7 YUPAN

7 YUPAN

Share

Beauty Supply Store

Photos from 7 YUPAN's post 12/02/2023

တစ်ခေါက်လေးသာ လှမ်းလာခဲ့လိုက်
စိတ်ကျေနပ်မှု့ အပြည့်အဝပေးပီး ဝယ်ယူသူ စိတ်တိုင်းကျသာ ဖြစ်စေဖို့ အတွက် 7YUPAN က ကြိုးစားနေပါတယ်💪💪💪

လိုအပ်ချက်များလည်းရှိနိုင်ပါတယ် အတတ်နိုင်ဆုံး

တာဝန်ယူမှု့အပြည့်နဲ့သာ ရောင်းချပေးတာဖြစ်လို့

7YUPAN စတိုးကိုသာ ဘာပဲလိုလို သတိရပေးလိုက်ပါတော့နော်

အားပေးကြသော ချစ်ကာတို့ တစ်ဦး တစ်ယောက်ချင်းဆီကို
ကျေးဇူးအထူးအထူး တင်ရှိပါတယ်ရှင်🙏🙏🙏

မရောက်ဖူးသေးတဲ့ ကာကာတို့လည်း လမ်းကြုံလို့ပဲဖြစ်ဖြစ်

တမင်တကာ ဖြစ်စေ လိုအပ်တာလေးများ ဝယ်ယူချင်တဲ့ခါ

7YUPAN စတိုး ကိုသာ သတိတရနဲ့ ဝင်ကြည့်ခဲ့လိုက်ပါနော်🥰

လိပ်စာ- မင်းကြီးညိုလမ်း၊ဗဒုံရပ်ကွက် ၊အလုံမြို့။
CP. ကြက်ကြော်နှင့် မျက်နှာချင်းဆိုင်
မုံရွာ၊ရေဦး ကားလမ်းမကြီးဘေး။

Photos from 7 YUPAN's post 12/02/2023

နွေရဲ့အရသာ ခံစားမိလာပီဆိုတော့ ဝါးဟားဟားလေးနဲ့ အပန်းဖြေကြစို့နော်🍦🍦🍦

7 YUPAN မှာ ဝါးဟားဟား ရေခဲ့မုန့်၊ ရေခဲချောင်း လေးတွေ အစုံ ရှိနေပီမို့ အပြေးလေးသာ လာခဲ့လို့ အားပေးကြပါဦးရှင့် 🏃🏃

ပုံထဲမှာ မပါသေးတဲ့ အရသာလေးတွေလည်း အစုံရှိ 😋😋

#7 YUPAN အဝတ်အထည်နှင့် အလှကုန် စတိုး

CPကြက်ကြော်နဲ့ မျက်နှာချင်းဆိုင်
မင်းကြီးညိုလမ်း၊ဗဒုံရပ်ကွက်၊အလုံမြို့

09/02/2023

ချစ်ရတဲ့ Cus တို့ရေ 7 YUPAN ကနေ စားသောက်ကုန်နဲ့ လူသုံးကုန်လေး ထပ်တိုးလိုက်ပါပီနော် ကာကာတို့ တနေရာတည်းမှာ အဆင်ပြေစွာ ဝယ်ယူနိုင်ဖို့အတွက် ကြိုးစားနေပါတယ်နော် လိုအက်ချက်များရှိခဲ့ရင်လည်း ပြောသွားကြပါဦးနော် အကြံဉာဏ်လေးများလည်း မျှဝေပေးသွားကြပါဦးရှင့် တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်ရှင့်

07/02/2022

7 YUPAN မှ အစဉ်အမြဲဝယ်ယူအားပေးနေကြသော ချစ်ရတဲ့ Customer များအတွက် (10/2/2022) မှ - ( 28/2/20222 ) နေ့အထိ (အဝတ်အထည်/အလှကုန်ပစ္စည်း) များ discount ပေးသွားမှာပါနော် (ဈေးတွေ တက်နေသော်လည်းပဲ)😝
ဆိုင်မှာလာရောက် ဝယ်ယူအားပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်

