Khin's Journey
�
လောကမှာ ထာဝစဉ်မြဲနေတဲ့ဆိုတဲ့ အရာမရှိဘူး
အချိန်တွေကြာရင် စွန့်လွှတ်ခဲ့ရမယ့် ဆိုတဲ့အရာကြည့်ပဲမို့ ဘယ်အရာကိုမှမဆွဲထားချင်နဲ့ ခင်ရေ☘️🕊️
ကိုယ့်နိုင်ငံ၊ကိုယ်မြန်မာ့လူမျိုးတွေကို သိပ်ကျေးဇူးတင်တယ်
ရေဘေးပဲဖြစ်ဖြစ်၊ငလျှင်ဘေးပဲဖြစ်ဖြစ် အားတက်သရောကူညီကြတဲ့ မြန်မာလူမျိုးတွေ
ငါတို့တွေရဲ့ စိတ်ဓာတ်တွေက ထင်တာထက် ပိုမြင့်မားပါတယ်☘️🕊️
Follow your dream"
အိပ်မက်တွေရဲ့နောက်ကိုလိုက်ဖို့ဆိုတာ အပြောလေးမှာ လွယ်သယောင်ယောင်နဲ့ တကယ်တမ်း
ဆံချည်မျှင်သေးသေးလေးလောက်တောင် မလွယ်ခဲ့ဘူး မှားလား၊မှန်လားမသိတဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကို ထပ်ပြီးဆက်လျှောက်နေရတုန်းပဲ ☘️
လောကကြီးထဲကနေ ထွက်သွားချင်တဲ့ စိတ်ကတကယ်ကိုရှိတယ်
ငါသာမရှိခဲ့တော့ရင် ငြိမ်းချမ်းသွားမလား?
ကမ္ဘာကြီးကတော့ ပုံမှန်အတိုင်းလည်ပတ်နေအုံးမှာပဲလေ
ဒုတိယအကြိမ်ဖြစ်မှာ ကြောက်မိတယ်
ဒုတိယအကြိမ် လူတစ်ယောက်ကို ချစ်မိမှာ၊စာတွေပို့မိမှာ ကြောက်ခဲ့တယ်
အဲ့တာကြောင့် အဲ့ဒီအရာတွေဆီက ပြေးထွက်နေတဲ့ငါက ဒုတိယအကြိမ် ဒုက္ခလှလှလေးကိုပဲ ထပ်ရှာမိပြန်တယ်☘️☘️
13/03/2025
ကျွန်တော်တို့တွေမှာ ကိုယ်ကိုယ်တိုင်မကျေနပ်ချက်တွေများလွန်းတယ်
မျက်လုံးမေးတာ၊ပြူးတာ၊နှုတ်ခမ်းမလှတာ၊အရပ်ပုနေတာ၊ဝနေလိုက်တာ၊ငါကဆင်းရဲလိုက်တာစသည်ဖြင့်
ကိုယ်တွေရဲ့ခန္ဓာကိုယ်ကိုပဲဖြစ်ဖြစ်၊အခြားအကြောင်းတွေပဲ ဖြစ်ဖြစ် မကျေနပ်ကျဘူး၊အဲ့တော့ ကိုယ်ကိုကိုယ်လည်းမချစ်ကြတော့ဘူး၊ ကိုယ်ထက်လှတဲ့ အရာရာပြည့်စုံနေတဲ့သူတွေကိုအားကျတယ် ၊သူတို့လို့ဖြစ်ချင်ကြတယ်
အမှန်မှာ ကိုယ်ဘဝမှာကိုယ်ကသာ လိုအပ်ဆုံးပါ၊ ဘာလောက်ပဲစိတ်ဆင်းရဲနေပါစေ ကိုယ်အတွက်ကိုယ်ပဲ ရှိနေပေးမှာ၊ကျန်ရှိနေမှာမို့
ကိုယ်ကိုကိုယ်တန်ဖိုးထားပါ၊ ကမ္ဘာမှာ မင်းထက်တော်တဲ့သူ မရှိပါဘူး☘️☘️
13/03/2025
