Yuri's Aesthetic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yuri's Aesthetic, Health/Beauty, Mandalay.
Video
20/01/2025
Moti
လမ်းမပျောက်စေနဲ့၊ ပျောက်ရင် ပြန်ရှာ ❞
လူတိုင်းရဲ့ဘဝမှာ တစ်ကြိမ်တော့ လမ်းပျောက်ဖူးကြမှာပါ။ အဲ့ဒီလို လမ်းပျောက်နေချိန်မှာ ငါဘာဆက်လုပ်ရမလဲ ဆိုတဲ့အတွေးတွေနဲ့ မနက်တိုင်းကို အဓိပ္ပါယ်မဲ့တဲ့စိတ်နဲ့ ခံစားနိုးထလာကြပါလိမ့်မယ်။
အလုပ် မရှိတော့တဲ့အခါ …
ချစ်သူနဲ့ လမ်းခွဲတဲ့အခါ ….
မိသားစုတွေက ကိုယ့်ခံစားချက်တွေကို နားလည်မပေးတဲ့အခါ …
ပေါင်းသင်းဆက်ဆံရေးတွေမှာ အဆင်မပြေတဲ့အခါ ….
လက်ထဲ သုံးစရာပြတ်သွားတဲ့အခါ …
လမ်းပျောက် တတ်ကြပါတယ်။
အဲ့ဒီအချိန်မှာ ဘာမှ မလုပ်ချင်မကိုင်ချင်တဲ့စိတ်တွေပဲ ဖြစ်နေပါလိမ့်မယ်။
တချို့ကတော့ အဲ့ဒီအချိန်မှာ ဘေးကနေ ဖေးမကူညီ လမ်းပြပေးမယ့်သူရှိရင် စိတ်ပိုင်းဆိုင်ရာ အမြန် ထောင်မတ်လာနိုင်လိမ့်မယ်။
တချို့ကတော့ တစ်ယောက်တည်းဖြတ်သန်းနေရတဲ့အတွက် ပိုပြီးတော့ ခံစားချက်တွေ ခက်ခဲပါလိမ့်မယ်။
ဒီတော့ တစ်ယောက်တည်းလမ်းပျောက်နေတယ်လို့ ခံစားနေသူတိုင်းအတွက်
ဆက်လျှောက်ပါလို့ အကြံပေးပါရစေ။ ဘာတွေပဲ ကြုံကြုံ ဆက်လျှောက်ဖို့ပဲ လိုပါတယ်။ ဘယ်လောက်ခက်ခဲနေပါစေ …. ဆက်ပြီးလျှောက်ပါ။
လမ်းပျောက်လေ …. ထွက်ပေါက်က ဘယ်မှာလဲ ဆိုပြီး ထပ်လျှောက်ရင်း ရှာဖွေရမှာပါ။ လျှောက်လေ …. လျှောက်လေ …. နောက်ဆုံးမှာ ထွက်ပေါက်ဆိုတဲ့ လမ်းကို တွေ့လေပါပဲ။ ဒီတော့ လမ်းပျောက်နေတယ်ဆိုပြီး ထိုင်နေလို့တော့ ဘာမှအကျိုးထူးမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကနေ တတ်နိုင်သမျှ ကြိုးစားနေထိုင်ရပါမယ်။
ကိုယ့်ဘဝကို မြင့်မြင့်ပျံချင်ရင် အတောင်ကို သေချာဖြန့်ကားထားဖို့လိုတယ်။
လမ်းပျောက်နေရင် …. လမ်းကို ဆက်တိုက်ရှာနေဖို့ လိုတယ်။
နေ့စဉ်နဲ့အမျှ တစ်ခုခုကို သင်ယူနေပါ။
ကိုယ့်ရဲ့အားသာချက်တွေကို ဝင်ငွေတစ်ခုခုရအောင်အထိ ကြိုးစားပါ။
ဘယ်လိုအကြောင်းပြချက်နဲ့မှ ကိုယ့်လမ်းကိုယ် မပိတ်မိပါစေနဲ့။ လမ်းပျောက်နေရင် လမ်းပြန်ရှာရမှာ ကိုယ့်တာဝန်ပါ။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး တည်ဆောက်ဖို့ လိုပါတယ်။
11/01/2025
𝓓𝓪𝓲𝓼𝔂🤍
09/01/2025
𝔖𝔢𝔞 𝔴𝔞𝔩𝔩𝔭𝔞𝔭𝔢𝔯 💙🤍
08/01/2025
𝟐𝟎𝟐𝟓🍀
08/01/2025
𝔚𝔞𝔳𝔶 𝔥𝔞𝔦𝔯 🤍
08/01/2025
𝓑𝓵𝓾𝓮
Click here to claim your Sponsored Listing.
Category
Website
Address
95