Nan Pyo Madi - Pyin Oo Lwin

Nan Pyo Madi - Pyin Oo Lwin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nan Pyo Madi - Pyin Oo Lwin, Health/Beauty, May Myo, Maymyo.

Photos from Nan Pyo Madi - Pyin Oo Lwin's post 26/07/2026

နန်းပျိုမဒီ (97)အမျိုးသမီးများအဖွဲ့ရဲ့ တစ်လတစ်ကြိမ် ရောက်ရှိလာခဲ့တဲ့ စုပေါင်းအလှူ‌နေ့ရက်လေးဖြစ်‌သော ယနေ့ 26-07-2026 မှာ
ယခုလအတွက်ရည်ရွယ်လှူဒါန်းဖြစ်သောကျောင်းမှာ‌ ရွှေစင်မင်းသီလရှင်ကျောင်း၊ ရပ်ကွက်ကြီး (1)ဖြစ်ပါတယ်ရှင်။

နန်းပျိုမဒီရံပုံငွေမှစု‌ပေါင်းအများအလှူအ‌‌နေဖြင့် ဆန်အိတ်၊ဆီ၊ဆား၊ဆပ်ပြာမှုန့်အထုတ်ကြီးများနှင့် Tea mix အထုတ်များတစ်ဦးချင်းထပ်မံအားဖြည့်သောအလှူရှင်များအနေဖြင့် ဦးကြည်လှိုင် + ဒေါ်ကေသီခင်မိသားစုမှ အလှူငွေတစ်သိန်းနှင့် လစဉ်သုံးပစ်စည်းများ၊ ဦးမင်းမင်း‌ကျော် + ဒေါ်ခင်ခင်သူမိသားစုမှ ဆပ်ပြာမှုန့်အထုတ်ကြီး( 5 )ထုတ်၊ အချိုရည်ဗူး (5)ကတ် နှင့် အလှူငွေတစ်သိန်း၊‌ ဦးကျော်ကျော်မွန် + ဒေါ်မင်းမြတ်ဆွေမိသားစုမှ အလှူငွေ (5)သောင်း၊ဦးကျော်စွာ +ဒေါ်ခင်မိုမို့လွင်တို့မှ ကြက်သွန်နီများ၊တစ်ဦးချင်းထပ်မံထည့်ဝင်လှူဒါန်းသောအလှူငွေများနှင့်နန်းပျိုမဒီအဖွဲ့ရံပုံ‌‌ငွေမှလှူဒါန်း‌ငွေများစု‌ပေါင်းပြီး နဝကမ္မအလှူငွေ (650000)ကျပ် တို့အားရွှေစင်မင်းသီလရှင်ကျောင်းသို့လှူဒါန်းခဲ့ပါတယ်။
ယနေ့လှူဒါန်းမှုအစုစုကိုဝမ်းမြောက်ဝမ်းသာ သာဓု‌ခေါ်ဆိုနိုင်ပါစေရန်မျှဝေပေးပါတယ်ရှင်။🙏🙏🙏
နန်းပျိုမဒီမိသားစုများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာလို့၊ဆထပ်တိုးလှူနိုင်ပါစေရှင်။

Photos from Nan Pyo Madi - Pyin Oo Lwin's post 28/06/2026

ယနေ့ 28-6-2026‌ မဂ်လာရှိသောရက်လေးဟာ
နန်းပျိုမဒီ (97)အမျိုးသမီးများအဖွဲ့ရဲ့ တစ်လတစ်ကြိမ် ရောက်ရှိလာခဲ့တဲ့ စုပေါင်းအလှူ‌နေ့ရက်လေးပါရှင်။

ယခုလအတွက် ရွေးချယ်လှူဒါန်းဖြစ်သောကျောင်းမှာ ဗုဒ္ဓဓိတာကျောင်း၊ ရပ်ကွက်ကြီး (17)အနီးစခန်းဖြစ်ပါတယ်ရှင်။

