာ၊ ဒါပေမယ့် အဆော့ကတော့မပျက်ဘူး မနည်းလိုက်ထိန်းနေရတာ

Rash စထွက်ထွက်ချင်းပဲသတိထားလိုက်မိလို့ Pustule (ပြည်ဖု) အဆင့်ထိမရောက်လိုက်တာကိုပဲ တော်သေးတာ၊ ထမင်းမစားတဲ့ရက်တွေကဆို ကိုယ့်မှာစိတ်ပူလိုက်ရတာ၊ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိ

ခုမှပဲဟင်းချနိုင်တော့တယ်

Just sharing my experience


#မေမေတွေအတွက်

04/09/2025

Trend လေး join



#မေမေတွေအတွက်

15/08/2025

Happy birthday သဲလေးရေ

ဘာလိုလိုနဲ့ ၉ လပြည့်သွားပြီ၊ မားမားပါးပါးလည်းတချိန်လုံးခေါ်တတ်နေပြီ၊ လေးဘက်သွားတာလည်းမနည်းလိုက်ဆွဲနေရပြီ၊ အောက်သွား ၂ ချောင်း အပေါ် ၂ ချောင်းနဲ့လည်းကိုက်တတ်နေပြီ၊

ကျန်းကျန်းမာမာနဲ့ပျော်ရွှင်စွာကြီးလာပေးနော်



#မေမေတွေအတွက်

04/08/2025
26/07/2025

ဘာလိုလိုနဲ့ ၈ လကျော် Carolyn လေးဖြစ်သွားပြီ😃 ပါးပါး မားမား မန်မန် တွေတော့ပြောတတ်နေပြီ၊ အောက်သွား ၂ ချောင်းလည်းကြီးလာပြီ၊ လေးဘက်လည်းကောင်းကောင်းသွားတတ်ပြီ၊ ဆွဲပြီးလည်းရပ်တတ်နေပြီ #မေမေတွေအတွက်

18/07/2025

၈ လပြည့်ခါနီးမှာ လေးဘက်ထောက်ကောင်းကောင်းသွားတတ်နေပြီ #မေမေတွေအတွက် #လသားကလေး

Website

Address

Mandalay

Alerts

Be the first to know and let us send you an email when Carolyn’s Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Mandalay.