Joy Joy

Joy Joy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Joy Joy, Health/Beauty, Pwe Kout, Maymyo.

27/07/2023

Serum သုံးတဲ့အခါ
မှားတတ်ကြသော အမှားများ❗

Serum/Ampoule သုံးကြတယ်မလား? မှန်မှန်ကန်ကန် စိတ်ရှည်ရှည်နဲ့တော့ လိမ်းတယ်၊ ဒါပေမဲ့ ကိုယ်မျှော်လင့်သလောက် အာနိသင်ကောင်းပြန်မရဘူးဆိုရင် ဒီအမှားတွေ လုပ်နေမိလို့များ ဖြစ်မလား? Nyi တို့ Check လုပ်ကြည့်ရအောင်နော်...

1. အစီအစဉ်တကျ မလိမ်းတတ်တာ🌿

Skincare တခုရဲ့အာနိသင်ကို ပြည့်ပြည့်ဝဝရဖို့ဆိုတဲ့နေရာမှာ layering method က အရမ်းအရေးပါတယ်။ ကိုယ်သုံးနေတဲ့ products အများကြီးကို လိမ်းချင်သလို ဖင်ပြန်ခေါင်းပြန်တွေ လိမ်းတယ်၊ ဘယ် product ကတော့ ဘယ်အဆင့်မှာ ဘာလိမ်းပြီးမှလိမ်းရမယ်ဆိုတာတွေ မသိဘူးဆိုရင် skincare ရဲ့ effective result ကို fully မရနိုင်ပါဘူး။

အမြဲပြောနေကျပေမဲ့ နားလည်အောင် ပြန်ရှင်းပါရစေ၊ serum ဆိုရင် toner နဲ့ moisturizer ကြားမှာပဲ လိမ်းရမယ်နော်။ တချို့ပြောတာ တွေ့ရတယ်၊ ဒီ serum ကတော့ moisturizer လိမ်းပြီးမှလိမ်းရင် ပိုထိရောက်တယ်တဲ့။ ကိုယ်ကတော့ စိတ်ထဲက တွေးလိုက်ပါတယ်၊ ဗရုတ်သုတ်ခလို့။ Moisturizer မှာက occlusives တွေ အဆီ components တွေပါလို့ မျက်နှာပေါ်မှာ barrier တခုအနေနဲ့ အဓိကအလုပ်လုပ်တယ်။ အဲ့ moisturizer ကို အရင်လိမ်းပြီးမှ serum လိမ်းတော့ အဲ့ဒီ serum က အရေပြားအတွင်းကို သူစိမ့်ဝင်သင့်သလောက် မစိမ့်ဝင်တော့ဘူးလေ၊ moisturizer က ကြားခံနေတာကိုး။

အရှင်းဆုံးမှတ်ချင်ရင် serum/ampoule တခုက အမြဲတမ်း toner နဲ့ moisturizer ကြားမှာ လိမ်းပေးရတယ်။ အလယ်မှာ ကိုယ်က essence, serum, ampoule ခွဲသုံးရင်ပဲဖြစ်ဖြစ်၊ serum 2ခုဆင့်သုံးရင်ပဲဖြစ်ဖြစ် consistency ကျဲတဲ့တခုကို ရှေ့မှာလိမ်းပေးရပါမယ်။ Attention ရအောင် စတန့်ထွင်ပြီး ဘယ်သူက ဘယ်လိုလိမ်းရင်တော့ ပိုကောင်းတယ်ပြောပြော Nyi ရဲ့ blog readers တွေ ဒီအတိုင်းပဲ တရားသေမှတ်ထားနိုင်တယ်နော်။

2. လိမ်းတဲ့ပမာဏမမှန်တာ🌿

ထိရောက်ဖို့ အများကြီးလိမ်းဖို့ မလိုသလို နဲလွန်းပြန်ရင်လဲ မလုံလောက်တတ်ပါဘူး။ Serum/Ampoule တခုကို standard ဘယ်လောက်ပမာဏ လိမ်းပေးသင့်တယ်ဆိုပြီး Nyi တို့ အတိအလင်းပြောလို့မရဘူး။ ဘာလို့ဆို ကိုယ်မျက်နှာပေါ်တင်မယ့် amount က ကိုယ်လိမ်းတဲ့ serum အမျိုးအစား၊ ကိုယ့်မျက်နှာ condition၊ သူ့ရဲ့ texture အပျစ်အကျဲပေါ်မှာ မူတည်နေတယ်။ ဥပမာ- Peeling serum မျိုးကို Nyi တို့ အများကြီးသွားလိမ်းလို့မရဘူး၊ irritation ရမှာ သေချာသလောက်ပဲ။ အဆီပါဝင်မှုများတဲ့ serum မျိုး example, နောက်ပိုင်းမှာ တွေ့ရများလာတဲ့ အဆီတထပ် ရေတထပ် products မျိုးတွေ စသဖြင့်ပေါ့၊ အဲ့လိုမျိုးကို လိမ်းတဲ့အခါ တော်သင့်ရုံပမာဏပဲ ထိန်းထိန်းသိမ်းသိမ်း လိမ်းရမယ်၊ မဟုတ်ရင် ဝက်ခြံနဲ့အဆီဖုတွေက စောင့်ကြိုနေမှာပေါ့နော်။

