Secret Beauty Store

Secret Beauty Store

Share

qualityကောင်းသောစျေးနှုန်းချိုသာသောနှုတ်ခမ်းနီချစ်သူတို့like&followလုပ်ထားဖို့မမေ့နဲ့နော်

30/06/2022

ချစ်တို့ရေ
ဒီနေ့တော့ ငွေကုန်ကြေးကျသက်သာပြီး အသားအရေအတွက်လည်းတကယ်ကောင်းမွန်တဲ့ ရေခဲတုံးလေးအကြောင်း Share ပေးမယ်နော် 😻

ရေခဲတုံးနဲ့ မျက်နှာကိုပွတ်ပေးခြင်းဖြင့် Glow Skin လေးရမှာမို့ သေသေချာချာဖတ်ပေးနော် 😍

❄️ ရေခဲတုံးနဲ့ မျက်နှာကိုအသာအယာ ပွတ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုအားကောင်းစေပြီး မျက်နှာအသားအရေကို ကြည်လင် ၀င်းပလာစေပါတယ်

❄ အမဲစက်တွေကိုသက်သာစေပြီး ၀က်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်

❄ အဆီထုတ်လုပ်မှုကိုလျှော့ချပေးပြီး အဆီပြန်မှုကိုသက်သာစေပါတယ် 💓

❄ ချွေးပေါက်ထဲရှိအညစ်အကြေးကို သန့်စင်စေပြီး မျက်နှာကိုသန့်‌စင်စေပါတယ်

❄ မိတ်ကပ်မလိမ်းခင် ရေခဲတုံးနဲ့မျက်နှာတစ်ခုလုံးကို အသာအယာပွတ်ပေးပါ
အဲ့လိုလုပ်ပေးခြင်းဖြင့် မိတ်ကပ်ကိုကြာရှည်ခံစေပြီး မျက်နှာကိုပိုပြီးကြည်လင်စေပါတယ် 🤗

❄ ရေခဲတုံးနဲ့ပွတ်ပေးခြင်းက မျက်နှာရှိအရေးအကြောင်းကိုသက်သာစေပြီး အရေးအကြောင်းအသစ်ဖြစ်ပေါ်မှုကိုလည်း တားဆီးပေးပါတယ်

❄ မျက်နှာရှိအညစ်အကြေးနဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးဖို့ Exfoliation အဖြစ် ရေခဲတုံးနဲ့နို့ကိုရောပြီး ပွတ်ပေးခြင်းဖြင့် ဆဲလ်သေဖယ်ရှားပေးပါတယ် 😍

အခုဆိုရင် အိမ်မှာနေရင်း ငွေကုန်ကြေးကျသက်သာပြီး အသားအရေအတွက်တကယ်ကောင်းတဲ့ ရေခဲတုံးလေးသုံးပြီး Glow Skin လေးပိုင်ဆိုင်နိုင်ပါစေနော် 😚




Ref: StyleCraze

21/06/2022

🤍Mask ကပ်ရင် မှားတတ်တဲ့ အမှား 8️⃣ ခု

𝟏👉မှန်ကန်တဲ့ maskကို မရွေးချယ်ခြင်း

🔸Mask ရွေးတဲ့ နေရာမှာ ကိုယ့်အသားအရေနဲ့လိုက်တဲ့ mask ကိုရွေးချယ်ရမှာပါ။
🔸တချို့မိန်းကလေးတွေက mask ဝယ်ရင် ဘာအာနိသင်ပါလဲအရင်မကြည့်ပဲ နာမည်ကြီးတဲ့ brand (သို့မဟုတ်) အထုပ်လှတာ/ packaging လှတာကိုရွေးဝယ်တတ်ကြပါတယ်။
🔸 အဲ့လိုဆိုရင် "သဲထဲရေသွန်" ပဲဖြစ်နေမှာနော်
🔸ပိုက်ဆံပဲကုန်ပြီး မျက်နှာဘာမှပြောင်းလဲမှုရှိလာမှာမဟုတ်ပါဘူး။
🔸စျေးကြီးတဲ့ mask တိုင်းကိုယ်နဲ့မတည့်နိုင်ပါဘူး။ ကိုယ်နဲ့တည့်တာကို ရွေးချယ်ရပါမယ်

𝟐👉 မျက်နှာမသစ်ပဲ 𝐦𝐚𝐬𝐤 ကပ်ခြင်း

🔸မျက်နှာမသစ်ပဲ mask ကပ်ရင် ရသင့်တဲ့အာနိသင်အပြည့်အဝကို မျက်နှာက မစုပ်ယူပေးနိုင်ပါဘူး။ 🔸မျက်နှာမသစ်ပဲ mask ကပ်ရင် မျက်နှာပေါ်မှာဖုန်မုန့်တွေရှိနေပြီး mask က essence တွေ မျက်နှာထဲစိမ့်ဝင်ဖို့ အတားအဆီးတစ်ခုအနေနဲ့ရှိနေမှာပါ။

