Linn Linn Naing

Linn Linn Naing

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn Linn Naing, Health/Beauty, ချမ်းမြတာစီမြို့နယ် မနော်တောင်ဘက်114လမ်းမကြီး 51*52ကြား, Mandalay.

05/09/2023

စကားကြီးအခွန်း (၃၀)
__________________

၁။ သင့်အတွက် မကောင်းတာမှန်သမျှကို ရှောင်ပါ၊

၂။ ဘာမဟုတ်တဲ့ အရာတွေကို အစွဲအလန်းမကြီးပါနဲ့၊

၃။ ဒုက္ခကို ရင်ဝယ်မပိုက်ထားပါနဲ့ အမြန်
ဖြေရှင်းလိုက်ပါ၊

၄။ စိတ်ကို မငြိုးနွမ်းအောင် အပြုအမူတွေ
မလုပ်စေပါနဲ့၊

၅။ လူတိုင်းကို တန်ဖိုးထားတတ်အောင် ကြိုးစားပါ၊

၆။ နားလည်မှု ကင်းမဲ့သူ လုံးဝမဖြစ်စေပါနဲ့၊

၇။ လက်ရှိအနေထားကို ကောင်းအောင်
ပြုပြင်လိုက်ပါ၊

၈။ ပျင်းရိနေတဲ့ စိတ်မှုအရာတွေကို မလုပ်မိစေပါနဲ့၊

၉။ ဝေဖန်မှုကို ခေါင်းမရှောင်လိုက်ပါနဲ့ ရင်ဆိုင်လိုက်ပါ၊

၁၀။ အပြောကောင်းဖို့ ထက် အကောင်းပြောဖို့ကို
အမြဲဆောင်ပါ၊

၁၁။ ပြဿနာကို မကြောက်မိစေပါနဲ့ သင်္ခန်းစာ
အတွက် ယူလိုက်ပါ၊

၁၂။ မကောင်းသော အကျင့်ကို အရင်မောင်းထုတ်
လိုက်ပါ၊

၁၃။ အချိန်တိုင်း ပြုလုပ်နေတဲ့ အရာတွေကို
ကောင်းအောင် ကြိုးစားလိုက်ပါ၊

၁၄။ သင့်ရဲ ပျော်ရွှင်မှုကို ငွေနဲ့ မလဲလိုက်ပါနဲ့၊

၁၅။ လွယ်လွယ်နဲ့ ဘယ်အရာမဆို အရှုံးမပေးလိုက်ပါနဲ့၊

၁၆။ ပေါ့ပေါ့နေ ပေါ့ပေါ့စား အပြုအမူတွေကို
အရင် ပြုပြင်လိုက်ပါ၊

၁၇။ ခိုင်မာသော စိတ်ဓာတ်နဲ့ အရာရာကို
ကျော်ဖြတ်လိုက်ပါ၊

၁၈။ ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် စိတ်ရှည်ရှည်
ထားပြီး သည်းခံလိုက်ပါ၊

၁၉။ ခံယူချက်ထားသူက မည်သည့်ကိစ္စမဆို
အလေးထားတတ်၏၊

၂၀။ ဒုက္ခကို ပုံကြီးချဲ့တတ်သူ မဖြစ်စေပါနဲ့၊

၂၁။ ကြည့်တတ်ဖို့ထက် စာနာတတ်ဖို့ကို သိထားပါ၊

၂၂။ သင့်အတွက်ကြောင့် တစ်ပါးသူကို
မထိခိုက်စေပါနဲ့၊

၂၃။ အောင်မြင်ချင်ရင် ခံပြင်းစိတ်ထားပြီး
ကြိုးစားကြည့်လိုက်ပါ၊

၂၄။ အကြံပေးချင်သလိုလိုနဲ့ လူတချို့ကို
မနိမ်လိုက်ပါနဲ့၊

၂၅။ ကိုယ်ချင်းစားနာတတ်သူကို မြင်ချင်ရင်တော့
သင့်ကိုယ် သင်သာ အရင်ပြုပြင်လိုက်ပါ၊

၂၆။ လူတွေက ကူညီသလိုလိုနဲ့ စော်ကားတတ်၏၊

၂၇။ ပျော်ရွှင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ
မပျော်ရွှင်ရတဲ့ အချိန်တွေလဲ ဖြစ်လာနိုင်ပါတယ်၊

၂၈။ သင်ဟာ ကြုံတွေ့တဲ့အရာတွေကို အပြုံးများ
စွာနဲ့တာ ရင်ဆိုင်လိုက်ပါ၊

၂၉။ ပင်ပန်းမှုကို နောင်တစ်ချိန် အေးချမ်းမှုလို့
သဘောထားလိုက်ပါ၊

၃၀။ ရောလွန်းရင် အထင်သေးခံရမယ် ဘာပဲဖြစ်ဖြစ်
အလိုက်အထိုက်ပဲ နေပေးလိုက်ပါ ။

❣လေးစားစွာဖြင့်❣

Category

Website

Address

ချမ်းမြတာစီမြို့နယ် မနော်တောင်ဘက်114လမ်းမကြီး 51*52ကြား
Mandalay