Lora Collagen'C myanmar
skin perfect
Lora လေးနဲ့ဗူးလေးနဲ့ လိုက်ဖက်နေမှု💜
25/10/2021
မင်မင့်pageကနေ Lora ဗူး
ဝယ်သူတိုင်းကို မင်မင်က လက်ဆောင်အနေဖြင့်
ဗူးလှလှ လေးတစ်ဗူးထည့်ပေးမှာနော်
ဗူးအရေအတွက်မကုန်ခင် မြန်မြန်လာမှာဖို့တော့
လိုမယ်နော် သဲတို့ရေ😘🙆
23/10/2021
ဝက်ခြံကင်းတဲ့ အသားအရေ ရရှိပိုင်ဆိုင်စေဖို့
---------------------------------------------------------------------
အပြစ်အနာအဆာကင်းတဲ့အသားအရေက စွဲဆောင်မှုတိုးစေတဲ့အရာတစ်ခုပေါ့။လေဒီလေးတွေထဲမှာတောင်မှ အသားအရေလေး ကြည်ကြည်လင်လင်လေးနဲ့လှနေတဲ့ လေဒီလေးတွေရဲ့အလှက လူကြားထဲမှာ ထင်းခနဲပေါ်တယ်နော်။ အသားအရေကို အဓိက ထိခိုက်စေတဲ့အရာတစ်ခုက ဝက်ခြံပါ။ ဒီတော့ ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးအတိုင်းလုပ်ကြည့်နော်။
ဝက်ခြံကင်းပြီး ကြည်လင်တဲ့အသားအရေလေးကိုပိုင်ဆိုင်စေဖို့
ဝက်ခြံက ပျောက်ရောပျောက်ပါ့မလားလို့ တွေးပူနေလား။ ဒါဆိုရင်တော့ အခုပြောတဲ့နည်းလေးတွေကိုသာ လိုက်နာကြည့်လိုက် ဝက်ခြံပျောက်မှာသေချာတယ်လို့ပြောပါရစေ။ ဒါပေမယ့် သတိထားရမှာတစ်ခုက ဝက်ခြံဆိုတာက နေ့ချင်း ညချင်းပျောက်သွားတဲ့အရာမဟုတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါမယ်။
နေထိုင်မှုပုံစံ
နေ့စဉ်နေထိုင်မှုပုံစံကလည်း ဝက်ခြံဖြစ်တဲ့အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့်ဝက်ခြံသက်သာစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။
တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိပါစေ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားစရာတွေကို တစ်နေ့ ၃ ကြိမ်စားသုံးပေးပါ။
ဝက်ခြံတွေကို မညှစ်ပါနဲ့။
နေလောင်ဒဏ်ကနေ ကာကွယ်ပါ။
ရေများများသောက်ပေးပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ဆံပင်တွေကို တစ်ပတ်နှစ်ကြိမ်လျှော်ပါ။
ခေါင်းအုံးစွပ်ပုံမှန်လဲပေးပါ။
အချိုကဲတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျော့စားပါ။
အသင့်စား၊ အမြန်စား အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပါ။
ကဖင်းနဲ့အယ်လ်ကိုဟောရှောင်ပါ။
