Yin Yin Htun Knowledge Sharing
Personal development, Law of attractions and Leadership
22.2.2022
Portal တွေပွင့်တဲ့ရက်မှာ မိမိတို့ရဲ့စိတ်တွေကို Unconditional Love ဖြင့် အားလုံးအပေါ်မှာထားနိုင်အောင် ကြိုးစားကြပါရှင့် 💚💚
ကျွန်မတို့ရဲ့စိတ်ကြည်လင်လန်းဆန်းရန်အတွက်
ဤနေ့မှာ ကောင်းသောအရာတွေလုပ်ဆောင်ကြပါရှင့်🙏🙏
ဘုရားရှိခိုးခြင်း၊ အဓိဌာန်တစ်ခုခုစတင်ဆောင်ရွက်ခြင်း၊တရားထိုင်ခြင်း၊ ခင်ပွန်းကြီးဆယ်ပါးကန်တော့ခြင်း၊ မိမိအပေါ်အမှားလုပ်ခဲ့သူများကို ခွင့်လွှတ်ပေးခြင်း၊ အားလုံးအပေါ်မှာမေတ္တာတရားထားပေးပါ၊ မိမိအိမ်သန့်ရှင်းရေးလုပ်ခြင်း၊ မိမိတို့ရဲ့ ပိုက်ဆံအိတ်တွေရှင်းပေးပါ၊
Breathwork and Meditation လုပ်ခြင်း အစရှိတာတွေ လုပ်ဆောင်ပြီး ကျွန်မတို့အားလုံး ရရှိလာတဲ့အခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရဖမ်းဆုပ်နိုင်ကြပါစေရှင့်
💚💚
အားလုံးကို ချစ်တယ် ကျေးဇူးတင်ပါတယ်ရှင့်😘🙏
With Love,
💚💚👸
yinyin
Law of Attraction
😍😍😍ကျွန်မတို့ အားလုံးမှာ ကျွန်မတို့သိတာထက် အဆမတန်ကြီးမားတဲ့ ဖြစ်နိုင်ချေတွေနဲ့ တန်ခိုးစွမ်းအားတွေ အများကြီးပိုင်ဆိုင်ပါတယ်။ အာရုံခံမြင်ခြင်းဟာ ဒီတန်ခိုးစွမ်းအားတွေထဲက အကြီးကျယ်ဆုံး အစွမ်းတစ်ခုပါပဲလို့ GENEVIEVE BEHREND ကပြောထားပါတယ်ရှင့်💓💓💓
☀☀☀လူတိုင်းမှာ စွမ်းအားကိုယ်စီရှိကြပါတယ်။
ကိုယ့်ဆီမှာရှိတဲ့စွမ်းအားကို ထုတ်သုံးတတ်ဖို့လိုအပ်ပါတယ်။
ဒါမှသာကိုယ့်ဘဝမှာ ကိုယ်လိုချင်တာတွေကို ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင့်။
ကိုယ်လိုချင်တာကို အာရုံခံမြင်ခြင်းဖြင့် မိမိတို့၏တန်ခိုးစွမ်းအားများကို ထုတ်ပြီးအသုံးပြုနိုင်ကြပါစေရှင် ကျေးဇူးတင်ပါတယ်ရှင့်💚💚💚
#6.1.2022
Love,
💜💜💜
ကျေးဇူးတရား
🙏🙏🙏 ကျေးဇူးတရားသည် ကောင်းကျိုးများကို အကြွင်းမဲ့ ပိုမိုဆောင်ကြဥ်းပေးသော နည်းလမ်းတစ်ခုပင် ဖြစ်၏။လို့ MARCI SHIMOFF ကပြောထားပါတယ်ရှင့်💛💛💛
😍😍😍ကျွန်မတို့နေစဥ်နေ့တိုင်း ကျေးဇူးတရားကို သတိရနေမိဖို့လိုအပ်ပါတယ်ရှင့်။
အရာရာတိုင်းအတွက် ကျေးဇူးတင်တတ်ခြင်းဟာ စကြာဝဠာကြီးဆီမှ ကိုယ်လိုချင်တာတွေကို ရရှိနိုင်ခြင်းရဲ့ လျို့ဝှက်ချက် တစ်ခုဖြစ်ပါတယ်ရှင့် ။
