Esperanza Beauty & Nature

Esperanza Beauty & Nature

Share

"Embracing nature's beauty for radiant skin. Pure ingredients for a glowing complexion. Your journey to healthier skin starts here."

19/08/2026

2021 ကတည်းက ယုံကြည်စွာ သုံးစွဲလာကြတဲ့ Esperanza ရဲ့ Peptide Serum 🌹

မျက်နှာပေါ်မှာ နေရာယူလာတဲ့ အရေးအကြောင်းလေးတွေကြောင့်
“အသားအရေက အရင်လို မကြည်တော့ဘူး…” “နုပျိုမှုလေး ပြန်လိုချင်တယ်…” ဆိုပြီး စိတ်ညစ်နေပြီလား? 🤔💕

2021 ခုနှစ်ကတည်းက Esperanza Beauty & Nature မှာ ထုတ်လုပ်လာခဲ့တဲ့ DNA Repairing Ageless Perfection Serum လေးကတော့ အခုချိန်ထိ Review အများဆုံးရရှိထားပြီး Customer တွေက ခဏခဏ ပြန်မှာယူကြတဲ့ signature serum လေး တစ်ခု ဖြစ်နေဆဲပါ။ ❤️

Filler ထိုးစရာမလိုဘဲ —
နေ့စဉ် skincare routine ထဲမှာ peptide + antioxidant + hydration care ကို ထည့်သွင်းပြီး အသားအရေကို ပိုမိုပြည့်ဝ၊ ချောမွတ်ပြီး healthy-looking ဖြစ်အောင် ပြုစုချင်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ 🌹

💕 DNA Repairing Ageless Perfection Serum ရဲ့ အားသာချက်များ

🌹 Peptide care — Syn-Coll Polypeptide ပါဝင်ပြီး အရေးအကြောင်းတွေကို လျော့ပါးမြင်ရစေဖို့ skin-supportive care ပေးနိုင်ပါတယ်။

🌹 Deep Hydration — Hyaluronic Acid ပါဝင်တာကြောင့် အသားအရေကို ရေဓာတ်ပြည့်ဝပြီး ပိုမိုနူးညံ့ချောမွတ်တဲ့ feeling ရရှိစေပါတယ်။

🌹 Antioxidant Protection — Vitamin C, Vitamin E, Ferulic Acid နဲ့ Green Tea Extract တို့က environmental oxidative stress ကြောင့် ဖြစ်လာနိုင်တဲ့ skin damage ကို ကာကွယ်ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။

🌹 Bright & Healthy-looking Skin — အသားအရေကို ပိုမိုကြည်လင်ဝင်းပပြီး healthy-looking ဖြစ်စေဖို့ အထောက်အကူပြုပါတယ်။

🌹 Mature Skin Care — အရွယ်ရလာတဲ့အသားအရေအတွက် hydration + antioxidant + peptide care ကို တစ်ခါတည်း ပေးနိုင်အောင် formula ချထားပါတယ်။ ✨

🌿 Formula ထဲမှာ ပါဝင်တဲ့ အဓိက Ingredients

✨ Syn-Coll Polypeptide
✨ Hyaluronic Acid
✨ Vitamin C
✨ Vitamin E
✨ Ferulic Acid
✨ Green Tea Extract
✨ Ginseng Extract
✨ Essential Oils

Formula နဲ့ Quality ကို Professor Doctor ကိုယ်တိုင် ဦးစီးပြီး ထုတ်လုပ်ထားတာ ဖြစ်လို့ Esperanza ရဲ့ skincare philosophy အတိုင်း ingredient selection နဲ့ formulation quality ကို အထူးဂရုစိုက်ထားပါတယ်။ 💚

💧 ဘယ်လိုသုံးမလဲ?

