Hani Skincare & Cosmetics Wholesale

Hani Skincare & Cosmetics Wholesale

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hani Skincare & Cosmetics Wholesale, Health/Beauty, Mandalay.

Photos from Hani Skincare & Cosmetics Wholesale 's post 28/07/2026

57% off အထိ စျေးချထားတဲ့ Anua 💢

1+1 မို့ ၂ ဘူးတွဲတွေကို စျေးတန်တန်နဲ့ ရမှာပါရှင့် စျေးချိုချိုနဲ့ ပြန်ရောင်းဖို့ဆို အခုလို စျေးအရမ်းသက်သာတဲ့အချိန်မှာ ဝယ်ထားသင့်တယ်နော် ဒီစျေးတွေက စျေးချတုန်းပဲရမှာမို့ မြန်မြန်လေး order တင်ဖို့တော့ လိုမယ်နော်

တစ်ပုံချင်းမှာ ၂ ဘူးတွဲစျေးတွေ ရေးပေးထားပါတယ် မန္တလေးအရောက်စျေးတွေပါရှင့် Anua brand ကို တစ်ဘူး ၃/၄ သောင်း ဝန်းကျင်နဲ့ ရမှာမို့ လုံးဝ လက်မလွှတ်သင့်တဲ့ အခွင့်အရေးနော်

28/07/2026

Cosrx morning gel cleanser တွေ 44% စျေးချနေပါတယ် ✨ best seller product မို့ အမြဲတမ်း ပစ္စည်းပြတ်နေတာပါ

အခု ဒါလေး ဘူးကြီး 150 ml ၂ ဘူးတွဲကို
လက်ကားစျေး 65500 နဲ့ ရပါမယ်
မန္တလေး အရောက်စျေးပါရှင်

Preorder - No prepaid

Photos from Hani Skincare & Cosmetics Wholesale 's post 27/07/2026

ဒီတစ်ခါကတော့ 60% off ပါ 😱

Anua mask တွေ 60% off စျေးချထားပါတယ် ရွေးချယ်စရာ ၈ မျိုးရှိပါတယ်

Anua ကတော့ best of the best လို့တောင် ပြောရမဲ့ brand ပါပဲ ထွက်သမျှ အကုန်ကောင်းမို့ စျေးကွက်ထဲမှာ အမြဲရောင်းရတဲ့ best seller ပါ mask တွေကလည်း တစ်ချပ်ဆိုတစ်ချပ် ကပ်လိုက်တာနဲ့ အသားအရေကို သိသိသာသာ ကောင်းမွန်သွားစေလို့ အရမ်း လူကြိုက်များပါတယ် 60% off ဆိုမှတော့ ဒီအချိန် မဝယ်ရင် ဘယ်အချိန်မှ ဝယ်ကြမလဲနော် အရမ်း အရမ်းကို တန်တာပါရှင်

အမြဲ ၁ သောင်းခွဲဝန်းကျင်မှာရှိတဲ့ mask ကို အခု တစ်ချပ်ချင်းလက်လီစျေး 8500 နဲ့ ရမှာပါရှင့်
Preorder မို့ waiting time 4 weeks ပါ
No prepaid ပါရှင်

27/07/2026

Mediheal mask တွေ 50% တောင် စျေးချထားပါတယ် ‼️‼️

ပုံမှန် ၁၀ ထုပ်ပါ တစ်ဘူးကို အခုက တစ်ချပ်အပိုထည့်ပေးထားလို့ အရင်ကထက် ပိုတန်ပါတယ် mask ကပ်နေကျသူတွေဆို mediheal ဘယ်လောက်ကောင်းလဲ သိမှာပါရှင် အထူးတလည် ပြောနေစရာ မလိုအောင် ကောင်းတာပါ
တစ်ချပ် တစ်သောင်းခွဲလောက် ပေးနေရတဲ့ mask ကို အခုက 6000 ကျော်လေးနဲ့ ရမှာပါ သူ့လောက် မကောင်းတဲ့ mask တွေတောင် သောင်းကျော်ပေးနေရတာမို့ ဒီစျေးနဲ့ရတုန်း ယူထားသင့်တယ်
အရမ်းတန်လို့ လက်လီ တစ်ဘူးချင်းလည်း ရောင်းပေးမယ်နော် လက်ကားယူမယ်ဆို ၆ ဘူးကစပြီး ယူလို့ရပါတယ်ရှင့် လက်ကားစျေးလေး cb မှာ မေးပေးပါနော်

