S-II HAIR SALON

S-II HAIR SALON

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from S-II HAIR SALON, Hair salon, ညံတော 18 လမ်း နံပါတ်ဝမ်း ဟော့ပေါ့ဆိုင်ဘေး, Maymyo.

02/02/2021

တည်ကြည် ခန့်ညား မေမြို့သား
SII Salon ကိုသွား

10/01/2021

ရူပါ သန့်ဖို့ ခန့်ဖို့ လန်းဖို့ ဆိုတာ
ရုပ်ရည်တစ်ခုတည်းနဲ့မပြည့်စုံပါဘူး
ရုပ်ရည်ကိုပိုမို သန့်အောင် ခန့်အောင် လန်းအောင်
အဓိကနေရာကနေ Support ပေးတာ
ဆံကေသာDesignဆိုတာမမေ့ပါနဲ့
ခုလိုတည်ကြည့်ခန့်ညားတဲ့ပုံစံကိုလိုချင်ရင်
SII Hair Salon ကိုလှမ်းလာခဲ့ဖို့လဲမမေ့ပါနဲ့
✌️✌️✌️

18/11/2020

ကတုံးတုံးပေးတာက ဆံပင်သန်စေသလား

မြန်မာနိုင်ငံမှာ အသက် (၃) နှစ်အောက် ကလေးငယ်တွေကို ကတုံးတွေနဲ့ပဲ အတွေ့ရများတာပေါ့။ ကလေးတွေကို ကတုံးတုံးပေးတဲ့ အလေ့အထဟာ မြန်မာနိုင်ငံတင်မကဘဲ အိန္ဒိယနဲ့ တချို့အာရှနိုင်ငံတွေမှာ တွေ့ရတာပေါ့။ ကတုံးတုံးပေးရတဲ့ အဓိကအကြောင်းရင်းကို မေးလာရင် ဆံပင်သန်စွမ်းအောင်လို့ ဖြေကြမယ်ထင်ပါတယ်။

ပတ်ဝန်းကျင်မှာလည်း ကလေးတစ်ယောက်က ဆံပင်မကောင်းဘူးဆိုရင် “ဟယ် နင့်ကလေးရဲ့ဆံပင်က ပျော့ဖက်ဖက်နဲ့။ ကတုံးတုံးပေးလိုက် ဆံပင်သန်သွားအောင်” လို့ ပြောတတ်တာ အားလုံးအသိပါ။ ကတုံးတုံးတာက တကယ်ရော ဆံပင်သန်လို့လားဆိုတဲ့ မေးခွန်းက စဉ်းစားစရာပေါ့။

တကယ်တော့ ကတုံးတုံးရင် ဆံပင်သန်တယ်ဆိုတဲ့ အယူအဆက မမှန်ပါဘူး။ ဆံပင်ဆိုတာ ဦးရေပြားရဲ့အောက်မှာရှိတဲ့ မွေးညှင်းပေါက်ထဲက ထွက်လာတာပါ။ ဦးရေပြားပေါ်မှာ ကတုံးတုံးတာက မွေးညှင်းပေါက်နဲ့ မသက်ဆိုင်တဲ့အတွက် ဆံပင်သန်စွမ်းမှုနဲ့ မသက်ဆိုင်ပါဘူးလို့ ဆိုရမှာပါ။

ပုံမှန်အားဖြင့်တော့ ဆံပင်တစ်ချောင်းချင်းစီက ကြီးထွားချိန်တွေ ရပ်နားချိန်တွေ မတူညီတဲ့အတွက် အတိုအရှည်မညီကြဘူးလေ။ ကတုံးတုံးလိုက်တဲ့အခါ ဆံပင်တွေက အတိုအရှည်ညီညီနဲ့ တစ်ပြိုင်တည်း ထွက်လာတဲ့အတွက် ပိုသန်တယ်လို့ ထင်ရတာပါ။ လူစိတ်က ထင်သွားတာပေါ့။

ဆံပင်သန်တာက ကတုံးတုံးတာနဲ့ မဆိုင်ဘဲနဲ့ မျိုးရိုးဗီဇနဲ့ပဲ ဆိုင်တာပါ။ ကိုယ့်အဖေ၊ အမေ၊ အဖိုးအဖွားတွေက ဆံပင်သန်တယ်ဆိုရင် ကလေးလည်း ဆံပင်သန်မှာပါ။ ပြီးတော့ ကလေးတွေရဲ့ ဦးရေပြားက နုနယ်လွန်းပါတယ်။ အသက်နည်းနည်းကြီးလာမှ တုံးပေးသင့်တာပေါ့။