ဆိုင်လိပ်စာ - မင်းကြီးညိုလမ်း ၊
ဒက္ခိဏာရုံကျောင်းပေါက်၊ ဗဒုံရပ်ကွက် ၊အလုံမြို့

Photos from 7 YUPAN's post 14/01/2022

အသင်းစုံဂျာစီဝမ်းဆက်လေးတွေပါ ဘောလုံးချစ်သူတို့ရေ
ဒီဇိုင်းအသစ်တွေလည်း ထပ်ဝင်နေပါပီ 🥰
အသင်းတိုင်း ရိုက်မပြတော့ဘူးနော် 🤩
ဆိုင်မှာ လာရောက်ကြည့်ရှု့နိုင်ပါတယ်ရှင်

14/01/2022

7YUPAN မှ အားကစားဝတ်ပစ္စည််းများနှင့် အသင်းစုံ ဂျာစီ/လက်ရှည်/ tracksuits များကို လူကြီးမင်းတို့ စိတ်တိုင်းကျ တံဆိပ်ရိုက်အပြီးအစီး လက်ခံဆောင်ရွက်ပေးနေပါပီရှင်
အသေးစိတ် cb မှာစုံစမ်းနိုင်သလို ဆိုင်မှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင်။

ဆိုင်လိပ်စာ- အခန်း(၈)/(၉)၊ မင်းကြီးညိုလမ်း၊
ဒက္ခိဏာရုံကျောင်းအနီး၊ ဗဒုံရပ်ကွက် ၊အလုံမြို့

18/12/2021

💜💛💛ကော်လဂျင် ဆိုတာဘာလဲ 💛💛💛💜

Collagen (ကော်လဂျင်) ဆိုတဲ့ စကားလုံးနဲ့ သင်ဟာ ရင်းနှီးချင် ရင်းနှီးပါလိမ့်မယ်။ ဒါပေမယ့် collagen (ကော်လဂျင်) ဘာလဲဆိုတာ သင်တကယ်သိပါသလား။ သူ့ကိုကြော်ငြာတွေထဲမှာတော့ အသားအရည်ကို နုပျိုစေပြီး အရေးအကြောင်းကင်းစေတဲ့ အံ့သြဖွယ်အရာတစ်ခုအဖြစ် ဖေါ်ပြကြပါတယ်။ ဆေးဆိုင်တွေမှာတောင်မှ Collagen ဆေးတွေကို ရောင်းနေကြပါပြီ။ ဒါဆို Collagen ဆိုတာ ဘာကိုဆိုလိုတာလဲ။ အရေပြားကို ဘယ်လိုအကျိုးရှိစေတာလဲ။ ဒီဆောင်းပါးဟာ ဒီမေးခွန်းတွေကို ဖြေဖို့ ကူညီပေးမှာပါ။

Collagen (ကော်လဂျင်) ဆိုတာဘာလဲ။

ပထမဦးစွာ အရေပြားကို ဘာနဲ့ပြုလုပ်ထားလည်းဆိုတာကို သိရှိဖို့လိုအပ်ပါတယ်။ အရေပြားမှာ အလွှာသုံးလွှာ ပါရှိပါတယ်။ အပြင်ဘက်ဆုံး အလွှာကို epidermis (အပေါ်ဆုံးလွှာ)လို့ခေါ်ပြီး သူ့အောက်မှာ ဆက်ပေးတဲ့ အလွှာဖြစ်တဲ့ dermis (အလယ်လွှာ)နဲ့ hypodermis (အောက်ဆုံးလွှာ) အလွှာတွေ ပါရှိပါတယ်။ Epidermis ဟာ ရေလုံတဲ့အလွှာဖြစ်ပြီး ကိုယ်ခန္ဓါကို ပြင်ပ အရာဝတ္ထုတွေကနေ ကာကွယ်ပေးပါတယ်။ Dermis မှာတော့ ကြမ်းတမ်းတဲ့ သွယ်ဆက်တစ်ရှူး တွေ၊ မွေးညင်းပေါက်တွေနဲ့ ချွေးဂလင်းတွေ၊ အာရုံကြောတွေ သွေးကြောတွေပါဝင်ပါတယ်။ Hypodermis ကိုတော့ အဆီနဲ့ သွယ်ဆက်တစ်ရှူး တွေနဲ့ ပြုလုပ်ထားပါတယ်။