၁၁ ထုပ်ပါတစ်ဘူး - 75000
Waiting time - 4 weeks
(75000 က မန္တလေး အရောက်တစ်ဘူးချင်းစျေးပါရှင့် )

Photos from Hani Skincare & Cosmetics Wholesale 's post 26/07/2026

Korea မှာ အရောင်းရဆုံးဖြစ်ပြီး TikTok နဲ့ Instagram ပေါ်မှာလည်း တအား ခေတ်စားနေတဲ့ Lilyeve ရဲ့ Ampoule 2 မျိုး

ကိုယ့်ဆံပင် ပိုပြီးလှပလာအောင် ဂရုစိုက်ချင်ရင် ခေါင်းလျှော်ရည်ကောင်းကောင်းသုံးနေရုံနဲ့ မလုံလောက်ပါဘူး ဦးရေပြားကို အားဖြည့်ပေးနိုင်မဲ့ products တွေကို သေချာသုံးပေးဖို့ လိုပါတယ် Lilyeve ရဲ့ Ampoule တွေက brush တစ်ခါတည်းပါဝင်လို့ လက်နဲ့ ပွတ်လိမ်းစရာမလိုဘဲ brush လေးနဲ့ ဖိလိမ်းလိုက်ရုံနဲ့တင် ဦးရေပြားထဲကို အာဟာရဓာတ်တွေ နှစ်ဆ ပိုမိုစိမ့်ဝင်သွားစေပါတယ်

Lilyeve Grow:Turn Ampoule (အဖြူရောင်)

ဆံပင်အရမ်းကျွတ်လို့ စိတ်ညစ်နေရရင် အဖြူလေး သုံးပေးနော် ဒါလေးက baby hair လေးတွေ ပြန်ပေါက်စေတယ်
Heartleaf ကရတဲ့ 4th-Gen Exosome Technology ကို သုံးထားလို့ သာမန် serum တွေထက် ဦးရေပြား ချွေးပေါက်ထဲကို ၁,၆၀၀ ဆကျော် ပိုမိုနက်ရှိုင်းစွာ စိမ့်ဝင်နိုင်ပါတယ် Caffeine နဲ့ Biotin တို့ ပါဝင်လို့ ဆံပင်အရင်းအမြစ်ကို သန်မာစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ် (၄) ပတ်အတွင်း ဆံပင်ကျွတ်ခြင်းကို 83% အထိ လျော့ချပေးနိုင်ပြီးဆံပင်ပါးတဲ့နေရာတွေမှာ Baby Hairs (ဆံပင်အသစ်) တွေ ပြန်လည်ထွက်လာစေဖို့ ကူညီပေးပါတယ်
ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးပြီး လုံးဝ စေးကပ်ခြင်းမရှိလို့ ခေါင်းမလျှော်ရသေးခင် (သို့) ခေါင်းလျှော်ပြီးချိန် ကြိုက်တဲ့အချိန် သုံးလို့ရပါတယ်

Lilyeve Scalp : Turn Cica PDRN Brush Ampoule (အစိမ်းရောင်)

ဦးရေပြား ယားယံတာ၊ ဗောက်ထတာနဲ့ အဆီပြန်တာတွေအတွက်ဆို အစိမ်းလေး သုံးပေးနော်
Cica (Centella Asiatica) နဲ့ Salmon ငါးကရတဲ့ PDRN ဓာတ်တို့ ပေါင်းစပ်ထားလို့ ပျက်စီးနေတဲ့ ဦးရေပြား barrier ကို ပြန်လည်ပြုပြင်ပေးပြီး နီမြန်းယားယံတာတွေကို သက်သာစေပါတယ် Salicylic Acid လည်း ပါဝင်လို့ ဦးရေပြားပေါ်က ဆဲလ်သေတွေနဲ့ ဗောက်တွေကို ဖယ်ရှားပေးပါတယ် (၄) ပတ်အတွင်း ဗောက်ထခြင်းကို 77% သက်သာစေပြီး၊ ယားယံခြင်းကို 86% အထိ သိသိသာသာ လျော့ကျစေပါတယ် လိမ်းလိုက်တာနဲ့ ဦးရေပြားကို အေးခနဲဖြစ်သွားစေပြီး စိတ်ကို လန်းဆန်းသွားစေပါတယ် ဦးရေပြားအဆီပြန်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်

ဒါလေးတွေ အစ်မဆီ ၁၀ ရက်အတွင်းရောက်မှာပါ ၆ ဘူးကစပြီး လက်ကားယူလို့ရပါတယ်ရှင့် viral ဖြစ်နေတဲ့ best seller product မို့ မရောင်းရမှာ မပူနဲ့နော်