Texture ပိုင်းကို ကြည့်ပြန်ရင်လဲ ရေလိုခပ်ကျဲကျဲ texture မျိုးကို တခါလိမ်းရင် မျက်နှာတပြင်လုံးစာ fully 3pumps လိမ်းလို့ ကိစ္စမရှိဘူး၊ Propolis serum လိုမျိုးကို အဲ့လောက် generously apply လုပ်မိရင်တော့ ညအိပ်တဲ့အခါ မနက်အဆီဖုမထွက်ပါစေနဲ့လို့ ဆုတောင်းပြီးတော့မှ အိပ်နော်။ ဒါ တကယ်... အပိုမပြောဘူး၊ ကိုယ့်မျက်နှာအကြောင်းနဲ့ ကိုယ့်လက်စကို ကိုယ်ပဲသိတယ်။ Product ကြောင့်မဟုတ်ဘဲ ကိုယ့်မျက်နှာ skin condition အရလဲ ထိန်းပြီးလိမ်းဖို့လိုပြန်ရော၊ အဖုတွေများနေတဲ့သူက acne serum တခုကိုတော့ သုံးနေတယ်, မထိရောက်ဘူးဆိုတာ လိမ်းတာအရမ်းများပြီး congestion ပိုဆိုးအောင် လုပ်မိနေတာမျိုး ဖြစ်နိုင်သလို over-drying & irritating ဘက်ကို လမ်းညွှန်သလိုလဲ ဖြစ်နေတတ်တယ်။

ဒါကြောင့် Nyi ဆို အမြဲတမ်း အဖုတွေဆိုးနေပြီဆိုရင် serum တွေရွှဲနေအောင်ပါတဲ့ sheet masks တွေ မသုံးသေးဖို့ သတိပေးတာပေါ့နော်။ တခါတလေမှာ များများလိမ်းတိုင်း ပိုကောင်းမယ်လို့ တိုက်ရိုက်အချိုးကျတာမျိုး မဟုတ်ပါဘူး။

3. Frequency များနေတာ🌿

Serum ဆိုတဲ့နေရာမှာ သူ့ function နဲ့အလိုက် လိုအပ်သလောက်ပဲ သုံးပေးရတယ်နော်။ ဥပမာ- peeling serum ပဲထားပါတော့၊ သူ့ကိုသုံးတဲ့အခါ Nyi တို့ ပြင်းအားပေါ်လိုက်ပြီး တပတ် 3ကြိမ်လောက်ပဲ သုံးရတယ်။ ဒါပေမဲ့ ကိုယ်ကမသိလို့ သူ့ကို နေ့တိုင်း မနက်ရောညရော လိမ်း‌မိနေတယ်ဆိုရင် သူ့ကောင်းကျိုးမရဘဲ ဘေးထွက်ဆိုးကျိုးတွေပဲ ရနေလိမ့်မယ်နော်။ အဲ့ဒါအပြင် တခြား Vitamin C serum, Retinol serum တို့ဆိုရင်လဲ ထိုနည်း၎င်းပဲ၊ သူ့အညွှန်းအတိုင်း သေချာလိုက်နာပြီး သုံးပေးဖို့ လိုအပ်တယ်။ Vitamin C serum ဆိုရင် တရက်တကြိမ် day/night, Retinol serum ဆိုရင် ညဘက် တပတ် 1-2ကြိမ်လောက်ပဲ လိမ်းပေးရမယ်ပေါ့နော်။ Frequency များပြီး side effects ရတာလဲ အရမ်းတွေ့ရတဲ့ skincare mistake တခုပါပဲ၊ သိထားဖို့ အရေးကြီးပါတယ်။

4. စိမ့်ဝင်ဖို့ အချိန်မပေးတာ🌿

Serum လိမ်းမယ်ဆိုလဲ ရှေ့ကလိမ်းထားတဲ့တခု လုံးဝစိမ့်ဝင်သွားတဲ့အထိ၊ skin dry ဖြစ်တဲ့ထိ စောင့်သင့်တယ်။ Serum လိမ်းပြီးလို့ နောက်က moisturizer/ တခုခုလိုက်လိမ်းတဲ့အခါလဲ serum တွေ အသားထဲကို completely absorb ဖြစ်သွားတာကို စောင့်ပေးသင့်တယ်။ ဘာကြောင့်လဲဆို skincare တခုနဲ့တခုကြား မခြောက်သေးဘဲ ထပ်လိမ်းတဲ့အခါ texture အမြုပ်ထတာ၊ စိမ့်ဝင်ဖို့ပိုကြာသွားတာတွေ ရှိတယ်နော်။ အာနိသင်လျော့ခြင်းမလျော့ခြင်းထက် သုံးတဲ့အချိန် စိတ်အနှောင့်အယှက်ဖြစ်ရတာတော့ အမှန်ပဲ။ နောက်တခု, ကိုယ်သုံးတဲ့ serum/ampoule က vitamin C serum/retinol serum/exfoliating serum မျိုးဖြစ်ခဲ့သော် skin dry မဖြစ်ခင် လိမ်းလိုက်မယ်ဆိုရင် irritation နဲ့ side effects တွေ ပိုများ‌သွား‌စေလို့ ဂရုစိုက်သင့်ပါတယ်။