မျက်နှာသန့်စင်ပြီးနောက် တစ်နေ့ ၂ ကြိမ် serum ကို ၃–၄ စက်ခန့် အသုံးပြုပြီး moisturizer နဲ့ sunscreen တို့ ဆက်လက်အသုံးပြုပေးပါ။

Sensitive skin ဖြစ်ရင်တော့ ပထမဆုံးအသုံးပြုချိန်မှာ patch test လုပ်ပြီး အသားအရေရဲ့ response ကို ကြည့်ပေးတာ အကောင်းဆုံးပါ။ 🌿

🤫 2021 ကတည်းက ထုတ်လုပ်ခဲ့ပြီး ယနေ့အထိ Review အများဆုံးနဲ့ ပြန်လည်မှာယူမှု များတဲ့ Esperanza ရဲ့ Peptide Serum လေးကို ကိုယ်တိုင် စမ်းသုံးကြည့်ချင်ပြီဆို… 💕🌹

DNA Repairing Ageless Perfection Serum — 50 ml
💰 50000 ကျပ်

📞 09 448 051 822
📩 Page Messenger မှတစ်ဆင့်လည်း ဆက်သွယ်မှာယူနိုင်ပါတယ်။

🛒 မြို့ကြီးများအတွက် အိမ်အရောက်ငွေချေစနစ်
🚚 နယ်မြို့များအတွက် ကားဂိတ်တင်စနစ်ဖြင့် တစ်နိုင်ငံလုံး ပို့ဆောင်ပေးပါတယ်။

💳 KBZ Pay / Wave Money / AYA Pay စတဲ့ Mobile Payment များဖြင့်လည်း ငွေပေးချေနိုင်ပါတယ်။

06/08/2026

👉🏻 Aesthetic Medicine မှာ Procedure က အရေးကြီးသလို After Care ကလည်း အညီအမျှ အရေးကြီးပါတယ်။

Laser, Microneedling, RF, HIFU, Chemical Peel, Skin Booster, Exosome, PRP…

ဘယ်လို Treatment ပဲလုပ်လုပ် Skin ဟာ ခေတ္တအားဖြင့် Barrier Function လျော့ကျနေတဲ့ အခြေအနေကို ရောက်ရှိပါတယ်။

ဒီအချိန်မှာ အသုံးပြုတဲ့ After Care Products တွေရဲ့ Quality က Recovery Process နဲ့ Final Result ကို တိုက်ရိုက်သက်ရောက်စေပါတယ်။

❌ Quality မကောင်းတဲ့ Mask၊ Serum နဲ့ Cream တွေက—

• Skin Barrier ပြန်လည်တည်ဆောက်မှု နှေးစေနိုင်တယ်။
• Irritation နဲ့ Inflammation ပိုကြာစေနိုင်တယ်။
• Client Satisfaction ကို လျော့ကျစေနိုင်တယ်။

တစ်ဖက်မှာတော့…

✅ High-quality၊ Scientific Formulation နဲ့ Medical-grade After Care Products တွေက—
• Recovery ကို ပိုမြန်စေတယ်။
• Skin Barrier ကို အထောက်အပံ့ပေးတယ်။
• Procedure Result ကို ပိုကောင်းမွန်စေတယ်။
• Patient Experience နဲ့ Trust ကို တိုးစေတယ်။

Patient က Procedure ကိုပဲ မဝယ်တာပါ။ Result ကို ဝယ်တာပါ။

ဒါကြောင့် Treatment တစ်ခုရဲ့ အောင်မြင်မှုကို Procedure တစ်ခုတည်းနဲ့ မတိုင်းတာဘဲ၊ After Care ကိုလည်း Treatment ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောထားပြီး သေချာရွေးချယ်ဖို့ လိုပါတယ်။

Excellent Procedure + Premium After Care = Outstanding Results

30/07/2026

⁉️“ဘာလို့ တချို့ Whitening Cream တွေမှာ Mercury, Steroid, Lead တွေ ထည့်ကြတာလဲ?”

“သူတို့က လူကို အဆိပ်ပေးချင်လို့ ထည့်တာလား?”