3👉တိုနာ မသုံးပဲ 𝐦𝐚𝐬𝐤 ကပ်ခြင်း

🔸Mask ကပ်ဖို့ မျက်နှာသစ်ပြီးရင် toner သုံးပေးရပါတယ်။
🔸 Toner က ချွေးပေါက်မှာပိတ်နေတဲ့ အညစ်အကြေးတွေဖယ်ရှားပေးပါတယ်။
🔸Mask ကပ်ရင်လည်း စိမ့်ဝင်မှု ကောင်းအောင် ပြုလုပ်ပေးပါတယ်။
🔸Sheet Mask နဲ့ sleeping mask သုံးမယ်ဆို Toner ကို mask မသုံးခင်လိမ်းရပြီး peeling mask သုံးမယ်ဆို mask ပြီးမှ Toner သုံးရမှာပါ။

𝟒👉paper mask ကို မခွာပဲသုံးခြင်း

🔸တချို့ mask တွေက sheet mask ပေါ်မှာ paper တစ်ခုပါလာပါတယ်။
🔸 အဲ့ paper mask က ခွာပြီးမှ သုံးရမှာပါ။
🔸အဲ့ paper ကို မခွာပဲ သုံးရင် essence အရည် မျက်နှာထဲစိမ့်ဝင်ဖို့ layer အကန့်အသတ်တစ်ခုက တားဆီးနေသလို ဖြစ်နေမှာပါ။

5👉mask ကိုခြောက်တဲ့ထိ ကပ်ခြင်း

🔸Sheet Mask တိုင်းရဲ့ recommended time က ၁၅-၂၅ မိနစ် ဖြစ်ပါတယ်။ ၃၀ မိနစ်မကျော်ရပါဘူး။ 🔸Sheet Mask ကိုလည်းခြောက်တဲ့အထိ မထားရပါဘူး။
🔸ခြောက်တဲ့အထိထားရင် မျက်နှာထဲစိမ့်ဝင်သွားတဲ့ essence တွေကို sheet mask က ပြန်စုပ်ယူပြီး အပြင်မှာပဲ ခြောက်သွားမှာပါ။ မျက်နှာထဲမစိမ့်ဝင်တော့ပါဘူး။
🔸 ၁၅-၂၅ မိနစ်ပြည့်သွားရင် mask ကိုခွာပြီး မျက်နှာပေါ်မှာရှိတဲ့ essence တွေကို စိမ့်ဝင်သွားအောင် လက်လေးနဲ့ ပွတ်ပေးရင်ရပါပြီ။
🔸တစ်ညလုံး mask ချင်တယ်ဆိုရင် overnight mask ကို သုံးပေးလို့ရပါတယ်။
🔸Sheet mask ကိုတစ်ညလုံးမသုံးရပါဘူး။

𝟔👉mask ကပ်ပြီးချက်ချင်းမျက်နှာသစ်ခြင်း

🔸တချို့ mask တွေက ကပ်ပြီးရင် မျက်နှာသစ်စရာမလိုပါဘူး။
🔸သစ်ရတဲ့ mask တွေလည်းရှိပါတယ်။ Mask ဝယ်တဲ့ချိန် အညွှန်းကို သေချာကြည့်ပါ။
🔸မျက်နှာသစ်မယ်ဆိုရင်လည်း ချက်ချင်းမသစ်ရပါဘူး။ Essence ရည်တွေအားလုံးစိမ့်ဝင်သွားပြီး ခဏနေမှ သစ်ရမှာပါ။
🔸 မဟုတ်ရင် essence တွေကို ရေနဲ့ဆေးချလိုက်သလိုဖြစ်နေမှာပါ။

𝟕👉 ကျန်တဲ့ 𝐄𝐬𝐬𝐞𝐧𝐜𝐞 အရည်တွေကိုစွန့်ပစ်ခြင်း

🔸Mask ကပ်ပြီး ကျန်တဲ့အရည်တွေကို မပစ်ပါနှင့်။ လည်ပင်း၊ လက်၊ ခြေထောက်၊ ဒူး တွေမှာလိမ်းလို့ရပါတယ်။
🔸 Mask ရဲ့အဓိက လုပ်ဆောင်ချက်က ရေဓာတ်ဖြည့်ခြင်းပါ။ ရေဓာတ်လိုတဲ့နေရာတွေ လိမ်းပေးလို့ရပါတယ်။