5. အာနိသင်လျော့အောင် လုပ်မိနေတာ🌿

စသုံးတုံးကတော့ အာနိသင်ပြတာ အရမ်းသိသာတာပဲ။ သုံးရင်း သုံးရင်းနဲ့မှ မထိရောက်သလို ခံစားလာရတယ်၊ ကိုယ့် skin နဲ့ပဲ ထုံသွားတာလား၊ expire date လွန်သွားတာလား? ဘာမှန်းမသိ အကြောင်းအရင်းရှာမရတာမျိုး ကြုံဖူးကြလား။ Nyi တော့ သတိထားမိတယ် ပြောရမှာပါပဲ။ ဘာကြောင့် အဲ့လိုဖြစ်ရလဲဆိုရင် အဓိက, skincare ကို ကိုယ်ကအထားအသိုမတတ်လို့ပေါ့နော်။ ကိုယ့်အခန်းရဲ့ နေကျတဲ့နေရာမျိုးမှာ ထားမိတယ်၊ ပူတဲ့နေရာမျိုးမှာ သိမ်းဆည်းမိတယ် စတဲ့ possible factors တွေကိုတော့ သတိထားမိပေမဲ့... ကိုယ်က သုံးပြီး အဖုံးကိုသေချာလုံအောင် ပိတ်မိရဲ့လား? လေဝင်ပြီးတော့ မကောင်းတော့တာလား? ဒါမှမဟုတ် လိမ်းတဲ့အခါ dropper နဲ့ မျက်နှာနဲ့ တိုက်ရိုက်ထိပြီး bacterial contamination ဖြစ်လို့ efficacy လျော့သွားတာလား?

Nyi လိုမျိုး ဒီအချက်တွေကိုရော တွေးမိကြရဲ့လား? Nyi က ကိုယ်တိုင်ကြုံဖူးခဲ့လို့ နောင်ကျဉ်သွားတာပေါ့နော်။ မေ့ပြီး ဟစိလုပ်မိလို့ 4ပုံ 1ပုံလောက်ပဲ သုံးရသေးတဲ့ essence တဗူးပစ်ခဲ့ရပြီးပြီ။ ကိုယ်သုံးလက်စ product တခုက texture, အနံ့, အရောင် change ဖြစ်လာရင်တောင် ပြေးမကြည့်နဲ့၊ formula degrade ဖြစ်လာတာပဲ။ အဲ့အခါ cleansing product လိုမျိုးက ကိုယ်ဆက်သုံးလို့ ကိစ္စမရှိနိုင်ပေမဲ့ မျက်နှာပေါ်ကြာကြာထားရတဲ့ toner, serum လို leave on products တွေဆိုရင် ဆက်မသုံးသင့်ဘူးနော်။ နောက်ပြီး အပေါ်မှာပြောခဲ့တဲ့ သုံးပြီး အဖုံးလုံအောင် မပိတ်တဲ့ကိစ္စ၊ မျက်နှာပေါ်တင်ပြီးတာနဲ့ လေဝင်အောင် ဗူးကိုဟောလော အကြာကြီးမထားဘဲ ချက်ချင်းပိတ်ပါလို့။ ဒါကြောင့် serum ဆိုရင် Nyi ရဲ့အကြိုက် packaging ပုံစံက dropper ပုလင်းထက် pump နဲ့လာတာကို ပိုသဘောကျပါတယ်။

စာအရမ်းရှည်သွားပြီ။ သေချာအချိန်ပေးပြီး အဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်။ နောက်ရက် ပြန်တွေ့ပါမယ်ခင်ဗျာ🥰

Photos from Joy Joy's post 07/07/2023

ပေါ့ပေါ့ပါးပါးလေး ဝတ်ကြမယ်နော်
ချည်သား DTF StickerTshirt+ချည်ကွက်ဘီတို

အိတ်ကပ်လေးပါ ထည့်ထားပေးတယ်
ဝမ်းဆက်5စုံလုံးမှ-30000
lb130ထိရ

တစ်စုံ 6500ပါ

အဆင်အရောင်ရွေးမရပါနော်

21/06/2023

Moisturizer လေးတွေ ပုံမှန်လိမ်းပေးကြပါနော်

Moisturizer မလိမ်းခြင်းရဲ့
နောက်ဆက်တွဲဆိုးကျိုး 5ချက်📌

Moisturizer ဆိုတာ skincare routine တခုမှာ vital step ဖြစ်ကြောင်းတော့ အားလုံးသိပြီးသားဖြစ်မှာပေါ့နော်။ ဒါပေမဲ့ moisturizer မသုံးရင် နောက်ဆက်တွဲဘာဆိုးကျိုးတွေဖြစ်လဲရော သိထားကြလား? မသိသေးဘူးဆိုရင် Nyi ဒီနေ့ရေးတဲ့ post လေးကို ဖတ်ကြည့်ဖို့လိုပါပြီ။ Moisturizer မလိမ်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး 5ချက်ကို ပြောပြချင်ပါတယ်...

1. စိုစိုပြေပြေမရှိဘဲ အသားအရေက မွဲခြောက်ကြမ်းတမ်းမယ်💦

Moisturizer ဆိုတာ skincare routine ထဲမှာ powerful အဖြစ်ဆုံး hydrating step ပါ။ ရေဓာတ်ကိုပေးရုံတင်မဟုတ်ဘဲ skin ကနေ evaporate မဖြစ်အောင်ပါ lock လုပ်နိုင်လို့ အသားအရေအတွက် အစိုဓာတ်သေချာရချင်တယ်ဆိုရင် moisturizer ကို လုံးဝ skip မလုပ်သင့်ဘူးနော်။ တချို့ကျ moisturizer လိမ်းရင် အဆီပြန်လို့၊ အဖုထွက်လို့ စသဖြင့် reason တွေပေးကြပေမဲ့ အဲ့ဒါတကယ်တမ်း ကိုယ့် skin type နဲ့ကိုက်ညီတာမျိုး မရွေးတတ်သေးလို့ပါ။ အကယ်၍ ကိုယ်က moisturizer မလိမ်းဖြစ်ဘဲ toner, serum ‌အဆင့်ထိပဲ လိမ်းတယ်ဆိုရင် သူတို့က moisturizer နဲ့တန်းတူ hydration ပေးနိုင်ရင်တောင် moisture loss ဖြစ်တာကိုတားဖို့ မစွမ်းတဲ့အတွက် ရေရှည်မှာ skin က moisture မလုံမလောက်ဖြစ်ပြီး စိုစိုပြေပြေမရှိတာမျိုး, မွဲခြောက်ပြီး ကြမ်းတမ်းလာတာမျိုး ကြုံရနိုင်ပါတယ်။

