PHYO-Skincare & Cosmetic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PHYO-Skincare & Cosmetic, Beauty, cosmetic & personal care, Mawlamyine.
01/01/2025
2025နှစ်သစ်မှပိုပြီး
စိတ်၏ချမ်းသားခြင်း
ကိုယ့်၏ကျန်းမားခြင်းနဲ့
ပြည့်စုံကြပါစေ
စီးပွားရေတွေလဲဒီရေအလာတိုးတတ်ကြပါစေလို့
& cosmeticsမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်ရှင့်
03/06/2023
Instock
နှာခေါင်းမှာဆားဝက်ခြံ အဆီခဲတွေများနေတယ် နှာခေါင်းက အရမ်းအဆီပြန်နေတယ်ဆို ဘာမှစဉ်းစားမနေနဲ့တော့ etude house baking powder လေးသာဝယ်သုံးလိုက်တော့ 💖💖
ဒါလေး တကယ်တအားကောင်းတာ သုံးပြီးရင် ဆားဝက်ခြံတွေတော်တော်သိသိသာသာကိုပါးသွားတာ နှာခေါင်းလေးဆိူ ချောပြီးနုနေတာဘဲ....
နှာခေါင်းပေါ်မှာ မဲမဲအဆံတွေဖစ်နေတာလဲ ဒါသုံးပြီးရင် ဘယ်ပျောက်သွားမှန်းတောင်မသိဘူး....
တထုပ်မှာတထောင် တထုပ်လေးခါအေးဆေးသုံး....
scurbအသားက နည်းနည်းကြမ်းလို့ မျက်နှာမသုံးသင့်ပါ....
နှာခေါင်းလှလှလေးဖစ်ချင်ရင် tryကြည့်သင့်ပါတယ်...
27/05/2023
မျက်ရည်ဝဲရုံမှအပ🥹
crd
Instockခ
09/05/2023
27/04/2023
Instock
18/04/2023
16/04/2023
နွေရာသီမှာ အဆီပြန်သမားတွေ ရှောင်သင့်တဲ့
Skincare products များ🍂
ဟိုတလောက နွေရာသီမှာ အဆီပြန်သမားတို့အတွက် အကျိုးရှိစေမယ့် skincare products တွေဆိုပြီး ပြောခဲ့ပြီဆိုတော့ ခုတခေါက်ကတော့ ရှောင်ကြဉ်သင့်တာတွေအကြောင်းပေါ့နော်။ ပူအိုက်လောင် summer မှာ ကြည့်လိုက်ရင် မျက်နှာကအဆီတွေရွှဲပြီး ညစ်နေတာမျိုး, ဝက်ခြံအဆီဖုတွေထွက်ပြီး ချွေးပေါက်ကျယ်လာတာမျိုး မဖြစ်ချင်ရင် ဒီအချက်တွေကို လိုက်နာပေးဖို့ မှာပါရစေ။ တခုသတိချပ်စေချင်တာကတော့ ဒီအချက်တွေကို Nyi က အဆီပြန်သူတွေအတွက်ပဲ ရည်ရွယ်ပြီး ရေးထားတာဖြစ်လို့ တချို့သော skin types တွေနဲ့ မကိုက်ညီတာမျိုးတော့ ဖြစ်နိုင်ပါတယ်နော်။ ဒါဆိုရင် ကြည့်လိုက်ရအောင်...