𝟖👉 ကပ်ပြီး 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 အဆင့်ကျော်ခြင်း

🔸Mask တစ်ချပ်ထဲနဲ့ မျက်နှာကပြဿနာတွေအားလုံးကိုမဖြေရှင်းနိုင်ပါဘူး။
🔸 Mask ကပ်ပြီးရင်လည်း ပုံမှန်ကိုယ်သုံးနေကျ moisturizer cream တွေ skincare step တွေလုပ်ပေးရပါတယ်။

ဒါတွေကတော့ လူတိုင်းနီးပါးမှားတတ်ကြတဲ့ အမှား လေးတွေပါ ‼️
🌸 Sheet Mask တွေကပ်မယ်ဆိုရင် တစ်ပတ် ၂ ခါလောက်ပုံမှန်သုံးပေးရပါမယ်နော်

💃Skincare လုပ်တာက ပိုက်ဆံကုန်တယ်နော်💰
🔸ကိုယ်ကုန်တဲ့ ပိုက်ဆံနဲ့ ထိုက်တန်တဲ့ မျက်နှာလေးရအောင် မှန်ကန်တဲ့ ပစ္စည်းကို ရွေးချယ်တတ်ဖို့တော့လိုတယ်

🔸Skincare တွေက စျေးကြီးမှမဟုတ်ပါဘူး ရွေးတတ်ဖို့ပဲလိုပါတယ်

16/06/2022

မေးးးးးးမျက်နှာသစ်ဆေးလည်းသုံးတယ်🤔
skin careတွေလည်းstep by stepသုံးနေရက်နဲ့ဘာလို့မျက်နှာမှာအဆီဖုတွေဝက်​ ခြံ​ေတွချွေးပေါက်ကျယ်တာတွေဖြစ်နေရလဲဆိုတဲ့အကြောင်းအရင်းကဘာများပါလဲ🤔
​ဖြေ......မျက်နှာမသစ်ခင်ရောလက်ကိုသန့်စင်အောင်အရင်ဆေးရဲ့လား?
skin careစလိမ်းတဲ့အချိန်ရောလက်ကသန့်ရှင်းရဲ့လား?
လက်ညစ်ပတ်နေရင်တော့ဘယ်လောက်skin careနေနေနော် သိသာတဲ့ရလဒ်ထွက်လာမှာမဟုဘူး😘
#အကျိုးရှိပါစေ

12/06/2022

ရှားစောင်းလက်ပတ်နှင့်ပေါင်းတင်နည်းများ
➖➖➖

၁။အသားအရေစိုပြေစေရန်ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်‌အလယ်သား အနှစ်လေးတွေကို ဇွန်းနဲ့ခြစ်ယူပြီး ရလာတဲ့ ဂျယ်အနှစ်လေးတွေကို
မျက်နှာပေါ်လိမ်းပေးပါ။

မိနစ် သုံးဆယ်ခန့်ခြောက်သွေ့အောင်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချပါ။

တစ်ပတ်နှစ်ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေ စိုပြေတင်းရင်းစေပြီး ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံထွက်ခြင်း၊
အသားအရေ‌ခြောက်သွေ့ယားယံခြင်း၊အသားအရေရောင်ရမ်းခြင်း များကိုသက်သာစေမှာဖြစ်ပါတယ်

➖➖➖➖

၂။ဝက်ခြံအမာရွတ်နဲ့အမဲစက်အတွက်ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပါ။
ခရမ်းချဉ်သီး အစေ့ထုတ်ပြီးသားတစ်လုံးကို ဓားသန့်သန့်ဖြင့် နုတ်နုတ်ဆင်းပြီး ရလာသောအရည်ကို
ရှားစောင်းလက်ပတ်အနှစ်နဲ့ဆတူရောပြီး သမအောင် မွှေနှောက်ပေးပါ။
ရလာသောအနှစ်အရည်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။
ဆယ့်ငါးမိနစ်ခန့်‌ခြောက်သွေ့အောင်ထားပြီး ကြက်သီးနွေးရေလေးနှင့်ဆေးချပါ။တစ်ဖန်ရေအေးအေးလေးနှင့် ပြန်သစ်ကာ ‌ခြောက်သွေ့သန့်ရှင်းသော တဘက်လေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။
လိမ်းနေကျ toner, moisturizerလေးလိမ်းပေးပါ။
တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။

ခရမ်းချဉ်သီးမှာပါတဲ့ အက်စစ်ဓာတ်နဲ့အာဟာရဓာတ်တွေက ဝက်ခြံကြောင့်ဖြစ်တဲ့အမဲစက်တွေနဲ့ဝက်ခြံအမာရွတ်တွေကို ကု‌သပေးနိုင်ပြီး အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။
ရှားစောင်းလက်ပတ်က အသားအရည်ကိုရေဓာတ်ဖြည့်စိုပြေစေပြီး အသားအရေယောင်ရမ်းမှုကိုသက်သာစေပါသည်။