2. ပုံမှန်ထက် အဆီပိုပြန်မယ်💦

ဒါကတော့ အဆီပြန်တာတခုတည်းနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်နေမိတဲ့သူတွေအဖို့။ အရေပြားမှာ water-oil balance ဆိုပြီး ရှိတယ်နော်။ ကျန်းမာသန်စွမ်းတဲ့ အသားအရေတခုက အဆီဓာတ်ရေဓာတ်မျှတနေဖို့ လိုပါတယ်။ အဲ့လိုမဟုတ်ရင် မျက်နှာက အဆီပြန်လိုက်အသားခြောက်လိုက် ဖြစ်နိုင်သလို ရေဓာတ်နည်းနေရင်လဲ မျက်နှာက အဆီဂလင်းတွေက ပုံမှန်ထက်ပိုပြီး အလုပ်လုပ်တဲ့အတွက် အဆီပိုပြန်ရပါတယ်။ ဒါကြောင့်မလို့ Nyi တို့ အဆီပြန်တာကို သက်သာအောင်လို့ဆိုရင် moisturizer ကို မဖြစ်မနေလိမ်းပေးသင့်တယ်နော်။ အကယ်၍ ကိုယ်ကအဆီပြန်လို့ဆိုပြီး oil control products တွေချည်း သုံးနေရင်တော့ အဆီပြန်တာက ဆိုးသထက်ပိုဆိုးဖို့ပဲ ရှိပါတယ်လို့။ အဲ့လို skin တွေအတွက်ဆို Nyi အနေနဲ့ တခြားထက် lightweight moisturizer တခုသုံးကြည့်ဖို့ အကြံပြုပါရစေ။

3. ဝက်ခြံအဆီဖု ပိုဆိုးမယ်💦

ဝက်ခြံအဆီဖုဘာကြောင့်ဖြစ်၊ အဆီပြန်လို့ ချွေးပေါက်ပိတ်ပြီးဖြစ်နော်။ အသားခြောက်တဲ့သူက ဝက်ခြံအဆီဖုထွက်တယ်ဆိုတာ အရမ်းကိုရှားတယ်၊ အဓိက မျက်နှာအဆီပြန်တဲ့သူ၊ pore clogging အရမ်းဖြစ်တဲ့သူတွေမှာပဲ ဒီပြဿနာကို ကြုံရလေ့ရှိပါတယ်။

Moisturizer မလိမ်း > အဆီပိုပြန် > အဖုထွက်

အဖုထွက်နေလို့ ပိုဆိုးမှာစိုးလို့ဆိုပြီး moisturizer မလိမ်းတော့ ပိုဆိုးတာပေါ့နော်။ Moisturizer ရဲ့ function က အစိုဓာတ်‌ပေးတာအပြင် အရေပြားရဲ့ natural healing process/recovery rate ကို မြန်စေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတဲ့အသားအရေကို အမြန်ပြန်ကောင်းဖို့ အထောက်အကူပြုတယ်။ ဒါကြောင့် ဝက်ခြံအဆီဖုထွက်နေလဲ moisturizer လိမ်းပေးရမယ်နော်၊ မလိမ်းဘဲနေမယ့်အစား ပေါ့ပါးပြီး စိမ့်ဝင်လွယ်တဲ့ moisturizer မျိုး ရွေးသုံးပေးပါ။

4. သုံးတဲ့ skincare တွေ ထိရောက်မှုမရှိဘူး💦

Moisturizer ရဲ့နောက်ထပ်စွမ်းဆောင်ရည်တခုက occlusive function ပါ။ သူက အရေပြားအတွင်းမှာ ရေဓာတ်အပြင် ကောင်းသောအရာတွေကို သိမ်းဆည်းပြီး မကောင်းတဲ့အရာတွေ ဥပမာ - bacteria, ဖုန်မှုန့်နဲ့ အမှိုက်သရိုက်တွေကိုတော့ အဟန့်အတားအနေနဲ့ တားဆီးပေးတယ်။ ဒီမှာ အဓိကပြောချင်တာကတော့ ကောင်းတဲ့အရာတွေကို seal လုပ်ပေးနိုင်တဲ့ သူ့ရဲ့ occlusive property အကြောင်းပေါ့။

ကိုယ်က ရှေ့မှာ တဆင့်ပြီးတဆင့်လိမ်းခဲ့သမျှ skincare တွေရဲ့အာနိသင်ကို အပြည့်အဝလိုချင်တယ်ဆိုရင် moisturizer လိမ်းဖို့က a must ‌ပဲနော်။ Moisturizer မလိမ်းဘဲ toner, serum တွေပဲ လိမ်းနေရင်တော့ အရေပြားမှာ seal လုပ်တဲ့ layer မရှိတဲ့အတွက် ငွေကုန်ခံ အချိန်ကုန်ခံလိမ်းနေပေမဲ့ မထိရောက်တာ အာနိသင်မရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Moisturizer ကို essential step ထဲထည့်ထားတာ အလကားမဟုတ်ပါ၊ လိမ်းသမျှထိရောက်စေဖို့ moisturizer လိုအပ်ပါတယ်။