နန်းပျိုမဒီရံပုံငွေမှစု‌ပေါင်းအများအလှူအ‌‌နေဖြင့် ဆန်အိတ်၊ဆီ၊ဆား၊ဆပ်ပြာမှုန့်၊ကြက်သွန်နီ၊တစ်ဦးချင်းထပ်မံအားဖြည့်သောအလှူရှင်များအနေဖြင့် ဦးမင်းမင်း‌ကျော် + ဒေါ်ခင်ခင်သူမိသားစုမှ ဆန်အိတ်၊ဆီ၊ဆပ်ပြာမှုန့်၊ အချိုရည်ဗူးများ၊ ဦးကြည်လှိုင် +ဒေါ်ကေသီခင် မိသားစုမှ အလှူငွေတစ်သိန်းကျပ်၊ ဦးသီဟန် + ဒေါ်အေးအေးငြိမ်းမိသားစုမှ ဆန်တစ်အိတ်နှင့်အမွေးတိုင်များ၊ တစ်ဦးချင်းထပ်မံထည့်ဝင်လှူဒါန်းသောအလှူငွေများနှင့်နန်းပျိုမဒီအဖွဲ့ရံပုံ‌‌ငွေမှလှူဒါန်း‌ငွေများစု‌ပေါင်းပြီး နဝကမ္မအလှူငွေ (540000)ကျပ် တို့အားဗုဒ္ဓဓိတာ‌ကျောင်းသို့လှူဒါန်းခဲ့ပါတယ်။
ယနေ့လှူဒါန်းမှုအစုစုကိုဝမ်းမြောက်ဝမ်းသာ သာဓု‌ခေါ်ဆိုနိုင်ပါစေရန်မျှဝေပေးပါတယ်ရှင်။🙏🙏🙏
နန်းပျိုမဒီမိသားစုများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာလို့၊ဆထပ်တိုးလှူနိုင်ပါစေရှင်။

Photos from Nan Pyo Madi - Pyin Oo Lwin's post 31/05/2026

31-05-2026
တစ်လတစ်ကြိမ် ရောက်ရှိလာခဲ့တဲ့ နန်းပျိုမဒီ (97)အမျိုးသမီးများအဖွဲ့ရဲ့ မဂ်လာရှိသောအလှူရက်လေးပါရှင်။

ယခုလအတွက် ရွေးချယ်လှူဒါန်းဖြစ်သောကျောင်းမှာ ပဇ္ဇောတာရုံကျောင်း၊ ရပ်ကွက်ကြီး (1)ဖြစ်ပါတယ်။

နန်းပျိုမဒီရံပုံငွေမှစု‌ပေါင်းအများအလှူအ‌‌ နေဖြင့် ဆန်အိတ်၊ဆီ၊ဆား၊ဆပ်ပြာမှုန့်၊ကြက်သွန်နီ၊နှင့်နဝကမ္မအလှူ‌ငွေ (3)သိန်းကျပ်၊တစ်ဦးချင်းထပ်မံအားဖြည့်သော
လစဉ်အလှူရှင်မဇင်မိသားစု (ဌေးဌေးကြွယ်ဆီဆိုင်)မှ ဆန်အိတ်၊ဆီ၊ဆား၊ဆေးအလှူ၊မသူဇာမိသားစုတို့မှလည်း ဆန်အိတ်နှစ်အိတ်၊ တစ်ဦးချင်းထပ်မံထည့်ဝင်လှူဒါန်းသောနဝကမ္မအလှူငွေများအား ပ‌ဇ္ဇောတာရုံကျောင်းသို့ လှူဒါန်းခဲ့ပါတယ်။
နန်းပျိုမဒီများအားလုံး
စိတ်ချမ်းသာကိုယ်ကျန်းမာလို့၊ဆထပ်တိုးလှူနိုင်ပါစေရှင်။

Photos from Nan Pyo Madi - Pyin Oo Lwin's post 26/04/2026

26-04-2026 နေ့လေးကတော့ နန်းပျိုမဒီအဖွဲ့ရဲ့တစ်နှစ်ပြည့်အလှူပွဲနေ့လေးဖြစ်ပါတယ်ရှင်
အလှူပွဲလေးကို သကျဓိတာကျောင်း ရပ်ကွက်ကြီး (7) ရွာသစ်ကလေးမှာကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။