အဖြေက မဟုတ်ပါဘူး။

အကြောင်းရင်းကတော့ အမြန်ဖြူစေချင်တဲ့ ဈေးကွက်လိုအပ်ချက် ကြောင့် ဖြစ်ပါတယ်။

အမျိုးသမီးအများစုက…

“၃ ရက်အတွင်း ဖြူချင်တယ်။”

“တစ်ပတ်အတွင်း တင်းတိပ်ပျောက်ချင်တယ်။”

“လိမ်းလိုက်တာနဲ့ Glow ဖြစ်ချင်တယ်။”

ဒီလို Result ကို စောင့်မနေနိုင်တဲ့ Market ရှိတဲ့အတွက် တချို့ထုတ်လုပ်သူတွေက အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို အသုံးပြုလာကြတာပါ။

⸻

Mercury (ပြဒါး)

Mercury က Melanin ထုတ်လုပ်မှုကို တားဆီးပေးလို့ အသားရောင် မြန်မြန်ဖြူသွားတတ်ပါတယ်။

ဒါပေမယ့်…

အဲ့ဒီဖြူတာက “ကျန်းမာတဲ့အသားအရေ” မဟုတ်ဘူး။

အချိန်ကြာလာရင်

* ကျောက်ကပ်ပျက်စီးနိုင်တယ်
* အာရုံကြောထိခိုက်နိုင်တယ်
* လက်တုန်ခြင်း
* Memory ကျဆင်းခြင်း
* ကိုယ်ဝန်ဆောင်ကလေးကို ထိခိုက်စေနိုင်တယ်

Mercury က Skin မှာတင်မဟုတ်ဘဲ ခန္ဓာကိုယ်ထဲ စုပ်ယူသွားနိုင်ပါတယ်။

⸻

Steroid

Steroid cream လိမ်းရင်…

ပထမပိုင်းမှာ

✔ နီတာပျောက်တယ်

✔ ဝက်ခြံကျတယ်

✔ ဖြူလာတယ်

✔ Glow ဖြစ်လာတယ်

ဒါကြောင့် လူတွေက

“ဒီ cream က တကယ်ကောင်းတာပဲ”

လို့ ထင်သွားတတ်ပါတယ်။

ဒါပေမယ့် လအနည်းငယ်ကြာလာရင်…

* အသားပါးလာတယ်
* သွေးကြောပေါ်လာတယ်
* Steroid acne ဖြစ်လာတယ်
* နီမြန်းလာတယ်
* Cream မလိမ်းရင် ပိုဆိုးလာတယ်

ဒါကို Steroid dependence လို့ ခေါ်ပါတယ်။

⸻

Lead

Lead က Whitening effect ကို တိုက်ရိုက်မပေးပေမယ့် တချို့အလှကုန်တွေမှာ မသန့်စင်တဲ့ ကုန်ကြမ်းတွေကြောင့် ညစ်ညမ်းမှု (contamination) အဖြစ် ပါလာနိုင်ပါတယ်။

Lead က

* ဦးနှောက်
* အာရုံကြော
* ကျောက်ကပ်
* သွေးဖွဲ့စည်းမှု

တို့ကို ထိခိုက်စေနိုင်ပါတယ်။

⸻

“ဒါဆို ဘာလို့ အရင်တုန်းက သုံးခဲ့တဲ့သူတွေ အခုထိ ကောင်းနေတာလဲ?”

ဒါက လူတိုင်းမေးတဲ့ မေးခွန်းပါ။

ဆေးလိပ်သောက်တဲ့သူတိုင်း အဆုတ်ကင်ဆာ မဖြစ်သလို…

Mercury cream သုံးတဲ့သူတိုင်းလည်း ချက်ချင်း မဖြစ်ပါဘူး။

ဒါပေမယ့်

Risk က တက်နေပါတယ်။

တချို့က ၅ နှစ်…

တချို့က ၁၀ နှစ်…

တချို့က အသက်ကြီးမှ ပြဿနာပေါ်လာပါတယ်။

⸻

“ကျွန်မတို့ ငယ်ငယ်က အာချီ၊ ပရိုမီနာ စတဲ့ Cream တွေ သုံးခဲ့တာပဲ…”

ဟုတ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးအများစုက မျိုးဆက်လိုက် သုံးလာခဲ့ကြပါတယ်။

ဒါပေမယ့်

အရင်က သုံးခဲ့တာ မှန်တိုင်း ဆက်သုံးသင့်တယ်လို့ မဆိုလိုပါဘူး။

သိပ္ပံပညာ တိုးတက်လာတဲ့အခါ…

Laboratory နဲ့ စစ်ဆေးနိုင်လာတဲ့အခါ…

အန္တရာယ်ရှိတဲ့ ပါဝင်ပစ္စည်းတွေကို ပိုမိုတွေ့ရှိလာတာ ဖြစ်ပါတယ်။

⸻

ဘယ်လိုရွေးချယ်သင့်လဲ?