1. Heavy & Greasy products🌴
နံပါတ် 1 အနေနဲ့ မဖြစ်မနေရှောင်ရမှာကတော့ ခြုံငုံပြီးသွင်းပြောရရင် heavy & greasy products တွေပါ။ တနည်းအားဖြင့် disgusting ဖြစ်စရာ skincares တွေပေါ့။ ဒါတွေကို အဆီပြန်သူကအစ အသားခြောက်သူအဆုံး ရာသီဥတုမရွေး avoid လုပ်သင့်တယ်လို့ Nyi မြင်တယ်ပေါ့နော်။ ဘာလို့လဲဆို skincare ပါးဝနေတဲ့သူဆို သိတယ်, moisturizing ဖြစ်တာနဲ့ greasy ဖြစ်တာနဲ့ လုံးလုံးမတူသလို skincare ကောင်းတခုဟာလဲ well functioning ဖြစ်ဖို့ greasy ဖြစ်စရာမလိုဘူး။ Heavy ဖြစ်တာကတော့ ထားတော့, ဘယ်လို texture မျိုးမဆို ကိုယ့် skin type အတွက် too much ဖြစ်နေရင် heavy ပြောခွင့်ရှိတယ်။ ဒီမှာ အဆီပြန်တတ်သူတို့အတွက် အကြုံးဝင်မှာက ကိုယ့်အသားအရေအတွက် heavy ဖြစ်တဲ့ ပျစ်နှစ် skincares တွေ, စေးကပ် skincares တွေရှောင်ပေးဖို့ပဲနော်။ နွေရာသီမှာ လိုက်နာသင့်သော အရေးကြီးဆုံးအချက်ပါ။
2. Sleeping masks🌴
Sleeping mask ဘာလေးကောင်းလဲ? ဘာလေးသုံးသင့်လဲ? ဆိုသူတွေ ခဏနားလို့ရပါပြီ။ တချို့သော skin types များအတွက်တော့ even summer မှာတောင် အကျိုးရှိနိုင်သေးပေမဲ့ ကိုယ်ကအဆီပြန်တဲ့သူဆိုရင် ဝက်ခြံအဆီဖုထွက်တတ်ရင် ဒီရာသီမှာ sleeping masks တွေရှောင်ပေးတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုရင် sleeping masks အများစုက ညဘက်မှာ skin repair ကိုလျှော့ချနိုင်အောင် formulate လုပ်ထားတာဖြစ်တဲ့အတွက် ခုလိုရာသီနဲ့ဆို အဆီပြန်ပြီး အဖုထွက်တတ်တဲ့သူတွေအတွက် a little too much ဖြစ်မှာသေချာတယ်။ Nyi ကိုယ်တိုင်လဲ skincare မြင်ရင်မနေနိုင် သုံးစရာတွေပုံနေတဲ့ကြားက လက်လွန်ပြီးဝယ်ထားတဲ့ sleeping masks တချို့ရှိပေမဲ့ at this time, ခေါက်သိမ်းထားတယ်ပေါ့နော်။ အကုန်လုံးအတွက်တော့ မဟုတ်ပေမဲ့ အဖုပေါက်နေတယ် အဖုထွက်တတ်တယ်ဆိုရင် လိုက်နာပေးစေချင်ပါတယ်။
3. Facial oils🌴
ပြောနေဖို့တောင် မလိုပါဘူး။ To be honest with you! 5ချက်ပြည့်ချင်လို့ ထည့်ရေးထားတယ်ပေါ့နော်။ နဂိုထဲက အဆီပြန်အသားအရေတွေဆိုရင် skincare ဝယ်တဲ့အခါ oil free ဖြစ်တာမျိုးဆိုပြီး တခုပ်တရပြောဝယ်ကြတယ်မလား? ဒါကြောင့်လဲ ခုလိုနွေရာသီမျိုးမှာ facial oils တွေရှောင်ဖို့အတွက် တကူးတကကြီး ပြောနေဖို့မလိုလောက်ဘူးလို့ Nyi အနေနဲ့ ယူဆတယ်။ ဈေးကွက်ထဲမှာ lightweight ဖြစ်တဲ့ oils တွေ, non-comedogenic products တွေရှိပေမဲ့လဲ ဘာပဲပြောပြော ပူလောင်အိုက်စပ်လွန်းလို့ water based skincare တောင် မနဲကပ်အောင် လိမ်းနေရတဲ့အချိန် facial oils တွေကိုတော့ တတ်နိုင်ရင် လုံးဝမသုံးစေချင်ပါဘူးနော်။ Oils သီးသန့်တင်မဟုတ်ဘဲ oils content များလွန်းတဲ့ products တွေကိုလဲ ရှောင်စေချင်ပါတယ်။ ချွင်းချက်မရှိ အဆီပြန်သူတိုင်း အဖုထွက်တတ်သူတိုင်း လိုက်နာသင့်တဲ့အချက်ပါ။
4. Non foaming cleansers🌴
