H二A

H二A

Share

📚🌵🐈

02/10/2025

Welcome ဖြစ်တတ်တာတို့
appreciate လုပ်တတ်တာတို့
manners ကောင်းတာတို့
Ethics ရှိတာတို့ ဆိုတာတွေက
ငပေါလုပ်နေတာမဟုတ်ဘူး
Educated ဖြစ်တာနဲ့
ကျင်လည်ခဲ့ရတဲ့ပတ်ဝန်းကျင်ကောင်းရှိခဲ့တယ်ဆိုတာကို
သိသာစေတဲ့အချက်တွေပဲ

ဒါကိုနားလည်ဖို့ဆိုတာလည်း
ဘာသာပြန်တဲ့ Brain Level နဲ့ပဲ ဆိုင်တယ်။♥🍀

—

Photos from H二A's post 02/10/2025

#အိပ်မက်ဆက်ကြိုး
#ပုညခင်

30/09/2025

Ethic(ကျင့်ဝတ်)ဆိုတာနေရာတိုင်း လူတိုင်းအပေါ်မှာ ထားရှိရမယ့် စည်းကမ်းပါ။တဖက်လူက မပြောလည်း သိတတ်နားလည်ရပါမယ်။
ဒါကို ကျင့်ဝတ်လို့ခေါ်ပါတယ်။
လူတစ်ယောက်မှာ အခြေခံအကျဆုံးက
Self Acceptance ပြီးရင်
Ethic ရှိမှုပဲ။

လူ့ကျင့်ဝတ် လူ့စည်းကမ်းကို
လိုက်နာနိုင်မှသာ
လူတစ်ယောက်ရဲ့ Real Value ကို Define လုပ်တယ်။
လိုက်နာမှု မရှိရင်တော့
လူတောမတိုးတဲ့အပြင်
ဒီလို လူမျိုးကို လူ့အောက်တန်းစားလို့ဘဲ ခေါ်ဆိုရပါလိမ့်မယ်....
ဒီလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ
လူ့ပတ်၀န်းကျင်မှာတင် မဟုတ်ဘဲ
Social mediaတွေမှာပါ
လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေကို
သိသိရက်နဲ့ ကျူးလွန်နေကြတာပါ

ဒီစကားဟာ ငါပြောသင့်ရဲ့လား
ငါမပြောသင့်ဘူးလား
ဝေဖန်ပိုင်းခြားမှုမရှိဘဲ
စကားတွေကို လက်လွှတ်စပယ်
ပြောတတ်လာကြပါတယ်
ကိုယ်ပြောလိုက်လို့ တဖက်လူ
ထိခိုက်သွားမယ်ဆိုတဲ့ အတွေး
တစက်မှ မတွေးတဲ့အပြင်
လူ့ကျင့်ဝတ်ကို
ဆင်ခြေဆင်လက်တွေပေးပြီး
ပါးစပ်အရသာခံ
ဖောက်ပျက် ကျူးလွန်နေကြတာပါ
ကြမ်းကျွံရင်တောင် နှုတ်လို့ရပါတယ်
စကားကျွံသွားရင်တော့
နှုတ်မရတော့ပါဘူး

ကိုယ့်ဦးနှောက် brain ဘယ်လောက် ကောင်းလဲဆိုတာထက် ကိုယ့်နှလုံးသား လူသားဆန်မှုက ပိုအရေးကြီးတယ်

Ethic ဆိုတာ...