✔ FDA အသိအမှတ်ပြု ထုတ်ကုန်ကို ရွေးပါ။

✔ “၃ ရက်ဖြူ” “၁ ပတ်အတွင်း တင်းတိပ်ပျောက်” ဆိုတဲ့ ကြော်ငြာတွေကို သတိထားပါ။

✔ Ingredient list ကို ဖတ်တတ်အောင် လေ့ကျင့်ပါ။

✔ Whitening ထက် Healthy Skin ကို ဦးစားပေးပါ။

⸻

နောက်ဆုံး ပြောချင်တာက…

အသားဖြူတာက လှတာ မဟုတ်ပါဘူး။

ကျန်းမာတဲ့ Skin Barrier ရှိတာ၊ အရေပြားမပျက်စီးတာ၊ နေရောင်ကာကွယ်ထားတာက ပိုတန်ဖိုးရှိပါတယ်။

တစ်ပတ်အတွင်း ရတဲ့ အလှအပက ခဏတာဖြစ်နိုင်ပေမယ့်၊ Mercury၊ Steroid နဲ့ Lead ကြောင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေက နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။

Beauty should never come at the cost of your health.

📢 ဒီ Post ရဲ့ ရည်ရွယ်ချက်က ဘယ် Brand ကိုမှ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။

ကျွန်မက Biochemistry ကို လေ့လာသင်ကြားလာတဲ့သူတစ်ယောက်အနေနဲ့ FDA နဲ့ သက်ဆိုင်ရာ Laboratory တွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အခြေခံပြီး ပြည်သူတွေ ကျန်းမာရေးအသိပညာ ရရှိစေဖို့ မျှဝေပေးတာသာ ဖြစ်ပါတယ်။

အလှအပက အရေးကြီးပေမယ့်… ကျန်းမာရေးက ပိုအရေးကြီးပါတယ်။

18/07/2026

မျက်နှာသစ်ပြီး SERUM လိမ်းပါ…✨
SERUM လိမ်းပြီး CREAM ပါးပါ…🤍

Skincare မှာ လူတော်တော်များများ လွဲနေတဲ့အချက်က…
Cream တစ်မျိုးတည်းလိမ်းရင် လုံလောက်တယ် လို့ ထင်နေကြတာပါ။

တကယ်တော့…

💧 Serum က
✔️ အသားအရေထဲကို အရင်ဝင်ရောက်ပြီး
✔️ Active Ingredients တွေကို ထိရောက်စွာ ပို့ဆောင်ပေးပါတယ်။

🫧 Cream က
✔️ Serum ပေးထားတဲ့ အစိုဓာတ်နဲ့ အာဟာရတွေကို Lock လုပ်ပေးတယ်။
✔️ Skin Barrier ကို ကာကွယ်ပေးပြီး ရေဓာတ်မဆုံးရှုံးအောင် ထိန်းသိမ်းပေးပါတယ်။

ဒါကြောင့်…

Serum + Cream ကို တွဲသုံးတဲ့အခါ
✨ Hydration ပိုကောင်းတယ်
✨ Skin Barrier ပိုကျန်းမာတယ်
✨ အသားအရေ နူးညံ့တောက်ပလာဖို့ ပိုအထောက်အကူဖြစ်ပါတယ်။