ဒီအချက်ကတော့ နဲနဲဒွိဟဖြစ်စရာရှိမယ်။ Let's be clear! Nyi ကိုယ်တိုင် ဒီအချက်ကို ဒီထဲမှာထည့်ရေးထားပေမဲ့ Nyi ရဲ့အဆီပြန်တဲ့ combination skin အတွက် မနက်ခင်းမှာ သုံးဖြစ်တာက အမြုပ်ထွက်အားနည်းတဲ့ cleanser မျိုးပါ။ ပြောချင်တဲ့အဓိပ္ပာယ်က အမြုပ်မထွက်တဲ့ cleanser တွေသည်လဲ အသားအရေအမျိုးအစားမရွေး including အဆီပြန်သူကအစ morning cleanser အနေနဲ့ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီမှာအဓိကဆိုလိုချင်တာကတော့ ညဘက်သုံးမယ့် cleanser အနေနဲ့ပေါ့နော်။ အဆီပြန်တဲ့သူမှန်ရင် ခုလို summer မှာ ပုံမှန်ထက်ပိုပြီး cleansing နိုင်တဲ့ foaming cleanser မျိုးသုံးသင့်ပါတယ်။ အရမ်း gentle ဖြစ်တာသုံးနေရင် ပြောင်းသုံးသင့်တယ်ပေါ့နော်။ သေချာတာကတော့ ညဘက်မှာ အမြုပ်မထွက်တဲ့ non foaming cleanser တွေသုံးတာ ရှောင်ပေးဖို့ပါပဲ။ အဖုမထွက်အောင် ကာကွယ်ဖို့ အရေးကြီးဆုံးအချက်တွေထဲက တခုဖြစ်ပါတယ်။
5. Stick balms🌴
Kdrama တခွင်ပြဲပြဲစင် Kahi balm ကစလို့ ထွက်လာလိုက်တဲ့ stick balm တွေ။ Moisture type, sunscreen type, anti-aging type စသဖြင့် စုံလို့ပါပဲ။ Visually မြင်ရတာ ကြည့်ပျော်ရှုပျော် ပနံတင့်ကောင်းတင့်နိုင်ပေမဲ့ user experience မှာတော့ သိပ်ပြီးအဆင်ပြေနိုင်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုရင် stick balm ပုံစံဖြစ်ဖို့ရာအတွက် wax တွေ emollient တွေထည့်သွင်းအသုံးပြုရလို့ အသားခြောက်တဲ့သူတွေအတွက်တော့ ကိစ္စမရှိပေမဲ့ အဆီပြန်သူတွေအတွက်တော့ over-moisturizing & greasy look ဖြစ်ဖို့ လက်ယှက်ခေါ်နေသလိုပါပဲ။ နောက်ဆက်တွဲအနေနဲ့ အဆီပြန်ရုံမက ဝက်ခြံအဆီဖုပြဿနာပါ တသီကြီးလိုက်လာမယ်ပေါ့နော်။ လုံးဝရှောင်ဖို့မပြောချင်ပေမဲ့ သတိထားပြီးသုံးပါ။ Product ရွေးတဲ့အခါ ingredients တွေအပြင် သူ့သုံးပြီးတဲ့အခါ skin ပေါ်မှာကျန်ခဲ့မယ့် finish ကို ထည့်စဥ်းစားပါ။ အဆီပြန်သူက matte finish နဲ့အကိုက်ဆုံးဖြစ်ပါလိမ့်မယ်။
ဒီလောက်ပါပဲ။ ဖတ်ရတာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ နောက်ရက်မှ ပြန်တွေ့ကြမယ်နော်🫶
05/04/2023
သင်္ကြန်ရေပက်ခံဝတ်စုံတဲ့😅
preorderမှာကြအုံးမလား🤔
30/03/2023
တစ်ဘူးဝယ် နောက်ဘဝထိရှယ်သုံး🤣
28/03/2023
🌺 X Cute Me Hair Treatment
ထိုင်းမှာ အရမ်းနာမည်ကြီးနေတဲ့ ပေါင်းဆေး လေးပါ
X Cute Me ဆံပင်ပေါင်းဆေးလေးသုံးပြီးသွားရင်ဆံပင်ကိုဝပ်ဆင်းသွားပြီး ဆံပင်ကိုတချောင်းချင်းစီဖြစ်စေတာပါ အုံထူသွားသလိုလဲခံစားရစေပါတယ်😱
X Cute Me လေးသုံးပြီးရင် ၂ရက်၃ရက်လောက်ကိုမွေးရနံ့ကစွဲကျန်နေတာမျိုး၊ဆိုင်သွားဖို့သီးသန့်အချိန်မပေးနိုင်ရင်ဒါလေးသုံးကြည့်နော်၊ဆံသားကိုသိသိသာသာကောင်းမွန်စေတယ်
💓ပန်းရောင်လေးကဆံသား အစိုဓာတ် ဖြည့်ပေးပီးတော့ ပျော့ပြောင်းစေတယ် ဆံသားခြောက်တဲ့သူတွေအတွက်သင့်တော်တယ်
🧡လိမ္မော်လေးကဆံသားကို အာဟာရဓာတ် ဖြည့်ပေးပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေတယ်
💚စိမ်းပြာလေးကဆံသားဖြောင့်၊ဆေးဆိုးထားသူတွေအတွက် သင့်တော်ပါတယ်၊ဆံသားပျက်စီးမူကိုကာကွယ်ပေးပါတယ်
😊 Ma Pan sabel Review ပေးထားတဲ့ အရမ်းကောင်းတဲ့ hair treatment လေးပါရှင့်😊
Direct Import From Thailand 💯
Click here to claim your Sponsored Listing.