Arammana Dental Clinic

Arammana Dental Clinic

Share

Your Teeth, but Our Art.

26/06/2026

အံဆုံးတွေက နှုတ်ဖို့လိုအပ်လား?

အသက် ၁၇-၂၅ နှစ်ဝန်းကျင်မှာ ခံတွင်းအနောက်ဆုံးနေရာက သွားအသစ်တစ်ချောင်း ထွက်လာတတ်ပါတယ်။ အဲဒါကတော့ Wisdom Tooth ပါ။ အံဆုံးလို့ခေါ်ကြပါတယ်။
တချို့အတွက် ဘာမှမဖြစ်ပေမယ့် တချို့မှာတော့ Impacted Wisdom Tooth ဆိုတဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။
Impacted Wisdom Tooth ဆိုတာ
နောက်ဆုံးထွက်လာတဲ့သွားအသစ်လေးက သွားဖုံးအောက်မှာ အပြည့်မထွက်နိုင်ဘဲ စောင်းနေ၊ လှန်နေ၊ ဒါမှမဟုတ် အခြားသွားတွေကို ဖိပြီး ရှိနေတဲ့ အခြေအနေပါ။

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။
သွားဖုံးနောက်ပိုင်း ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ပါးစပ်ပွင့်ရခက်ခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ အရသာမကောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းနာခြင်း၊ တခါတရံ အဖျားပါတတ်ပါသေးတယ်

ဘာကြောင့် အံဆုံး ထွက်တာလဲ။
မေးရိုးနေရာကျဉ်းလွန်းခြင်း၊
ဒီသွားကြီးထွားရာလမ်းကြောင်း မှားယွင်းခြင်း နှင့်
မျိုးရိုးလိုက်ခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။

ကုသမှုကရော ဘယ်လိုလဲ။
နာကျင်မှုသက်သာအောင် အကိုက်အခဲပျောက်ဆေးနဲ့ ရောင်ရမ်းပျောက်ဆေး သောက်တာ
သွားဖုံးအောက်မှာ ပိုးဝင်နေရင် ပဋိဇီဝဆေး ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးတာ နဲ့
လိုအပ်ရင် ခွဲထုတ်ခြင်း တွေ ပြုလုပ်လို့ရပါတယ်။
ဒီထဲမှာမှ မူမမှန်ဘဲပေါက်နေတဲ့ အံဆုံးကို ခွဲထုတ်ခြင်း (Wisdom Tooth Extraction) က အကောင်းဆုံး ဖြေရှင်းနည်းပါ။

⚠️ သတိပြုရန်
မကုသဘဲထားရင် အနီးအနားသွားတွေ ပုပ်သွားနိုင်တယ်၊ သွားဖုံးပိုးဝင်တာ ထပ်တလဲလဲ ဖြစ်နိုင်တယ်၊ ရှားရှားပါးပါး ဆိုရင် မေးရိုးအိမ်ကိုတောင် ပျက်စီးစေနိုင်ပါတယ်။
✅ နောက်ဆုံးသွား နောက်နေရာမှာ နာကျင်ရင်၊ ရောင်ရမ်းရင် သွားဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

ခင်ဗျားတို့အနေနဲ့ရော အံဆုံးထွက်လို့ နာကျင်မှုကို ခံစားခဲ့ဖူးလား။ ဘယ်လိုကုသခဲ့ရလဲ ဆိုတဲ့ ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကို မျှဝေပေးခဲ့လို့ရပါတယ်။


#အာရမ္မဏသွားနှင့်ခံတွင်းဆေးခန်း

08/05/2026

ပြုံးလိုက်တိုင်း သွားကျဲလေးကြောင့် စိတ်မလုံမလဲ ဖြစ်နေရတုန်းလား? 🦷✨

​လူကြားထဲ စကားပြောတဲ့အခါ ဒါမှမဟုတ် ဓာတ်ပုံရိုက်တဲ့အခါ သွားကျဲနေတာကို သတိထားမိပြီး လက်နဲ့အုပ်မိနေတာမျိုး ဖြစ်ဖူးမှာပေါ့။ သွားတန်းလေးက ကျန်တာ ညီနေပေမဲ့ ဒီ "ဟ" နေတဲ့ နေရာလေးကပဲ ကိုယ့်အပြုံးကို အားမရဖြစ်စေတာပါ😞

​ဒီပြဿနာအတွက် လနဲ့ချီ စောင့်စရာမလိုတဲ့ "Composite Filling (လေဆာနဲ့ သွားဖာခြင်း)" ရှိတယ်လေ😍

✨ ​ချက်ချင်းသိသာတဲ့ ရလဒ်
ဆေးခန်းလာခဲ့ရုံနဲ့ မိနစ်ပိုင်းအတွင်း အပြုံးသစ်ကို ပိုင်ဆိုင်ရမှာပါ။