➖➖➖➖➖➖

၃။ရှားစောင်းလက်ပတ်အနှစ်+ကြက်ဥအကာပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ်နှစ်ဇွန်းကို ကြက်ဥအကာတစ်လုံးနဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။

ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။တစ်ဖန်ရေအေးလေးနဲ့ပြန်ဆေးပါ

တစ်ပတ်နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ချွေးပေါက်ကျဉ်းကာ အသားအရေစိုပြေစေမှာဖြစ်ပါတယ်။
➖➖➖➖➖➖➖

၄။ရှားစောင်းလက်ပတ်scrubလုပ်နည်း

သကြားခွက် တစ်ဝက်
ရှားစောင်းလက်ပတ်အနှစ် ခွက် ‌လေးပုံတစ်ပုံ
အုန်းဆီခွက်တစ်ဝက် တို့ကိုရောမွှေပါ။

ရလာသောအနှစ်ကို အသားအရည်ပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးခြင်းဖြင့် ဆဲလ်သေဖယ်ရှာပေးသော scrub အဖြစ်အသုံးပြုနိုင်ပါသည်။နှုတ်ခမ်းသားညိုမဲနေခြင်းအတွက်လည်း အသုံးပြုနိုင်သလို ဒူးခေါင်းမဲခြင်း တံတောင်စစ်မဲခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပါသည်။

Crd

06/04/2022

မျက်နှာသစ်ပြီးရင် ပုဝါနဲ့ မသုတ်သင့်ဘူး
ပုဝါနဲ့ သုတ်တဲ့အခါ
ဘက်တီးရီးယားတွေ အများဆုံး ရှိနေတဲ့ပုဝါနဲ့ မျက်နှာကို သုတ်တဲ့အခါ အရေပြားပြဿနာတွေဖြစ်လာပါတယ်။
၁။ ဝက်ခြံ🍀
ခန္ဓာကိုယ်ကို သုတ်တဲ့ပုဝါနဲ့ မျက်နှာကို သုတ်တဲ့အခါ မျက်နှာအသားအရေက ထိခိုက်မှာပါ။ တဘက်တွေ၊ ပုဝါတွေကိုရေချိုးခန်းတွေထဲမှာ ထားတတ်ကြပါတယ်။ အဲဒီနေရာက လေအစိုဓါတ်များတဲ့နေရာတွေ ဖြစ်တာကြောင့် ဘက်တီးရီးယားတွေက ပျော်ကြပါတယ်။
နေရောင်ခြည်မရတဲ့ပုဝါကို မျက်နှာကို သုတ်လိုက်တဲ့အခါ ဘက်တီးရီးယားတွေကလည်း ကပ်ပါလာပါတော့တယ်။
၂။ လျင်လျင်မြန်မြန် အိုမင်းလာခြင်း🍀
မျက်နှာသုတ်ပုဝါစကို သုံးတဲ့အခါ အသားအရေကို ပွန်းစေပြီး အရေးအကြောင်းတွေ ပိုဖြစ်လာပါတယ်။ မျက်နှာအသားအရေလည်း အရင်လို မချောမွေ့နိုင်တော့ပါဘူး။
၃။ Skincare အာနိသင်ကို လျော့ပါးစေခြင်း🍀
မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို သုတ်တာက သဘာဝဖြစ်ပေမယ့် သုံးတဲ့ skincare တွေက ထိရောက်မှုမရှိပါ။မျက်နှာမှာ ရေတွေမခြောက်ခင် moisturizer ကို သုံးတာက အာနိသင် ထိရောက်ပါတယ်။
၄။ အသားအရေ နီစပ်ခြင်း🍀
မျက်နှာအသားအရေက ထိလွယ်ရှလွယ်တယ် ဆိုရင် မျက်နှာကို ပုဝါနဲ့ မသုတ်သင့်ပါဘူး။ ပုဝါစတွေကို ချည်သားနဲ့ပြုလုပ်တာကြောင့် နူးညံ့တဲ့ အသားအရဆိုရင် နီစပ်လာနိုင်ပါတယ်။
၅။ အဆီပြန်စေခြင်း🍀
မျက်နှာအသားရေကို ညီမျှအောင်ထိန်းပေးတဲ့ အဆီဂလင်းတွေကို ကြမ်းတမ်းတဲ့ ပုဝါစက ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် မျက်နှာက ပိုပြီးအဆီပြန်လာမှာပါ

