Beauty Lifestyle
Healthy,Beauty,Fashion ပိုင်းဆိုင်ရာများ Share လုပ်ပေ?
20/10/2021
🙇 သီတင်းကျွတ် အခါသမယတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး စီးပွားလာဘ်လာဘများ တိုးပွားကြပါစေဗျာ 🙏🙏🙏
19/09/2021
အသည်းကို သန့်ရှင်းစေဖို့အတွက် Detox Water
==============================
ကျွန်တော်အပါအဝင် လူအားလုံးနီးပါးဟာ နေ့စဉ်နဲ့အမျှ စားချင်သလိုစား၊ သောက်ချင်သလိုသောက်ပြီး အမှုမဲ့ အမှတ်မဲ့နေလာခဲ့ကြပါတယ်။ ဒါပေမယ့် မိမိတို့ရဲ့ ခန္ဓာကိုယ်တွင်းမှာ မိမိတို့စိတ်ကြိုက် စားသောက်ခဲ့တာတွေအတွက် ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုးတွေ ဖြစ်ပေါ်နေသလဲ ဆိုတာကိုတော့ ဘယ်သူမှသတိမထားမိကြပါဘူး။
ကျွန်တော်တို့ စားသောက်ခဲ့သမျှ အစားအသောက်တွေမှာ ပါဝင်တဲ့ အဆိပ်အတောက်တွေကို အသည်းနဲ့ ကျောက်ကပ်က စစ်ထုတ်၊ ချေဖျက်၊ ဖယ်ရှားပေးပါတယ်။ အဲဒီလိုစစ်ထုတ်ပေးရင်းနဲ့ အသည်းနဲ့ ကျောက်ကပ်တွေဟာ အဲဒီ အဆိပ်အတောက်တွေရဲ့ဒဏ်ကို ခံရပါတယ်။
အဲဒါကြောင့် ကျွန်တော်တို့ဟာ မျက်နှာတို့ ခန္ဓာကိုယ်တို့လို ပြင်ပအစိတ်အပိုင်းတွေကို သန့်ရှင်းပေးရုံတင်မကပဲ အဆိပ်သင့် ညစ်ညမ်းနေတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကိုလည်း သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
ပထမဦးဆုံးအနေနဲ့ အသည်းကို သန့်ရှင်းပေးနိုင်တဲ့ နည်းလမ်းတွေကို တင်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေဟာ အချိန်ကုန်၊ ငွေကုန်သက်သာပြီး ကိုယ်တိုင် အလွယ်တကူ ပြုလုပ်နိုင်တဲ့အတွက် Detox တွေကို စျေးကြီးပေးပြီး ဝယ်သောက်နေစရာ မလိုတော့ပါဘူး။
(၁) Apple Cinnamon Detox Water - သောက်ရေထဲမှာ ပန်းသီးစိတ်ကလေးတွေနဲ့ သစ်ဂျပိုးမှုန့်အနည်းငယ်ကို စိမ်၍သောက်ခြင်း၊
(၂) Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ်ကလေး၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီးထားတာ နဲ့ ပူစီနံရွက်တို့ကို စိမ်၍သောက်ခြင်း၊
(၃) Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီးလေးများကို စိမ်၍သောက်ခြင်း၊
(၄) Simple Detox Water - သောက်ရေထဲကို Lemon တစ်စိပ် ညှစ်ထည့်၍သောက်ခြင်း၊
(၅) Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ် ထည့်၍ သောက်ခြင်း၊
(၆) Weight Loss Detox Water - Grapefruit ကို သုံးထားတာဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှည့် နည်းနည်းနဲ့ သခွားသီး နည်းနည်းထည့်ပြီး သောက်ခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒါတွေအားလုံးကို နေ့စဉ်ပြုလုပ်ပြီး သောက်ရမယ်လို့ မဆိုလိုပါဘူး။ တခြားနိုင်ငံတွေက လူတချို့ဟာ တစ်ပတ်ကို ၁ ရက် သို့မဟုတ် ၃ ရက်၊ တစ်လကို တစ်ပတ်၊ ကိုယ်အဆင်ပြေသလို Detox လုပ်ကြတယ်လို့ သိရပါတယ်။
