Oasis-USA Cosmetics and Medicine-Meikhtila

Oasis-USA Cosmetics and Medicine-Meikhtila

Share

Hi,Welcome!We guarantee our products and price.

07/11/2021

🌟 DHEA 🌟

DHEAဆိုတာဟာ သဘာဝဟော်မုန်းဆေး ဖြစ်ပြီး
ပုံမှန်အားဖြင့် ခန္ဒာကိုယ်အတွင်းမှာ အများဆုံးရှိနေတဲ့ ဟော်မုန်းဖြစ်ပါတယ်။
သို့သော် အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဒာကိုယ်အတွင်း DHEA level ဟာ လျှော့နည်းလာတတ်ပါတယ်။ ဒီ့အတွက် DHEA supplement ကို သောက်သုံးခြင်းအားဖြင့် ဖြည့်တင်းပေးနိုင်ပါတယ်

DHEA ကို သောက်သုံးခြင်းအားဖြင့်

ခန္ဓာကိုယ်အတွင်း လျှော့နည်းလာတဲ့ DHEA ဟော်မုန်းlevel ကို ထိန်းညှိပေးခြင်း ဒါ့အပြင် အခြားသောဟော်မုန်းများကိုလည်း ထိန်းညှိပေးခြင်းကျန်းမာသော ကိုယ်အလေးချိန်ကိုထန်းညှိပေးပြီး တောင့်တင်းသန်မာသော ကြွက်သားများကို ရရှိစေနိုင်ခြင်း
စိတ်ပိုင်းဆိုင်ရာအခြေအနေများကို ကောင်းမွန်စေခြင်း၊
စိတ်ကျခြင်းကို သက်သာစေပြီး ဦးနှောက် အတွက် အကျိုးပြုစေခြင်း။
ကိုယ်ခံစွမ်းအားကောင်းမွန်စေပြီး နှလုံးနဲ့သွေးလည်ပတ်မှုကိုလည်း အထောက်အကူပြုခြင်း
သက်ကြီးရွယ်အိုများအတွက် အရေပြားကို ပိုမိုကောင်းမွန်စေပြီး အရိုးပွရောဂါ ဖြစ်ပွားခြင်းမှ လျှော့ချပေးခြင်း။
ခန္ဓာကိုယ် အဆီဓာတ် လျော့နည်းစေပြီး၊ အဝလွန်ခြင်းမှ
ကာကွယ်ပေးခြင်း စတဲ့ကောင်းကျိုးတွေမျစွာကို ရရှိမှာပဲဖြစ်ပါတယ်
တနေ့ကို တစ်လုံး သို့မဟုတ် ဆရာ၀န်ညွှန်ကြားချက်အတိုင်းသောက်သုံးနိုင်ပါတယ်
DHEA level ဟာ ခန္ဒာကိုယ်အတွင်း မနက်၆နာရီနဲ့ နေ့လည် ၁နာရီကြားမှာ မြှင့်တက်လာတဲ့အတွက်
ထိုအချိန်ကြားမှာအစာနဲ့အတူတွဲသောက်လျှင်
ပိုကာင်းသည်ဟုဆိုပါသည်

Credit to Original

07/11/2021

🔸 Carnitine (အမိုင်နိုအက်ဆစ်) ဆိုတာခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီများကို ဆဲလ်အတွင်းရှိ စွမ်းအင်ထုတ်ပေးတဲ့ စက်ရုံ (mitochondria) ဆီပို့ဆောင်ပေးပြီး အဆီကို စွမ်းအင်အဖြစ်ပြောင်းပေးခြင်းလုပ်ငန်းကိုလုပ်ဆောင် ပေးပါတယ်။ Glutathione ပမာဏကို များလာစေပြီးခုခံအားမြင့်တက်စေတယ်၊ ကိုယ်ခန္ဓာ Detox ပြုလုပ်ခြင်းမှာလည်းအကူအညီပေးတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ သိုင်းရွိုက်ဟိုမုန်းများ ခန္ဓာကိုယ်တွင်းရှိဆဲလ်များအတွင်းသို့ ဝင်ရောက်ခြင်းကိုလဲ L- carnitine က တားဆီးပေးပါတယ်။