05/04/2022

အဆီပြန် တဲ့ မျက်နှာအသားရေတွက် ..........
ဆောင်ရန် ရှောင်ရန်များ...................
အဆီပြန်တဲ့အသားရေရဲ့ အဓိက ပြသနာကတော့ ဆားဝက်ခြံတွေရှိမယ်၊ မျက်နှာ အဆီပြန်မယ်၊ အဆီဖုတွေထွက်မယ်၊ အသားမညီတာတွေဖြစ်မယ်၊ အမဲစက်တွေဖြစ်ပါမယ်။ အပြင်ထွက်ပြီဆိုရင် မျက်နှာအဆီ ပြန်လို့ လိမ်းထားတဲ့ မိတ်ကပ်တွေ သနပ်ခါးတွေ ပျက်ကုန်ပြီလား။ မျက်နှာသစ်ပြီးလည်း ခဏနေဆို အဆီပြန်လာပြီလား။ဒါတွေက အဆီပြန်တဲ့သူတွေဖြစ်တတ်တဲ့ပြသနာတွေပဲဖြစ်တယ်။
ဒါဆိုရင်တော့ စာဖတ်သူတွေအတွက် မျက်နှာအဆီပြန်တာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မျှဝေချင်ပါတယ်။
#ဆောင်ရန်
၁။ တစ်နေ့ကို မျက်နှာ ၂ ခါသစ်ပါ။ PH ပါဝင်မှု ညီမျှတဲ့မျက်နှာသစ်ဆေးကိုသုံးပါ။
၂။ Alcohol မပါဝင်တဲ့ တိုနာသုံးပါ။
၃။ Moisturize (အသားအရေဆိုပြေစေတဲ့) ခရင်မ်လိမ်းပါ။ အဆီမပါတဲ့ Moisturizer ကိုလိမ်းရမှာဖြစ်ပါတယ်။
၄။ အဆီစုပ်တဲ့ စက္ကူဆောင်ပါ။ အဆီစုပ်စက္ကူကို တစ်နေရာတည်းမှာ ၁၅ စက္ကန့် စက္ကန့် ၂၀ ထိ ဖိပြီး အသံးပြုပေးရမှာပါ။ မျက်နှာကို ပွတ်မလိမ်းပါနဲ့။
၅။ မျက်နှာပေါင်းတင်ပါ။
ထောပတ်၊ ဒိန်ချဉ်၊ ရှားစောင်းလက်ပက်၊ သခွားသီးစတဲ့သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်လို့ရသလို အသင့်လုပ်ပြီးသား မျက်နှာပေါင်းတင်တဲ့ စက္ကူကပ်ပြီး ပေါင်းတင်လို့လည်းရပါတယ်။ တစ်ပတ်ကို ၁ ခါပဲလုပ်ပါ။
၆။ အဆီမပါတဲ့ ပေါင်ဒါတွေသုံးပါ။ 2 way အစား ပေါင်ဒါသုံးပါ။ Eyeshadow ကိုလည်း ခရင်မ်အစား ပေါင်ဒါသုံးပါ။
၇။အသီးအရွက်များများစားပေးပါ။ မျက်နှာ အမြဲသန့်နေအောင်ထားပေးတာက အဆီဖုတွေနဲ့ အဆီပြန်တာတွေကို သက်သာစေပါတယ်။
#ရှောင်ရန်
ကြမ်းတမ်းတဲ့ မျက်နှာသစ်စပ်ပြာကို မသုံးပါနဲ့။
မျက်နှာ ခဏခဏမသစ်ပါနဲ့။ တစ်နေ့ ၂ ကြိမ်ထက် ပိုမသစ်ပါနဲ့။
အလှပြင်ပစ္စည်းတွေ အများကြီးမသုံးပါနဲ့။ မိတ်ကပ်အထူကြီးမလိမ်းပါနဲ့။
ကိုယ်သုံးနေတဲ့ မျက်နှာသုတ်ပဝါတွေ တဘက်တွေကိုပြောင်းသုံးပါ။
အဆီများတဲ့ အကြော်တွေ၊ snack တွေရှောင်ပေးပါ။

04/04/2022

မနက်ဖြန်ကစpageလေးပြန်runပါမယ်နော်
အလှအပနှင့်ကျန်းမာရေးဆိုင်ရာဗဟုသုတများကိုနေ့တိုင်းပြန်တင်ပေးပါတော့မယ်
Love U All😘😘😘

06/02/2022

မျက်နှာသစ်နည်းလေးပါ

06/02/2022

#ဒီအမှားတွေကြောင့်_တင်းတိပ်မပျောက်တာ

တချို့ကြတော့လဲ ပုံမှန်ပဲ့ နေကြတယ် မျက်နှာကို
ထွေထွေထူးထူး ဂရုမစိုက်နေဘူး😁😁

အောက်ခံမိတ်ကပ်ရည်/ အာချီ/ Two ways
ပေါင်ဒါ/ သနပ်ခါး ဒါတွေ ရှိရင် လုံလောက်တယ်ဆိုပြီး
နေတတ်ကြတယ်😊😊😊