ဆေးလိပ်နဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို တတ်နိုင်သမျှရှောင်ပါ။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေများများစားပေးပါ။
ချွေးပေါက်တွေကိုပွင့်အောင်လုပ်ပါ
မျက်နှာကို သန့်စင်အောင်သစ်ပြီး ရေနွေးငွေ့ခံပေးလို့ချွေးပေါက်တွေပွင့်အောင်လုပ်ပေးပါ။ ဆားဝက်ခြံတွေကို သက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။
အသားအရေနဲ့သင့်တော်မယ့် မျက်နှာသစ်ဆေးရွေးပါ
မျက်နှာသစ်ဆေး ရွေးတဲ့အခါ ဝက်ခြံအတွက်သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆေး ခပ်ပျော့ပျော့လေးကို သုံးတာ အဆင်ပြေဆုံးပါ။ အရမ်းပြင်းတဲ့ မျက်နှာသစ်ဆေးတွေက ဝက်ခြံမသက်သာစေတဲ့အပြင် အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဆဲလ်သေတွေဖယ်ရှားပါ
ဝက်ခြံဖြစ်ရတာက ဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်မှုန့်တွေပိတ်ဆို့နေတာကြောင့်ပါ။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ဆဲလ်သေတွေဖယ်ရှားပေးပါ။
မျက်နှာပေါင်းတင်ပါ
သဘာဝပစ္စည်းတွေနဲ့ဖြစ်ဖြစ် ဝက်ခြံအတွက်ထုတ်ထားတဲ့ မျက်နှာပေါင်းတင်တဲ့ Maskတွေနဲ့ဖြစ်ဖြစ် တစ်ပတ်ကို တစ်ကြိမ်လောက် မျက်နှာကိုပေါင်းတင်ပေးပါ။
ဘက်တီးရီးယားတွေ အန္တရာယ်ကနေကာကွယ်ပါ
ဝက်ခြံတွေကို ပိုဆိုးစေတဲ့အကြောင်းအရင်းနဲ့ ဝက်ခြံအမာရွတ်တွေကျန်စေခဲ့တဲ့အကြောင်းအရင်းက ဘက်တီးရီးယားဝင်ရောက်ကူးစက်တာပါ။ ဒါကြောင့် ဘက်တီးရီးယားကာကွယ်ပေးမယ့် လိမ်းဆေးလိုမျိုးဆေးတစ်ခုခုလိမ်းပေးပါ။
အဆီပိုတွေဖယ်ရှားပါ
ဆီစုပ်စက္ကူသုံးပြီးမျက်နှာပေါ်က ဝက်ခြံဖြစ်စေနိုင်တဲ့ အဆီပိုတွေကိုတစ်နေ့ကို အနည်းဆုံးတစ်ကြိမ်ဖယ်ရှားပေးပါ။
ဒါတွေအပြင် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ဖို့၊ ညအိပ်ရာဝင်ခါနီးတိုင်း မိတ်ကပ်တွေဖျက်ဖို့ မမေ့ပါနဲ့။ မိတ်ကပ်ဖျက်ဆေးကို အသုံးပြုဖို့လည်းမမေ့ပါနဲ့။ အဆီများတဲ့မိတ်ကပ်တွေကိုလည်း မသုံးပါနဲ့။
ကဲ..အခုပြောခဲ့တဲ့အချက်လေးတွေကို လိုက်နာလို့ ဝက်ခြံကင်းတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း……..
03/09/2021
Lora 💜
တစ်ဗူး သောက်ပြီးအရမ်းကြိုက်လို့ နောက်ထပ် ၃ဗူးတဲ့💜
17/08/2021
Skin Care ဆိုသည်မှာ.....
✅ကျွန်မတို့ နေ့တိုင်းပုံမှန်ထမင်းစားရသလိုပါ
အသားရေကိုလည်း နေ့တိုင်းပုံမှန်Skin Careရပါမည်