🔸 Carnitine (အမိုင်နိုအက်ဆစ်) ကို သဘာဝအားဖြင့် ကိုယ်ခန္ဓာမှ ထုတ်ပေးနိုင်ပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး နှင့် နို့ထွက်ပစ္စည်း တွေမှလည်း ရရှိနိုင်သလို အသက် ၃၀ ကျော်လာတဲ့အခါ လှုပ်ရှားမှုနည်းသွားပြီး Carnitine ပမာဏထုတ်လုပ်နိုင်စွမ်း ကျဆင်းကာအဆီပိုတွေ စုမိလာပါတယ်။

L Carnitine ကိုများသောအားဖြင့် . . . . . .
▪️အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းသူများ
▪️အရက်ကြောင့် မှတ်ဉာဏ်ချို့ယွင်းသူများ
▪️အာရုံကြောနာကျင်နေသူများ
▪️အေဇိုင်းမားရောဂါများ
▪️အမျိုးသားစွမ်းအင်ကျဆင်းနေသူများ အတွက်သောက်သုံးနိုင်သလို

🔸 အားကစားသမားများအတွက်လဲ ကြွက်သားပျက်စီးခြင်းကို သက်သာစေတယ်၊ Hyperthyroidism ကြောင့်ဖြစ် သော ရင်တုန်ခြင်း နှင့် သွေးခုန်နှုန်းမြန်ခြင်းတွေကို L- carnitine က သက်သာ စေပါတယ်၊ မနက်စောစော အစာမရှိချိန် သောက်သုံးလျှင် အဆီပိုတွေကျစေတယ် (တစ်ပတ်အနည်းဆုံး ၃ ကြိမ်နဲ့ တစ်ကြိမ် မိနစ်သုံးဆယ်ခန့် လေ့ကျင့်ခန်းလုပ်နိုင်လျှင်ပိုထိရောက်ပါတယ်) ဒါကြောင့် ဖြည့်စွက်သောက်သုံးသင့်ပါတယ်ခင်ဗျာ။
➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖
☑️Dosage and Use
တစ်ရက်ကို (၁) လုံးအစာမရှိချိန် သောက်သုံးပါ၊ လိုအပ်လို့သောက်လျှင်လည်း (၄) လုံးထက်ပိုမသောက်သင့်ပါ (သို့) ဆရာ၀န် နှင့်တိုင်ပင်ပြီးသောက်သုံးနိုင်ပါတယ်။

❎ Precaution
ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာအိမ်နာခြင်း၊ ပျို့အန်ခြင်း၊အာခေါင်ခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂနာမငြိမ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ၊ အတက်​ရောဂါ (seizures) ရှိသူတွေအနေဖြင့်လဲ သောက်သုံးရန်မသင့်ပါ။
➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖

Credit to Original

07/11/2021

🌟MAGNESIUM🌟

Magnesium ဟာ Vitamin D ကဲ့သို့ နာတာရှည်ရောဂါများ မဖြစ်ရန်အတွက် အလွန် အရေးကြီးသော သတ္တုဓာတ် ဖြစ်ပါတယ်။

မဂ္ဂနီစီယမ် ကြွယ်ဝသော အစားအစာများမှာ
ဟင်းနုနွယ်၊ မတ်ပဲညို၊ ပဲတီ၊ ဗာဒံစေ့၊ သီဟိုစေ့၊ အာလူး၊ ဖရုံစေ့၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်း၊ နာနတ်သီး

၁။ အာရုံကြောတို့ကို သက်တောင့်သက်သာ ရှိစေသည်။ စိုးရိမ်သောက နည်းစေရန် အားပေးကူညီသည်။
၂။ စိတ်မတည်ငြိမ်ခြင်းကို ငြိမ်သက်စေရန် ကူညီပေးသည်၊ ကြွက်သားများကို ဖြေလျော့ပေးသည်၊ အိပ်ပျော် လွယ်စေသည်
၃။ ဝမ်းချုပ်ခြင်းကို သက်သာစေသည်။
၄။ ကြွက်သားများ ကိုက်ခဲခြင်းနှင့် အကြောဆွဲခြင်းတို့ကို သက်သာစေသည်။
၅။ ကယ်လစီယမ်နှင့် ပိုတက်စီယမ် ပမာဏတို့ကို ထိန်းညှိပေးသည်။ အရိုးပွ ရောဂါကို ကာကွယ်ပေးသည်။
၆။ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်
၇။ သွေးတိုးခြင်းကို ကာကွယ်ပေးသည်။
၈။ ခေါင်းတခြမ်းကိုက်ခြင်းများကို ကာကွယ်ပေးသည်။
၉။ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးခြင်း ၊လေဖြတ်ခြင်း၊ အသက်ကြီးမှ ဖြစ်သော ဆီးချို၊ ပန်းနာရင်ကြပ် ကာကွယ်ပေးသည်
၁၀။ အားကစား လုပ်သူများ Magnesium ချို့တဲ့ပါက ရုတ်တရက် သေဆုံးတတ်သည်၊