လက်ကားဈေး - 6****

( * သည် 0 မဟုတ်ပါ )

26/07/2026

၁၀ ရက်အတွင်းရောက်မှာပါရှင်
လက်ကားစျေး 6****
ဘူး ၃၀ နဲ့ အထက်ဆို စျေးထပ်လျှော့ပေးပါတယ်ရှင့်

(* သည် 0 မဟုတ်ပါ)

Photos from Hani Skincare & Cosmetics Wholesale 's post 25/07/2026

အဆီပြန်တာလည်း မကြိုက်ဘူး ကိုးရီးယားမလေးတွေလို Glow Skin လည်း လိုချင်တယ်ဆိုရင်တော့ Ongredients Bakuglow Capsule Lotion လေး ရှိမယ်နော်

ဒီကောင်လေးက သာမန် Moisturizer တွေနဲ့ မတူဘဲ လိမ်းလိုက်တာနဲ့ အသားထဲ အေးခနဲ စိမ့်ဝင်သွားတာမျိုး စေးကပ်မှု လုံးဝ (လုံးဝ) မရှိဘူး ဂျယ်လ်အကြည်လေးထဲမှာ အပြာရောင် Capsule အနှစ်လေးတွေ ပါလို့ လိမ်းရတာလည်း တကယ် နူးညံ့ညင်သာတယ်

Retinol အစားထိုး Bakuchiol ပါလို့ အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်း သက်သာစေတယ် Sensitive သမားတွေပါ သုံးလို့ရလောက်အောင် နူးညံ့တယ် Niacinamide လည်းပါလို့ အသားညိုညစ်တာနဲ့ အမည်းစက်တွေကို ပျောက်ကင်းစေပြီး အသားအရေကို ကြည်လင်ဝင်းပ (Glow) စေတယ်။ နေလောင်လို့ အသားနီတာ၊ ပူစပ်ပူလောင် ဖြစ်တာတွေကိုလည်း ချက်ချင်း အေးမြသွားစေတယ် oily skin နဲ့ combination သမားတွေအတွက်တော့ စိတ်ချလက်ချလုံးလို့ရတဲ့ပစ္စည်းပါပဲ။ မိတ်ကပ်မလိမ်းခင်ခံလိမ်းထားရင်လည်း တစ်နေကုန် အသားလေးက စိုစိုကြည်ကြည်လေး ဖြစ်နေမှာနော်

အရင်တစ်ခေါက် order တက်တုန်းက ပိုဝယ်ထားလို့ ဒါလေး အစ်မဆီမှာ instock ရပါမယ်ရှင် အရေအတွက်အများကြီးမပါပါဘူး ၁၅ ဘူးလောက်ပဲပိုတာမို့ ရောင်းဖို့စဉ်းစားထားရင် မြန်မြန်လေး order တင်လိုက်တော့နော် ၆ ဘူးကစပြီး လက်ကားယူလို့ရပါတယ်
လက်ကားဈေး - 6****

( * သည် 0 မဟုတ်ပါ )

Photos from Hani Skincare & Cosmetics Wholesale 's post 23/07/2026

Serum လိမ်းလိုက်တိုင်း စီးကပ်ကပ်နဲ့ အသားထဲလည်း မစိမ့်ဝင်ဘူးဆိုရင် အရမ်းစိတ်ညစ်ရတယ်နော် အစ်မလို oily skin သမားတွေ ပိုဆိုး ကိုယ့်မျက်နှာက အဆီပြန်ရတဲ့အထဲ လိမ်းလိုက်တဲ့ skincare က မျက်နှာနဲ့ မခေါ်ကြဘဲ သူ့ဟာသူ တစ်လွှာသပ်သပ် အဆီပြန်သလိုကြီး ဖြစ်နေရင် လုံးဝကို မကြိုက်တာ

ဒီလိုလူတွေအတွက် ရွေးချယ်စရာ Klairs soothing serum လေး ရှိတော့ အဆင်ပြေသွားတာပေါ့ Texture က ultra lightweight ဆိုမှတော့ သူ့လောက် လိမ်းလို့ကောင်းတာ ရှိပါတော့မလား အသားထဲ စိမ့်ဝင်လွယ်တယ် လိမ်းလိုက်တာနဲ့ အေးသွားတာ သူ့ရဲ့ အားသာချက်ပဲ

Centella, Beta Glucan , Panthenol တွေ ပါလို့ အသားအရေ နီမြန်းရောင်ရမ်းတာကို သက်သာစေတယ် skin barrier ကို အားဖြည့်ပေးတယ် ရေဓာတ်ပြည့်ဝစေတယ်