Collagen (ကော်လဂျင်) ဟာ သွယ်ဆက်တစ်ရှူး တွေကို ဖြစ်စေတဲ့ ပရိုတင်း တစ်မျိုးဖြစ်ပါတယ်။ Collagen ဟာ ကိုယ်ခန္ဓါအတွင်းမှာ ရှိတဲ့ ပရိုတင်းစုစုပေါင်းရဲ့ ၂၅ရာခိုင်နှုန်း လောက် ရှိပြီး မတူညီတဲ့ Collagen ပေါင်း ၂၅ မျိုး ပါဝင်ပါတယ်။ အရေပြားကို ပိုပြီး ပျော့ပျောင်းသန်စွမ်းစေရုံသာမက အရိုး၊ အရွတ်၊ ကြွက်သားတွေနဲ့ အရိုးနုတွေ၊ ကိုယ်အင်္ဂါတွေကိုပါ ထောက်ပံ့ပေးပါတယ်။

Collagen (ကော်လဂျင်) ဟာ အရေပြားအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။

အသားအရေရဲ့ နူးညံ့စိုပြေမှုဟာ Collagen ကြောင့် အဓိက ဖြစ်တာဖြစ်ပါတယ်။ Collagen ဟာ အရေပြားကို ထောက်ပံ့ပေးတဲ့ သွယ်ဆက်တစ်ရှူး ဖြစ်ပါတယ်။ သူဟာ နုနယ်ပျိုမြစ်တဲ့ အရေပြားကို ဖြစ်စေပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခန္ဓါဟာ Collagen ထုတ်တာနည်းသွားပြီး အရေးအကြောင်းတွေကို ဖြစ်လာစေတာပါ။

Collagen ဟာ အရေပြားက စုပ်ယူဖို့ ကြီးလွန်းတဲ့ ပရိုတင်းတစ်ခုဖြစ်ပြီး များသောအားဖြင့် စားလိုက်ရင် ပြိုကွဲသွားတာဖြစ်ပါတယ်။ Collagen ပါဝင်တယ်ဆိုတဲ့ အရေပြားလိမ်းဆေးတွေနဲ့ အားဆေးတွေ ရှိသော်လည်း သူတို့ဟာ အကျိုးမရှိပါဘူး။ Collagen အစွမ်းထက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ခန္ဓါက ထွက်တဲ့ Collagen ကို လှုံ့ဆော်ပေးဖို့ပဲ ဖြစ်ပါတယ်။

Collagen (ကော်လဂျင်) ထုတ်လုပ်မှုကို လှုံ့ဆော်ခြင်း

Collagen ထုတ်လုပ်မှုကို လေဆာကုထုံးနဲ့ ကုသနိုင်ပါတယ်။ ဒီ နည်းလမ်းကို လက်မှတ်ရဆရာဝန်က ပြုလုပ်ပေးမှာ ဖြစ်ပြီး အဆီပို ကုသမှုအတွက် အသုံးများပါတယ်။

Collagen ကို လှုံ့ဆော်ဖို့ နောက်နည်းလမ်းတစ်မျိုးကတော့ အစားအသောက်မှတစ်ဆင့် ဖြစ်ပါတယ်။ Collagen ထုတ်လုပ်မှုကို အားပေးတဲ့ အစားအစာတွေကတော့

ကြက်ဥအကာ၊ အသား၊ ချီးစ်၊ ပဲ နဲ့ ဂေါ်ဖီထုပ်
ဘယ်ရီသီးမျိုးစုံ
ဗီတာမင် ကြွယ်ဝသော အစားအသောက်များ (လိမ္မော်သီး၊ အစေ့၊ အနီရောင် ရှိသောအသား၊ ရေသောက်ခြင်း)
ဗီတာမင်အေဟာ အသားကရတဲ့ အစာတွေနဲ့ အပင်ထွက် အစာတွေမှာ beta-carotene အနေနဲ့ ပါဝင်ပါတယ်။
ကိုယ်ခန္ဓါအတွင်းက Collagen တွေဟာ အချိန်ကြာလာတာနဲ့ အမျှ လျော့နည်းလာမှာဖြစ်ပြီး Collagen ကိုပျက်စီးစေတဲ့ အရာတွေလည်း ရှိပါတယ်။ အောက်ဖော်ပြပါအချက်တွေကို ရှောင်ကျဉ်ခြင်းဟာ ကျန်းမာတဲ့ အသားအရည်ကို ပိုမိုကြာရှည်စွာ ပိုင်ဆိုင်နိုင်ပါတယ်။

