Med-X-Fit

Med-X-Fit

Share

Bridging between medical field and fitness field

Photos from Jan 1st - Workout Diary's post 08/05/2026
10/03/2026

Yoma Trail Run မှာ Medical cover အနေနဲ့ ဝိုင်းကူခဲ့ပါသေးတယ်

ဒူးနာနေလို့ Medical cover ဖြစ်သွားတာပါ
မဟုတ်လို့ ကတော့ ကိုယ်လဲ ပြေးချင်တာ🤣

20/02/2026

ကိုယ်ထုတ် ကိုယ်ကြိုက်ပဲ😅

25/10/2025

👨‍⚕️Contents တွေ ကြဲသွားတာမှန်ပါတယ်
ဂူအောင်းပြီး သိုင်းကျင့်နေလို့ပါ
ပြန်လာခဲ့ပါမယ်😅

14/10/2025

😱😱လူအများစုတွေကတော့

ဒူးတွေမကောင်းတော့ဘူး

အထိုင်အထတွေမကောင်းတော့ဘူး

သြော် အသက်ကြီးလာတာကိုးဆိုပြီး

ဆန်အိုးထဲက ကြွက်လို အကြောင်းပြချက်တွေနဲ့

ဆန်အိုးထဲက မထွက်နိုင် ဖြစ်ကြရပါတယ်

😱ကျနော်လည်း ကြမ်းပြင်ကနေ လေးဘက်ထောက်ပြီး ထရဖူးပါတယ်

တစ်မှတ်တိုင်လောက်လမ်းလျှောက်ရင်မောပါတယ်

တစ်ခါတစ်လေ ကျနော် အရမ်းဝခဲ့ဖူးတာကို

ကျေးဇူးတင်ပါတယ်

နောက်မို့ဆို ကျနော် လေ့ကျင့်ခန်းလုပ်ဖို့ခေါင်းထဲရောက်မှာမဟုတ်ပါဘူး

😱ကျနော် ရောက်ချင်တဲ့ Fitness goal တစ်ခု က ဘာလဲ ဆိုလို့ရှိရင်

နေ့စဥ် လုပ်ငန်းဆောင်တာ တွေ

ကျနော်တို့ရဲ့နေ့စဥ်ဘဝတွေမှာ

တွေ့ကြုံလာမယ့် စိန်ခေါ်မှုတွေ ကို

အများသူငှာထက်လု ပ်နိုင်စွမ်း ကိုင်နိုင်စွမ်းရှိချင်တာပါ

အပြေးချန်ပီယံ သမားထက် ပိုပြေးနိုင်ဖို့ မစဥ်းစားပါဘူး

ဒါပေမယ့် ကျနော် အခက်ခဲမရှိ ကျနော် ပြေးနိုင်ချင်ပါတယ်

အလေးမ ချန်ပီယံထက်ပို မနိုင်ဖို့ မစဥ်းစားထားပါဘူး

ကျနော် ချစ်ရတဲ့သူ တွေ အရေးကြုံလာတဲ့ အခါ သူတို့ကို မဖို့ ချီဖို့ လိုအပ်လာရင် မဖို့ချီဖို့အတွက် သန်မာမှု ကို ကျနော် လိုချင်ပါတယ်

ဒီလို လုပ်နိုင်ဖို့

ကျနော် လုပ်တဲ့ Training တွေကတော့

Hybrid strength and conditioning traning Plus functional traning တွေပါ

သာမာန်သူတွေထက်ပိုပြေးနိုင်သလို အမောလည်းခံနိုသလို ပိုလည်းသန်မာပါတယ်

ကျနော် တစ်ခု သတိပေးချင်တာက

Train for life

Not train for looks

05/10/2025

American Health Association က ပြောတယ်

လေ့ကျင့်ခန်းနဲ့ ပါတ်သတ်ပြီး

လူတစ်ယောက် ရဲ့ကျန်းမာရေးအတွက်လုပ်ရမယ့် အနိမ့်ဆုံး လိုအပ်ချက်ကတော့ Moderate intensity နဲ့ တစ်ပါတ်ကို 150 min ပါတဲ့