( သူတပါးရဲ့ Personal ကို အလွန်အကျွန် စပ်စုခြင်းကနေ ရှောင်ကြဉ်တာ။ )

( သူတပါးရဲ့ အားနည်းချက်ကို Public မှာ ချနင်းပြီး နာမည်ပြောင်နဲ့ အနိုင်ကျင့်စော်ကားခြင်းကနေ ရှောင်ကြဉ်တာ။ ဥပမာ- (informationကို Direct မစုံစမ်းဘဲ Directမပြောဘဲတပါးသူပြောစကားတစ်ဖက်နားယောင်ပြီးမိမိတွေးထားသည့်အတွေးတိုင်း လက်လွတ်စပယ်ပြောဆိုတာ

( သန့်ရှင်းထားတဲ့ Public မှာ တံတွေးမထွေးတာ။ အပေါ့မသွားတာ။ )

( ကျေးရွာ/ရပ်ကွက်ထဲ နာရေးရှိချိန် သီချင်း အကျယ်ကြီး မဖွင့်တာ။ ငိုနေတဲ့ အသုဘရှင်ရဲ့ မျက်နှာကို စူးစိုက်ပြီး မကြည့်တာ။ )

( သူတပါးတွေ အိပ်စက်အနားယူချိန်မှာ သီချင်း
မဖွင့်တာ။
စပီကာဖွင့်ပြီး Game မဆော့တာ။
ပစ္စည်းကိုဝုန်းဝုန်းဒိုင်းဒိုင်း မချတာ။ )

Public aeraမှ ဖုန်းပြောရင်
အကျယ်ကြီးမပြောတာ

တစ်ပါးသူ အိပ်နေရင်
ခြေသံဖွဖွနင်းတာ phone silentလုပ်ပေးထားတ

တစ်ပါးသူ အစားစားလေချိန်
လေမလည်တာ လေချဉ်မတက်တာ
ရွံစရာတွေမလုပ်တာ

( ကိုယ့်ရှေ့မှာ ဟန်ချက်ပျက်ပြီး ခလုပ်တိုက်လဲလို့ ရှက်ကို့ရှက်ကန်း ပြန်ထသွားတဲ့ လူကို မမြင်ချင်ယောင် ဆောင်ပေးတာ။ )

ဒါတွေဟာ Ethic (ကျင့်ဝတ်) တွေပါပဲ။ ဒီထက်လဲ ပိုတဲ့ လူ့ကျင့်ဝတ်တွေလဲ အများကြီး ရှိပါသေးတယ်။

အပေါ်က အချက်တွေကိုပဲ နားလည်သဘောပေါက်ရင်ပဲ ကျင့်ဝတ်ရှိတဲ့ အထက်တန်းစားတစ်ယောက် ဖြစ်ဖို့က မခဲယဉ်းတော့ပါဘူး။

အမှန်က သင်ဘယ်မှာနေလဲက အရေးကြီးတာ မဟုတ်ဘူး။ သင် ဘယ်လိုနေလဲဆိုတာကသာ အရေးကြီးတာ။

မှားယွင်းတဲ့ /အတွေး/ အယူဝါဒ / အယူအဆတွေ ပယ်နိုင်ဖို တရားအသိတွေ ရှိနေဖို.လိုတယ်

အနှစ်ချူပ်ရင်တော့ ဆိုခဲ့သလိုပါပဲ။ သင်ဘယ်မှာနေလဲက အရေးကြီးတာ မဟုတ်ပါဘူး။ သင် ဘယ်လိုနေလဲ ဆိုတာကသာ အရေးကြီးတာပါ။

အသက်ရှင်ရတဲ့ အချိန်ခဏလေးမှာ သူများမကောင်းကြောင်းကိုယ့်ကောင်းကြောင်း ပြောပြီ
မဟုတ်တာတွေနဲ့အချိန်ကုန် အကုသိုလ် ကံ၃ပါး
ဖြစ်တည်မူကနေ ကင်းဝေးကြပါစေ။
လူလောကအချိန်တိုလွန်းလိုပါ။


Ethic ဆိုတာ
(လူ့ကျင့်ဝတ် လူ့သိက္ခာ) လေဗျာ
ထိုအရာကို လူမဟုတ် လူသားမဆန်တဲ့သတ္တဝါတွေက ဘယ်သိပါလိမ့်မလဲ!
ဘယ်နားလည်နိုင်ကြပါလိမ့်မလဲ!