❌ထမင်းကို ၄ရက်စားလိုက် ၄ရက်မစားလိုက် ပုံမှန်မစားပါက အစာအိမ်စသောကျန်းမာရေးထိခိုက်စေသလို
❌အသားရေကောင်းစေဖို့ Skin Careကိုလည်း ၄ရက်လိမ်းလိုက် မလိမ်းလိုက် မပြုလုပ်သင့်ပါ
✅Skin Careဆိုသည်မှာ အသားရေကိုထိန်းသိမ်းခြင်းဖြစ်သည်
❌Skin Careလိမ်းလိုက်လို့ ချက်ချင်းအသားရေကောင်းသွားခြင်းမဟုတ်ပါ
❌အသားရေမြန်မြန်ကောင်းစေဖို့ Skin Careကိုပုံမှန်ထက်များများလိမ်းခြင်းမပြုလုပ်သင့်ပါ
✅Skin Careလိမ်းသောအခါ အရေးကြီးအဆင့်က မျက်နှာသန့်ရှင်းမူဖြစ်ပါသည်
❌မျက်နှာကိုသန့်ရှင်းမူမရှိပါက Skin Careကိုလိမ်းခဲ့လျှင် အဆီဖု ,ဝက်ခြံစသောပြသနာတွေ့ရှိနိုင်သည်
✅Skin Careကိုသုံးပြီး အသားရေကောင်းမွန်ဖို့ ကိုယ်ရဲ့အစားသောက်ပိုင်း နေထိုင်မူပိုင်းအစဂရုစိုက်ရပါမည်
❌အမြဲရှယ်စပ်သောအစားစားခြင်း ,ရာသီမမှန်,အိမ်ရေးမမှန်မူ အစ ...... အသားရေပျက်စီးမူအတွက်အားပေးမူဖြစ်သည်
✅အဆီပြန်,ဝက်ခြံရှိသူအတွက် Skin Careစလိမ်းဖို့ အသားရေသန့်ရှင်းမူနှင့် ရေဓာတ်ဖြည့်Maskအရင်သုံးသင့်သည်
❌အဆီပြန်သူအတွက် Skin Careလက်ခံနိုင်စွမ်းနည်းသောအခါ Maskအရင်မသုံးဘဲ Skin Careဖိလိမ်းပါကအဆီဖုထွက်တတ်ပါသည်
✅ မတူသောအသားရေမတူသောSkin Care သုံးနည်းပါရှင့်
မင်မင်ရဲ့ ချစ် customer လေးတွေအတွက် ပြန်ကူးယူပြီး မျှဝေပေးတာဖြစ်ပါတယ် 💚💚
15/08/2021
Scrub(ဂျေးချွတ်ခြင်း)အကြောင်း သိကောင်းစရာ…💆♀️❤️
Body Scrub ဆိုတာက..
Body Treatment သဘောမျိုးပဲ။
Body Scrubကို ဆယ်ကျော်သက်အရွယ်ကစပြီး သက်ကြီးပိုင်းတွေအထိ..လုပ်လို့ရတယ်။
Body Scrub တွေဟာ Lotion (သို့မဟုတ်) Cream တစ်မျိုးမျိုးနဲ့ရောစပ်ပြီးထုတ်လုပ်တတ်ကြတယ်။
တစ်ပတ်ကို..တစ်ကြိမ်ကနေ သုံးကြိမ်အထိ Scrub လုပ်လို့ရတယ်။
Scrub လုပ်ပေးခြင်းဖြင့်…💁💭
၁။ Skin သွေးလည်ပတ်မှုအားကောင်းတယ်။
၂။Dead Cell တွေကို အသိသာဆုံးဖယ်ပေးတယ်။
၃။ရေဓာတ်ဖြည့်ပေးတယ်။
၄။ချွေးပေါက်တွေထဲက
အညစ်ကြေးတွေအထိဖယ်ရှားပေးတယ်။
၅။အမဲစက်တွေကို ပျောက်စေတယ်။
၆။အမာရွတ်တွေကိုသက်သာစေတယ်။
Scrub မှာ.. Body Scrub နဲ့ Face Scrub ဆိုပြီးနှစ်မျိုးရှိတယ်။Body Scrubတွေကို.. Faceမှာ မသုံးသင့်ဘူး။ဘာလို့ဆို…Body Scrub တွေက Face Scrub တွေထက်ကြမ်းတယ်။အဲ့အခါ..