ဒါကြောင့် ကျွန်မတို့ နေ့စဥ်ဘဝမှာ အကောင်းမြင်တတ်ပြီး ကျေးဇူးတရားကို လက်ကိုင်ထားမယ်ဆိုရင် ပြည့်စုံတဲ့ဘဝကို ရရှိမှာဖြစ်ပါတယ်ရှင့်။
ကျေးဇူးတင်ပါတယ်ရှင့်💗💗💗
#5.1.2022
Love
💜💜💜
Law of Attraction
🌞🌞🌞 သင့်အနေနဲ့ သင်တောင်းဆိုတာတွေနဲ့ ဟန်ချက်ညီတဲ့ နယ်ပယ်ထဲကို ရောက်နေရပါမယ်။
ဒါဟာ ပျော်ရွှင်ဝမ်းမြောက်မှု၊ တန်ဖိုးထားမှုနဲ့ အာသီသပြင်းပြတဲ့ ခံစားချက်တွေ ရှိဖို့ပါပဲ။
သို့ပေမဲ့ စိတ်ပျက်မှု၊ ကြောက်ရွံံ့မှု၊ ဒေါသဗျာပါဒ ခံစားနေရတာတွေကတော် သင်တောင်းဆိုတာတွေနဲ့ လောလောဆယ် ဟန်ချက်မညီကြောင်း အခိုင်အမာ ညွှန်ပြနေတာပဲပေါ့လို့ ESTHER HICKS ကပြောထားပါတယ်ရှင့်💛💛💛
✨✨✨ သင်က သင်လိုချင်တဲ့အရာကို စကြဝဠာကြီးဆီ တောင်းဆိုတဲ့အခါ ဟန်ချက်ညီတဲ့နယ်ပယ်ထဲကို ရောက်ရှိနေဖို့အရေးကြီးပါတယ်။
သင့်ဆီမှာ ပျော်ရွှင်ဝမ်းမြောက်ခြင်း၊ တန်ဖိုးထားခြင်း၊ ပြင်းပြတဲ့ အာသီသရှိခြင်း၊ ယုံကြည်မှုရှိခြင်း အစရှိတဲ့ ခံစားချက်ကောင်းတွေ သင့်ဆီမှာ ရှိနေဖို့လိုအပ်ပါတယ်။
ဒါမှ သင်လိုချင်တဲ့အရာကို လွယ်လွယ်ကူကူဆွဲခေါ်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ သင့်ဆီမှာ စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်း အစရှိတဲ့ မကောင်းတဲ့အရာတွေရှိနေရင် သင်တောင်းဆိုတာတွေနဲ့ ဝေးကွာနေမှာဖြစ်ပါတယ်ရှင့် ။
ဒါကြောင့် Positive Energy ရှိဖို့က အရေးကြီးပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် 💕💕💕
#4.1.2022
Love,
💜💜💜
Law of Attraction
🌠🌠🌠လောလောဆယ် ပစ္စုပ္ပန်ကာလ သင့်ဆီမှာ ဘယ်တော့မှ ဖြစ်နိုင်မယ်မထင်လို့ အိပ်မက်မမက်ခဲ့တာတွေကို လုပ်နိုင်တဲ့ စွမ်းအား တန်ခိုးရှိနေပါတယ်။
ဒီတန်ခိုးစွမ်းအားဟာ သင့်ယုံကြည်မှုတွေကို ပြောင်းနိုင်သလောက် ပြောင်းပစ်လိုက်တာနဲ့ တစ်ပြိုက်နက် သင့်လက်ထဲ ရောက်လာမှာပါလို့ DR. MAXWELL MALTZ ကပြောထားပါတယ်ရှင့်💛💛💛
☀☀☀ သင့်ဘဝမှာ မဖြစ်နိုင်ဘူးထင်လို့ အိမ်မက် မမက်ရဲခဲ့တဲ့အရာတွေ အများကြီးရှိမှာပါ။
သင့်မှာ သင်လိုချင်တာကိုရအောင် လုပ်နိုင်တဲ့ တန်ခိုးစွမ်းအား ရှိတယ်ဆိုတာကိုသင်သိရင် သင်ဘာလုပ်မလဲ?