5. Skin irritation ရလွယ်မယ်💦

Skin irritation ဆိုတာ ဘာကိုခေါ်လဲ? Active ingredients ဒါမှမဟုတ် ပြင်းတဲ့ ingredients တွေကြောင့် အရေပြားကို သွားဆွမိသလိုဖြစ်ပြီး skin မှာ inflammation, rash, pimples ထွက်တာတွေကို ခေါ်တယ်ပေါ့နော်။ နောက်ပိုင်းမှာ active ingredients တွေသုံးတာ ပိုတွင်ကျယ်လာတော့ skin irritation တွေလဲ ပိုရလာကြတယ်။ အဲ့ဒီ skin irritation ကို ထိန်းဖို့အတွက် Nyi တို့ အလုပ်သင့်ဆုံးအရာတွေထဲမှာ moisturizer လိမ်းတာလဲ ပါတယ်နော်။ Active ingredients တွေသုံးပြီးတဲ့အခါ ကိုယ်က skin ကိုပြန်ပြီး nourish & hydrate လုပ်ပေးမှ irritation risk နည်းပါမယ်။ Active ingredients သုံးမယ့်သူတိုင်း moisturizer မဖြစ်မနေလိုတယ်။ Moisturizer လိမ်းမှပဲ ကိုယ်သုံးတဲ့ active ingredient ကြောင့် irritating မဖြစ်အောင် ကာကွယ်ရာရောက်သလို benefits ကို အပြည့်ရဖို့လဲ အထောက်အကူဖြစ်ပါတယ်။

ဒီနေ့တော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါရစေနော်။ နောက်ရက်ကျရင် စိတ်ဝင်စားစရာ review လေးတခုနဲ့ ပြန်ဆုံပါမယ်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါခင်ဗျာ💕

21/06/2023

🌺🌸🌸🌸Soap & Glory
Clean On Me Hydrating Body Wash 250ml
🔥Flash sales -10000(ပုံမှန် 19500)

🌸သူက လိမ္မော်သီးMandarin extract for hydrated and refresh မို့ Hydrating အပြည့်အဝ ဖြည့်ပေးပီး ရေချိုးပီးတာတောင် အသားလေး စိုပြေပီး နုအိနေမှာ body lotion တောင်မလိုတော့

🌸သုံးရတာ luxurious lather rich texture ဖြစ်တဲ့ luxury ဆန်ဆန် shower gelလေး

🌸အနံ့လေးကလည်း မိန်းကလေးတိုင်းအကြိုက် Soap & Glory ရဲ့ နာမည်ကြီး အနံ့လေးမို့ရေချိုးပီးရင် စိတ်ကိုလန်းဆန်းကြည်လင်နေရော
အနံ့လည်းအကြာကြီးစွဲတယ်နော်🥰
Direct from Bangkok 🇹🇭

20/05/2023

Sunscreen လိမ်းတဲ့အခါ
လိုက်နာရမယ့်အချက်များ🌞

Sunscreen ဆိုတာ skincare routine တခုမှာ အရေးကြီးဆုံး step ပဲလေနော်။ Nyi တို့ အသားအရေကောင်းရုံသပ်သပ်တင်မဟုတ်ဘဲ အရေပြားကင်ဆာလိုမျိုး အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတခုကို ကာကွယ်ဖို့အတွက်ပါ sunscreen ကို လိမ်းကြရတယ်။ ခုနောက်ပိုင်းမှာဆိုရင် လူတော်တော်များများက sunscreen လိမ်းရမယ်ဆိုတဲ့ အသိဝင်လာတာကြောင့် ယောက်ျားမိန်းမမရွေး sunscreen လိမ်းလာကြတာ တွေ့ရပါတယ်။

ဒါပေမဲ့ အရေးကြီးဆုံးအဖြစ် ထိရောက်အောင်ရော လိမ်းနေမိရဲ့လားလို့ Nyi က မေးခွန်းထုတ်ချင်တယ်။ မှန်မှန်ကန်ကန်မလိမ်းရင် sunscreen ရဲ့အာနိသင်ကို အပြည့်အဝမရနိုင်လို့ effective ဖြစ်အောင် ဘယ်လိုလိမ်းသင့်လဲ Nyi ဒီနေ့ပြောပြသွားမယ်နော်။ ဖတ်ကြည့်ပါဦး🤗

> မျက်နှာခြောက်သွားမှ လိမ်းရမယ်✅

‌မျက်နှာပေါ်မှာ sunscreen က ကောင်းကောင်းအခြေကျပြီး သူ့အလုပ်သူလုပ်ဖို့ skin completely dry ဖြစ်သွားမှ လိမ်းသင့်တယ်နော်။ ရေစိုနေတဲ့အချိန် ရှေ့မှာလိမ်းထားတဲ့ skincare steps တွေမခြောက်သေးဘဲ လိမ်းလိုက်မယ်ဆိုရင် sunscreen ရဲ့အာနိသင်လျော့သွားနိုင်သလို မျက်နှာပေါ်မှာ တညီတညာတည်းမဖြစ်ဘဲ ဟိုတကွက်ဒီတကွက် uneven application ဖြစ်သွားနိုင်လို့ပါ။ အဲ့ဒီတော့ sunscreen မလိမ်းခင် မျက်နှာကခြောက်ပြီလား ခဏစောင့်ပြီးမှ လိမ်းနော်။