တစ်နှစ်ပြည့်အလှူ‌လေးမှာ
သံဃာတော်ငါးပါးအား
သဃ်န်း၊ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခြင်း၊သီလရှင်ဆရာကြီးနှင့်ဆရာလေးများအား
လစဉ်အလှူဖြစ်‌သောဆန်၊ဆီ၊ဆား၊ဘုရားပန်း၊ဝတ္ထု‌‌ငွေ၊လှူဒါန်းဖွယ်ပစ္စည်းအစုံလင်နှင့်အတူ၊ ဆရာတော်သံဃာတော်များနှင့်သီလရှင်ဆရာကြီး ဆရာ လေးများကိုနေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

နန်းပျိုမဒီအဖွဲ့တစ်နှစ်ပြည့်အမှတ်တရအဖြစ်ကျောင်းဆောက်လုပ်ရန် အလှူငွေ(10)သိန်းကျပ်တို့ကိုလည်းအဖွဲ့ဝင်များအားလုံးရဲ့စုပေါင်းထည့်ဝင်လှူဒါန်း‌ ငွေဖြင့်ယနေ့ထပ်မံလှူဒါန်းနိုင်ခဲ့ပါတယ်ရှင်။

နန်းပျိုမဒီအဖွဲ့ နှင့်မိသားစုဝင်များစုံညီစွာတက်ရောက်ချီးမြှင့်ပေးခဲ့သော နှစ်ပတ်လည်အလှူမှတ်တမ်းလေးများအား နန်းပျိုမဒီအဖွဲ့ဝင်များနှင့်ခုနှစ်ရက်သား/သမီးများကြည်နူးပိတိဝမ်းမြောက်စွာဖြင့် သာဓု သာဓု သာဓုခေါ်ဆိုနိုင်ပါစေရန် မျှဝေပေးလိုက်ရပါတယ်ရှင်
🙏🙏🙏

Photos from Nan Pyo Madi - Pyin Oo Lwin's post 29/03/2026

ယနေ့၊
29-03-2026ခုနှစ်၊အတွက် နန်းပျိုမဒီအဖွဲ့မှလှူဒါန်းဖြစ်ခဲ့‌‌သောကျောင်းတိုက်ကတော့ အေးမြချမ်းသာ သီလရှင်ကျောင်းတိုက်(နန္ဒဝန်)ဖြစ်ပါတယ်ရှင်။

ယခုလိုတစ်လတစ်ခါ စုပေါင်းအလှူလေးမှာနန်းပျိုမဒီအမျိုးများအားလုံး စုစုစည်းစည်း ပျော်ရွှင်စွာနဲ့ အေးမြချမ်းသာသီလရှင်ကျောင်းသို့ ဆန်၊ဆီ၊ဆား၊ပန်း၊လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့်အတူဝတ္ထုငွေများပြည့်ပြည့်ဝဝလှူဒါန်းနိုင်ခဲ့ပါတယ်။

လစဉ်အလှူလေးဖြစ်‌မြောက်စေရန်အတွက်နန်းပျိုမဒီအဖွဲ့ဝင်များ၏စုပေါင်း‌ ရံပုံငွေမှမတည်အလှူ‌ငွေများ၊ တစ်ဦးချင်းစီ၏ထပ်မံထည့်ဝင်လှူဒါန်းမှု့များဖြင့်တစ်လလျှင်တစ်‌ကျောင်းလှူဒါန်းနိုင်ရန်ရည်မှန်းထားခြင်းဖြစ်ပါတယ်ရှင်။

ယခုလိုလစဉ်ကုသိုလ်ယူလှူဒါန်းပေးပါသော နန်းပျိုမဒီ အမများ ညီမလေးများနှင့်မိသားစုများ အလိုရှိရာများပြည့်စုံလို့ ယခုထပ်ပိုလှူဒါန်းနိုင်သူများလည်းဖြစ်ပါစေရှင်။
🙏🙏🙏🙏🙏