သင်လိုချင်တဲ့အရာကို ရအောင်ယူမယ်ဆိုတဲ့ ယုံကြည်မှု သင့်ဆီရောက်လာမှာဖြစ်ပါတယ်။
ဒါဆိုရင် သင်လိုချင်တဲ့အရာကို သင်ရအောင်ယူနိုင်ပါပြီရှင့် ကျေးဇူးတင်ပါတယ်ရှင်💞💞💞
#3.1.2022
Love,
💜💜💜
သင်ဟာ တန်ခိုးစွမ်းအား အပြည့်ရှိသူ
🌏🌏🌏ဆုံးဖြတ်ချက်တစ်ခု သင်ချလိုက်တာနဲ့ စကြဝဠာကြီးက တကယ်ဖြစ်လာအောင် လျှို့ဝှက်စွာ ကူညီပံ့ပိုးပေးပါတယ်လို့ RALPH WALDO EMERSON ကပြောထားပါတယ်ရှင့်💙💙💙
🌍🌍🌍 သင်ဟာ တန်ခိုးစွမ်းအား အပြည့်ရှိသူ တစ်ယောက်ဖြစ်တာမလို့ သင်လိုချင်တဲ့အရာကို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်ဖို့ပဲလိုပါတယ်။
ကျန်တဲ့အပိုင်းကို စကြဝဠာကြီးက သင့်ကိုကူညီပါလိမ့်မယ်ရှင့်။
သင်အနေနဲ့ ယုံကြည်မှုအပြည့်ရှိဖို့လိုအပ်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင်❤❤❤
#2.1.2022
Love,
💜💜💜
🍀🍀🍀 ရှင့်အတွက် အကြီးမားဆုံးစွန့်စားမှုက အိပ်မက်တွေကို အသက်သွင်းပြီး နေထိုင်ဖို့ပါပဲလို့ OPRAH WINFREY ကပြောထားပါတယ်ရှင့်
💚💚💚
💒💒💒 လူတိုင်းမှာ အိပ်မက်တွေ ကိုယ်စီရှိကြပါတယ်။ ဒီအိပ်မက်တွေကို အကောင်အထည် ဖော်နိုင်တဲ့လူနဲ့
မဖော်နိုင်တဲ့လူဆိုပြီး နှစ်မျိုးကွဲသွားပါတယ်။
ကိုယ့်ရဲ့ အိပ်မက်ကိုအကောင်အထည်ဖော် နိုင်တဲ့လူတွေကတော့ သူတို့ရဲ့အိပ်မက်တွေကို အသက်သွင်းပြီး နေထိုင်ကြပါတယ်။
ဒါကြောင့် ကျွန်မတို့အားလုံး ကိုယ့်ရဲ့အိပ်မက်ထဲကအတိုင်း ဖြစ်လာဖို့ဆိုရင် နေ့စဥ်နေ့တိုင်း ကိုယ့်ရဲ အိပ်မက်တွေကို အသက်သွင်းပြီးဖြစ်လာရမယ်ဆိုတဲ့စိတ်နဲ့ ဆက်ပြီးလုပ်ဆောင်ဖို့လိုအပ်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် 💜💜💜
#1.1.2022
Love,
💜💜💜
Happy New Year 2022
💜💜💜
👌👌👌 ကိုယ်လိုချင်တာ ရတာ၊ မရတာက အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ဆုံးဖြတ်နိုင်တာ မဟုတ်ပါဘူး။
တကယ် အဆုံးအဖြတ်ပေးတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားချက်သာ ဖြစ်ပါတယ်လို့ DR.WAYNE DYER ကပြောထားပါတယ်ရှင့် 💛💛💛
🎀🎀🎀 ကျွန်မတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ်ဘဝမှာ ဖြစ်ချင်တာတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့် ❤❤❤
#31.12.2021
Love,
💜💜💜
🔮🔮🔮 ကိုယ်လိုချင်တာတွေကို ကိုယ်ပိုင်ပြီလို့သာ မြင်မှတ်လိုက်ပါ။ လိုအပ်သလို သင့်ဆီကို ရောက်လာမယ်လို့ သိလိုက်ပါ။ သူတို့နဲ့ ပတ်သက်လို့ ဘာမှမစိုးရိမ်ပါနဲ့။ စိတ်ပူမနေပါနဲ့။ လိုချင်သလောက်မရဘူးလို့လည်း လျော့မတွက်ပါနဲ့။ ကိုယ်ရနေပြီ၊ ကိုယ်ပိုင်နေပြီ၊ ကိုယ့်လက်ထဲရောက်နေပြီလို့သာမှတ်ပါလို့ ROBERT COLLIER ကပြောထားပါတယ် 💙💙💙