သကြားအများကြီးစားသုံးခြင်းဟာ Collagen ကို ခြောက်သွေ့၊ ကျိုးကြေစေပြီး အားနည်းစေပါတယ်။
စီးကရက်မှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေဟာ အရေပြားမှာ ရှိတဲ့ collagen နဲ့ ကျုံ့ဆန့်တစ်ရှူး ကို ပျက်စီးစေပါတယ်။ နီကိုတင်း ဟာ သွေးကြော ကျဉ်းစေပြီး အာဟာရတွေနဲ့ အောက်စီဂျင်တွေ အရေပြားကို ရောက်ရှိမှုကို လျော့ကျစေကာ အရေပြား ကျန်းမာရေးကို ထိခိုက်စေပါတယ်။
နေမှ ခရမ်းလွန်ရောင်ခြည် တွေဟာ Collagen ကို ပြိုကွဲစေပါတယ်။
Collagen ပမာဏဟာ အချိန်ကြာလာတာနဲ့ အမျှ သဘာဝအတိုင်း ကျဆင်းလာတတ်ပါတယ်။ ဒီလိုဖြစ်စဉ်ကို ရှောင်ကြဉ်ဖို့ နည်းလမ်း မရှိပေမယ့် Collagen ပိုမိုထုတ်လုပ်ဖို့အတွက် နည်းလမ်းတွေတော့ ရှိပါတယ်။ အထက်ဖေါ်ပြပါနည်းလမ်းတွေဟာ အရေပြား၊ အရိုး၊ ကြွက်သားနဲ့ အဆစ်တွေကို ပိုမို ကြာရှည်စွာ ကျန်းမာနေစေမှာ ဖြစ်ပါတယ်။

Hello ဆရာဝန်

15/11/2021

မြန်မာတွေဟာ ဘာလို့ ဇရာကို စောစောစီးစီး အရှုံးပေးနေရတာလဲ ?

ဘောလိဝုဒ်မင်းသား အမီရ်ခန်း (PK) အသက် ၅၀ ကျော်နေပြီ
ခုထိ လူငယ်အခန်း ရိုက်ကောင်းနေတုန်း
Gym ဆော့ကောင်းတုန်း
ဗလကလဲ လူငယ်တွေနဲ့ ယှဉ်လို့ရတယ်

ရှရွတ်ခန်းဆိုရင် ဒွေးနဲ့ခေတ်ပြိုင်တောင်မဟုတ်ဘူး
ဒွေးထက်စောတယ်
ဒွေးသေလို့ အရိုးဆွေးနေပြီ
ရှရွတ်ခန်းက ခုထိမင်းသားခန်းရိုက်နေတုန်း

ဦးကျော်ဟိန်းနဲ့ ခေတ်ပြိုင်
အမီတာဘဂျမ်းတို့၊ ဟောလိဝုဒ်က ဘရုဝီလီတို့ ဆိုရင်လဲ အက်ရှင်ကားတွေ သန်သန်မြန်မြန်သရုပ်ဆောင်နေတုန်းပဲ
တို့ဘကြီးဘုန်းကြီးကတော့ တော်တော်အိုစာသွားတယ်

ဇရာဆိုတာက
ငါအိုပြီဆိုပြီး သံဝေဂရနှလုံးသွင်းလိုက်တော့မှ ရောက်လာတာ မျိုးဖြစ်မယ်

ခင်မောင်တိုး၊ ကိုငှက်၊ စိုင်းထီးဆိုင်တို့ရဲ့ သီချင်းအသစ်တွေ နားမထောင်ရတော့ဘူး
သူတို့နဲ့ သက်တူရွယ်တူလောက်တွေဖြစ်မယ့် အမေရိကန် ကန်းထရီးစတားကြီးတွေ
ဘလိတ် ရှယ်တန် ၊ ဂျော့စထွစ်၊ ရန်ဒီထရားဗစ် တို့ကတော့ သီချင်းအသစ်တွေ ထွက်တုန်း
One man Show တွေ
Live Tour တွေနဲ့ ကဲကောင်းတုန်းရှိသေးတယ်