အဖေဆိုတာ ကျွန်မဘဝမှာ မိုးရွာနေရင်လည်းမိုးဒဏ်ကနေကာကွယ်ပေး၊နေပူရင်လည်းကာကွယ်ပေးတဲ့ထီးတစ်ချောင်းလိုပါပဲ
အဖေက ခွန်အားတွေပေးတယ်၊ အဖေက "အမေ့" လို နူးညံ့မှုတွေမရှိပါဘူး၊ ဖေဖေက အပြောအဆိုကြမ်းတယ်၊ ဖေဖေက ကြင်ကြင်နာနာမရှိဘူး၊ စကားပြောနေရင်လည်း မသိချင်ယောင်ဆောင်နေတတ်သေးတာ၊ တိတ်တဆိတ်ပြောနေရင်တော့ တိတ်တိတ်လေးနားထောင်နေတတ်တယ် ၊ ဘယ်လိုပဲ စကားတွေကြမ်းကြမ်း တစ်နေရာရာသွားရင် ပြန်မလာလို့မျှော်တယ်၊ ဘယ်သွားသွား စိတ်မချလို့ လိုက်ပို့တယ်၊ လိုချင်တာရှိရင်လည်း အကောင်းဆုံးဖြည့်ဆည်းပေးတယ်၊
တစ်နေ့နေ့တော့ ဖေဖေဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားပါအုံးမယ်💗💗
12/03/2025
ကျွန်မတို့တွေ သံယောဇဉ်တွေကိုဖြတ်ချဖို့သင့်ပြီ🫥🫥
ချစ်သူရည်းစား၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက် တွေဆီမှာ အချိန်တွေကာလတွေကြာလာတာနဲ့အမျှ သံယောဇဉ်တွေဖြစ်တယ်။ ဟိုဘက်က မလိုလည်း ကျွန်မတို့တွေ လုပ်ပေးနေမိကြတယ်၊စကားတွေပြောမိတတ်ကြတယ်။
ကျွန်မတို့ ဖြတ်ချဖို့သင့်ပါပြီ၊ ကျွန်မတို့ သူတို့အပေါ် လုံလုံလောက်လောက် ကောင်းပေးခဲ့ပြီးပြီ၊လုပ်ပေးခဲ့ပြီးပြီ။ ကိုယ်အပေါ်မကြည်ဖြူတဲ့သူတွေအပေါ်မှာ ခိုကပ်နေမဲ့အစား ကိုယ်ကိုကိုယ်ပဲ ခိုကပ်လိုက်ပါ၊ ကိုယ်ကိုကိုယ်ပဲ ချစ်လိုက်ပါ၊ အဲ့တာက တန်ပြန်သက်ရောက်စေပါတယ်။
💯လူတွေအပေါ်မှာ တွယ်ကပ်နေမဲ့အစား
ကျွန်မတို့ စာအုပ်တွေဖတ်မယ်၊ခရီးတွေသွားမယ်၊လှလှပပ နေမယ်၊ကျွန်မတို့ကိုယ်တိုင် အတောင်တွေစုံအောင် ဖြည့်မယ်၊ကျွန်မတို့လိုအပ်ချက်တွေကို ဖြည့်မယ်၊ကျွန်မတို့ ချစ်ရတဲ့မိသားစုတွေကို အကောင်းဆုံးအချိန်ပေးမယ်၊သူတို့အပေါ်မှာ ယုယမယ်၊ကြင်နာမယ်၊ ကုသိုလ်ကောင်းမှုတွေလုပ်ကြမယ်။
ကျွန်မတို့ကို မလိုတဲ့သူတွေရှိလဲ ဘဝကနေပျော်ပါတယ်☘️☘️
Click here to claim your Sponsored Listing.