☀☀☀ လိုချင်တာတွေကို မရခင်ကတည်းက ရနေပြီ ပိုင်နေပြီ ကိုယ်ဆီကိုရောက်လာပြီဆိုတဲ့ ခံစားမှုမျိုး ကျွန်မတို့ ဆီမှာရှိဖို့လိုအပ်ပါတယ်။
ငါရပါ့ရပါ့မလား? ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူးထင်တယ် အစရှိသဖြင့် ကိုယ့်ကိုကိုယ် ပြန်ပြောနေတဲ့ အသံတွေကို တစ်ခါတလေ ပြန်ကြားရတတ်ပါတယ်။
ဒါကိုလက်ခံပြီး ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာက ရကိုရမှာ ဖြစ်ကိုဖြစ်မှာ ဆိုတဲ့ ခံစားချက်ကိုထည့်ပြီး မြင်အောင်ပုံဖော်ကြည့်ဖို့လိုပါတယ် ထပ်ခါထပ်ခါပြောနေဖို့လည်းလိုအပ်ပါတယ်ရှင့် အဓိကကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိရပါမယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်💛💛💛
#30.12.2021
Love,
💜💜💜
🌌🌌🌌 သင်အမှန်တကယ် လိုချင်တာ ဘာလဲ။
ထိုင်စဥ်းစားပြီး စာရွက်တစ်ရွက်ပေါ်မှာ ရေးချလိုက်ပါ ပစ္စုပ္ပန်ကာလနဲ့ ရေးပါ။
စာပိုဒ်ကို ကျွန်မအခု သိပ်ပျော်နေတယ်။ လက်ရှိဘဝ လူဖြစ်လာရတာကိုလည်း ကျေးဇူးအထူးတင်ပါတယ် ဆိုတဲ့စကားနဲ့ စဖွင့်ပြီးတော့မှ သင့်ဘဝကို ဘယ်လို ဖြစ်စေချင်တယ်ဆိုတာ ထောင့်စေအောင် ရေးချလိုက်ပါလို့ BOB PROCTOR ကပြောထားပါတယ် 💙💙💙
🌉🌉🌉 ကျွန်မတို့ ဘဝမှာ လိုချင်တာတွေအများကြီးရှိပါတယ်။
ကိုယ်ဘာကိုယ်လိုချင်တာလဲ ဆိုတာကိုအရင်သိအောင်လုပ်ပါ။
လိုချင်တာကိုသိပြီဆိုရင် စာအုပ်ထဲမှာ ချရေးပါ။ ဒါကတကယ်ထိရောက်တဲ့ လျို့ဝှက်ချက် ဖြစ်ပါတယ်။
ချရေးတဲ့အခါမှာ ကောင်းမွန်တဲ့ Energy and Gratitude ပါရှိရပါမယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် 💓💓💓
#29.12.2021
Love,
💜💜💜
🏞🏞🏞 သင့်အနာဂတ်ဟာ ဒီနေ့ သင် လုပ်လိုက်တဲ့ အပေါ်မှာပဲမူတည်ပြီး မနက်ဖြန်ကျမှ ဖန်တီးလို့ရတာ မဟုတ်ပါဘူးလို့ ROBERT KIYOSAKI ကပြောထားပါတယ်ရှင့်🌠🌠🌠
🌅🌅🌅 ကျွန်မတို့ အနာဂတ်မှာ ရလာဒ်ကောင်းလိုချင်တယ်ဆိုရင် နေ့စဥ်နေ့တိုင်းမှာ ကိုယ်ဘယ်လိုအရာတွေကို လုပ်ဆောင်နေလဲပေါ်မူတည်ပါတယ်။
ကိုယ်ဘာတွေကို နေ့တိုင်း လုပ်နေမိလည်းဆိုတာ ကိုယ့်ကိုကိုယ် မအိပ်ခင်မှာ ပြန်သုံးသပ်ပါ။
ငါကောင်းတာတွေ ဒီနေ့ဘာတွေလုပ်ထားတာရှိလဲ။
( ကိုယ့်အတွက်လည်းအကျိုးရှိ သူတစ်ပါးအတွက်လည်း အကျိုးရှိတဲ့အရာဖြစ်ပါတယ်။)
ငါဒီနေ့ မကောင်းတာဘာတွေ လုပ်ထားတာရှိလဲ အစရှိသဖြင့် ကိုယ့်ကိိုကိုယ် ပြန်သုံးသပ်ကြည့်ပါ။
ဒီလိုမျိုးနေ့စဥ်ဆက်တိုက် လုပ်ဆောင်ကြည့်ရင် ကိုယ့်ဘဝမှာ နေ့စဥ်ကောင်းတဲ့အရာတွေကိုပဲ လုပ်ဆောင်မိပြီး မကောင်းတဲ့အရာတွေကို ရှောင်ရှားနိုင်လာပါလိမ့်မယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် 💛💛💛
#28.12.21
Love,
💜💜💜
Click here to claim your Sponsored Listing.