မျက်နှာကနုတာကြောင့် အရေပြားမှာ အနာတရဖြစ်စေနိုင်လို့ပါ။
Sensitive Skin အတွက်ဆို....သဘာဝနည်းလမ်းလေးတွေလဲရှိတယ်နော်။
15/08/2021
📌ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဥ်လုပ်ပါ📌
📌📍 Credit 💳ဒေါက်တာအေးမင်းထူး📍📌
(၁) 🥰မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)
(၂) 📌ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။
(၃) 🥰အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။
(၄)📌 ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။
(၅) 🥰ကြက်ဥအကာကို ယူပြီး ချွေးပေါက်ကျယ်တဲ့နေရာမှာ ၁၅ မိနစ်လိမ်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ နေ့စဥ်လုပ်ခြင်းအားဖြင့် ၁-၃လအတွင်း အဆီပြန်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို သိသိသာသာသက်သာစေနိုင်တယ်။
အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။🥰
13/08/2021
သုံးရက်အတွင်း အမဲစက်ပျောက်နည်း
အမဲစက်ပျောက်နည်းထဲမှာ အာလူးကို အမြဲသုံးကြတယ်။ အာလူးက bleaching အရောင်ချွတ်တဲ့ အာနိသင်ရှိတယ်။ တငိးတိပ်မှာသုံးတဲ့ hydroquinone နဲ့ အာနိသင်တူတယ်။ ဘေးထွက်နည်းတယ်။ နောက်တမျိုးက ကြက်သွန်နီဖြစ်တယ်။ ဆာလဖာကြွယ်ဝတဲ့ ကြက်သွန်နီမှာ အမဲစက်၊အမာရွတ်ကို သက်သာစေတဲ့ အစွမ်းသတ္တိရှိတယ်။ ရှောက်ရည်က ဗီတာမင်စီ ကြွယ်ဝပြီး အသားအရေပြုပြင်ပေးတယ်။ အင်တီအောက်စီးဒင့်အာနိသင်ရှိလို့ အသားဖြူစေတယ်။ ဆဲလ်သစ်ဖြစ်ဖို့ အားပေးတယ်။ မျက်နှာအမဲစက်အတွက် ဒီပစ္စည်းသုံးမျိုးကို အချိုးညီညီ သုံးစွဲရမယ်။
အာလူးသီး - တလုံး
ကြက်သွန်နီ - တခြမ်း
ရှောက်သီးရည် - တခြမ်း
အားလူးသီးတလုံးကို အခွံသင်ပြီး အစိတ်ကလေးတွေလုပ်ပါ။ ကြက်သွန်နီတခြမ်းကို ယူပြီး အလားတူအစိတ်ကလေးတွေလုပ်ပါ။ အာလူးနဲ့ ကြက်သွန်နီကို ရောပြီး blender နဲ့ တသားတည်း ကြိတ်ပါ။ ရလာတဲ့အရောကို ရှောက်သီးရည် ညှစ်ထည့်ပါ။ paste(ခပ်ပြစ်ပြစ်)ရလာလိမ့်မယ်။ ဒီpasteကို မျက်နှာအမဲစက်၊အမဲကွက်နေရာမှာ စက်ဝိုင်းပုံ လိမ်းရမယ်။ မိနစ်နှစ်ဆယ်ထားပါ။ ပြီးရင် မျက်နှာပြန်သစ်ပါ။ ရေခပ်နွေးနွေးသုံတာ ပိုကောင်းတယ်။ သုံးညဆက်တိုက် လုပ်ရုံနဲ့ မျက်နှာအမဲစက်၊အမဲကွက်တွေ သိသိသာသာ သက်သာစေနိုင်တယ်။
credit
13/08/2021