သဘောကတော့ Detox လုပ်တဲ့ တစ်ရက်လုံး တခြားအစားအစာ လုံးဝမစားပဲ အသီးအနှံတွေနဲ့ အသီးအနှံဖျော်ရည်တွေပဲ စားသောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစားအစာ ဘာမှမစားရပါဘူး။
အဲဒါကတော့ ကိုယ်တွင်းကလီစာတွေကို အနားပေးတဲ့သဘော၊ သန့်ရှင်းရေးလုပ်တဲ့ သဘောပါ။ တစ်ရက်လုံး မလုပ်နိုင်ရင်လည်း Simple Detox Water လောက်ကတော့ ဘယ်သူမဆို သောက်ဖို့အဆင်ပြေမှာပါ။ အချိုရည်တွေသောက်မယ့်အစား Detox Water သောက်တော့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန် အကျိုးဖြစ်ထွန်းစေပါတယ်။
*******************************************
credit~မူရင်း
26/08/2021
💁♂️ ၃၀၊ ၄၀ အရွယ်ရောက်ရင်လည်း နုပျိုလှပနေစေဖို့အတွက် အသက် ၂၀ အရွယ်ကတည်းက အသားအရေထိန်းသိမ်းကြမယ်
အသက် ၂၀ ဝန်းကျင်အရွယ်မှာ အသားအရေ
ထိန်းသိမ်းမှု မလုပ်ဘူးဆိုရင် သင့်အသားအရေဟာ
အလွယ်တကူ အိုးမင်းရင့်ရော်ပြီး အရေးကြောင်းတွေဖြစ်လာစေပါတယ်။ အသက် ၂၀ ဝန်းကျင်ကစပြီး အသားအေရ ထိန်းသိမ်းမှုလုပ်ပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။
၁။ Suncreen လိမ်းပေးခြင်း
နေပူထဲသွားရင်ဖြစ်ဖြစ်၊ ကမ်းခြေ၊ ရေကူးကန်မှာ ရေကူးရင်ပဲဖြစ်ဖြစ် Sunscreen လိမ်းပေးရမယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိပြီးသားပါပဲ။ သိပေမယ့်လည်း လိုက်မလုပ်ဖြစ်ကြတာတွေရှိပါတယ်။ သင့်အသားအရေ အိုမင်းရင့်ရော်မှုကင်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ Sunscreen လိမ်းပေးတာပဲဖြစ်ပါတယ်။
၂။ နေကာမျက်မှန်တပ်ပေးခြင်း
နေကာမျက်မှန်တပ်ပေးတာဟာ သင့်မျက်လုံးကို ကာကွယ်ပေးနိုင်ရုံသာမက သင့်မျက်လုံးနားတစ်ဝိုက်က အသားအရေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ ဝက်ခြံကိုဖြေရှင်းပါ
ဝက်ခြံဖြစ်ရင် ဝက်ခြံပျောက်အောင် အမြန်ဆုံး ကုသဖြေရှင်းဖို့လိုပါတယ်။ ဝက်ခြံမဖြစ်စေဖို့လည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အပြင်ကပြန်လာတာနဲ့ မျက်နှာပေါ်က မိတ်ကပ်ကိုသေချာပြောင်အောင်ဆေးပြီး မျက်နှာသေချာသစ်ပေးဖို့လိုအပ်ပါတယ်။
၄။ မိတ်ကပ်အများကြီးမလိမ်းပါနဲ့
မိတ်ကပ်အများကြီးလိမ်းတာဟာ သင့်အသားအရေကို အမြန်ဆုံးအိုမင်းရင့်ရော်စေသလို၊ ဝက်ခြံလည်းဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ထူထူမလိမ်းသင့်ပါဘူး။
၅။ အိပ်ယာမဝင်ခင် မျက်နှာသန့်စင်ပြီးသားဖြစ်နေပါစေ
မိတ်ကပ်လိမ်းလျက်သားနဲ့ အိပ်ယာဝင်တာမျိုး မလုပ်သင့်ပါဘူး။ သင်အိပ်ယာမဝင်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်အားလုံး သန့်စင်ပြီးသားဖြစ်နေသင့်သလို၊ Moisturizer လိမ်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။