လသားအရွယ်မှာ ကတုံးတုံးလိုက်ရင် ဦးရေပြားကို ထိခိုက်တာတွေ ဖြစ်နိုင်တယ်။ ဆံပင်သန်ချင်တယ်ဆိုရင် ဦးရေပြားကို သန့်သန့်ရှင်းရှင်း ထားပေးပါ၊ ကန်စွန်းဥ၊ ထောပတ်သီး၊ အခွံမာသီးနဲ့ ငါး စတဲ့အစားအစာတွေကို ကျွေးပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။


#ကလေးစာပေ #ကလေးစာအုပ်

24/09/2020

ဆံပင်ညှပ်တာကြောက်တဲ့ ကလေးတွေအတွက် နည်းလမ်းကောင်းများ

ဖေဖေ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးနဲ့ ဆံပင်အတူတူလိုက်ညှပ်ပေးမယ်ဆိုရင် ကလေးငယ်ကို အလွယ်တကူ ညှပ်ပေးလို့ရပါတယ်။

လူများနေတဲ့နေရာ ဒါမှမဟုတ် ဆူညံနေတယ်ဆိုရင် ကလေးငယ်က ဆံပင်ညှပ်ဖို့ ငြင်းဆန်နေပါလိမ့်မယ်။

ကလေးငယ်ကို ဆံပင်ညှပ်ပြီးသွားတဲ့အခါ ချီးကျူးစကားပြောပေးပါ။ ဒါဆိုရင် ကလေးငယ်က နောက်တစ်ကြိမ်ညှပ်ဖို့ ဝန်မလေးတော့ပါဘူး။

ဆံပင်ညှပ်ပေးတော့မယ်ဆိုရင် ကလေးငယ်အဆင်ပြေအောင် အရုပ်တစ်ရုပ်ကို သူတို့လေးတွေရဲ့ လက်ထဲမှာ ထည့်သွင်းပေးထားသင့်ပါတယ်။

ဆံပင်ညှပ်ပေးပြီးတဲ့အခါ ကလေးငယ်ကို ဆုချတဲ့အနေနဲ့ အရုပ်ဝယ်ပေးတာ ဒါမှမဟုတ် ကစားကွင်းလိုက်ပို့တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

14/09/2020

လူတစ်ယောက်ရဲ့ ဒုတိယ အလှအပက ဆံပင်ပုံစံ နဲ့ ဆံပင် ဖြစ်တဲ့အတွက် ဆံမသန်လို့ စိတ်ညစ်နေခြင်းကို အမျိုးသား အချို့ နဲ့ အမျိုးသမီး အမျေားစုက ကြုံတွေ့နေရပါတယ်။ ဒါကြောင့်ဆံပင် မသန်လို့ စိတ်ညစ်နေကြတဲ့ သူများအတွက် ငွေကြေးကုန်ကျလည်းသက်သာ ဦးရေပြားကိုလည်း ထိခိုက်မှုမရှိ သဘာဝပေးတဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။



ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က ဆံပင်ကို သန်မာစေယုံသာမက ဗောက်များကိုလည်း ဖယ်ရှားနိုင်ပါတယ်။ ရှားစောင်းလက်ပတ်မှာ ဆဲလ်အသစ်များကို ရှင်သန်စေနိုင်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်တဲ့ အတွက်ကြောင့် ရှားစောင်းလက်ပတ်ကို ဦးရေပြားပေါ်တွင် ပွတ်လိမ်းပေးခြင်းနည်းလမ်းကို တစ်ပတ်ကို ၄ ကြိမ်နှုန်းဖြင့် ပြုလုပ်ပေးပါ။



အာလူး

အာလူးကို အရည်ရတဲ့နည်းလမ်းဖြင့် ပြုလုပ်ပါ။ ပြီးနောက် သံပုရာရည် ၇ စက်၊ နနွင်းမှုန့် ၊ အုန်ဆီ များကို လက်ဖက်စားဇွန်း တစ်ဇွန်းထဲတွင် အာလူးအရည်ဖြင့်ရောမွှေကာ ဦးရောပြားပေါ်တွင် သုတ်လိမ်းပေးပါ။ ထိုနောက် ၇နာရီလောက်ကြာထားပြီး ဆေးကြောလိုက်ပါ။ ဒီနည်းက ဆံပင်ကိုသန်မာစေပြီး အိပ်ချိန်များတွင် အသုံးပြုနိုင်ပါတယ်။

