Luci's Perfume Journey

Luci's Perfume Journey

Share

ရေမွှေးအကြောင်းတွေ ဝေမျှမယ်

Photos from Luci's Perfume House's post 20/06/2025

ရေမွှေး ဝယ်ဖို့ စဉ်းစားနေပြီလား ?

13/06/2025

YSL Y - EDP
150ML Refill Unboxing & Decant Promotion.

Have fun with great scents ✨

11/06/2025

Giorgio Armani Acqua Di Gio -
Profondo & Parfum Comparison Video.

တခြား ရေမွှေးနဲ့ ပက်သက်ပြီး စိတ်ဝင်စားတာရှိရင်
Comment မှာ မေးခဲ့လို့ရပါတယ် ။

Have fun with great scents ✨

10/06/2025

YSL Myself EDP & Le Parfum
Comparison Video by Luci's Perfume Journey

Have fun with great scents ✨

ရေမွှေး Decant လေးတွေ ဝယ်ယူချင်ရင်-
Best Budget - Decant Perfume Shop

Photos from Luci's Perfume House's post 27/05/2025

အခုလို မိုးအေးတုန်း ဒီကောင်တွေက ကွက်တိ 🫶✨

25/05/2025

❝ 𝐁𝐯𝐥𝐠𝐚𝐫𝐢 𝐌𝐚𝐧 𝐖𝐨𝐨𝐝 𝐍𝐞𝐫𝐨𝐥𝐢 -
𝐍𝐚𝐭𝐮𝐫𝐞 𝐌𝐞𝐞𝐭𝐬 𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 ❞

ဒီနေ့တော့ ကျွန်တော် ဒုတိယအကြိမ်မြောက် သဘောကျလွန်းလို့ ထပ်ဝယ်ဖြစ်လိုက်တဲ့ ရေမွှေးလေးအကြောင်း ပြောပြပေးမယ် ။
မင်း Decant ရောင်းနေတာပဲ ဒုတိယတစ်ခါ ထပ်ဝယ်တာ ထူးဆန်းလို့လား မေးရင် မဟုတ်ဘူး - “ဒီကောင့်ကိုနောက်ထပ်ရှာမရတော့မှာဆိုးပြီး သဘောကျလွန်းလို့ ထပ်ဝယ်မိတာ” လို့ ပြောချင်တာ ။

အရင်ဆုံး ဝယ်ရတာရှားမှာ ဆိုတဲ့ အကြောင်းက Discontinued ဖြစ်သွားပြီပြောတယ် ၊ ဆိုတော့ ဆက်မထုတ်တော့ဘူး၊ ဝယ်ချင်တိုင်း ရဖို့ ခက်သွားတယ် ။
ဒုတိယအချက်က အနံ့ကလဲ Unique ဖြစ်ပြီး တော်တော်သဘောကျဖို့ကောင်းတဲ့ အနံ့ပုံစံလေးမလို့ ။

သင်္ကြန်နွေအခါလောက်မှာ ပန်းလေးတွေ ဖူးပွင့်ကြမယ် ၊ ‌သင်္ကြန်မိုးကျလို့ပဲဖြစ်ဖြစ် ၊ ရေသဘင်ကြောင့် ရေပက်ကြရင်ဖြစ်ဖြစ် သစ်ပင်ပန်းပင်တွေကတော့ စိမ်းရွှင်ပြီး အေးနေကြသလို ၊ ပတ်ဝန်းကျင်နဲ့အတူ လူတွေကလဲ အေးမြပြီးအကုန်ကျက်သရေရှိကြတဲ့ အချိန်ခါလိုမျိုး Vibe မျိုးကို ခံစားဖူးကြမယ်ထင်ပါတယ် ။ အခု Wood Neroli ရေမွှေးလေးကလဲ ကျက်သရေရှိတဲ့ အဲ့ Vibe လေးကို သတိရစေမှာပါ။

ရေမွှေး အနံ့အကြောင်းလေး ပြောလိုက်ရအောင် !
နာမည်မှာကတည်းကိုက ပါနေပြီ Neroli တဲ့ ၊ Neroli ဆိုတဲ့ ပန်းအနံ့အပေါ့ ။ ပန်းအနံ့ဆိုလို့ ယောက်ျားလေးတွေ စိတ်မပျက်သွားနဲ့ ၊ ဒီအနံ့က ယောက်ျားလေးတွေဆွတ်ထားရင် လုံးဝကို ကြည်လင်ရှင်းသန့်နေမဲ့ Floral အနံ့ ။
အနံ့ကလဲ အပေါ်ကပြောခဲ့သလို နွေအခါ ပူတဲ့အချိန်သင်္ကြန်အရသာ အေးအေးလေးကို ကြုံလိုက်ရသလို အေးမြပြီး ကျက်သရေရှိတဲ့ ခံစားချက်မျိုးပေးမှာပါ ။