၆။ ရေများများသောက်ခြင်း
ရေများများသောက်တာဟာ သင့်ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ အေရးပါတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးပါ။
၇။ မျက်နှာမသစ်ခင်လက်ဆေးပါ
မျက်နှာမသစ်ခင် လက်ကိုသေချာဆေးပေးသင့်ပါတယ်။ သင့်လက်မှာ ဘက်တီးရီးယားတွေနဲ့ ညစ်ပတ်နေတာကြောင့် လက်ကိုသေချာဆေးပေးပြီးမှ မျက်နှာကိုကိုင်တွယ်ပေးသင့်ပါတယ်။
၇။ မနက်တစ်ကြိမ် ညတစ်ကြိမ်မျက်နှာသစ်ပါ။
မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။ ညဖက်မှာ ခန္ဓာကိုယ်အတွင် ချွေးတွေထွက်၊ အဆီတွေပြန်တာကြောင့် မနက်ဖက်မှာ မဖြစ်မနေမျက်နှာသစ်ပေးသင့်သလို၊ ညဖက်အိပ်ယာ မဝင်ခင်လည်း မျက်နှာသေချာသစ်ပေးသင့်ပါတယ်။
၈။ သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်ပါ
၁ လတစ်ခါလောက်ပဲဖြစ်ဖြစ် သင့်အလှပြင်ပစ္စည်းတွေကို ဆေးကြောသန့်စင်တာမျိုး လုပ်ပေးသင့်ပါတယ်။ မိတ်ကပ်လိမ်းတဲ့ Brush တွေ၊ သင်နေ့စဉ်ထိတွေ့နေတဲ့ ဖုန်းတွေကို သန့်စင်ပေးပါ။
၉။ အိပ်ရေး၀၀အိပ်ပါ
အိပ်ရေးမဝရင် အသားအေရကို ထိခိုက်ပျက်စီးလွယ်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေး၀၀အိပ်ပါ။
၁၀။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာရေးအတွက်သာမက အသားအေရကိုလွပေစသလို ခန္ဓာကိုယ်ကိုလည်း ကျစ်လျစ်လှပစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပါ။
၁၁။ ပြုံးပါ
ပြုံးတာဟာ သင့်ကို အိုမင်းရင့်ရော်မှုကနေ တားဆီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ပြုံးဖို့မမေ့ပါနဲ့
Crd
25/08/2021
💁♂️ မြင်ရတာစိတ်ကြည်နူးဖို့ကောင်းတဲ့ ပန်းထိုးနည်း
(လှတယ်ဆိုရင် share လုပ်သွားကြပါ)
18/08/2021
💁♂️ အဆုတ်နဲ့ခြေထောက် သွေးခဲပိတ်ခြင်းမှကာကွယ်ရန် လုပ်ဆောင်ရမည့်အချက်များ
(လူအများသိအောင် share ပေးသွားကြပါနော်)
17/08/2021
💁♂️ ကိုယ်လက်လှုပ်ရှားမှုမရှိလို့ ဗိုက်မှာအဆီတွေစုပြီး ဗိုက်ခေါက်ကြီးတွေထွက်နေပါတယ်ဆိုတဲ့ ကိုကို၊မမတွေ လေ့ကျင့်ခန်းလေးတွေလုပ်ကြရအောင် 👯👯♂️
16/08/2021
💁♂️ Skincare Product လေးတွေအကြောင်း ဖတ်ပြီးမှ Skincare ဝယ်ကြမယ်.....🛍🛍🛍
12/08/2021
💁♂️ ဟေး.... ဘယ်အချိန်တွေမှာ Skincare လုပ်ကြလဲ
Skincare ကို ထိထိရောက်ရောက်လေးဖြစ်စေချင်ရင်
👇👇👇👇👇 ဖတ်ကြည့်သွားပါနော် 👇👇👇👇👇
11/08/2021
💁♂️ဟေး....... အမြဲတမ်းနုပြီးလှချင်ပါသလား 🤗
💁♂️ အချိန်တွေ၊နှစ်တွေ ဘယ်လောက်ကြာကြာ ခုထိနုနေတုန်းပဲနော်လို့ အမြဲချီးမွမ်းခံရဖို့ ဘာတွေလုပ်ကြရမလဲ 👇👇👇
06/08/2021
💁♂️ စိတ်ကြည်နူးစေမယ့် ပန်းကုထုံးလေးပါ၊ ဖုန်းထဲမှာ save ထားပြီး အမြဲကြည့်ပေးပါ အကျိုးတစ်ခုရစေမှာပါဗျ
Click here to claim your Sponsored Listing.
Category
Website
Address
Maymyo
05085