သူတို့က အသက် ၄၀ မှ ဘဝစတယ်လို့တွေးတယ်
ကိုယ်တွေဆီမှာက အသက်၄၀ ဆိုရင်အဖိုးကြီး ဖြစ်ပြီတွေးတယ်

ကျန်းမာရေးလဲ ဂရုမစိုက်ကြဘူး
လေ့ကျင့်ခန်းလဲ မလုပ်ကြဘူး
အသက် ၃၀ ကျော်အများစုက ဗိုက်ပူနေပြီ
၃၀ ကျော်ရင် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အသည်း ရောဂါ တစ်ခုခုဝင်ချင်နေပြီ

အစားအသောက် ၊ ကျန်းမာရေး လေ့ကျင့်ခန်း၊ အရက် ၊ မူးယစ်ဆေးဝါး ၊
ဇရာအပေါ် ရှု့မြင်ပုံတွေကွာသွားတာဖြစ်မှာပဲ

မြန်မာအစားအစာတွေက သိတဲ့အတိုင်းပဲ
ကမ္ဘာကိုတင်ပို့လို့မရဘူး
ဓာတ်ခွဲစစ်လိုက်ရင် တစ်ခုခုတော့ ငြိနေတာပဲ
ကျနော်တို့စားနေတာ ၉၀% က အဆိပ်တွေ

နေ့တိုင်း ရဆော့သင့်တဲ့ Gym ကို သူဌေးတွေ ဇိမ်ခံတာလိုလို ဘာလိုလို ထင်နေကြတယ်
မန်ဘာကြေးအကုန်မခံနိုင်ရင် ကိုယ့်ဘာကိုယ်လဲ အိမ်မှာလုပ်လို့ရတာပဲ
YouTube မှာ ၈မိနစ်လေ့ကျင့်ခန်းတွေ အများကြီး ရှိတယ်
တစ်နေ့ ရှစ်မိနစ်လောက်အပင်ပန်းခံရုံနဲ့
ယွကျားဆိုရင် Six pack ဖြစ်မယ်
မိန်းခေးဆိုရင် ကိတ်လာမယ်
လေ့ကျင့်ခန်း အမြဲလုပ်မယ်ဆိုရင် ကြွက်သားသန်မာမှုကို အနည်းဆုံး အသက်၇၀ လောက်ထိ ထိန်းထားလို့ရတယ်
ကြွက်သားတွေသန်မာရင် အသက် ၉၀ ထိ ခါးမကိုင်းဘူး

အရက်ကတော့ တန်ဆေးလွန်ဘေးပဲ
အများစုကတော့ တစ်ခွက်မူးပြီးရင် မထိန်းနိုင်တော့ ဘူး
ဆက်ဆွဲပြီ အရက်တစ်ပက်ကိုချေဖို့ အသည်းက ၄နာရီနဲ့ ခြောက်နာရီကြား အလုပ်လုပ်ရတယ်တဲ့
တစ်နေ့နှစ်ပက်လောက်ပဲ သောက်သင့်တယ်

မူးယစ်ဆေးကတော့ အနုပညာသမားတွေ အကြိုက်ပဲ
ဖန်တီးမှု ပိုစျာန်ဝင်တယ်ထင်ရတာပေါ့
အမှန်တော့ စိတ်က illusion ဖြစ်တာပါ
ဂျော့စတစ် တို့လို အဆိုတော်ကြီးတွေ အဖိုးကြီး ဖြစ်တဲ့အထိ မူးယစ်ဆေးမသုံးဘဲ သီချင်းကောင်းတွေ ဖန်တီးပြနေတုန်းပဲ