> မနည်းလွန်းတဲ့ ပမာဏဖြစ်ရမယ်✅

လက် 2ချောင်းအပြည့်လိမ်းမှ protection ရမယ်ဘာညာ Nyi ပြောလေ့မရှိဘူး။ ဘာလို့လဲဆို လူတယောက်နဲ့တယောက် လက်ချောင်းအရှည်၊ မျက်နှာအရွယ်အစားချင်းမှ မတူတာလေနော်။ အဓိက sunscreen လိမ်းတဲ့အခါ မနည်းလွန်းမများလွန်း သင့်တင့်တဲ့ပမာဏဆို ရပါပြီ။ နည်းလွန်းရင်လဲ အာနိသင်မရ၊ များလွန်းပြန်ရင်လဲ အဆီပြန်ပြီး ချွေးပေါက်ပိတ်တာ အဖုထတာမျိုး ကြုံနိုင်ပါတယ်။

> တခြားအရာတွေနဲ့ ရောမလိမ်းရဘူး✅

တွဲမလိမ်းရဘူးမဟုတ်ဘဲ ရောမလိမ်းရဘူး ပြောတာနော်၊ တခုလိမ်းပြီးမှ တခုလိမ်းရမယ်။ ဆိုလိုချင်တာက sunscreen ကို ပြာလို့ ပျစ်လို့ အဆီပြန်လို့ စသဖြင့်အကြောင်းအရင်းတွေနဲ့ တခုခုနဲ့ရောသမမွှေပြီး လိမ်းခြင်းကိုပြောပါတယ်။ အဲ့လိုလုပ်လိုက်မယ်ဆိုရင် sunscreen ရဲ့ formula ကိုပျက်စီးစေတဲ့အတွက် UV protection ကို သေချာရတော့မှာ မဟုတ်ပါဘူး။ အရေးကြီးပါတယ်နော်၊ အရမ်းမှားကြတဲ့ skincare mistake တခုပါ။

> Reapply လုပ်ရမယ်✅

မနက်က တခါလေးလိမ်းထားရုံနဲ့ တနေကုန်နေကာနေမှာတော့ မဟုတ်ဘူးနော်။ Spf 50 မကလို့ 100 ပဲဖြစ်ပါစေ sunscreen တခုက လိမ်းပြီး 3နာရီလောက်ထိပဲ နေကာနိုင်ပါတယ်။ But, တချို့ပြောကြတာတော့ sunscreen ရဲ့အာနိသင်က နေပူထဲထွက်မှ လျော့သွားတာဖြစ်တဲ့အတွက် သင်က နေပူထဲသိပ်မထွက်တဲ့သူဆိုရင် 3နာရီခြားတခါလောက်ထိမဟုတ်ဘဲ တရက် 2ကြိမ်လောက် လိမ်းပေးရုံနဲ့ လုံလောက်ပါတယ်တဲ့။ Nyi အမြင်အရလဲ it's so reasonable!

> SPF in Makeup's never enough✅

Makeup products တွေမှာ Spf 30, 50 စသဖြင့် မြင်ဖူးကြတယ်မလား? အဲ့စာလုံးလေးတွေကို ယုံစားပြီး sunscreen မလိမ်းဘဲ ကျော်သွားလို့မရဘူနော်။ Nyi အပေါ်မှာပြောခဲ့တာ၊ Sunscreen ရဲ့အာနိသင်ရဖို့ဆိုရင် မနဲလွန်းတဲ့ပမာဏ လိမ်းရမယ်လို့လေ။ Makeup ဆိုတာက နဂိုထဲကမှ နှာလောက်တို့ရတာမလား? Sunscreen တခုလို ယူပြီးလိမ်းလိုက်ရင်လဲ ပြာနှမ်းသွားနိုင်တော့ makeup တွေမှာ Spf ဘယ်လောက်ပဲပါပါစေ, sunscreen သပ်သပ်လိမ်းပေးဖို့ လိုပါသေးတယ်။

Part-2 ဖတ်ချင်ရင် comment မှာ ပြောခဲ့ပေးနော်။ ဒီနေ့တော့ ဒီမှာတင်ပဲ အဆုံးသတ်လိုက်ပါတယ်။ အားလုံးပဲ Good Night ပါခင်ဗျာ💗

03/04/2023

JM solution ရဲ့ Believe in Nature Series
1 sheet -2000ks

အသစ်စက်စက်ထွက်ထားတဲ့ Believe in Nature ကEurope ဘက်ကိုexport လုပ်တာဆိုတော့packaging နဲ့တင် မိုက်နေတာ

✅Vegan free sheet mask တွေအပြင် Dermatologist Tested series ပါနော်။

🌿 𝗖𝗮𝗻𝗻𝗮𝗯𝗶𝘀 𝗦𝗮𝘁𝗶𝘃𝗮 𝗠𝗮𝘀𝗸:
ဝက်ခြံ သမားအားလုံးအတွက် အရမ်းအဆင်ပြေတာလေး
ပါဝင်ပစ္စည်းအနေနဲ့ Cannabis Seed Oil, Centella Asiatica Extract & Tea Tree ပါဝင်ထားတယ်။
သူက မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ ဝက်ခြံအဆီဖုများသက်သာစေပါတယ်။
Triple Hyaluronic acid ပါဝင်လို့ Moisture ကို လဲရှယ်ရစေမဲ့ mask။ cactus Seed oil,Panthenol, Allantoin extract တွေက အသားအရေကို calming ဖြစ်စေပါတယ် ☘️နီမြန်းနေတဲ့အသားအရေဆို ဒါသာကပ်ပေးနော်။