✨ ​နာကျင်မှုမရှိ​ခြင်း
သွားကို စားစရာမလိုဘဲ သဘာဝသွားပေါ်မှာတင် ပုံဖော်ပေးတာမို့ လုံးဝမနာပါဘူး။

✨ ​သဘာဝအတိုင်းလှနေခြင်း
ကိုယ့်သွားအရောင်နဲ့ အတူညီဆုံးကြွေလွှာကို အသုံးပြုပေးလို့ ဖာထားမှန်းတောင် သိမှာမဟုတ်ဘူးနော်။

​သွားကျဲတာကို နှုတ်ဆက်ပြီး ယုံကြည်မှုအပြည့်နဲ့ ပြုံးချင်တယ်ဆိုရင်တော့ "အာရမ္မဏ" က စောင့်ကြိုနေပါတယ်နော်🧡

​🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

01/05/2026

သင့်အပြုံးမှာ စိန်ပွင့်လေးတွေနဲ့ Glow လိုက်ပါ! ✨💎

​ဒီဘက်ခေတ်မှာ Fashion ဆိုတာ အဝတ်အစားတင်မကဘဲ သင့်ရဲ့ "အပြုံး" ကပါ Trend ဖြစ်နေဖို့ လိုတယ်နော်။ ကိုယ့်ရဲ့ Personality ကို ပိုမိုထင်ပေါ်စေပြီး ပြုံးလိုက်တိုင်း လင်းလက်နေမယ့် Tooth Gem (သွားအလှဆင်စိန်ပွင့်) လေးတွေကို
"အာရမ္မဏ" မှာ အခုပဲ တပ်ဆင်လိုက်ပါ 😉

​ဘာကြောင့် "အာရမ္မဏ" မှာ စိန်ကပ်သင့်တာလဲ?

✅ သွားကြွေလွှာကို လုံးဝမထိခိုက်စေဘဲ စနစ်တကျ ကပ်ပေးခြင်း။

✅ အရည်အသွေးမြင့် စိန်ပွင့်လေးများဖြစ်လို့ ရေရှည်မှာ အရောင်မမှိန်ဘဲ တောက်ပြောင်နေခြင်း။

✅ ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင် သေသပ်လှပအောင် ဖန်တီးပေးခြင်း။

​တပ်ဆင်ပြီးရင် ဘာတွေထူးခြားသွားမလဲ?

📸 ဓာတ်ပုံရိုက်ရင် အပြုံးက ပိုပေါ်လွင်မယ်။
🤝 လူမှုဆက်ဆံရေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်။
🌟 ခေတ်မီပြီး ဆွဲဆောင်မှုရှိတဲ့ Look ကို ရရှိစေမယ်။

​အပြုံးလှလှလေးတစ်ခုက သင့်ရဲ့ Confidence ကို မြှင့်တင်ပေးနိုင်လို့ အခုပဲ Booking လုပ်ပြီး သင့်အပြုံးကို Upgrade လုပ်လိုက်ရအောင်! 😍

​🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 - 797 997 904

29/04/2026

🦷 သွားပိုးပေါက်ဆိုတာနဲ့ နှုတ်ပစ်ရမယ်လို့ ထင်နေသလား?

အမှန်တော့ သဘာဝသွားကို မဆုံးရှုံးစေဘဲ ပြန်ပြုပြင်နိုင်တဲ့ Dental Filling (သွားဖာခြင်း) ရှိပါတယ်နော် 😊

ဘာကြောင့် အချိန်မီ ဖာသင့်လဲ❓

✅ နာကျင်မှု၊ ကျဉ်တာတွေ သက်သာစေတယ်
✅ သွားကို ကယ်တင်ပြီး ဆက်လက်အသုံးပြုနိုင်တယ်
✅ ငွေကုန်သက်သာတယ်

💡 သွားကို နှုတ်ပစ်တာထက် ကယ်တင်တာက ပိုကောင်းတဲ့ရွေးချယ်မှုပါနော်

သင့်သွားမှာ အပေါက်လေးတွေ၊ အမည်းစက်တွေရှိနေပြီဆိုရင် အချိန်မဆွဲဘဲ “အာရမ္မဏ” ကို လာရောက်စစ်ဆေးလိုက်ပါနော် 🤗

🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

25/04/2026

"စားချင်တာ ဝါးမရတဲ့ ဒုက္ခ... ကြုံဖူးသူတိုင်း သိပါတယ်" 🍖❌

​သွားတစ်ချောင်း မရှိရုံတင်ပဲဆိုပြီး ပစ်ထားလိုက်တဲ့အခါ...