Neroli floal Note ရှိတဲ့ ရေမွှေးတိုင်းမှာ အခုလို ကြည်လင်နိုင်မဲ့ Vibe မျိုးရဖို့မလွယ်ဘူး ၊ အခု Wood Neroli မှာပဲ လှပြီး လူတိုင်းလက်ခံနိုင်တဲ့ အနံ့မျိုးဖြစ်မှာ ။

ဆိုတော့ သူ့ရဲ့ ရေမွှေး Note လေးတွေက -
Top: Neroli, Bergamot
Heart: Orange Blossom, Virginia Cedar
Base: Amber, White Musk, Leather, Woody Notes

Performance က ဘယ်လိုနေလဲဆိုရင် -
Fresh အနံ့အနေနဲ့ တော်တော်အနံ့ကျန်တယ် ၊ တခါဆွတ်ထားရင် အသားပေါ်မှာ 5,6 hours ရတယ် ။ Occasion တစ်ခုစာအတွက် ကောင်းကောင်းကြီးအလုပ်ဖြစ်တယ်။

ကျွန်တော့်ကို ကြိုက်လားမေးရင် ကျွန်တော်ကတော့ ကြိုက်လွန်းလို့ ထပ်ဝယ်ထားတာ ၊ မိတ်ဆွေတို့ကိုလဲ စမ်းကြည့်စေချင်တယ် ၊ စမ်းဖူးတဲ့တွေရှိရင်လဲ Wood Neroli ကို ဘယ်လိုမြင်လဲ ? သဘောကျလား ဖြေပေးခဲ့ပါအုန်း ။

Have fun with great scents ✨



Disclaimer - No copyright infringement intented. I don't own this brand's name. All of the brand's names belong to the rightful owner.Tap on a clip to paste it in the text box.

14/05/2025

ELDO - You Or Someone like you

Video လေးတွေလုပ်ရတာလဲ ကျွန်တော့်အတွက်မလွယ်ကူသလို ၊ စာ Content တွေကလဲ Reach အရမ်းနည်းတာကြောင့် Video လေးတွေ စဖြစ်တယ်ရှိအောင် Low quality content video လေးတစ်ပုဒ် ဖန်တီးလိုက်ပါတယ် ၊ Video Quality လိုအပ်ချက်တွေနဲ့ စကားပြောလိုအပ်ချက်တွေအများကြီးရှိနေမှာမို့ အားနာရပါတယ် ။

အဆုံးထိ ‌ကြည့်ရှု့ပေးတဲ့သူ‌တိုင်းကိုတော့ ကျေးဇူးအထူးပါခင်ဗျာ ✨

Have fun with great scents ✨

07/05/2025

ထူးခြားပြီး သန့်ရှင်းတဲ့ အနံ့ရှိတဲ့ ရေမွှေး ( သို့မဟုတ် )
ELDO ရဲ့ 𝗬𝗢𝗨 𝗢𝗥 𝗦𝗢𝗠𝗘𝗢𝗡𝗘 𝗟𝗜𝗞𝗘 𝗬𝗢𝗨

အခုလို ပူတဲ့ ရာသီဥတုမှာ Fresh ဖြစ်တဲ့ ရေမွှေးကောင်းလေးတွေ ရှာဖွေရတာလဲ အလုပ်တစ်လုပ်ပါပဲ ။
ဘာလို့ဆို လိုချင်တဲ့ အချက်တွေက များတယ်လေ ၊ ဘယ်အချက်တွေလဲလို့ မေးရင်
- ဆွတ်ထားရင် လန်းဆန်းမဲ့ ရနံ့ဖြစ်ရမယ် ၊
- ဆွတ်ထားရင် အနံ့ကြာကြာခံရမယ် ၊
- နောက်တစ်ချက် ကိုယ့်ရေမွှေးအနံ့က သူများနဲ့ မတူပဲ
Unique ဖြစ်ပြီး အထာကျနေရမယ် ။
- Brand ကောင်းကောင်းထဲကိုမှ ဈေးကလဲ သက်သာရမယ် ၊ အလွယ်ပြောရရင် Luxury ဆန်ဆန်ကို Affordable price နဲ့လဲ ရရမယ်ပေါ့ ။

ကျွန်တော်တော့ အဲ့အချက်တွေ အကုန်လုံးနဲ့ ငြိနေတဲ့ ရေမွှေးလေး‌တစ်လုံးအကြောင်းပြောပြပေးမယ် ။
Brand နာမည် က Etat Libre d’Orange (ELDO) ၊ သူက ပြင်သစ် Brand ကိုမှ Niche House ။ သူတို့အထာကတော့ အရင် Old fashioned ပုံစံတွေကို တွန်းလှန်တာ ၊ ရှိပြီးသား Boundaries တွေကို ချိုးဖျက်တာ ၊ Challenging ဖြစ်တဲ့ အသစ်သစ်တွေကို ဖန်တီးတဲ့ Philosophy or Brand Identity ဘက်သွားတယ် ။