Magnesium ကို မှန်မှန် လုံလုံ လောက်လောက် သောက်သူများ ကင်ဆာရောဂါ ဖြစ်နိုင်တဲ့ အလားအလာ ကျဆင်းသွားခြင်းကို တွေ့ရပါတယ်။

အလွန် ထင်ရှားတဲ့ သုတေသန တစ်ခုမှာ တွေ့တာကတော့ အလွန်ဆိုးတဲ့ ကင်ဆာ ဖြစ် တဲ့ pancreatic cancer ရယ် အူမကြီး ကင်ဆာရယ် အလွန် အဖြစ် နည်းသွားတာကို တွေ့ရပါတယ်တဲ့။

Magnesium ချို့တဲ့နေသူများမှာ Pancreatic cancer risk က 76% တက်သွားပါသတဲ့။

သောက်သင့်တဲ့ ပမာဏကတော့ 400mg per day ဖြစ်ပါတယ်။

Magnesium Ascorbate ကတော့ အယ်ကာလိုင်း Vitamin C အဖြစ်သာ သောက်ကြပါတယ်

ဝမ်း ပုံမှန်သွားသူတွေက Magnesium malate or citrate or Glycinate သောက်သင့်ပြီး ဝမ်းချုပ်သူကတော့ Life Extension က ထုတ်တဲ့ Magnesium Cap ကို သောက်သင့်ပါတယ်

ကျောက်ကပ် မကောင်းလို့ ဆီးဆိပ် (creatinine) တက်နေသူတွေ မသောက်သင့်ပါဘူးရှင့်

A Better Health & Original Writer

07/11/2021

🌟Vitamin K2🌟

🌀Vitamin D & K ထဲမှာ Vitamin D3 125 mcg , Vitamin K 2100 mcg ရယ် iodine 1000 mcg ပါ၀င်ပါတယ်။ တစ်နေ့တစ်လုံးသောက်ပေးခြင်းဖြင့်ဦးနှောက်ကိုတိုးတတ်စေတယ် ၊ အရိုးအဆစ်‌တွေကို ကျန်းမာသန်စွမ်းစေတယ်၊ Calcium ဓါတ်ကိုထိန်းညှိပေးတယ်၊ နှလုံးသွေးကြောဆိုင်ရာ‌ရောဂါလက္ခဏာတွေ‌သက်သာစေပါတယ် ၊ အဆီတတ်တာထိန်း‌‌ပေးကာလှပစေပါတယ်။

🌀Low dose Vitamin K2 Mk-7 (45 mcg) လေးကသွေးကြောမျှင်လေးတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာရေးကိုအထောက်အကူပြု‌စေတယ်၊ Calcium ဓါတ်ကိုသွေးထဲကနေအပြင်ရောက်အောင်ကူညီလုပ်ဆောင်ပေးလို့ နှလူံးသွေးကြောဆိုင်ရာ ရောဂါတွေကိုသက်သာစေတယ်။ တစ်နေ့တစ်လုံးသောက်သုံးပေးရပါမယ်။ ပုံမှန် K ထက်လဲဆေးရဲ့အာနိသင်ကိုပိုပြီးရရှိစေပါတယ်။