ဇရာကိုရှု့မြင်ပုံမှာ မြန်မာတွေဟာ တော်တော်ကဲတယ်
အသက် ၁၆ နှစ် ကလေးတွေက သူတို့ကိုယ်သူတို့ လူကြီးဖြစ်ပြီထင်နေတယ်
အသက် ၃၀ ကျော်ကို ဦးလေးအရွယ်ထင်နေတယ်
၄၀ ကျော်ရင်တော့ အဖိုးကြီးပဲ
သွားပြီ တရားစခန်းပဲ ဝင်ရတော့မလိုလို
ဘုန်းကြီးပဲ ဝတ်ရတော့ မလိုလို

အမှန်ကအသက် ၁၆ နှစ်က ၂၅ နှစ်အရွယ်က ချာတိတ်လေးတွေပဲ ရှိသေးတာ

၂၅ နှစ်က ၄၀ အထိက လူငယ်
၄၀ မှ လူတစ်ယောက် ဘဝစတာ
၄၀ မှ လူလတ်ဖြစ်တာ
၄၀ ကနေ ၆၀ အထိလူလတ်
၆၀ ကနေ ၈၀ အထိမှ လူကြီး
၈၀ နဲ့ ၉၀ ၁၀၀ ကြားကိုမှ အဘိုးကြီး အဘွားကြီး ခေါ်တာ

တကယ်တော့ အသက်အရွယ် ဇရာဆိုတာလဲ
ကိုယ်က အရှုံးပေးမှ ကိုယ့်ဆီရောက်လာတာ

အသက် ၆၀ မှာ ကာယဗလ ကစားပြီး အသက် ၇၀ မှာ အကောင်းဆုံးကြွက်သား Performance ရတဲ့ ကာယဗလ မောင်တောင် ရှိတယ်

မြန်မာအများစု ရဲ့ Body Building က အစွန်းရောက် နေတယ်

၃၀ ကျော် ယောက်ကျားတွေက ကိုယ်ဝန်သည်လို ဗိုက်ပူရင်ပူ မပူရင် ရှုနာရှိုက်ကုန်း လေထိမခံ ရေထိမခံဖြစ်နေတယ်

၃၀ ကျော်မိန်းမတွေက အိမ်ထောင်ကျပြီးရင် ဝက်လို၊ ရာဝင်အိုးလို၊ တိုင်ကီလိုဖြစ်လာတယ်

သွေးတိုး၊ နှလုံး၊ ဆီးချို ၊ အသည်းခြောက် စသဖြင့် နာတာရှည်ဖြစ်တော့ ဆရာဝန်တွေကို ပိုက်ဆံပေးရတာပဲ မဟုတ်လား

အဲ့ဒီပိုက်ဆံတွေကို ရောဂါမဖြစ်ခင်
အစားအစာကောင်းကောင်းတွေ ရွေးချယ်စားသောက်၊
ကျန်းမာရေးအတွက် အားကစားပစ္စည်းတွေဝယ် ၊ Gym အတွက်သုံးတော့ Body Building အတွက် ပိုမကောင်းဘူးလား
အရက်တွေ၊ ဘီယာတွေ ၊ဆေးလိပ်တွေ လျှော့သောက်တော့ ကလေးပညာရေး အသုံးစရိတ် ပိုရတာပေါ့
အားလပ်ရက်ခရီးထွက်မယ့် ပိုက်ဆံပိုထွက်လာတာပေါ့

နိုင်ဂျံဂါးက အဖိုးကြီးတွေရဲ့ သီချင်းအသစ်တွေ ထွက်တိုင်း မနာလိုဘူး
ဦးထီးတို့၊ ဦးဌက်တို့၊ ဦးခင်မောင်တိုးတို့ သီချင်းသစ်တွေ နားထောင်ချင်တယ်
လွမ်းလဲ လွမ်းတယ်
ခင်ဗျားတို့ ကိုယ့်ကျန်းမာရေး ကိုယ် ဘာလို့ဂရုမစိုက်တာလဲဆိုပြီး ကြိမ်နဲ့လဲ ရိုက်ချင်စိတ်ပေါက်တယ်

ကိုယ့်လူမျိုး ကိုယ်အသက်ရှည်စေချင်တယ်
ကိုယ့်အနုပညာရှင်တွေကို အသက်ရှည်စေချင်တယ်

ကျနော်နားလည်တဲ့ အမျိုးသားရေးက အဲ့လို

(ကာယဗလဆိုတာ အရွယ်မရွေးဘူး)

CreditOriginal Uploader.