ထိုကြောင့် သောကြောင့်

အာ့တွေကို ဇွတ်အတင်းရှင်းပြနေလည်း
ဟိုဗမာစကားပုံလိုဖြစ်ကုန်မှာပေါ့
👇👇👇
(ကျွဲပါးစောင်းတီး ကျီးနားစာဖတ်)
Ethic = လူ့ကျင့်ဝတ် / ကိုယ်ကျင့်သိက္ခာ /ကျင့်ဝတ်တရား / ကိုယ်ကျင့်တရား / လူ့ကျင့်ဝတ်တရားဆိုင်ရာပညာ

(ရှိကြပါစေ / ကောင်းကြပါစေ။)

ထိုကြောင့် သောကြောင့်
အရှက်တရား မကင်းမဲ့ကြပါစေ နှင့်
လူကျင့်ဝတ် /လူ့သိက္ခာ /လူသားဆန်မှု့တို့ကို
နားလည်လေးစားတန်ဖိုးထားနိုင်ကြပါစေ။

crd;

25/06/2025

#ဆရာမလွန်ထားထား

သမီးလေးကို ကျွန်မအမြဲပြောတတ်တဲ့စကားလေးတစ်ခွန်းရှိပါတယ်..။
“ သူများတွေကြိုက်နေဖို့မလိုဘူး.. ကိုယ့်ကိုယ်ကိုယ်ကြိုက်နေဖို့ပဲလိုတယ်..” လို့ဖြစ်ပါတယ်..။ ကိုယ်ဘယ်လောက်ပဲ စိတ်ကောင်းစေတနာကောင်းလေးနဲ့ ဆက်ဆံပေးပါစေဦးတော့.. ကိုယ့်ကိုချစ်ခင်တန်ဖိုးထားပေးတတ်တဲ့သူတွေရှိသလို ကိုယ်ဘာလုပ်လုပ် ကြည့်မရအမြင်ကတ်နေပြီး ကြံဖန်ဝေဖန်အပြစ်တင်နေတတ်သူတွေလည်း ရှိနေမှာပါပဲ..။ လူတိုင်းက ကိုယ့်ကိုနှစ်သက်ချစ်ခင်နေအောင်…ကြိုးစားအားထုတ်နေရတာ…ပင်ပန်းလွန်းလှပါတယ်…။ အောင်မြင်မှာလည်း မဟုတ်ပါဘူး…။ ကိုယ့်ကို မနှစ်သက်လို့ ဝေဖန်ထိုးနှက်တဲ့စကားမျိုးတွေနဲ့ တိုက်ခိုက်လာရင်လည်း နာကျင်မပြတတ်ဖို့ အရေးကြီးပါတယ်…။ ကိုယ်နာကျင်တတ်မှန်းသိလေ…လူတွေက ပိုမိုထိုးနှက်တိုက်ခိုက်ကြလေဖြစ်ပါတယ်…။

လူဆယ်ယောက်မှာ ငါးယောက်က ကိုယ့်ကိုချစ်ခင်ပြီး ကျန်ငါးယောက်က အမြင်မကြည်လင်ဖြစ်နေတယ်ဆိုရင်.. ကိုယ့်ကိုချစ်တဲ့ငါးယောက်ကိုပဲ ခေါင်းထဲထည့်ဖို့လိုပါတယ်..။ ဘာလုပ်လုပ်ကြည့်မရဖြစ်နေတဲ့သူတွေအတွက် စိတ်သောကဖြစ်နေစရာ မလိုပါဘူး..။ သူတို့အကြိုက် လိုက်လုပ်ပေးနေလို့လည်း ဘယ်တော့မှ ကြိုက်လာမှာမဟုတ်တဲ့အတူတူ… စိတ်ထဲကရော.. ဘဝထဲကပါ ထုတ်ဖယ်ထားလိုက်ရုံပါပဲ..။ သူမကြိုက်တာ သူ့အလုပ်ပါ.. ကိုယ့်ကိုယ်ကိုယ်ကြိုက်နေဖို့ပဲ အရေးကြီးပါတယ်..။ ကိုယ့်ကွယ်ရာမှာ အတင်းအဖျင်းစကားဆိုတတ်သူတွေကိုလည်း အရေးတယူလုပ်ပြီး ဖြေရှင်းစကားဆိုဖို့ မလိုအပ်ပါဘူး…။ ကိုယ့်ရဲ့ အားသာချက်တွေကို ကိုယ်ပဲသိပြီး…ကိုယ့်ရဲ့အားနည်းချွတ်ယွင်းချက်တွေကိုလည်း ကိုယ်ပဲလက်ခံအသိအမှတ်ပြုနိုင်ဖို့ပဲ လိုတာပါ…။