🌀Super K ကတော့ Vitamin K အမျိုးကွဲ 3 မျိုးနဲ့
ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ အစိမ်းရောင်အပင်တွေရဲ့
Plant Cells ကနေရတဲ့ Vitamin K1 ရယ် ၊ Vitamin K2 (Mk-7) နဲ့ (Mk -4) ဆိုပြီးပေါင်းစပ်ထားပါတယ်။ အရိုး‌တွေ‌ကျန်းမာမယ် ၊ သွေးကြောတွေလည်ပတ်အားကောင်းမယ်၊ Calcium ကိုမျှတာစွာလုပ်ဆောင်ပေးမယ် ၊ နှလုံးသွေးကျဉ်းတာတွေကိုသက်သာပျောက်ကင်းစေမယ်။ အစာနဲ့ တစ်နေ့တစ်လုံးသောက်သုံးပေးရပါမယ်။

Credit to Original

07/11/2021

🌟Zinc🌟

Zinc က သင်္ကေတ Zn လို့ သုံးပါတယ်။ Zinc က mineral ပါ။သူက သဘာဝ အဖျားပျောက်ဆေးလည်းဖြစ်ပါသည်။ Zinc က ကျားဟိုမုန်း ထုတ်ပေးတဲ့ နေရာမှာပါပါတယ်။ ဆဲလ် ကြီးထွားစေတယ်။ ဆဲလ်လ် ပျက်စီးတာကို ပြုပြင်တယ်၊အစာချေစနစ်အထောက်အကူပြုတယ်၊ခုခံစွမ်းအားမြင့်တက်စေတယ်။

Zinc ကြွယ်ဝစွာပါတဲ့ အစာတွေက သိုးသား၊ အမဲသား၊ သီဟိုဠ်စေ့၊ ဖရုံစေ့၊ ဒ်ိန်ချဉ်၊ ကီဖာ၊ ကြက်သား၊ ကြက်ဆင်သား၊ ဥအမျိုးမျိုး၊ မှိုအမျိုးမျိုး၊ ဆာမွန်ငါး တို့ ဖြစ်ပါတယ်။ Grain,legumes တွေမှာလည်း zinc ပါပါတယ်။ဒါပေမယ့် အသင့်ရောင်းတဲ့ အစာတွေမှာ phylate ပါခဲ့ရင် zinc စုပ်ယူနိုင်မှု ပြသနာရှိနိ်ုင်တယ်။ ဒါကြောင့် grain တွေ၊ legumes တွေစားလည်း စုပ်ယူမှု ပြသနာရှိနေတော့ အသားကသာ zinc အများဆုံးရနိုင်တာပါ။

Zincကို ခန္ဓာကိုယ်က မသိုလှောင်ထားနိုင်ပါဘူး။ ဒါကြောင့် zinc ပါတဲ့ အစာကို မစားဘူးဆိုလျှင် zinc ချို့တဲ့ သွားနိုင်ပါတယ်။ Zinc ဓာတ်ချို့တဲ့လျှင်
* စားချင်တဲ့ အစာပြောင်းသွားတယ်၊ချိုလွန်းတာတွေ၊ငန်လွန်းတာတွေ အာသီသပိုရှိလာမည်။
* အရသာခံတာ၊အနံခံတာပြောင်းသွားတယ်၊
* ကိုယ်အလေးချိန်ပြောင်းသွားတတ်တယ်။
* ဆံပင်ကျွတ်မည်။
* အစာခြေတာ ပြသနာရှိမည်၊ဝမ်းခဏခဏသွားမည်။
* နာတာရှည် မောပန်းနေမည်။
* သားသမီးမရနိုင်ဘူး။
* အမျိုးသမီးရာသီနဲ့ဆိုင်တဲ့ရောဂါပိုဖြစ်မည်။
* ခုခံအားနည်းတတ်တယ်။
* အနာကျက်နှေးမည်။
* အာရုံစိုက်မရဘူး။ သတိမေ့မည်။ အာရုံကြောမကောင်းဖြစ်တတ်တယ်။

Zinc ၏ ကျန်းမာရေးကောင်းကျိုးများ

1. Zinc က လွယ်လွယ်ဝယ်လို့ရတဲ့ သဘာဝ အဖျားပျောက်ဆေးပါ။ ငါးလလောက် zinc ဖြည့်စွက်စာသောက်ထားလျှင် ဖျားဖို့ ခက်ပါတယ်။ ဖျားနေတုန်း zinc ဖြည့်စွက်စာသောက်လျှင် မြန်မြန်အဖျားပျောက်ပါတယ်။ အိန္ဒိယနိုင်ငံ ဆေးပညာသင်ကြားရေး စင်တာ ( the Medical Education Center of Chandigarh India )က ပြုလုပ်တဲ့သုသေတနမှာ zinc သောက်ပြီး ၂၄ နာရီအတွင်း အဖျားသက်သာသွားတယ်ရေးပါတယ်။