တသက်လုံးလဲ ဒါတွေပဲ့လိမ်းလာနေကြတယ်

ိုလဲစိတ်မဝင်စားဘူး😁
#တိုနာဆိုတာအရည်နဲ့လားဘာလားစိတ်မဝင်စားဘူး
#နေကာဆိုနေပူထဲထွက်ပြီးအလုပ်လုပ်ရမှသုံးရတာမဟုတ်လား_တို့ကအိမ်မှာပဲ့နေတာအလုပ်ကအရိပ်ထဲမှာပဲ့ လုပ်နေရတာဆိုတော့ နေကာကို လိမ်းဖို့မလိုအပ်ပါဘူးဆိုပြီး ထင်တတ်ကြတယ်😬😬(ကိုယ်ပါအပါဝင်)
😂😂😂😂

အသက် (30)/ (40)နားနီးလာတော့ မထင်မှတ်ပဲ့ ပါးပေါ်မှာ တင်းတိပ်က ပေါ်လာနေပြီ😲😲😲

ဟဲ့ လုပ်ပါအုံး ငါ့မျက်နှာ တင်းတိပ်ထွက်နေပါလားဟ. ကိုယ့်မျက်နှာကို ကိုယ်ကြည့်ပြီး နဲနဲဗျာများသွားတယ်😒😒😷😷

အဲ့ဒီတော့ ထွက်လာတဲ့ တင်းတိပ်ကို အာချီလေးနဲနဲပိုလိမ်းပြီး သနပ်ခါးနဲ့ ဖုံးပြီးနေလိုက်ကြတယ်😁😁😁ကိုယ့်ရွယ်တူတွေက တင်းတိပ်မထွက်သေး ကိုယ်က တင်းတိပ်ထွက်လာနေတယ်ဆိုတော့ သူတို့မမြင်အောင် ခပ်တည်တည်နဲ့ သနပ်ခါးနဲ့ ဖူံးပြီး နေနေတတ်ကြတယ်😷😷😷😷

အဲ့ဒီမှာ စမှားတော့တာပဲ့

ထွက်နေတဲ့ တင်းတိပ်ကို foundation ကောင်းကောင်းသုံးပြီး နေနေရင် တင်းတိပ်ပျောက်မယ်လို့
ထင်နေတတ်ကြတယ် ညအိပ်လဲ အဲ့ဒါတွေလိမ်းပြီး
အိပ်လိုက်ကြတယ်

နောက်ပိုင်း တင်းတိပ်က မပျောက်တဲ့အပြင် ပိုပိုပြီးကြီးလာတယ် ပိုပိုပြီးထင်းလာတယ်

အဲ့ခါကျ တင်းတိပ်က ပျောက်ချင်လာပြီ
ကိုယ်မျက်နှာကို ကိုယ်မြင်နေရတာ စိတ်မချမ်းသာဖြစ်လာပြီ ဟိုလူက ဒါလေးသူံးကြည့် ကောင်းတယ်
ပြောရင် သုံးလိုက်ပြန်ပြီ ဒီဟာကောင်းတယ် ပြောရင် သုံးလိုက်ပြန်ပြီ ကိုယ့်အသားရည်နဲ့တည့် မတည့် မသိဘူး အခုချိန်မှာ ပျောက်ချင်နေတော့ ဘာပဲ့ဖစ်ဖြစ်ပျောက်ရင် ပြီးရော သုံးကြတယ်😁😁 Steroid ပါတဲ့
အရာသုံးမိရင် မျက်နှာအသားရည် ပိုဆိုးလာမယ် နောက်ပိုင်း တင်းတိပ်ပိုဆိုးလာမယ်ဆိုတာ နားမလည်ဘူး

#အခုချိန်မှာတင်းတိပ်ပျောက်တယ်ပြောရင်သုံးလိုက်တာပဲ့😷😷😷

#အခုချိန်ထိ_နေလောင်ကာလိမ်ရမယ်ဆိုတာနားမလည်ခဲ့သေးဘူး😇😇😇

#တင်းတိပ်နဲ့ကိုက်ညီတဲ့SkinCareသုံးပြီးဂရုစိုက်ရမယ်ဆိုတာ အခုထိ မသိသေးဘူး

#တင်းတိပ်အတွက်တကယ်လိုအပ်တဲ့အရာတွေနဲ့မဟုတ်တဲ့လိမ်းစရာတွေနဲ့အချိန်ကုန်နေခဲ့တယ်😷😷😷

ကြာလာတော့ တင်းတိပ်ကြီးက အပ်နဲ့ထွင်းရမယ်အရာ
ကို ပုဆိန်နဲ့ပေါက်မှ ပျောက်မဲ့အခြေအနေ ဖြစ်လာနေခဲ့ပြီ😒😒😒😒