အခု ပြောပြပေးမဲ့ You or someone like you ကလဲ အပေါ်ကပြောသွားတဲ့ Brand Identity နဲ့ပြည့်စုံတယ် ၊ အနံ့အကြောင်းပြောရရင် Fresh ကိုမှ သူက Citrus သံပုရာတွေဘက်မသွားပဲ - ပူစီနံ( ပူဒီနာအရွက် ) ကို Refreshing ဖြစ်ဖြစ် Mojito cocktail အရသာမျိုးဘက်ကို ဖန်တီးထားတာ ။ Mojito သောက်ဖူးတဲ့သူတွေဆိုရင်တော့ တန်းသိမှာပါ ၊ မသိတဲ့သူတွေအတွက်တော့ ပူစီနံ အရွက်ကိုမှ ရေခဲရေလေးစိမ်ပြီး အေးနေတဲ့ ပုံစံမျိုးပါပဲ ။

ဆိုတော့ Fresh တွေထဲမှာမှ ဘယ်မှာမှ မမြင်ရတဲ့ Fresh အမျိုးစားကို ရွေးထားတယ် ၊ Mojito ကြီး ခန္ဓာကိုယ်ပေါ်ဆွတ်တော့ ကောင်းပါ့မလားပေါ့ ၊ ကျွန်တော် အမှန်တိုင်းအရှိတိုင်းပြောရရင် ဘေးလူတွေတော့ အမှတ်ပြည့်ပေးနိုင်မဲ့ အနံ့မျိုး ၊ ဖြတ်ကနဲဖြစ်ဖြစ် ဘေးကနေသင်းနေရင်ပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းတဲ့အနံ့မျိုးဖြစ်တယ်ဗျ ။

အကျဉ်းချုပ်ရရင် အနံ့က ပူစီနံ အနံ့ကိုမှ ရေခဲရေအေးအေးလေးနဲ့ သင်းပြီးပျံ့နေမဲ့ အနံ့မျိုးပေါ့ တချက်ချက် Green ဖြစ်တဲ့ ခပ်စိမ်းစိမ်းအနံ့လေးတွဲပါလာတတ်တယ် ။

နောက်ထပ် အရေးကြီးတဲ့ အနံ့စွဲရဲ့လား ?
ကျွန်တော် ပြောရဲတာက သံပုရာအနံ့တွေထက် အနံ့တော်တော်ခံတဲ့ ရေမွှေးအမျိုးစားလို့ပြောလို့ရတယ် ၊
ဆွတ်ထားရင် အနည်းဆုံး ၆နာရီဝန်းကျင်ခံတယ် ။

သင်းပြီးပျံ့နေမယ် အနံ့ကလဲ တမူထူးခြားနေမယ် ၊ ဘေးလူတွေကလဲ သဘောကျပြီး Compliment လဲ ခဏခဏ အပေးခံရနိုင်မယ် ။
ဆိုတော့ ကဲ ! ဘာလိုသေးလဲဗျာ ?

‌အောက်ဆုံးရောက်မှ ပြောရအုန်းမယ် ၊ အကောင်းတွေအရမ်းပြောလွန်းနေလို့ ဒီရေမွှေးကို မကြိုက်လောက်မဲ့ လူတွေရှိနိုင်တယ် ။ ဘယ်လိုလူတွေလဲလို့ ဆိုရင်
- ပူစီနံ အနံ့မကြိုက်တဲ့သူ
- ဘေးပျံ့ရင်တော့ လှပေမဲ့ ကပ်ရှုရင်တော့ သိပ်တော့ သဘောကျကြမယ်မထင်ဘူး ။ ဆိုတော့ ပြောရရင် လူတွေနဲ့ ခပ်ကင်းကင်း‌နေပြီး ဘေးကို အနံ့ပျံ့ရုံနေ့ဆို ဒါကပြေမယ် ၊ နှစ်ကိုယ်ခြား ချစ်ရည်းစားနဲ့ ကပ်မဲ့နေ့ဆိုရင်တော့ ဒီကောင်က ရွေးချယ်စရာတော့မဟုတ်နေဘူးပေါ့ ။ ( Mojito ကြိုက်တဲ့သူဆိုရင် ချွင်းချက် )

မိတ်ဆွေဆိုရင်ရော ဒီရေမွှေးကို စမ်းကြည့်ချင်စိတ်ဖြစ်လား ၊ စိတ်ဝင်စားမှုဖြစ်သွားလား ပြောသွားခဲ့ပါအုန်း ။

Have fun with great scents ✨



Disclaimer - No copyright infringement intented. I don't own this brand's name. All of the brand's names belong to the rightful owner.Tap on a clip to paste it in the text box.