2. Zinc က သိပ်ကောင်းတဲ့ အရောင်ကျဆေးဖြစ်တဲ့အပြင် antioxidant တစ်ခုလည်းဖြစ်တာကြောင့် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်ရေးပါတယ်။ မီချီကန် ဆေးတက္ကသိုလ်က သုသေတနတစ်ခုမှာ zinc သောက်ထားတဲ့ သူက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ oxidative stress ကို ခံနိုင်ရည်ရှိတယ်ပြောပါတယ်။

3.Zinc က ကျားဟိုမုန်း ( testosterone ) ကို သဘာဝ အတိုင်းမြင့်တက်စေပြီး အမျိုးသမီး ၊ အမျိုးသားနှစ်ဦးလုံးကို အကျိုးရှိစေပါတယ်။ မ ဟိုမုန်း အပေါ် အကျိုးသက်ရောက်မှုရှိပြီး မ မျိုးဥ ထုတ်လုပ်ခြင်း နှင့် မျိုးဥ ကြွေခြင်းကိုကူညီပေးပါတယ်။ Estrogen နှင့် progesterone ထုတ်လုပ်မှုမှာ ပါဝင်ပြီး မျိုးပွားကျန်းမာရေးကို အကျိုးပြုပါတယ်။

4. ကျား ဟိုမုန်း ( testosterone ) ကို ထိန်းညှိပေးတာကြောင့် အမျိုးသားများ သန္ဓေအောင်ခြင်း နှင့် လိင်စိတ်တက်ကြွခြင်းတို့ မှာ အရေးပါပါတယ်။ Wayne တက္ကသိုလ်ရဲ့ ဆေးပညာဌာနမှာ လုပ်တဲ့ သုသေတနတစ်ခုမှာ zinc supplement က အမျိုးသားတွေရဲ့ကျားဟိုမုန်းကို သိသိသာသာများလာစေတယ်လို့ ဆိုပါတယ်။

5.Zinc ရဲ့ ရောင်ရမ်းခြင်းကို ကုသနိုင်စွမ်းက ကောင်းမွန်တဲ့ သွေးလည်ပတ်မှုကို ဖြစ်စေပြီး သွေးတိုးရောဂါအတွက်ကောင်းပါတယ်။

6. နာတာရှည် အူလမ်းကြောင်းပြသနာတွေ ကို သက်သာစေတဲ့ အပြင် ဝမ်းသွားခြင်း ကို ကာကွယ်နိုင်ရုံမက ကုသနိုင်စွမ်းပါရှိပါတယ်။

7. Zinc က အင်ဆူလင် ဟိုမုန်း ကို မျှတစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာကြောင့် ဆီးချိုရောဂါအတွက် အကျိုးရှိပါတယ်။

8.Zinc က ပရိုတိန်း တည်ဆောက်မှု အပေါ်သက်ရောက်မှု ရှိပါတယ်။ ကာဗွန်ဟိုက်ဒရိတ် ကိုစွမ်းအင်ပြောင်းပေးတဲ့ နေရာမှာလည်း ပါပါတယ်။ Zinc ချိုတဲ့တဲ့ သူတွေမှာ စွမ်းအင်မလုံလောက်တာကြောင့် နာတာရှည် ပင်ပန်းနွမ်းနယ်နေတတ်တယ်။

9. အသည်းကျန်းမာရေးကို အထောက်အပံ့ပေးပါတယ်။

10. Zinc က ကြွက်သားကြီးထွားဖို့ နှင့် ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြုပြင်ဖို့ လုပ်ဆောင်ပေးတယ်။ ကျား ဟိုမုန်း၊ ကြီးထွားဟိုမုန်း နှင့် insulin-like growth factor-1 (IGF-1) တို့ ထွက်ရှိလာစေပြီး ကျန်းမာတောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ဖြစ်စေတယ်။

11.သိုင်းရွိုက်ဟိုမုန်း T 4 ကနေ T3 ပြောင်းတဲ့ နေရာမှာ zinc ပါဝင်ပြီး သိုင်းရွိုက်ဟိုမုန်း လုပ်ငန်းကို အထောက်အကူပေးပါတယ်။