💯Authentic Korea 🇰🇷
Exp -2024

Photos from Joy Joy's post 13/03/2023

Maybelline Mascara

✨Price -9500 kyats

❤️ဒီလိုမျက်တောင်ရှည်ကော့ကော့လေးတွေအတွက်ဆိုရင်တော့ ကော့တံမလိုဘဲ၊ တစ်ချက်ဆွဲလိုက်တာနဲ့တင် ၄ ဆ ပိုထူ၊ ၇၅ % ပိုကော့သွားစေမယ့် Maybelline Hyper Curl ကိုပဲရွေးချယ်လိုက်ပါ...

❤️Instagrammer ချောချောလေးတွေလို မျက်တောင်ထူထူကော့ကော့လေးတွေနဲ့ Flex နိုင်ဖို့က တစ်ချက်ကော့ရုံနဲ့ ၄ ဆပိုထူပြီး၊ ၁၈ နာရီကြာကော့ညွှတ်နေစေမယ့် အာရှရဲ့လူကြိုက်အများဆုံး Maybelline Hypercurl Mascara လေးပါရှင့်...

❤️ဒါ့အပြင် အသုံးပြုရပေါ့ပါးပြီး မျက်တောင်တွေပူးကပ်ခြင်းလည်းမရှိစေလို့ မိန်းကလေးတိုင်းနဲ့အဆင်ပြေပါတယ်

❤️မျက်ကပ်မှန်တပ်တဲ့ Babe တို့လည်းရွေးချယ်သင့်တဲ့ Mascara လေးပဲပေါ့.....

❤️မျက်တောင်လေးတွေကိုအားဖြည့်ပေးမယ့် Collagen ပါဝင်ပြီး Waterproof လည်းဖြစ်တယ်

04/03/2023

🍋 Tenzero yuja toner+နိုရည်

Price-12500(for-1)

ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမာရွတ် ၊ တင်းတိပ်
မဲ့ခြောက်နဲ့ အသားမညီဘူးဆိုတဲ့ သူတွေ
ဒီ Yuja ကို ရဲရဲကြီး ဝယ်သုံးလိုက်တော့ 💛

- Yuja Extract ဆိုတဲ့ Lemon 🍋 82% ပါဝင်လို့
ပုံမှန် Vit C တွေထပ် ပိုပြီး ထိရောက်ပြီး
အသားရည်ကို အမြန်ဆုံး ကြည်လာစေတယ်

- မွဲခြောက်နေတဲ့ အသားရည် ၊အမဲစက်နဲ့
နေလောင်တာကို သက်သာစေဖို့
Melanin ဓာတ် ထုတ်လုပ်မှုကိုလဲ လျှော့ချပေးတယ်

- Niacinamide 5% ပါဝင်တာကြောင့်
ဆဲလ်သေတွေကို ဖယ်ရှာပေးပြီး အသားညီစေတယ်
အမာရွတ်တွေကို ပါးစေတယ်

𝙄
Korea Import ✈️
✅ Instock

Photos from Joy Joy's post 02/03/2023

Korean နိုင်ငံရဲ့ သွားဆရာဝန်တွေကိုယ်တိုင်သေချာစမ်းသပ် ထုတ်ထားတဲ့ သွားတိုက် ဆေးပါလာပီ
ကိုရီးယားတစ်နိုင်ငံလုံး Cele တွေ အထိ
အရမ်းကောင်း လို့

Median သွားတိုက်ဆေးပဲ သုံးကြတယ်

Price = 6000

Imported from Korea/ Authentic

အရောင်းရဆုံးအဖြူလေးချည်းပဲ သွင်းပေးထားပါတယ်ရှင်

သတိထားပြီးကြည့်ရင်သိနိုင်ပါတယ်
ကိုရီးယားဇတ်ကားတွေမှာတောင်
ရေချိူးခန်းနဲ့ သွားတိုကိတဲ့ အခန်း
တွေမှာ ဒီသွားတိုက်ဆေး ဘူးအမြဲ တွေ့ရတက်တယ် နော်

Median 93 Toothpaste သုံးပီးသွားရင်ကို တခြားဟာပြောင်းမသုံးချင်လောက်အောင်ကို ကောင်းလွန်းလို့ ိကြိုက် ကြတယ်

းသွားတိုက်ဆေး အဖြူ ရောင်ဘူး သွားတွေဖြူလာဖို့ 93 % အထိအာမခံထားတဲ့ Koreaသွားတိုက် ဆေး လေးပါ

Lemon နံ သငးသင်းလေးနဲ့ Crystal လေးတွေပါလို့
သွားတိုက်ပီးတာနဲ့ သွားကြွေလွှာတစ်ခုလုံးက ပြောင်ရှင်း သန့်စင်စေတယ်
ခံတွငးနံ နံတာ သက်သာစေတယ်
သွားကို ဖြူဖွေးစေပါတယ်