✨ ​ဘေးကသွားတွေ ယိုင်လာမယ်။
✨ ​မေးရိုးနိမ့်ဆင်းပြီး မျက်နှာပုံစံပါ ပြောင်းလဲသွားနိုင်ပါတယ်။

​ဒီပြဿနာတွေကို Dental Bridge (သွားတံတားထိုးကုသခြင်း) နဲ့ အမြန်ဆုံး ဖြေရှင်းလိုက်ပါနော်🤗

​✅ Dental Bridge ကို ဘာကြောင့် ရွေးချယ်သင့်လဲ?

✨ ပိုမိုခိုင်ခံ့ခြင်း
ဘေးသွားတွေကို အမှီပြုပြီး အသေတပ်ထားတာမို့ အစားအသောက်ကို စိတ်ကြိုက် ဝါးစားနိုင်ပါတယ်။

✨ ဈေးနှုန်းသက်သာခြင်း
Implant နဲ့ယှဉ်ရင် ကုန်ကျစရိတ် သက်သာပြီး ရေရှည်ခိုင်ခံ့တဲ့ ရလဒ်ကို ရရှိစေပါတယ်။

✨ ယုံကြည်မှုရှိခြင်း
သဘာဝသွားနဲ့ တစ်ထပ်တည်းကျလို့ ပြုံးလိုက်တိုင်း စိတ်တိုင်းကျစေမှာပါ။

​လှပတဲ့ အပြုံးနဲ့ စိတ်ကြိုက်စားနိုင်ဖို့ "အာရမ္မဏ" သွားနှင့်ခံတွင်းဆေးခန်းကို အခုပဲ လာရောက်တိုင်ပင်လိုက်ပါနော်🥰

​🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

22/04/2026

🦷 မနာသေးလို့ ပစ်ထားတဲ့ အံဆုံးက... ဘေးက ကျန်းမာတဲ့သွားကို ဖျက်ဆီးနေပြီဆိုတာ သိပါသလား? 🤔

​ဒီ X-ray ပုံလေးကို ကြည့်လိုက်ပါ! အံဆုံးက ပုံမှန်အတိုင်းမထွက်ဘဲ ဘေးတိုက် စောင်းထွက်နေတာ(Impaction)ကြောင့် ဘေးက သွားကို သွားတွန်းနေပါတယ်😟

​ဘာတွေဖြစ်လာနိုင်လဲ?

✅ အစာဝင်ပြီး ပုပ်တတ်လို့ ဘေးသွားကိုပါ ပိုးစားစေမယ်။

✅ သွားဖုံးရောင်ပြီး ခံတွင်းနံ့ဆိုးစေမယ်။

✅ နောက်ဆုံးမှာ ဘေးသွားကိုပါ ဖယ်ရှားလိုက်ရနိုင်ပါတယ်။

​အောင့်မခံပါနဲ့တော့!

"မနာသေးဘူး" ဆိုပြီး မနေပါနဲ့။ ဒီလိုအံဆုံးတွေဟာ စောစောစီးစီး ကြိုတင်စစ်ဆေးပြီး လိုအပ်ရင် ခွဲစိတ်ဖယ်ရှားလိုက်တာက အကောင်းဆုံးပါပဲနော်😊

​အံဆုံးကြောင့် စိတ်ညစ်နေရရင် "အာရမ္မဏ" ကို အခုပဲ လှမ်းခဲ့လိုက်တော့နော်! ❤️

🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

19/04/2026

🦷 သွားကျောက်ခြစ်ရင် သွားပါးသွားမယ်လို့ ထင်နေတုန်းလား?

​"သွားကျောက်ခြစ်ရင် သွားကြွေလွှာ ပျက်စီးမယ်၊ သွားကျဉ်မယ်" ဆိုတာ အယူအဆ အမှားကြီးပါနော် ❌

​တကယ်တော့ Scaling ဆိုတာ သွားကို ထိခိုက်စေတာမဟုတ်ဘဲ သွားဖုံးထဲမှာ ပုန်းနေတဲ့ အညစ်အကြေး (ကျောက်) တွေကိုပဲ ဖယ်ရှားပေးတာပါ😊

​✨ Scaling လုပ်ရင် ဘာတွေကောင်းလဲ?

​✅ ခံတွင်းနံ့ကို သိသိသာသာ ကောင်းမွန်စေတယ်။

​✅ သွားဖုံးသွေးထွက်တာနဲ့ ရောင်တာကို သက်သာစေတယ်။

​✅ သွားပိုးစားတာကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်တယ်။

​သွားကျဉ်မှာ မစိုးရိမ်ပါနဲ့ အညစ်အကြေးတွေ ဖယ်လိုက်လို့ ခဏတာ ခံစားရတာဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်ကောင်းသွားမှာပါနော်☺

​အပြုံးလှလှလေးနဲ့ ယုံကြည်မှုရှိဖို့အတွက် (၆) လတစ်ကြိမ် သွားကျောက်ခြစ်ဖို့ မမေ့ပါနဲ့နော်❤️

🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

12/04/2026

မင်္ဂလာရှိသော မြန်မာ့အတာသင်္ကြန် အခါသမယဖြစ်ပါစေ 💦🦷

အေးမြတဲ့ အတာရေနဲ့အတူ နှစ်ဟောင်းက အညစ်အကြေးများ၊ အမောအပန်းများကို ​ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ🌸

​နှစ်သစ်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး လှပဝင်းပသော အပြုံးများနဲ့ရှေ့ဆက်နိုင်ပါစေကြောင်း "အာရမ္မဏ" သွားနှင့်ခံတွင်းဆေးခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်🙏

ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ဖို့ သွားနှင့်ခံတွင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့နော် 😊

🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

09/04/2026

ကလေးရဲ့ အပြုံးလေးတွေ ယုံကြည်မှုအပြည့်ဖြစ်နေပါစေ ✨

ဖေဖေမေမေတို့ရေ…သားသားမီးမီးတို့ရဲ့ သွားလေးတွေ တစ်ချောင်းနဲ့တစ်ချောင်း ထပ်နေတာလား? နေရာမမှန်ဘဲ ပေါက်နေတာလား? 🦷

သွားလေးတွေ မညီမညာဖြစ်တဲ့အခါ ကလေးတွေဟာ ပြုံးရမှာရှက်လာတတ်ပြီး ယုံကြည်မှုလည်း လျော့နည်းသွားနိုင်ပါတယ်။

ဒါတင်မကပါဘူး…
သွားတိုက်ရခက်ခဲမှုကြောင့်
👉 သွားပိုးစားခြင်း
👉 သွားဖုံးရောင်ခြင်း
တို့လည်း ဖြစ်လာနိုင်ပါတယ်။

ဘာတွေကူညီပေးနိုင်မလဲ❓

✨ Braces (သွားညှိခြင်း)
သွားလေးတွေကို ပုံမှန်နေရာကို ဖြည်းဖြည်းချင်း ပြန်ညှိပေးနိုင်ပါတယ်။

✨ သွားနှုတ်ခြင်း
သွားတွေ ကျပ်နေပါက နေရာလွတ်ရအောင် သွားဆရာဝန်မှ လိုအပ်သလို စီစဉ်ပေးပါလိမ့်မယ်။

✨ စောစောပြသခြင်း
အသက် (၇) နှစ်လောက်မှစပြီး သွားဆရာဝန်နှင့် စတင်တိုင်ပင်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

💛 ကလေးရဲ့ အပြုံးလေး လှပဖို့ဆိုတာ အခုကတည်းက စတင်ဂရုစိုက်ပေးဖို့ လိုပါတယ်နော် ☺

အသေးစိတ်သိချင်ရင်တော့ "အာရမ္မဏ" သွားနှင့်ခံတွင်းဆေးခန်း ကို အခုပဲ လာရောက်ဆွေးနွေးနိုင်ပါတယ် 🥰

🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

06/04/2026

ကော်ဖီ ကြိုက်ပေမယ့် သွားဝါမှာ ကြောက်နေပြီလား? ☕🦷

​ကော်ဖီ၊ လက်ဖက်ရည်ကို နေ့တိုင်းသောက်ရတာ ဝါသနာပါပေမယ့် ကိုယ့်သွားလေးတွေ ဝါလာတာကို သတိထားမိတဲ့အခါ စိတ်ညစ်ရတယ်မလား?😞

​သွားတိုက်ဆေးတွေ ပြောင်းသုံးကြည့်ပေမယ့် မဖြူလာလို့ စိတ်မပူပါနဲ့တော့။
"အာရမ္မဏ" ရဲ့ Laser Whitening က သင့်သွားပေါ်က စွဲကပ်နေတဲ့ အစွန်းအထင်းတွေကို အချိန်တိုအတွင်းမှာ အထိရောက်ဆုံး ဖယ်ရှားပေးမှာပါ😉

​✨ Laser Whitening ရဲ့ အားသာချက်များ

✅ နာရီပိုင်းလေးအတွင်း သိသိသာသာ ဖြူဖွေးလာစေမယ်။

✅ ​သွားကြွေလွှာကို မထိခိုက်စေဘဲ ဘေးကင်းစေတယ်။

✅ ​ရလဒ်က အကြာကြီး ခံတယ်။

​အပြုံးလှလှလေးနဲ့ ကော်ဖီကို စိတ်ကြိုက်သောက်နိုင်ဖို့ "အာရမ္မဏ"မှာ ရက်ချိန်းယူလိုက်ရအောင်နော်🗓️

🦷 အာရမ္မဏ သွားနှင့်ခံတွင်းဆေးခန်း
📍 109/64A×64B mdy
☎️ 09 -797 997 904

Want your business to be the top-listed Beauty Salon in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address

109 Street, 64A×64B St
Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00