Ibet789 Myanmar Sports

Ibet789 Myanmar Sports

Share

❣️𝗜𝗯𝗲𝘁𝟳𝟴𝟵/𝟱𝟱𝟱𝐌𝐢𝐱/𝟯𝗗𝗔𝗴𝗲𝗻𝘁❣️
𝗩𝗯-0⃣9⃣7⃣7⃣6⃣2⃣6⃣3⃣8⃣1⃣5⃣☎️

26/08/2026

ရော်နယ်ဒို ဘောလုံး မကန်ထားတာ အတော်ကြာခဲ့ပါပြီ …

‘ ရော်နယ်ဒို ဘောလုံး မကန်ထားတာ အချိန် အတော်ကြာခဲ့ပြီ ဆိုတာ လူတိုင်း သိပါတယ်။ ဒီနေ့ ပထမပိုင်းမှာ သူဟာ လုံးဝ အံ့ဩဖွယ် စွမ်းဆောင်ပြခဲ့တာပါ။ ဒုတိယပိုင်းမှာသာ ကျွန်တော်တို့ မတူညီတဲ့ ချဉ်းကပ်မှုကို ရွေးချယ်ခဲ့တာပါ။

ရော်နယ်ဒိုကို လူစားခဲ့တာအပါအဝင်၊ ဒုတိယပိုင်းက ကျွန်တော့ရဲ့ လူစားလဲမှု အားလုံးဟာ ဝင်လာတဲ့ ကစားသမားတွေ ပွဲအပေါ် သက်ရောက်မှု ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ခဲ့လို့ပါ။ ‘ 🗣️ အန့်ဂျ် ပေါ်စတီကိုဂလူ

26/08/2026

အာဆင်နယ် ကစားသမား တယောက်ကို ကျွန်တော် မဲပေးခဲ့ပါတယ် …

‘ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်ဟာ အံ့ဩဖွယ်ကောင်းခဲ့ပါတယ်။ အရမ်း strong ဖြစ်ခဲ့ပါတယ်။ ကစားရ အရမ်းခက်ခဲခဲ့ပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ရုံမက၊ ချန်ပီယံလိဂ်ဖိုင်နယ်ပါ ရောက်ခဲ့တာပါ။ သူတို့ဟာ respect အကုန်လုံး ရဖို့ ထိုက်တန်ပြီး၊ ပရီးမီးယားလိဂ် တလိဂ်လုံး သူတို့ကို respect ပေးသင့်ပါတယ်။

PFA တနှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် အာဆင်နယ် ကစားသမား တယောက်ကို ကျွန်တော် မဲပေးခဲ့ပါတယ်။ ဘယ်သူလဲဆိုတာတော့ ကျွန်တော် ခင်ဗျားကို မပြောပြတော့ပါဘူး။ ‘ 🗣️ ဘရူနို ဖာနန်ဒက်စ် ( ၂၀၂၆ PFA တနှစ်တာ အကောင်းဆုံး ကစားသမားဆုရှင် )

26/08/2026

ဂျင်းတုံး striker ကို ရှင်းနိုင်ခဲ့တဲ့အပြင်၊ အမြတ်ပါ ရှာသွားတဲ့ ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ စျေးကွက်အတွင်းနေရာတော်တော်များများ အတွက် ကစားသမား ဖြည့်တင်းမှု လုံလုံလောက်လောက် လုပ်ထားပြီး ဖြစ်လို့၊ ကစားသမား ရောင်းချမှုတွေကို စျေးကွက်မပိတ်ခင် ဆက်တိုက် လုပ်ဆောင်လျက် ရှိပါတယ်။

နောက်ဆုံးပေါ် ရောင်းထွက်သွားတဲ့ ကစားသမားကတော့ ချဲလ်ဆီးဖန်တွေ တညီတညွတ်တည်း လက်ခံထားကြတဲ့ ၄င်းတို့ရဲ့ ဂျင်း striker လီယမ် ဒီလပ်ပဲ ဖြစ်ပါတယ်။ ဒီလပ်ဟာ မနေ့ညကပဲ နော်တင်ဟမ်ဖောရက်စ် အသင်းကို ပေါင်၄၅သန်းနဲ့ ပြောင်းရွှေ့ဖို့ ၂သင်းကြား သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

ချဲလ်ဆီးဟာ မနှစ်က နွေရာသီ စျေးကွက်မှာ ဒီလပ်ကို အစ်ဆွစ်ချ် အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့ပြီး၊ အခုအခါမှာတော့ ၄င်းအတွက် ပေါင်၁၅သန်း အမြတ်ထွက်သွားခဲ့ပါပြီ။

26/08/2026

ရော်နယ်ဒို အနစ်နာခံခဲ့ပြီး၊ မာနေးရဲ့ သွင်းဂိုးနဲ့ epic comeback နိုင်ခဲ့တဲ့ တယောက်လျော့ အယ်နက်ဆာ