အဖြူရောင် ဘူး သွားဝါကျင့်ကျင့် ဖြစ်သူများ

ကော်ဖီအသောက်များလို့ သွားဝါသူများ

သွားဖြူချင်တဲ့ သူတွေ အတွက်
ဘူးတစ်ဝက်လောက် နဲ့ သိသိသာသာကို ဖြူဖွေးစေတဲ့ သန့်ရှင်းတောက်ပြောင်ကျန်းမာလှ ပတဲ့
သွား ဖြူဖြူလေးကို ရရှိစေပါတယိ
ခံတွင်းနဲ့ သင်းစေတယ်

27/02/2023

Lancome Serum
Stock ရောက်တိုင်း ရောင်းမလောက်တဲ့ Serum လေး

Price-17000

✅Anti aging တွေအတွက်ထုတ်ထားလို့ အရေးကြောင်းတွေသိသိသာသာသက်သာစေပြီ
✅ဝက်ခြံအဆီဖု
✅အမဲစက် အမာရွတ်များလည်း သက်သာစေပါတယ်

သုံးဖူးတဲ့သူတိုင်းကြိုက်တဲ့ Serum လေး ခုဆို စျေးလေးက30ml 2သိန်းကျော်လောက်ရှိနေပြီနော် mini လေးစမ်း
သုံးကြည့်ချင်ရောက်ပြီညော်

27/02/2023

Toner တစ်မျိုးထဲသုံးတဲ့သူတွေဖတ်ဖို့...💫💫💫

Toner ဆိုတာ မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာမှာရှိတဲ့ PH Level မညီတာမျိုး Neutral အနေအထားရောက်အောင် PH balance လုပ်ပေးတာမျိုးပါ
နောက်ထပ်သုံးရမဲ့ Skincare Steps တွေအတွက် prepare လုပ်ပေးဖို့နဲ့ နောက်သုံးတဲ့ Skincare တွေကို absorbe ကောင်းကောင်းလုပ်နိုင်ဖို့ Supposed လုပ်ပေးတဲ့ Main steps အနေနဲ့လည်းပါဝင်တယ်

Tonerဆိုတာချွေးပေါက်တွေကျဥ်းသွားအောင်လုပ်ပေးတာမဟုတ်သလို မျက်နှာသစ်ပြီးတာနဲ့ Toner တစ်မျိုးထဲသုံးပေးတာက လုံးဝအဆင်မပြေပါဘူး

Toner က Facial muscle ကို တင်းတင်းလေး ဖြစ်နေအောင် လုပ်ပေးတယ်... အဲ့တော့ အနည်းဆုံး Moisturizer Step လောက်မှမထည့်ရင်

Toner တစ်မျိုးထဲသုံးရင်ဘာတွေဖြစ်နိုင်လည်း

- အသားတင်းပြီး အသားခြောက်သလိုမျိုးခံစားရမယ်

-တစ်ခြားSkincare Step တွေကိုသေချာ absorb လုပ်နိုင်ဖို့ ချွေးပေါက်တွေပွင့် သွားတဲ့အတွက် သူ့တစ်မျိုးထဲသုံးတဲ့ခါ တစ်နေ့တာ ဖုန်နဲ့ အညစ်အကြေးတွေပိုဝင် ဖို့လွယ်ပြီး White/Black Heads ,ance တွေပိုဖြစ်စေပါတယ်

- ချွေးပေါက်တွေပိုကျယ်သယောင်ယောင်လည်း ဖြစ်လာနိင်ပါတယ်

- Skin tightening ကိုလုပ်ဆောင်ပေးတဲ့အတွက် Moisturizer လိုမျိုးလောက်မှမထည့်ရင် Smileline တွေ အခန့်မသင့်ရင်ဖြစ်နိုင်ပါတယ်

အဲ့တော့ Toner တစ်မျိုးထဲသုံးတာက သောင်းအမြင်ကတော့ Moisturizer Step လောက်မှမထည့်ဘူးဆိုရင် ဘာမှမလိမ်းတာမှပိုကောင်းပါအုံးမယ်

အဲ့တော့ Moisturizer ကို ထူတယ် အဆီပြန်တယ် ခံရရင်လည်း Skin အလိုက် Gel type (or)Cream Type အမျိုးမျိုးလာပါတယ်...

မနက်တစ်ခါ ညတစ်ခါ Toner သုံးပြီးတဲ့အခါ Moisturizer ကိုပါထည့်သုံးသင့်ပါတယ် ပြီးမှ ပုံမှန် Skincare Step တွေလိမ်းပေးပါ

Oily Skinဘက်သွားတဲ့သူမျိုးဆို Gel type လိုမျိုးတွေသုံးပေးလို့ရပါတယ်

Tonerကိုနည်းမှန်မှန်လေးသုံးချင်ရင် ဒီ Link ထဲမှာဝင်ကြည့်လို့ရပါတယ်

https://m.facebook.com/story.php?story_fbid=117761114031192&id=107437335063570&mibextid=Nif5oz

Suncream လေးကလူးပျင်းရင်တောင် ဒီလို Step တွေစလုပ်ပြီဆိုတာနဲ့ Morning Steps မှာပါသင့်ပါတယ်

ဒီစာက Toner တစ်မျိုးထဲသုံးလို့ရလား ဆိုတဲ့မေးခွန်းတွေသောင်းဆီမှာ ထပ်နေလို့ပြောပြပေးလိုက်ပါတယ်

Love ya all my readers... 💞
Thank for reading💫

Want your business to be the top-listed Beauty Salon in Maymyo?
Click here to claim your Sponsored Listing.

Category

Website

Address

Pwe Kout
Maymyo