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

fashion&beauty

15/11/2021

7 YUPAN fashion&beauty ဆိုင်လေး စတင်ဖွင့်လှစ်နေပါပီ ချစ်တို့ရေ

Boom products လက်လီ/လက္ကား ဖြန့်ချီရေး မုံရွာကိုယ်စားလှယ်
(အသားဖြူမျက်နှာသစ်ဆပ်ပြာ၊ ကော်လဂျင်၊ အဆီကျကော်ဖီ)

BKK အလှကုန်ပစ္စည်း
အဝတ်အထည် အမျိုးမျိုး

Trucksuits ဒီဇိုင်းမျိုးစုံဖြင့် လူကြီးမင်းတို့လုပ်ငန်း Logo ပါ တံဆိပ်ရိုက်အပြီးအစီး ထရက်စု အကျီများကို ဈေးနှုန်းမှန်ကန်စွာဖြင့် အော်ဒါလက်ခံ ပေးနေပါပီ

လိုအပ်ရင် ဆိုင်မှာလာရောက်ကြည့်ရှု့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်

နေရာ - မင်းကြီးညိုလမ်း၊ ဒက္ခိဏာရုံကျောင်းအနီး၊
ဗဒုံရပ်ကွက်၊အလုံ၊မုံရွာမြို့

06/11/2021

အမျိုးသမီးများအတွက် ကျင့်ဝတ်များ

၁။ အထက်တန်းကျကျ နေထိုင်ပါ။

၂။ စကတ်ဝတ်ထားတဲ့အခါ ဒူးတွေကို ပူးကပ်ထိုင်ပါ။

၃။ လျှို့ဝှက်ချက်တွေကို ထိန်းပါ။

၄။ ပြုံးပါ။

၅။ ကောလဟာလစကား၊ အတင်းအဖျင်းစကားတွေ မပြောပါနဲ့။

၆။ သင့်ကိုယ်သင် လေးစားပါ။

၇။ သူ့နေရာနဲ့သူ လိုက်ဖက် ဝတ်စားဆင်ယင်ပါ။

၈။ မထိုက်တန်တဲ့အချစ်ကို လက်မခံထားပါနဲ့။

၉။ သင့်ခန္ဓာကိုယ်ကို ချစ်ပါ။

၁ဝ။ အိ‌‌န္ဒြေရရ ဝတ်စားဆင်ယင်ပါ။

၁၁။ မူးယစ်သောက်စားခြင်းကို ရှောင်ပါ။

၁၂။ အပြောင်းအလဲတွေကို လက်ခံပါ။

၁၃။ ဘဝသင်ခန်းစာတွေကို လက်ခံပါ။

၁၄။ ယောက်ျားတစ်ယောက်အတွက် သင့်ကိုယ်သင် မနှိမ့်ချပါနဲ့။

၁၅။ အမှန်တကယ်ထိုက်တန်တဲ့သူကို မတွေ့မချင်း single ဘဝနဲ့ပဲနေပါ။

၁၆။ သင့်ရဲ့အားနည်းချက်တွေကို သိထားပါ။

၁၇။ သင့်ကိုယ်သင် ယုံကြည်ပါ။

၁၈။ သင့်ကို နာကျင်စေသူတွေကို စွန့်လွှတ်ပါ။

၁၉။ ပြင်ပြင်ဆင်ဆင်နေပါ။

၂ဝ။ သင့်တန်ဖိုးကို ယောက်ျားတစ်ယောက်က သတ်မှတ်ခွင့်မပေးပါနဲ့။

၂၁။ ဘယ်သူ့ကိုမှ သင်နဲ့ မနှိုင်းယှဉ်ပါနဲ့။

၂၂။ သင့်ကိုယ်သင် ဦးစားပေးပါ။

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Telephone

Address

မင်းကြီးညိုလမ်း၊ဒက္ခိဏာရုံကျောင်းအနီး၊အလုံ မုံရွာမြို့ ။
Monywa
95