တမာရွက်

တမာရွက်ဖြင့် ခေါင်းလျော်ပေးခြင်းက ဆံပင်ကိုသန်မာစေယုံသာမက ဗောင်းကိုပါ ဖယ်ရှားနိုင်တဲ့ အစွမ်းရှိပါတယ်။ သမာရွက်ကို ရေနွေးထဲထည့်ပြုတ် အအေးခံပြီး ခေါင်းလျော်ရည်အဖြင့်အသုံးပြုကာ တစ်ပတ် ၃ကြိမ် ပြုလုပ်ပေးခြင်းဖြင့် ဆံပင်များကို သန်မာလာစေပါတယ်။



ကြက်သွန်နီ

ကြွက်သွန်နီကို သုတ်လိမ်းပေးခြင်းက ပုတိုင်းမွှေး ၊ မျက်ခုန်းမွှေး ၊ ဆံပင်များကို သန်မာစေနိုင်ပါတယ်။ ကြက်သွန်နီ အနံနဲ့ ဓာတ်မတတ်သူများအနေဖြင့် ပျားရည် အနည်းငယ်ရောစပ်ပြီး ကြက်သွန်နီကို ဦးခေါင်းမှာ သုတ်လိမ်းပေးနိုင်ပါတယ်။ ဒီနည်းဖြင့် တစ်ပတ်ကို ၄ကြိမ် နှုန်းဖြင့်ပြုလုပ် အသုံးပြုနိုင်ပါတယ်။

14/09/2020

📢📢📢💇🏻‍♂️💇🏻‍♂️💇🏻‍♂️
Covid 19 ရောဂါကြောင့် ဆိုင်ပိတ်ထားပါသဖြင့် ဆံပင်ညှပ်ချင်တဲ့ Customer များအနေနဲ့ ဖုန်းလေးတစ်ချက်ဆတ်ရုံနဲ့ ညှပ်ခ တစ်ယောက်လျင် 3000 နှုန်းနဲ့ home service အိမ်အရောက်ဝန်ဆောင်မှု့ဖြင့် လာရောက်ဝန်ဆောင်မှု့ပေးပါသည်ဆိုသည့်အကြောင်း သတင်းကောင်းပါးအပ်သည် 😁😁😁
(မှတ်ချက် နေရာအနီးအဝေးနဲ့ လူအရေတွက်ပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းလဲရှိပါသည်)
ph. 09782400452

14/09/2020

Covid 19 ရောဂါကြောင့် ကျနော်များ S-II Hair Salon အားယာယီပိတ်ထားပါသည်ဆိုသည့်အကြောင့်အသိပေးကြေညာအပ်ပါသည်
S-II Hair Salon

Photos from S-II HAIR SALON's post 11/09/2020

လူငယ်ဆန်ပြီး Smartကျကျနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ပုံစံလေးလိုချင်လား ? ?

Hair Salonဆီသာအမြန်ဆုံးလှမ်းလာလိုက်ပါ 🙂🙂

လိပ်စာ-ညံတော ၁၈ လမ်း No 1 ဟော့ပေါ့ဆိုင်ဘေး
ပြင်ဦးလွင်
ဖုန်းနံပါတ်-09782400452

Photos from S-II HAIR SALON's post 10/09/2020

မင်္ဂလာပါ 🙏🙏🙏
-II Hair Salon မှကြိုဆိုပါတယ်ဗျာ

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့
ဒုတိယမျက်နှာတဲ့
မိမိမျက်နှာသာ
ဂရုတစိုက် လှလှပပပြုပြင်ပြီး
ဆံပင်ကိုဒီတိုင်းထားမှာလား?
ဒါမှမဟုတ်.....
အလှပဆုံးနဲ့ စတိုင်လ်ကျကျ
Smartဖြစ်ဖြစ်နဲ့လန်းချင်တဲ့Broတွေကတော့
ကျွန်တော်တို့ S-II (S2)ကိုသာ
အရောက်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်

လိပ်စာ-ညံတော ၁၈ လမ်း နံပါတ်ဝမ်းဟော့ပေါ့ဆိုင်ဘေး
ဖုန်းနံပါတ်-09782400452

Photos from S-II HAIR SALON's post 10/09/2020

❤❤❤

Want your business to be the top-listed Hair Salon in Maymyo?
Click here to claim your Sponsored Listing.

Category

Website

Address

ညံတော 18 လမ်း နံပါတ်ဝမ်း ဟော့ပေါ့ဆိုင်ဘေး
Maymyo
05081

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00