လိမ်းတဲ့အစဉ်ကတော့…

🧼 Cleanser
➡️ 💧 Serum
➡️ 🧴 Cream
➡️ ☀️ (မနက်ဆို) Sunscreen

မှန်ကန်တဲ့ အစဉ်နဲ့ လိမ်းတာက Product ကောင်းတာထက်တောင် အရေးကြီးပါတယ်။

16/07/2026

Skincare ကို အလှအပအတွက်ပဲ လုပ်တယ်လို့ ထင်နေသေးရင်… အဲဒီအမြင်ကို ပြောင်းဖို့ အချိန်ရောက်ပါပြီ။

အရေပြား (Skin) ဟာ ကိုယ်ခန္ဓာရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ပြင်ပပတ်ဝန်းကျင်နဲ့ ကိုယ်ခန္ဓာကြားက ပထမဆုံး ကာကွယ်ရေးစည်း (First Line of Defense) ဖြစ်ပါတယ်။

နေ့စဉ် နေရောင်ခြည် (UV Radiation)၊ လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်၊ စိတ်ဖိစီးမှုနဲ့ Oxidative Stress တွေဟာ Skin Barrier ကို တဖြည်းဖြည်း ထိခိုက်စေပြီး Collagen ပျက်စီးခြင်း၊ ရောင်ရမ်းမှု တိုးလာခြင်းနဲ့ အရွယ်မတိုင်မီ Aging ကို မြန်ဆန်စေပါတယ်။

Skincare က ဒီဖြစ်စဉ်တွေကို လုံးဝရပ်တန့်ပေးနိုင်တာ မဟုတ်ပေမယ့် အရေပြားရဲ့ သဘာဝကာကွယ်ရေးစနစ်ကို ပံ့ပိုးပေးပြီး ထိခိုက်မှုကို လျှော့ချနိုင်ပါတယ်။

ဒါကြောင့် Skincare ဆိုတာ—

✔️ အလှအပထက် ကျန်းမာရေးကို ဦးစားပေးခြင်း
✔️ Skin Barrier ကို ထိန်းသိမ်းခြင်း
✔️ ရေဓာတ်ညီမျှမှုကို ကာကွယ်ခြင်း
✔️ UV Damage ကို လျှော့ချခြင်း
✔️ Healthy Aging ကို ပံ့ပိုးခြင်း

ဆိုတဲ့ သိပ္ပံအခြေခံ နေ့စဉ်ကျန်းမာရေးအလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

အသားအရေက သင်နဲ့ တစ်ဘဝလုံး အတူရှိမယ့် အင်္ဂါအစိတ်အပိုင်းပါ။ အလှပျောက်မှ ဂရုစိုက်တာထက် မပျက်စီးခင်ကတည်းက ဂရုစိုက်တာက ပိုတန်ဖိုးရှိပါတယ်။

“Healthy skin is not created overnight. It is built through knowledge, consistency, and the right daily habits.” ✨

14/06/2026

Skin Barrier ဆိုတာ ဘာလဲ?

Skin Barrier ကို အရေပြားရဲ့ သဘာဝ ကာကွယ်ရေးတံတိုင်း လို့ ခေါ်နိုင်ပါတယ်။

အရေပြားရဲ့ အပေါ်ဆုံးအလွှာ (Stratum Corneum) မှာရှိတဲ့ skin cells တွေကို အုတ်ခဲများ လို့ သတ်မှတ်ရင် Ceramides, Cholesterol နဲ့ Fatty Acids တွေက အုတ်ကြားက ကော် လိုမျိုး အလုပ်လုပ်ပါတယ်။

Skin Barrier က ဘာတွေလုပ်ပေးလဲ?

✅ အရေပြားထဲက ရေဓာတ် မဆုံးရှုံးအောင် ထိန်းပေးတယ်။

✅ ဖုန်မှုန့်၊ ဘက်တီးရီးယား၊ ဓာတုပစ္စည်းတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတယ်။

✅ Sensitive skin ဖြစ်စေတဲ့ irritants တွေကို တားဆီးပေးတယ်။

✅ အသားအရေကို နူးညံ့ချောမွေ့စေတယ်။

Skin Barrier ပျက်စီးသွားရင်?