တစ်ချို့လူတွေဟာ ကိုယ်နဲ့ ဘယ်လိုမှ ရေစက်ပါမလာတာလည်းဖြစ်နိုင်ပါတယ်..။ ကိုယ်နဲ့ ဘယ်လောက်ပဲ နီးနီးမှာ ရှိနေပါစေ.. ကိုယ်ကလည်း ဘယ်လောက်ပဲ ခင်မင်ချင်နေပါစေ.. သူ့အလိုလို ခပ်ဝေးဝေးခပ်စိမ်းစိမ်းပဲဖြစ်နေတတ်ပါတယ်..။ ကိုယ့်ကို အလကားနေရင်း ကြည့်မရလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်..။ အဲ့ဒိလိုအခြေအနေမျိုးမှာ ကိုယ့်ဘက်က ဘာမှ ခံစားတုံ့ပြန်နေဖို့ မလိုပါဘူး..။ သူ့ရဲ့ ချစ်ခြင်းမုန်းခြင်းဟာ…ကိုယ့်ရဲ့ကန်ရေပြင်ထဲ ခဲလုံးတစ်လုံးလာကျသလို…ဝဲဂယက်ဖြာဖို့လည်းမလိုအပ်ပါဘူး…။ နံရံလေးတစ်ချပ်လို တည်ငြိမ်စွာနေလိုက်ရုံပါပဲ…။

ဘယ်သူ့အကြိုက်ကိုမှ လိုက်ပြောင်းလဲဖို့ မကြိုးစားဘဲ ကိုယ့်အကြိုက်ပုံစံလေးအတိုင်းပဲနေရတာ.. ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပြီး ကိုယ်ဘာလုပ်လုပ် ချစ်ကြိုက်အားပေးနေရတာက ပျော်စရာကောင်းလှပါတယ်..။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင်မလုပ်ဘဲ ကိုယ့်အကြိုက်လေးအတိုင်းပဲ နေထိုင်ကြည့်ပါ..။ ဒါဟာ ဘဝမှာ စိတ်ချမ်းသာစွာနေထိုင်နည်းတစ်ခုလည်းဖြစ်ပါတယ်..။

#လွန်းထားထား
#ကိုယ့်အကြိုက်လေးအတိုင်းပဲနေပါ။

08/06/2025

ဘဝဟာအနုပညာမဆန်တာမို့ သိပ်စိတ်ညစ်မခံပါနဲ့။
အရာအားလုံးဟာ အချိန်တန်ရင်ပြီးဆုံးမှာပါ။
ကမ္ဘာကြီးဟာလည်း ပုံမှန်လည်ပတ်နေအုံးမှာပါ။
လူတွေကလည်း ထင်ရာကိုလုပ်နေကြအုန်းမှာမို့
အချိန်ရတုန်းလေး လွတ်လပ်ပျော်ရွင်နိုင်ဖို့ကြိုးစားပါ။
ကိုယ်ရဲ့ပျော်ရွင်မှုအတွက် သူတပါးကိုအားမကိုးပါနဲ့။
ဘဝမှာကိုယ့်အတွက် ကိုယ်ပဲရှိတယ်လို့တွေးပြီး
ကိုယ်ဖြစ်ချင်တာလေးတွေ သူတပါးမထိခိုက်အောင်
ကြိုးစားရယူပါ။အတွေးရှင်းရှင်းနဲ့ ဘဝကိုရှိးရှင်းစွာ
ဖြတ်ကျော်ပါ။နောင်တနဲ့ရှင်သန်ရတဲ့ဘဝဟာ
တကယ်မတန်တာမို့ နေ့ရက်တိုင်းကိုရိုးရှင်းစွာ
ဖြတ်သန်းနိုင်အောင်ကြိုးစားပါ။