အဲ့ဒီတော့ ဘယ်လိုပြောလာကြလဲဆိုတော့ ဘာသုံးသူံး
တင်းတိပ်ကမပျောက်ဘူး ပြောလာကြတယ်😇😇

တင်းတိပ်ပျောက်ဖို့ သုံးပေးလိမ်းပေးသင့်တဲ့ Skin Careတွေ နေလောင်ကာတွေ မသုံးပဲ့ အာချီ သနပ်ခါး နဲ့ဖုံးပြီး နေနေကြတယ် အခြားအရာတွေလိမ်းပြီးနေနေကြတော့ ဘာလိမ်းလိမ်း တင်းတိပ်ကမပျောက်ဖြစ်လာပြီပေါ့

ဒါကြောင့်မို့ ပါးပေါ်မှာ တင်းတိပ်အရာပြလာပြီဆိုရင်
1အရင်ဆုံး ကိုယ့်မှာ နေလောင်ကာဆေး မသုံးသေးရင် နေလောင်ကာသုံးပေးဖို့ အရင်ဆုံး သတိရပေးပါ

#နေလောင်ကာကထွက်ခါစတင်းတိပ်ကိုပိုပြီးမကြီးလာအောင်/ နောက်ထပ် ထပ်မထွက်အောင်လုပ်ဆောင်ပေးနိုင်တာက Suncream(နေလောင်ကာ)ကလွှဲပြီး အခြားအရာမရှိပါ

တင်းတိပ်ပျောက်ချင်မထွက်ချင်ရင် နေလောင်ကာလိမ်းပေးဖို့အရင်ဆုံး သတိရလိုက်ပါ

2နောက်တခုက ထွက်နေတဲ့ တင်းတိပ်ကို ပြန်ပြီး
ပျောက်သွားအောင် skin careသုံးပြီး ပြန်ဂရုစိုက်ပေးဖို့ သတိရပါ (သနပ်ခါး အာချီ မိတ်ကပ်နဲ့ဖုံးဖို့ လုပ်ကြံ
မနေနဲ့ တင်းတိပ် ပိုဆိုးပြီး ကုရတာကြာသွားမယ် ခက်သွားမယ်)

အခြေခံ အနေနဲ့ ဒီ(2)ချက်ကို နားလည်ထားရင် ထွက်နေတဲ့ တင်းတိပ်က ပျောက်ဖို့ လုံးဝ လုံးဝ မခက်ပါ
ဘူးရှင့်

ဒါကြောင့် တင်းတိပ်ထွက်လာခဲ့ရင် အထက်ကပြောတဲ့
အချက်တွေ မလုပ်မိပါစေနဲ့ တင်းတိပ်ပျောက်ဖို့ ပိုခက်သွားလိမ့်မယ်

အောက်က ပြောပြထားတဲ့ အချက်(2)နဲ့အညီလုပ်ဆောင်ပေးပါ ဒါဆိုရင် ထွက်နေတဲ့ တင်းတိပ်လဲ ကုရတာလွယ်တဲ့ အပြင် ပျောက်သွားရင်လဲ ထပ်မထွက်ဖို့သေချာစေပါတယ် ဘာကြောင့်လဲ ဆိုတော့ (နေလောင်ကာရဲ့အရေးကြီးပုံကို ရှင်းပြထားလို့ နားလည်သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်ရှင့်)

#အားလုံးပဲ့_တင်းတိပ်ကင်းတဲ့အသားရည်လေးပိုင်ဆိုင်ကြပါစေရှင့်

05/02/2022

အရမ်းသဘောကျလို့ကို ပုံပိုင်ရှင် ညီမလေးဆီကနေ
ခွင့်တောင်းလာခဲ့တာ

HLLRလေးနဲ့ သူမရဲ့အလှ လိုက်ဖက်နေမူ့ကြီးက
မင်မင်ဆို ပုံလေးကြည့်မိတိုင်း ကျေနပ်ပြီးကို
ပြုံးနေမိတာပါ
လှတယ် ယုံကြည်မူ့အပြည့်ရှိနေတာကိုတွေ့ရတယ်