Credit to Dr.PHYO MAUNG

07/11/2021

Credit-To A Better Health

🌟L Glutamine🌟

ရနိုင်သော အစားအစာ
အရိုးပြုတ်ရည်၊ အမဲသား၊ စပီရူလိုင်းနား (စိမ်းပြာ ရေညှိ)၊ တရုတ် ဂေါ်ဖီထုပ်၊ ဒိန်ခဲပျော့ (မလိုင်ထုတ်ပြီး)၊ ကညွတ်၊ မုန်ညင်း (Rapini)၊ သဘာဝ ငါး (ကော့၊ တူနာ၊ ဆယ်မန်)၊ ဆတ်သား၊ ကြက်ဆင်

အကျိုးကျေးဇူးများ
(၁) အစာအိမ် နှင့် အူ ကျန်းမာရေးကို တိုးတက်စေသည်
(၂) ပြည်တည်နာ နှင့် အူယိုစိမ့်မှု (Leaky Gut) ကို ကောင်းမွန်စေသည်
(၃) မှတ်ဉာဏ်နှင့် အာရုံစူးစိုက်နိုင်စွမ်း တိုးတက်စေသည်
(၄) ဝမ်းလျှောခြင်းနှင့် ဗိုက်အောင့် ဗိုက်နာ မအီမသာ ဖြစ်ခြင်း တို့ကို ကောင်းမွန်စေသည်
(၅) ကြွက်သား ကြီးထွားခြင်းကို အားပေးသည်
(၆) အားကစား စွမ်းရည်ကို တိုးတက်စေသည်
(၇) ကင်ဆာကို တိုက်ခိုက်ပေးသည်
(၈) ဆီးချိုရောဂါနှင့် သွေးတွင်းသကြားဓာတ် များခြင်းတို့ကို သက်သာစေသည်
(၉) အရက်သောက်ချင်စိတ်ကို လျော့ချပေးသည်
(၁၀) ကိုယ်တွင်းမှ အဆိပ်များ စွန့်ထုတ်ပေးသည်

07/11/2021

🌟SELENIUM 🌟

စီလီနီယမ် ကြွယ်ဝသော အစားအစာများမှာ

ဘရာဇီး သစ်စေ့၊ ကြက်ဥ၊ နေကြာစေ့၊ အသည်း (အမဲ၊ သိုး)၊ ကျောက်ကြား၌ ကျက်စားသောငါး၊ တူနာငါး၊ ဟဲရင်းငါး၊ ဆဲမန်ငါး၊ ကြက်ရင်အုပ်သား၊ ကြက်ဆင်သား၊ ချီယာစေ့၊ မှို

Antithyroid peroxidase antibody level (Anti TPO) တက်နေသူများ ပြန်ကျလာစေပါတယ်၊

Hyperthyroidism (Grave’s disease) မှာ ဖြစ်တတ်တဲ့ မျက်လုံး ပြူးထွက်လာခြင်းကိုလဲ သက်သာလာစေပြီး ရောဂါကိုလဲ သက်သာစေပါတယ်

ကင်ဆာကို ရင်ဆိုင်ကာကွယ်ရန် ကူညီပေးသည်။

ကိုယ်ခံအားကို မြှင့်တင်ပေးသည်။

သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြင်းကို လျော့နည်းစေသည်။

သိုင်းရွိုက်၏ လုပ်ငန်းတာဝန်များကို ထိန်းညှိပေးသည်။

နှလုံး အသဲ ကျောက်ကပ်တို့ကို အားကောင်းစေပြီး အသဲခြောက်ခြင်းမှ ကာကွယ်ပေးသည်

ပန်းနာ ရောဂါလက္ခဏာများကို လျော့နည်းစေရန် ကူညီပေးသည်။

လိင်ကိစ္စကို အားဖြည့်ပေးပြီး သုတ်ပိုးတွေ မျိုးအောင်ဖို့ ကူညီပေးလို့ သားသမီးမရတဲ့ အမျိုးသားများ သောက်သုံးသင့်ပါသည်