❌ အသားခြောက်လာမယ်

❌ နီရဲလွယ်မယ်

❌ ယားယံမယ်

❌ Skincare လိမ်းရင် စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်

❌ ဝက်ခြံ၊ eczema နဲ့ sensitive skin ပြဿနာတွေ ပိုဆိုးလာနိုင်တယ်

Skin Barrier ပျက်စီးစေတဲ့ အကြောင်းရင်းများ

• မျက်နှာကို အလွန်အကျွံ ဆေးကြောခြင်း
• Scrub များများ သုံးခြင်း
• Acid, Retinol များကို အလွန်အကျွံ သုံးခြင်း
• နေရောင်ခြည် ထိတွေ့မှုများခြင်း
• အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်း

Skin Barrier ကို ဘယ်လို ပြန်ပြုပြင်မလဲ?

💙 Ceramide ပါတဲ့ skincare သုံးပါ

💙 Gentle cleanser သုံးပါ

💙 Moisturizer နေ့တိုင်း လိမ်းပါ

💙 Sunscreen မဖြစ်မနေ သုံးပါ

💙 Exfoliation ကို ခဏရပ်ပြီး skin ကို အနားပေးပါ

13/06/2026
13/06/2026

💎Sensitive Skin သမားများအတွက်
ရွှေစည်းကမ်း (၇) ချက်💎

Sensitive Skin ရှိသူတွေအနေနဲ့ အသားအရေကို ပိုမိုကျန်းမာစေဖို့၊ နီမြန်းခြင်း၊ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတွေကို လျှော့ချဖို့ ဒီအချက်လေးတွေကို သတိထားပေးစေချင်ပါတယ်။

1️⃣ Laser Treatments မလိုအပ်ဘဲ မလုပ်ပါနဲ့။

Laser Treatment တွေက အချို့သူတွေအတွက် အကျိုးရှိနိုင်ပေမယ့် Sensitive Skin တွေအတွက် Skin Barrier ကို ထိခိုက်စေနိုင်ပါတယ်။

Dermatologist ရဲ့ အကြံပြုချက်မရှိဘဲ မလုပ်သင့်ပါဘူး။

2️⃣ Chemical Peeling တွေကို သတိထားပါ။

ပြင်းထန်တဲ့ Acid Peeling တွေဟာ အသားအရေကို ပိုမိုနီမြန်းစေပြီး Irritation ဖြစ်စေနိုင်ပါတယ်။ Sensitive Skin ဖြစ်ရင် အထူးသတိထားဖို့လိုပါတယ်။

3️⃣ Skincare ကို တွေ့ရာမသုံးပါနဲ့။

TikTok, Facebook မှာ Trend ဖြစ်နေတဲ့ Product တိုင်းက ကိုယ့်အတွက် မသင့်တော်နိုင်ပါဘူး။ Ingredient List ကို ကြည့်ပြီး Skin Type နဲ့ ကိုက်ညီတာကိုသာ ရွေးချယ်ပါ။

4️⃣ နေရောင်ခြည်ကို ကာကွယ်ပါ။

UV Rays တွေက Sensitive Skin ကို ပိုမိုထိခိုက်စေပါတယ်။ Sunscreen အသုံးပြုခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ နေရောင်ပြင်းချိန်မှာ အပြင်ထွက်ခြင်းကို လျှော့ချခြင်းတို့ လုပ်ပေးသင့်ပါတယ်။

5️⃣ Spicy Food နဲ့ Preserved Food တွေကို လျှော့စားပါ။

အချို့သောသူတွေမှာ အစပ်များတဲ့ အစားအစာများ၊ Processed Food များက နီမြန်းခြင်းနဲ့ Inflammation ကို ပိုမိုဖြစ်စေနိုင်ပါတယ်။

6️⃣ ရေကို လုံလောက်စွာ သောက်ပါ။

ရေဓာတ်ပြည့်ဝမှုဟာ Skin Health အတွက် အရေးကြီးပါတယ်။ တစ်နေ့တာလုံး ရေကို ပုံမှန်သောက်ပေးခြင်းက အသားအရေကို ပိုမိုကျန်းမာစေပါတယ်။