မနေ့ညက ကစားသွားတဲ့ အယ်အက်တီဖက်ခ် - အယ်နက်ဆာ ဆော်ဒီပရိုလိဂ်ပွဲမှာ လက်ရှိ ဆော်ဒီချန်ပီယံ အယ်နက်ဆာတို့ ပွဲအစ ၁၀မိနစ် ဝန်းကျင်မှာတင် ဂိုးသမား ဘန်တို တိုက်ရိုက် အနီနဲ့ အထုတ်ခံခဲ့ရသလို၊ ပြိုင်ဖက်ကိုလည်း ပထမပိုင်းမှာ ဦးဆောင်ဂိုး ၂ဂိုး ပေးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒို တယောက် ကိုယ့်ကိုယ်ကို အနစ်နာခံပေးခဲ့ပြီး၊ ၄င်းအစား ဝင်လာတဲ့ ကွင်းလယ်လူကြောင့် တယောက်လျော့ အယ်နက်ဆာတို့ energy ပြန်တက်လာပြီး၊ ချေပဂိုးတွေအပြင် ပွဲပြီးခါနီးမှာ ဆာဒီယို မာနေးရဲ့ အနိုင်ဂိုးနဲ့ပါ epic comeback နိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့ အယ်နက်ဆာတို့ဟာ နည်းပြသစ် အန့်ဂျ်ပေါ်စတီကိုဂလူ လက်ထက် ရာနှုန်းပြည့် နိုင်ပွဲရထားဆဲ ဖြစ်ပါတယ်။

25/08/2026

ချဲလ်ဆီး နည်းပြ အစဉ်အဆက် ဆေးထိုးနေဆဲ ရောဘတ် ဆန်းချက်ဇ်ဖက်က ကာကွယ်ပေးလိုက်တဲ့ အလွန်ဆို

‘ ဒါက အသင်းလိုက် အကြောင်းအရာပါ။ တယောက်တည်း အကြောင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ တချို့ အရာတွေကို ညှိလို့ရပါတယ်။ ပထမ ပေးဂိုးမှာ ကျွန်တော်တို့ ပိုကောင်းကောင်း ခုခံခဲ့သင့်ပါတယ်။ ဒီဂိုးက ရှောင်လွှဲလို့ ရနိုင်ခဲ့တဲ့ ဂိုးမျိုးပါ။ ဒါပေမယ့် ဒါက ပွဲရဲ့ အစိတ်အပိုင်း တခုပါပဲ။

ကျွန်တော်တို့ ဒါကို လက်ခံဖို့၊ သင်ယူဖို့ လိုပါတယ်။ ဒါက တိုးတက်မှု ဖြစ်စဉ်ထဲက တခုပါပဲ။ striker ကနေ ဂိုးသမားအထိ ကျွန်တော်တို့ အရာရာမှာ ပိုကောင်းလာချင်ပါတယ်။ ‘ 🗣️ ဇာဘီ အလွန်ဆို

25/08/2026

တန်းတက် ဟူးလ်စီးတီးကို ရှုံးပြီးနောက် ပရီးမီးယားလိဂ် ဖလား မမှန်းဖို့ မန်ယူထံ မက်ဆေ့ချ်ပေးသွားတဲ့ ဖာဒီနန်

‘ မန်ယူ အနေနဲ့ ဒီရာသီမှာ လက်တွေ့ဆန်ဖို့ လိုပါတယ်။ မန်ယူ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်သင့်တယ် ဆိုပြီး ကျွန်တော်တို့ ဟန်ဆောင်လို့ မရတော့ပါဘူး။ ဖြစ်နိုင်ရင်တော့ စိန်ခေါ်ချင်တာပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျား အနေနဲ့ လက်တွေ့ဆန်ရပါမယ်။

ကျွန်တော်ကတော့ မန်ယူ Top 4 တော့ ဝင်ဦးမယ်လို့ ထင်သလို၊ သူတို့ Top 4 ရရင် ကျွန်တော် ပျော်ပါပြီ။ ပြီးခဲ့တဲ့ရာသီက အနေအထားကို ကျွန်တော်တို့ ဆက်ထိန်းဖို့ လိုပါမယ်။ အဲ့ဒီအပြင် ကျွန်တော်တို့ ဖလားတလုံး ရမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ ‘ 🗣️ ရီယို ဖာဒီနန်

25/08/2026

ဖူလ်ဟမ် - ချဲလ်ဆီး ပွဲအပြီး ကွင်းထဲက အစောဆုံး ထွက်သွားပြီးနောက် မန်စီးတီး ပြောင်းဖို့ ထင်ကြေးပိုပေးခံလာရတဲ့ အန်ဇို

မန်စီးတီးသို့ ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်နေတဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ယနေ့မနက်က ဖူလ်ဟမ် - ချဲလ်ဆီး ပွဲမှာ လူစားဝင် ကန်သွားခဲ့ပြီး၊ ကွင်းတွင်း ၂ဖက်အသင်းဖန်တွေရဲ့ ကျယ်ကျယ်လောင်လောင် boo လုပ်ခြင်းကို ခံခဲ့ရပါတယ်။