- ဇင်း”

Photos from H二A's post 29/05/2025

ဒူးရင်းသီးရာသီမှာ

ဒူးရင်းသီးသည်ကနေ စတဲ့ ဝတ္ထုတစ်ပုဒ်

#ကိုယ်ကတော့ဒူးရင်းသီးမကြိုက်ပါဘူး
#နောက်ဆုံးနက္ခတ်
#ပုညခင်

Photos from H二A's post 26/05/2025

#ငြိမ်သက်ခြင်း

#မောရိသျှ

25/05/2025

☺️

"ထုံးစံ"

အလုပ်မလုပ်ချင်တဲ့ လူတွေကြားမှာ
အလုပ်ကိုတာဝန်ကျေချင်သူက
အမုန်းခံရတာ ထုံးစံ။

မဟုတ် မမှန် အမုန်းစကားပြောတတ်တဲ့
လူတွေကြားမှာ
မှန်ရာကိုပဲပြောတတ်သူက
အမုန်းခံရတာ ထုံးစံ။

အပျော်အပျက် မက်မော ခုံမင်တဲ့ လူတွေကြားမှာ
ထိန်းထိန်းသိမ်းသိမ်း ပျော်တတ်သူက
အမုန်းခံရတာ ထုံးစံ။

စည်းလွတ် ဝါးလွတ်နေတတ်တဲ့ လူတွေကြားမှာ
ကျင့်ဝတ်စောင့်ထိန်းတတ်သူက
အမုန်းခံရတာ ထုံးစံ။

ဘယ်သူပျက်ပျက်
ဘယ်လိုမုန်းမုန်း
လူမုန်းများမှာ ကြောက်တဲ့ စိတ်နဲ့
ကိုယ့်သိက္ခာနဲ့ကိုယ်ကျင့်တရားကို မဖျက်စီးလိုက်နဲ့ ။

မနောသီရိ
အတွေးနဲ့အမြင်စာစုလေးများ
🌸❤

#𝓣𝓸𝓪𝓷𝔂𝓸𝓷𝓮

16/05/2025

တစ်ယောက်ထဲရှိတဲ့အခါ
သင့်အတွေးတွေကို ဂရုစိုက်ပြီး
လူတွေနဲ့ရှိနေတဲ့အခါ
သင့်စကားလုံးတွေကို ဂရစိုက်ပါ

်ဆောင် မိုးရှင်း(IMT)

09/07/2024

တစ်နေ့ထက်တစ်နေ့ တိတ်ဆိတ်လာတယ်
လူတွေကို မေ့တတ်လာတယ်
ဘဝမှာ ကိုယ်နဲ့မထိုက်တန်တဲ့
အရာတွေ များလာတယ်။

ပြောစရာ စကားတွေ မဲ့လာတယ်
ခေါ်စရာအသံတွေ နည်းလာတယ်
ကိုယ့်ကို နားလည်နိုင်တဲ့သူတွေ ရှားလာတယ်။

လူ့ဘဝဆိုတာ
ငယ်ငယ်က ပွဲတော်ထဲမှာ လျှောက်လည်ရင်း
ကိုယ်လိုချင်တာတွေကို ငေးရုံပဲငေးပြီး
အမှောင်ထုထဲ
ခေါင်းငိုက်စိုက်ချ တိတ်တိတ်လေး
ပြန်ရသလိုလား...။

-စစ်ငြိမ်း-

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Telephone

Website

Address

Monywa