ကင်ဆာ လူနာတွေမှာလည်း Selenium နည်းနေတတ်ပါသည်

Selenium ဝယ်သောက်တဲ့အခါ သတိပြုရမှာက Selenomethionine ပါရမှာ ဖြစ်ပါတယ်။ Organic form က ပိုပြီး ထိရောက်ပါတယ်၊

နေ့စဉ် 100mcg မှ 200 mcg အထိ သောက်လေ့ရှိကြပါတယ်

Credit to original

Photos from Oasis-USA Cosmetics and Medicine-Meikhtila's post 05/07/2021

Foreverကထုတ်တဲ့ Aloe Veraကိုင်းပုံးမေးနေတဲ့သူလေးတွေအတွက် ပစ္စည်းထပ်ရောက်ပါတယ်လို့..

Februaryကနေအခုထိ Postသိပ်မတင်ပေမဲ့ မပြတ်ပဲအားပေးတဲ့ Customersအသစ်တွေရောအဟောင်းတွေရောကျေးဇူးအများကြီးတင်ပါတယ်🙏

ကျန်းမာရေးလဲဂရုစိူက်ကြပါနော်💪

Photos from Oasis-USA Cosmetics and Medicine-Meikhtila's post 07/05/2021

Multivites for teenagers and adults🇺🇸
✅လူငယ်တွေရဲ့ခန္ဓာကိူယ်မှာမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ် 12မျိုးပါဝင်ပါတယ်
✅vitamin အစုံပါတာကြောင့် အစုံမစားဖြစ်တဲ့သူတွေအတွက်တော်တော်ကိုအဆင်ပြေပါတယ်
VitaminAကတော့ broccoli တခွက်စာစားတာနဲ့ညီမျှပြီး vitamin D3ကတော့ salmon အနည်းငယ်စားပေးတာနဲ့ညီမျှပါတယ်
✅အရသာကတော့ Peach 🍑 berry 🍒 Orange 🍊ပါ အသီးစစ်စစ်တွေနဲ့လုပ်ထားတာဖြစ်ပါတယ် ဆိုးဆေးတွေအချိုတွေမပါပါဘူးနော် တစ်နေ့ကိုနှစ်လုံးသောက်ပေးရပါတယ် လေးလလောက်စားလို့ရပါတယ်နော် barcodeစစ်လိူ့ရပါတယ်

Photos from Oasis-USA Cosmetics and Medicine-Meikhtila's post 07/05/2021

L'il Critters ကလေးအားဆေး (Made in USA🇺🇸)
✅Calcium ကအရိုးနဲ့သွားကိုအထောက်အပံ့ပေးပါတယ် Vitamin D3 က calciumကိုစုပ်ယူနိုင်ဖို့အားပေးပါတယ်
✅သွားကျန်းမာရေးနဲ့အရပ်ရှည်ဖို့အတွက်သောက်သင့်ပါတယ်
✅အသက်2နှစ်ကနေ 3နှစ်အထိ တနေ့တလုံးသောက်လို့ရပါတယ် လေးနှစ်နဲ့အထက်ကတော့ တနေ့နှစ်လုံးသောက်ရပါတယ် သောက်တဲ့အခါ ကျေညက်အောင်ဝါးဖို့ကလေးတွေကိုပြောပြသင့်ပါတယ်
✅ဒီဆေးဘူးလေးက 2019မှာ Chefs Best Awardရထားလို့ အရသာကလဲ black berry 🍒orange🍊strawberry🍓ပါတာမို့ babyလေးတွေအကြိုက်ဖြစ်စေရမယ်လို့အာမခံပါတယ်နော်
✅Bar codeကို USA madeအစစ်ဖြစ်ကြောင်းသိချင်ရင် scanဖတ်ပြီးစစ်ဆေးလို့ရပါတယ်နော်

07/05/2021

#လိုအပ်မှဝယ်ယူပါ🙏

27/01/2021

• ပြာသိုလပြည့်, အမေများနေ့🙏🏻🙏🏻🙏🏻
အမေများအားလုံးကို ဂုဏ်ပြုအပ်ပါတယ်, အမေများအားလုံးသက်ရှည်ကျန်းမာကြပါစေ🙏🏻🙏🏻🙏🏻

Want your business to be the top-listed Beauty Salon in Meiktila?
Click here to claim your Sponsored Listing.

Website

Address

Near Meiktila University, Kyauk Phu Quarter
Meiktila