7️⃣ အိပ်ရေးဝဝ အိပ်ပါ။

Skin Repair လုပ်ငန်းစဉ်တွေဟာ အိပ်ချိန်အတွင်းမှာ အများဆုံးဖြစ်ပါတယ်။ အိပ်ရေးပျက်တာက Skin Barrier ကို အားနည်းစေပြီး Sensitive Skin Symptoms တွေကို ပိုဆိုးစေနိုင်ပါတယ်။

Tips -

Sensitive Skin ကို ကုသဖို့ထက် Skin Barrier ကို ထိန်းသိမ်းကာကွယ်ဖို့က ပိုအရေးကြီးပါတယ်။ Barrier ကောင်းတဲ့ အသားအရေဟာ နီမြန်းခြင်း၊ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတွေကို လျော့နည်းစေပြီး ကျန်းမာတဲ့ Skin ကို ရရှိစေပါတယ်။

Photos from Esperanza Beauty & Nature's post 20/05/2026

Ygn ပြန်ရောက်ပြီမို့ Skincare လေးတွေ
ပြန်မှာလို့ ရပါပြီရှင်…🩵🦋

သေချာ ထုတ်ပေးတဲ့ Skincare လေးတွေမို့

အမြဲသုံးကြတဲ့ customer လေးတွေ ရဲ့ စိတ်ချမ်းသာ
အဆင်ပြေပြီး လှ နေကြတာလေး ပြန်သိရတဲ့အခါ

ကိုယ်ထုတ်တဲ့ Esperanza လေး အတွက်
ပိုပြီး ကောင်းမွန်အောင် ကြိုးစားချင်စိတ်လေးတွေ
ဖြစ်ရပါတယ်..

ကျေးဇူးအများကြီး တင်ပါတယ်ရှင်…🌸🙏

19/04/2026

ကိုယ့်ရဲ့ Skincare လေး နံမည်ပေးထားတာ

Esperanza တဲ့..
စပိန် နံမည်လေး..☘️

Hope မျှော်လင့်ချက်လေးပေါ့..💙

Serum လေး ကနေ စထုတ်တာ
အခုဆို

Day cream Night cream
Rose Jelly mask
အမျိုးတွေ ထပ်ထုတ်ဖြစ်တယ်..

တစ်ခုနဲ့တစ်ခု မတူတော့ ထုတ်ရတာ
လက်ဝင်တယ်
အချိန်ပေးရတယ်..

Customer တွေကလည်း Esperanza ရဲ့
ထုတ်သမျှလေးတွေ တော်တော် ကြိုက်ကြတယ်..

မှာတဲ့သူတွေက ခဏ ခဏ ထပ် မှာကြတယ်..

ဒီနှစ်မှာ promotion discount မလုပ်ထားဘူး..

Serum အသစ်လေးပဲ ကြော်ငြာထားတာ..

မှာတဲ့သူက ထုတ်သမျှ အကုန် ယူမယ်

၆ မျိုး ဆိုတော့ ဘာပြောရမယ်မသိ

Skin လေးတွေ Glow ပြီး healthy ဖြစ်လို့

စိတ်ချမ်းသာတယ် ဆိုတော့

ကိုယ်လည်း ဝမ်းသာ စိတ်ချမ်းသာရတယ်..🥰

အဆင်မပြေတာရှိလည်း ပြန်ပြောပေးလို့ရတော့

လိုအပ်ချက်လေးတွေ ပြန်ပြုပြင်ရတယ်..

Ingredients လေးတွေအကုန် US က မှာတော့
ကုန်ကြမ်းကုန်လို့မှာရတဲ့အခါ

စိတ်နည်းနည်း ညစ်ရတယ်..

ဒေါ်လာစျေးက အရမ်းတက်နေတော့
အစစ အရာရာ ချင့်ချိန်နေရတာ..

အခုအချိန်အထိ အလုပ်လေး လုပ်နေနိုင်တာလေး

မိဘဆရာသမားများကို ကျေးဇူးတင်မိ..🙏💕

Category

Telephone

Address

80 Th Street, Bet 9 Th & 10 Th Street
Mandalay
05011