🤗 ဝက်ခြံ အကြောင်းအမေးများနေလို့ sharing လုပ်ပေးလိုက်ပီနော်
🤗 နောက်နေ့ ဆောင်ရန် ၊ ရှောင်ရန် လေးတွေ လာမယ်နော် 💌💌💌
All about Acne: အလှဖျက်တဲ့ဝက်ခြံတွေအကြောင်း
Definition☘:
ကျွန်တော်တို့ရဲ့အရေပြားမှာ sebumလို့ခေါ်တဲ့အဆီထုတ်တဲ့ sebaceous glandရှိတယ် အဲ့ sebaceous glandက hair follicleကနေ ထွက်လာတဲ့ hair နဲ့ အရေပြားကို အစိုဓာတ်ပေးဖို့အတွက် sebum/oil ထုတ်တယ် အဲ့sebumနဲ့ dead skin cellsတွေ hair follicleထဲမှာ ပိတ်လို့ဖြစ်လာတဲ့ skin conditionကို ဝက်ခြံလို့ခေါ်ပါတယ်🎯 ဝက်ခြံကိုတနည်းအားဖြင့် acne vulgarisလို့လဲခေါ်ပါတယ်🎯 ဝက်ခြံဟာ များသောအားဖြင့်ဆယ်ကျော်သက်(teenager)တွေမှာ အဖြစ်များပါတယ်👨 အသက်20ကျော်ရင် အလိုလိုသက်သာသွားတတ်ပါတယ်❤ဆယ်ကျော်သက်တွေသာမက အသက်အရွယ်မရွေး ဝက်ခြံပြဿနာကြုံတွေ့ရနိုင်ပါတယ်🍁
Types of Acne☘:
ဝက်ခြံအမျိုးအစား (6)မျိုးရှိပါတယ်🤧
1 Whitehead (အဆီဖု)
2 Blackhead (ဆားဝက်ခြံ)
3 Papule (ပြည်မပါသော ဝက်ခြံအနီဖု)
4 Pustule (ပြည်ဝက်ခြံ )
5 Nodule (ဆင်ဝက်ခြံ)
6 Cyst (ဝက်ခြံအကြိတ်)
ဒီခြောက်မျိုးထဲမှာ Whitehead, blackheadကလွဲပြီး ကျန်လေးမျိုးကို Inflammatory Acne (ရောင်ရမ်းဝက်ခြံ)လို့ခေါ်ပါတယ်🎯 hair follicleထဲမှာ ပိတ်နေတဲ့အဆီတွေ dead skin တွေနဲ့ အရေပြားပေါ်မှာ normally ရှိတဲ့ harmless bacteriaနဲ့ပေါင်းပြီး
Infection, Inflammationဖြစ်တာကို Inflammatory acne (ရောင်ရမ်းဝက်ခြံ) လို့ခေါ်ပါတယ်📌
Causes of Acne☘:
ဝက်ခြံဖြစ်စေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်🔍
-အဆီဂလန်းက အဆီတွေပိုထုတ်လို့ ဖြစ်နိုင်တယ်
-Hormone imbalance ကြောင့် ဖြစ်နိုင်တယ်
-မတည့်တဲ့cosmeticတွေသုံးမိလို့ ဖြစ်နိုင်တယ်
-စိတ်ဖိစီးလို့ ဖြစ်နိုင်တယ်
-ကိုယ်စားလိုက်တဲ့ အစားအသောက်ကြောင့် ဖြစ်နိုင်တယ်
-Steroid, lithium စတဲ့ဆေးတွေသောက်နေရလို့လဲ ဖြစ်နိုင်တယ်
-အရေပြားပေါ်မှာ pressure/friction ဖြစ်စေတဲ့အရာတွေ ဝတ်လို့ဖြစ်နိုင်တယ်
-မျိုးရိုးလိုက်လို့လဲ ဖြစ်နိုင်ပါတယ်
Treatment☘:
ဝက်ခြံကုတဲ့နေရာမှာ သောက်ဆေး,လိမ်းဆေး နဲ့ ထိုးဆေးဆိုပြီးရှိပါတယ်🌿
🌿လိမ်းဆေးအနေနဲ့
-Benzoyl peroxide
-Salicylic acid
-Azelaic acid
-Retinoids (vitamin A derivatives)