နာရီနဲ့ပြောရင် 2 နာရီခွဲပေါ့

လူအများစုက အချိန် မရှိလို့ပါ ဆိုပြီးအကြောင်းပြကြတယ်

တစ်ပါတ်မှာ 168 နာရီရှိတယ်

အိပ်ချိန် တစ်ရက်ကို 8 နာရီနှုတ်လိုက်ရင်တောင် 112 နာရီ ကျန်သေးတယ်

112 နာရီထဲက နေ 2 နာရီ ခွဲလေးကို အချိန် မပေးကြဘူး

ဒါပေမယ့် သူတို့ ရဲ့ Screen time ကို လိုက်ကြည့်မယ်ဆိုရင် ဒီထက် ပိုများလောက်မှာ အမှန်ပဲ

ကျနော် ပြောချင်တာက

ကျန်းမာဖို့ အတွက် လေ့ကျင့်ခန်းလုပ်တယ် ဆိုတာ

အလုပ်တစ်ခုလို သီးသန့် လုပ်သင့်တာ မဟုတ် ဘူး

နေ့တိုင်း မနက်စာ စားသလို သွားတိုက်သလို ရေချိုးသလိုနေ့စဥ် လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်

03/10/2025

Outdoor running ပြေးရင် ရေဘူး သယ်သွားလား

28/09/2025

Hamster လေးတစ်ကောင် ရဲ့ပထမဆုံး Outdoor Running

27/09/2025

ကျနော် Outdoor running စနစ်တကျ မလုပ်ဖူးပါဘူး
ဒါပေမယ့် ကျနော် ပြေးရတာကို ကြိုက်ပါတယ်
Treadmill ပေါ်မှာ Hamster လို ပြေးပါတယ်
Running နဲ့ ပါတ်သတ်လို့ ဆရာဇေယျာ ဆီမှာ Run safe Course တစ်ခါ တက်ဖူးပါတယ်
တစ်ရက်တည်းနဲ့ ဆရာ ကကျနော့် ရဲ့ Running form အမှားတွေကို ပြင်ပေးပါတယ်
ဒီကနေတစ်ဆင့် ကျနော် Running နဲ့ ပါတ်သတ်လို့ တီးမိခေါက်မိ တယ်ပေါ့လေ
Running club တွေ Course တွေ တက်ဖို့ ကျနော် လက်လှမ်း မမှီတဲ့ အတွက် ကျနော် Garmin Smartwatch ကို Running coach လို သုံးပါတယ်
ပြေးပြီးတိုင်း ပြေးပြီးတိုင်း Garmin connect က ထုတ်ပေးတဲ့ Statistic တွေကြည့်တယ်
Screenshot ရိုက်ပြီး AI မှာမေးတယ်
Cadence တို့ GCT တို့ ကို AI ကပေးတဲ့Suggestion တွေကို မှတ်ထားပြီးပြန်ပြင်ကြည့်တယ်
ပြန်ယှဥ်ကြည့်တယ်
ဘာလုပ်လုပ် Tracking လုပ်တတ်တဲ့ အကျင့်က
ကျနော့် အကြိုက်ဆုံး အလေ့အကျင့် ပါ
အခုလည်း အပြေးကို Track လုပ်နေပြန်ပါပြီ😅
လာမယ့် 28 ရက်နေ့မှာ ပထမဦးဆုံး ကျနော် Outdoor runningပြေးမှာပါ
ဘယ်လိုနေမလဲ သိချင်လွန်းလို့ ရင်ခုန်နေပါပြီ😁

Photos from Med-X-Fit 's post 24/09/2025

ထရန့်လုပ်တာနဲ့ အမျိုးသမီးတွေ ပါရာစီတမောသောက်ရင် ဆီးစစ်ရတော့မယ့် ပုံ🤣

Want your business to be the top-listed Beauty Salon in Mingaladon?
Click here to claim your Sponsored Listing.

Category

Website

Address

Mingaladon
11411