ရေမွှေး Decant ဝယ်မယ်ဆိုရင် -
Best Budget - Decant Perfume Shop

02/05/2025

Giorgio Armani AD Gio 𝗣𝗮𝗿𝗳𝘂𝗺 ( သို့ )

ရှေ့က အကိုကြီး Profumo ရဲ့ နေရာကို အစားထိုးနိုင်ခဲ့တာ သေချာရဲ့လား ?
ကျွန်တော်တို့ Giorgio Armani ရဲ့ 'Acqua Di Gio' line up က တော်တော်အောင်မြင်နေဆဲလို့ပြောရမယ် ။ တစ်ပွဲထိုး ( သို့ ) တလုံးကောင်း line up မဟုတ်ပဲ ၊ Gio ရဲ့ ရေမွှေးတော်တော်များက အထာကျပြီး အောင်မြင်ကြသလို လူကြိုက်လွယ်တဲ့ အနံ့လို့ပြောရင်မမှားဘူး ။
ဒီအထဲမှာမှ Gio အမဲပုလင်းလေး Profumo ဆိုတာလေးကလဲ တမျိုးတဖုံ နဲ့ ‌အားလုံးအသဲကျော်လေးဖြစ်ခဲ့ကြတယ် ။

ပြီးခဲ့တဲ့ နှစ်တွေမှာပဲ အောင်မြင်လှတဲ့ Profumo ကို ဆက်မထုတ်တော့ဘူးဆိုပြီး သူ့နေရာမှာ အစားထိုးဖို့ Gio Parfum လေးကို ထုတ်ခဲ့ကြတယ် ။ အခု Parfum က Profumo ကိုရော အစားထိုးနိုင်ခဲ့လား ၊ ဘယ်လိုအနေထားရှိလဲ ဆိုတဲ့အကြောင်းကို ပြောပြပေးသွားမှာပါ ။

အနံ့အနေနဲ့ ပြောရရင် Gio Parfum က Profumo ရဲ့အစားထိုးဆိုပီး ထွက်လာတာမလို့ ၊ Fresh Citrus + Aquatic ကိုမှ Smokey and Woody အထာမျိုးပဲ ။
ဘာကွာသွားလဲ မေးရင် Less Smokey ဖြစ်သွားပြီး More Fresh ဖြစ်တဲ့အမျိုးစားလိုမျိုးသွားတယ်လို့ခံစားတယ် ။
Performance ကတော့ နောက်ဆုံး Profumo batch သာသာလောက်ပဲ အရမ်းကွာခြားတာမရှိဘူး ။
ဟိုးအရင်က သံလိုက်အဖုံးကိုမှ old batch quality တွေကိုတော့ မမှီတာတော့အမှန်ပါ ၊ အဲ့ Old batch quality တွေလဲ ဒီအချိန်လိုချင်လို့ရှာမယ်ဆိုရင်တော့ ရှားနေပါပြီ ။

ဆိုတော့ အနှစ်ချုပ်ရရင် Profumo ကြိုက်လို့ အစားထိုးသုံးမဲ့ သူ့အတွက်တော့ Smokey feeling လေးကို လျော့သွားတာမလို့ မကျေနပ်ဖြစ်နေနိုင်တယ် ၊ ဒါပေမဲ့ အခုမှ Profumo လို scent profile မျိုးကို သုံးမှာဆို ဘာမှပြဿနာရှိမှာမဟုတ်ဘူးလို့မြင်တယ် ။

ကျွန်တော့် အကြံပေးချင်တာတော့ Profumo/discontinued တွေကို ဝယ်ရင် ဒိအချိန်မှာ ရှားလို့ ဈေးကလဲ များသွားပြီ ၊ ကိုယ့်အနေနဲ့ ဈေးသက်သက်သာသာနဲ့ Profumo အနံ့လေးလဲ ဆက်သုံးချင်တယ်ဆိုရင် Parfum ကိုပဲ ဝယ်ဖို့ ပိုအားပေးချင်တယ် ။
နောက်ရက်မှပဲ နောက်ထပ် ရေမွှေးတစ်လုံးအကြောင်းကိုဆက်ပြောကြတာပေါ့ ။

Have fun with great scents ✨



Gio Parfum လေးကို Decant ဝယ်ယူစမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ Best Budget - Decant Perfume Shop မှာ ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ ။

Disclaimer - No copyright infringement intented. I don't own this brand's name. All of the brand's names belong to the rightful owner.Tap on a clip to paste it in the text box.

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Address

Mandalay