Photos from Nan Pyo Madi - Pyin Oo Lwin's post 22/02/2026

နန်းပျိုမဒီအဖွဲ့လေးရဲ့လစဉ်အလှူပြီးမြောက်အောင်မြင်ပြီးနောက် အစဉ်လာမပျက်ဒုတိယအစီအစဥ်အဖြစ်မမင်းမြတ်‌ဆွေမှညီအမများအားမုန့်များဖြင့်‌ဧည့်ခံကျွေးမွေးခဲ့ပါတယ်ရှင်🥰🥰🥰

Photos from Nan Pyo Madi - Pyin Oo Lwin's post 22/02/2026

နန်းပျိုမဒီညီအမများ ၏စုပေါင်းအလှူအဖြစ်22-2-‌2026 ခုနှစ်
ဖေဖော်ဝါရီလတွင်
မဟိန္ဒာရာမမိုးညိုကျောင်းသို့သွားရောက်လှူဒါန်းခဲ့သော အလှူမှတ်တမ်းအမှတ်တရများပါရှင်။

ယခုလိုလှူဒါန်းနိုင်ရန် လစဉ်ရံပုံငွေများလှူဒါန်းပေးသော အမျိုးများအားလုံး၊ခရီးဝေးရောက်နေသော်လည်း လစဉ်အလှူလေးသို့ထပ်မံအားဖြည့်လှူဒါန်းပေးပါသော မဇင် (ဌေးဌေးကြွယ်မိသားစု)၊ မသူနှင့်တစ်ဦးတစ်ယောက်ချင်းအနေဖြင့်ထပ်မံလှူဒါန်းပါဝင်ခဲ့သော မကေနှင့်အမ များအားလုံးပေး၍မကုန်လှူ၍မခန်းဆထပ်တိုးလို့ လှူနိင်ပါစေ၊ အလိုရှိရာများပြည့်စုံပါစေရှင်။

Photos from Nan Pyo Madi - Pyin Oo Lwin's post 30/01/2026

နန်းပျိုမဒီအဖွဲ့လေးရဲ့ ဇန်နဝါရီလအတွင်း ဒုတိယအကြိမ်မြောက်အလှူဖြစ်သောယနေ့ 30-01-2026 မူကြိုကျောင်းအလှူ အမှတ်တရလေးပါရှင်

သာဓု သာဓု သာဓု
🙏🙏🙏🙏🙏

Photos from Nan Pyo Madi - Pyin Oo Lwin's post 27/01/2026

နန်းပျိုမဒီအဖွဲ့၏ 24-01-2026 ခုနှစ် ဇန်နဝါရီလ စု‌ပေါင်းအလှူအဖြစ်
ပညာဝတီသီလရှင်ကျောင်း အင်သာရွာ (အောင်ချမ်းသာ)သို့ ယနေ့ အဖွဲ့မှသွားရောက်လှူဒါန်းခဲ့သောအလှူမှတ်တမ်းလေးဖြစ်ပါတယ်ရှင်၊ ယနေ့အလှူတွင်

1.နန်းပျိုမဒီအဖွဲ့မှ မတည်ငွေ 6 သိန်း
2.နန်းပျိုမဒီ ဦးဆောင်အမများမှ နေ့ဆွမ်းအလှူနှင့်
3.နန်းပျိုမဒီအဖွဲ့ဝင်များမှလည်း တစ်ဦးတစ်ယောက်ချင်းအလှူများဖြင့်
စုံစုံလင်လင်လှူဒါန်းခဲ့ပါပြီရှင်

နန်းပျိုမဒီ အဖွဲ့မိသားစုများအားလုံး အလှူရေစက်လက်နဲ့မကွာစိတ်ရှိတိုင်းလှူနိုင်ပါစေ၊ အလိုရှိရာများပြည့်စုံလို့ စီးပွားတိုးတက်ပါစေရှင်

Category

Website

Address

May Myo
Maymyo