-Antibiotic (clindamycin) စတာတွေလိမ်းလို့ရပါတယ်
အကုန်လုံးထဲမှာ Retinoids နဲ့ Benzoyl peroxide ကို ဆရာဝန်ညွှန်ကြားမှပဲ သုံးစေချင်ပါတယ်✖ အရမ်းပြင်းပြီး side effects များလို့ပါ🌚
သောက်ဆေးလဲ ထိုနည်း၎င်းပါပဲ ဆရာဝန်မညွှန်ကြားပဲ လျှောက်သောက်လို့ မရပါဘူး✖ သောက်ဆေးအနေနဲ့ Antibiotics, Isotretinoin စတာတွေ သောက်ရလေ့ရှိပါတယ်🤗
အရမ်းရောင်ရမ်းပြီးနာတဲ့ ဝက်ခြံမျိုးဆိုရင် ဆေးခန်းတွေမှာ Steroid injectionလုပ်လို့ရပါတယ်🤓
ဝက်ခြံအကြောင်းကတော့ ဒီလောက်ပါပဲ😘
ဖတ်လို့ အဆင်ပြေရင် like & share လေးလုပ်ပေးပါ🙏
Nyi ဒီနေ့ ရေးတဲ့ topicက ချဲ့ရင်ချဲ့သလောက်ရပေမဲ့ မချဲ့တော့ပါဘူး😃 ပါးစပ်နဲ့ ဘာသုံးဘာသုံးပြောရတာလွယ်ပေမဲ့ ဝက်ခြံကုရတာ တကယ်ခက်ပါတယ် အချိန်ကုန်တယ် ငွေကုန်တယ် စိတ်ဆင်းရဲရတယ် ငါလုပ်နေတာဟုတ်ရောဟုတ်ရဲ့လား ဘယ်အချိန်ပျောက်မှာလဲ ပိုဆိုးသွားမှာလား အဲ့လိုသိုလောသိုလောနဲ့ လပေါင်းများစွာစိတ်ဆင်းရဲမခံပါနဲ့ အရေပြားဆရာဝန်သာသွားပြလိုက်ပါ👨⚕️အချိန်တိုတို အကုန်အကျနဲနဲနဲ့ ဝက်ခြံပျောက်ချင်ရင်ပေါ့✌
That's all for today, bye👋
09/08/2021
ဒီနေ့တော့မင့်မင့်ကိုခနခနလာမေးနေကြတဲ့အမေးများတဲ့မေးခွန်းလေးဖြေပေးပါမယ်နော်🤔
မေး။ ။အဆီဖုတွေပေါက်နေလို့ ဘာလုပ်ရမလဲ?
ဘာလုပ်ရမလဲ မပြောခင် ဘာကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်
*အဆီဖုတဲ့ရအကြောင်းအရင်း*
*မိတ်ကပ်လိမ်းပြီး မိတ်ကပ်ကိုသေချာပြောင်အောင်မဖျက်ခြင်း
*သနပ်ခါးလိမ်းပြီး double cleansing မလုပ်ခြင်း။
*suncream မလိမ်းပဲ အပြင်ထွက်ခြင်း။
*မျက်နှာကိုသေချာပြောင်စင်အောင်မသစ်ပဲအိပ်ရာ၀င်ခြင်း။
*ရေနည်းနည်းသောက်ခြင်း။
*အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများခြင်း။
(လေထုထဲကအညစ်အကြေးဖုန်မှုန့်တွေကြောင့်လဲချွေးပေါက်ပိတ်ဆို့ပြီး အဆီဖုတွေဖြစ်လာနိူင်ပါတယ်)
အဆီဖု အဖြစ်အများဆုံးနေရာတွေကတော့
နဖူး မျက်လုံးအောက်ဖက်နဲ့ မေးစေ့တစ်ဝိုက်ပဲဖြစ်ပါတယ်။
စိတ်ဖိစီးမှုများခြင်းကြောင့်နဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လဲ အဆီဂလင်းတွေပိုမိုပြီးအလုပ်လုပ်ရာကနေအဆီထုတ်လုပ်မှုများပြီးတော့ ချွေးပေါက်တွေပိတ်ဆို့ရာကနေ မျက်နှာပေါ်မှာရှိနေတဲ့ဆဲလ်သေတွေက အပြင်သို့မထွက်နိုင်တဲ့အခါ အဆီဖုတွေဖြစ်လာရပါတယ် ။
🚫လိုက်နာရမည့်အချက်များ🚫