အန်ဇိုဟာ ကစားတဲ့ အချိန် အပိုင်းအခြား တခု အတွင်းမှာလည်း အရင်လို တက်တက်ကြွကြွ မရှိတော့သလို၊ ပွဲပြီး အဝေးကွင်း ချဲလ်ဆီးဖန်တွေကို နှုတ်ဆက်ရာမှာလည်း အစောဆုံး ကွင်းထဲက ထွက်သွားခဲ့ပါတယ်။ ဒါကြောင့် ၄င်း မန်စီးတီးကို ပြောင်းဖို့ အခြေအနေက ပိုမို မြင့်မားလာပြီလို့ ပြောရမှာပါ။

25/08/2026

အာဆင်နယ်သာ ရာယာကို မဝယ်ခဲ့ရင် စည်သူလွင် ဖြစ်နေဦးမှာပါ …

‘ အလီဆင် လီဗာပူးကို ရောက်လာတာနဲ့ လီဗာပူး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တော့တာပါပဲ။ အာဆင်နယ်သာ ရာယာ မဟုတ်ပဲ၊ ရမ်းစ်ဒေးလ်ကို ဆက်ဖမ်းခိုင်းထားရင် ပရီးမီးယားလိဂ် ရခဲ့မှာ မဟုတ်ပါဘူး။ အာဆင်နယ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အဓိက အကြောင်းအရင်း တခုက ရာယာကြောင့်ပါ။

ခင်ဗျား သမိုင်း ပြန်လှန်ကြည့်လို့ရပါတယ်။ မန်နေဂျာ ၁၀၀မှာ ၉၉ယောက်ဟာ အောင်မြင်ချင်ရင်၊ ဒီလိုမျိုး ဂိုးသမား ရွေးချယ်မှု အတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချရပါတယ်။ ‘ 🗣️ ဂျေမီ ကာရေဂါ

25/08/2026

ဂျောင်ပတ်ဒရိုနဲ့ ကိုးလ်ပါလ်မာကိုသာ တူချယ်နဲ့ အန်ဆယ်လော့တီ ကမ္ဘာ့ဖလားဆီ ခေါ်သွားခဲ့ရင် …

ချဲလ်ဆီး စတား ၂ယောက် ဖြစ်တဲ့ ဂျောင်ပတ်ဒရိုနဲ့ ကိုးလ်ပါလ်မာတို့ဟာ ယနေ့မနက်က ကစားသွားတဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ကိုယ်စီ တဂိုးသွင်း၊ တဂိုးဖန်တီးနိုင်ခဲ့ကာ၊ ခြေစွမ်းပြခဲ့ကြပါတယ်။

၄င်းတို့ ၂ဦးလုံးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာတုန်းက အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရတဲ့ ကစားသမားတွေ ဖြစ်ကြပြီး၊ ယနေ့ ပွဲစဉ်အပြီးမှာတော့ ဘရာဇီး နည်းပြ ကာလို အန်ဆယ်လော့တီရော၊ အင်္ဂလန် နည်းပြ သောမတ်စ် တူချယ်ပါ ပတ်ဒရိုနဲ့ ပါလ်မာကို မရွေးခဲ့မိလို့ နောင်တရကောင်း ရနေကြိပါလိမ့်မယ်။

25/08/2026

အဖွင့်ပွဲစဉ်မှာတင် ချဲလ်ဆီးဖန်တွေရဲ့ နှလုံးသားကို သိမ်းပိုက်လိုက်တဲ့ လခွါး

နွေရာသီ စျေးကွက်အတွင်း ခရစ်စတယ်ပဲလေ့စ်ကနေ ချဲလ်ဆီးကို ပေါင်၅၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ မက်စန့်ဆ် လခွါးဟာ ယနေ့မနက်က ဖူလ်ဟမ်နဲ့ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အသင်းသစ်နဲ့ အတူ ပွဲထွက်ကာ၊ ခြေစွမ်းပြခဲ့ပါတယ်။

ကွင်းတွင်းမှာ လခွါးဟာ ဗဟို နောက်ခံလူ ၃ဦးအနက် အကောင်းဆုံး စွမ်းဆောင်ပြခဲ့သူ ဖြစ်ပြီး၊ မော်ဂန် ရော်ဂျာစ်ရဲ့ ဂိုးအတွက် ရှေ့ထိ overlap တက်ဆော့ကာ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း ၄င်းဟာ ချဲလ်ဆီး အဝေးကွင်းဖန်တွေရဲ့ ရှေ့မှောက် အားနဲ့ မာန်နဲ့ အောင်ပွဲခံပြီး ချဲလ်ဆီးဖန်တွေရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့တယ်လို့ ဆိုရမှာပါ။

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Ibet789 Myanmar Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.