ဘယ်လိုအသားအရေပဲလာလာ သုံးလို့ရတဲ့ all skin type serum လေးပါ အထူးသဖြင့် အရမ်းအဆီပြန်တတ်တဲ့ oily skin တွေပါ စိတ်ချလက်ချသုံးလို့ရပါတယ်

မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ် ၊ တိုနာ (toner) လေး လိမ်းပြီးရင် ဒီ serum ကို သုံးလိုက်ရုံပဲ
အခုက ဘူးပုံစံအသစ်လေးနဲ့ ထုတ်ထားတာနော် သုံးနေကျလူတွေ မှတ်မိအောင် အရင်ပုံစံ ဘူးအဟောင်းလေးကိုလည်း နောက်ဆုံးမှာ ထည့်ပေးထားတယ်နော်

လက်ကားစျေး - 5****
၆ ဘူးကစပြီး ယူလို့ရပြီနော်
Waiting time - 4 weeks

(*တွေက 0 မဟုတ်ပါဘူးရှင့်)

22/07/2026
Photos from Hani Skincare & Cosmetics Wholesale 's post 22/07/2026

skin barrier အားနည်းပြီး အသားအရေက ပါးနေတယ် ခြောက်သွေ့ပြီး အလွယ်တကူလည်း နီမြန်းရောင်ရမ်းတတ်တယ် ဝက်ခြံထွက်တတ်တဲ့အပြင် မတည့်တဲ့ products တွေကြောင့် barrier ထိပြီး ဘာလိမ်းလိမ်း အဆင်မပြေတဲ့သူတွေရှိလား

ဒါဆိုရင်တော့ Klairs ရဲ့ Rich Moist Soothing cream လေးကို သုံးကြည့်ဖို့ အကြံပေးပါတယ်နော်

အစိုဓာတ်ကို သေချာထိန်းသိမ်းပေးပြီး နီမြန်းရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ Beta Glucan နဲ့ ရေဓာတ်ဖြည့်ပြီး အသားအရေပျက်စီးမှုကို ပြန်လည်ပြုပြင်ပေးတဲ့ Ceramide တို့ပါဝင်လို့ skin barrier အတွက် အားဖြစ်စေပါတယ်

အဓိက အကျိုးကျေးဇူးတွေကတော့

- အသားအရေအတွင်းထဲထိ စိမ့်ဝင်ပြီး ရေဓာတ်ဖြည့်ပေးတာဖြစ်လို့ တစ်နေ့လုံး ရေဓာတ်ပြည့်ဝပြီး နူးညံ့စိုအိတဲ့ အသားအရေလေး ရနိုင်ပါတယ်
- အားနည်းတဲ့ skin barrier ကို ပိုမိုကြံ့ခိုင်လာအောင် အားဖြည့်ပေးပါတယ်
- နီမြန်းရောင်ရမ်းတာ ယားယံတာတွေကို မြန်မြန်ဆန်ဆန် သက်သာစေပါတယ်
- မျက်နှာပေါ်က အဆီနဲ့ ရေဓာတ်ကို မျှတစေတဲ့အတွက် အဆီပြန်တာမျိုးမဖြစ်ဘဲ လုံလောက်တဲ့ အစိုဓာတ်ကို ပေးစွမ်းပါတယ်

သုံးသင့်တဲ့သူတွေကတော့

- အသားအရေ ခြောက်သွေ့ကြမ်းတမ်းပြီး ရေဓာတ်မပြည့်ဝတဲ့ Dry Skin & Dehydrated Skin ရှိသူများ
- ထိခိုက်လွယ်ပြီး အလွယ်တကူ နီမြန်းရောင်ရမ်းတတ်တဲ့ Sensitive Skin ရှိသူများ
- Retinoids, AHA, BHA တို့လို strong and actives ဖြစ်တဲ့ skincare တွေကို သုံးနေသူများ
- Combination Skin များ

1. Toner 2. Serum 3. Klairs Rich Moist Soothing Cream ဆိုပြီး ဒီအဆင့်လေးအတိုင်း လိမ်းပေးလို့ရပါတယ်

၆ ဘူးကစပြီး လက်ကားယူလို့ရပါတယ်ရှင့် Preorder မို့ waiting time 4 weeks လေးရှိပါတယ် 10% deposite နဲ့ မှာယူနိုင်ပါတယ် ကိုးရီးယားတိုက်ရိုက်ဝယ်ပေးတာမို့ ပစ္စည်းစစ်မှန်ကြောင်း အာမခံပါတယ်ရှင့်

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

Mandalay