*မိတ်ကပ်ကိုပြောင်စင်အောင်ဖျက်ပါ။
*မိတ်ကပ်မဖျက်ပဲ အိပ်ရာမ၀င်ပါနဲ့ ။
*မိတ်ကပ်မလိမ်းတဲ့နေ့လဲမျကိနှာကိုသေချာသန့်စင်ပေးဖို့လိုအပ်ပါတယ် ။
*ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၀င်နေနိူင်တာကြောင့် လုပ်ပေးရပါမယ်။
*တစ်ပတ်နှစ်ကြိမ်မျက်နှာကို scrub တိုက်ပေးပါ ။
*အပြင်သွားတိုင်း Sunscreen လိမ်းပေးပါ။
*စိတ်ဖိစီးမှုလျော့ချပါ။
*ရေများများသောက်ပါ ။
*အဆီအဆိမ့်အချိူ သကြားနို့ ရှောင်ပါ။
*မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်းရှောင်ပါ။
*ဆံပင် နဲ့ အိပ်ယာခင်းများကိုသန့်စင်အောင်ထားပါ။
🏠အိမ်တွင်းကုသရမည့်နည်းလမ်း 🏠
ရေနွေးငွေ့နဲ့မကြာခဏပေါင်းတင်ပါ။
ရေနွေးပွက်ပွက်ဆူတာကို ဇလုံတစ်ခုထဲကိုထည့်ပါ ။
ထွက်လာတဲ့အငွေ့ကိုမျက်နှာအပ်ပြီးခံပါ။
အရမ်းနီးကပ်ဖို့ မလိုပါဘူး ။
ကိုယ်ခံနိုင်သလောက် အနေအထားကနေ အငွေ့အပြင်ကိုမထွက်စေဖို့ တဘတ် ခေါင်းမြီးခြုံ ပြီး အငွေ့ခံပါ။
ရေနွေ့းငွေ့ခံပြီး အသုံးပြုရင် ပိုပြီးရလဒ်ကောင်းပါတယ်. ပြီးရင်တော့ တိုနာ ပြန်လိမ်းပေးထားဖို့လိုအပ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
07/08/2021
အညာဒေသ မိုးခေါင်ဒေသ အရမ်းပေါပါတယ် ဆေးဖတ်ဝင်မှန်းခုမှသိတယ်
ဆီးချို နှလုံး အစာအိမ်အူလမ်းကြောင်းရောဂါ အကုန်ကြိုတင်ကာကွယ်နိူင်သတဲ့
==============================
တဇောင်းဖူး or ပဒုမ္မာဖူး
🌵🌵🌵🌵🌵🌵🌵
အညာမှာ အခုချိန်အရမ်းပေါတဲ့ ရာသီစာလေးပါ။
ထဇောင်းဖူးကို အလည်ကခွဲ ဝတ်ဆံတွေထုတ် ကြိုက်သလိုလှီးပြီး တနေလောက် လှန်းထားပါ
နေလှန်းထားတဲ့ ထဇောင်းဖူးလေးတွေကို ရေဆေးစစ်ထားဒယ်အိုးမှာ ဆီပါးပါးထည့်ခရမ်းချဉ်သီးကိုအနှစ်ချ ငပိ ပုစွန်ခြောက်မှုန့် နဲနဲထည့်ပြီး ကြက်သွန်နီ ပါးပါးလှီးကြော်ငြုပ်သီးလေးကြိတ်ထည့်ပြီးရင် ထဇောင်းဖူးထည့် အပေါ့အငံထည့် ရပြီ သူ့အရသာကတော့ မှိုလေးလိုပေါ့ ။
ဆေးဖက်ဝင်တဲ့အပွင့်
ဆီချိုရောဂါကိုကာကွယ်ပေးနိုင်တယ်
သွေးတိုရောဂါကာကွယ်ပေးနိုင်တယ်
နှလုံး ရောဂါကာကွယ်ပေးနိုင်တယ်
အပွင့်ကိုပြုတ် အရည်သောက်ပါ
ဆီးချို သွေးချိုရောဂါကိုပျောက်ကင်နိုင်ပါတယ်
အစာအိမ်နဲ့အူလမ်းကြောင်းကိုရောဂါပိုးတွေကိုကာကွယ်ပေးနိုင်ပါတယ်။
Credit #
မင်မင်တို့အညာဒေသမှာပေါမှပေါဘဲ🥰🥰
Click here to claim your Sponsored Listing.
24/10/2021