စွဲဆောင်မူ့ရှိတဲ့ နှုတ်ခမ်းလေးကို
HLLR အမဲကောင်လေးနဲ့ အတူ ဖန်တီးလိုက်ရအောင်

#အားလုံးကိုချစ်သောhllr
#မိန်းခလေးတွေရဲ့အသည်းစွဲhllr

ဲ့အတူရောင်းမယ်လှမယ်ပျော်ကြမယ်

05/02/2022

မသိသေးတဲ့သူတွက်တင်ပေးလိုက်ပါတယ်

#ဂျိုင်းနံ့ ထွက်သူများအတွက်သဘာဝဆေး

#ဂျိုင်းနံ နံခြင်း

ကျွန်မက အလှပြင်ဆိုင်ကို ကိုဗစ် first wave အထိ ၉ နှစ်လောက်ဖွင့်ခဲ့ပါတယ် ခုတော့ပိတ်ထားပါတယ်
အလုပ်သင် ကောင်မလေးတွေ အများအားဖြင့်က ဂျိုင်းနံ့တော်တော် ဆိုးဆိုးဝါးဝါး နံကြတာများပါတယ်
ဘေးကဖြတ်သွားတာမျိုးဆို ဂျိုင်းနံက ဝေ့ခနဲ မျက်နှာပေါင်းတင်ပေးတာမျိုး ခေါင်းလျှော်ပေးတာမျိုးဆို ဧည့်သည်နဲ့အနီးကပ် ထိတွေ့ရတော့ ပါးစပ်နံ့ ဂျိုင်းနံ့ နံနေရင် ဧည့်သည်နဲ့က အဆင်မပြေပါဘူး
အလှပြင်ဆိုင်အလုပ်က ဝန်ထမ်းတွေ လှပ သပ်ရပ် အနံ့အသက်ကင်းနေမှ လာတဲ့ ဧည့်သည်လည်း စိတ်ချမ်းသာတာပါ

ဒါကြောင့် ဝန်ထမ်းတွေကို တယောက်တလှဲ့ ချွေးပုတ်ထုတ်ခိုင်းတာမျိုး ဂျိုင်းကို မန်ကျည်းမှဲ့နဲ့ ပွတ်လိမ်းခိုင်းတာမျိုး တွေ လုပ်ပေးပါတယ်
ပါးစပ်ကို ထမင်းစားပြီးတိုင်း တိုက်ခိုင်းပါတယ်
ဂျိုင်းက နေ့တိုင်းပွတ်ပေးတော့ အနံနံတာ ပျောက်လာပါတယ်

ဒါကြောင့် တချို့လူတွေအတွက် အသုံးဝင်လိမ့်မယ်ထင်ပါတယ်

🛑 နည်းလေးမျှဝေပေးလိုက်ပါတယ်ရှင့်

မန်ကျည်းအနှစ်ကို မျက်နှာ ချေးချွတ်တာ
ကိုယ်လုံးချေးချွတ်တာ
အပူကင်းစင်ဖို့ အပြင်
"ဂျိုင်းနံနံတဲ့သူ"တွေပါ သုံးလို့ရပါတယ်

((ဂျိုင်းနံနံသူများအတွက်အဓိက ထားဝေမျှလိုက်ပါတယ်))

ရေချိုးခါနီး ၅ မိနစ် လောက် လက္ဘရည်ဇွန်းတဝက်လောက် ပွတ်လိမ်းပြီး ရေဆေးချလိုက်ရင် လုံးဝ အနံမနံတော့ပါဘူး ...
တနေကုန် roll on လိမ်းစရာမလိုအောင် အနံ မနံတာပါ
ဂျိုင်းချွေးထွက်နေရင်တောင် ဂျိုင်းနံကနံမနေပါဘူး

နေ့စဥ် ရေချိုးခါနီးတိုင်း သုံးလို့ရသလို
တနေကုန်မေ့ပြီး ပွတ်ထားမိလည်း ယားတာ စပ်တာ ဘာမှ မဖြစ်ပါဘူး
ဒါပေမဲ့ ရေချိုးခါနီး ပဲ ပွတ်တာပိုကောင်းပါတယ် တန်ဆေးလွန်ဘေးမဖြစ်အောင်ပါ
ဂျိုင်းနံပျောက်တဲ့အပြင် ဂျိုင်းလည်း ဖြူပါတယ်...

Roll on တွေကတော့ ဘာလိမ်းလိမ်း အပေါ်ယံပဲ ဖုံးပေးတဲ့အတွက် ကျွန်မကတော့ မကြိုက်ပါဘူး
သံပုရာသီးဆိုရင် ပွတ်လိမ်းတာနဲ့ စပ်ပါတယ်
ကျောက်ချဥ်ဆိုရင်လည်း ကျောက်ပျဥ်မှာ သွေးလိမ်းနေရတာရယ် ကျောက်ပျဥ်ပြန်ဆေးချရတာ ရှုပ်ပါတယ်
မန်ကျည်းသီးကတော့ အနှစ်လေး နည်းနည်းဖျော်ပြီး ဘူးပိစိလေးထဲထည့်ထားရင် ၃ ရက်လောက်ခံပါတယ်
ရေခဲသေတ္တာထဲထည့်ရင် ၁ လ လောက် ခံပါတယ်

ခန္ဓာကိုယ်အပူများတဲ့သူတွေအတွက်က
မြန်မာ့တိုင်းရင်းဆေးဆရာကြီး ဦးရန်အောင်က မန်ကျည်းနှစ်ကို ရေမချိုးခင် လက်တွေ ခြေတွေမှာ လူးထား ပြီးမှ ရေချိုးရင် အပူကင်းတဲ့အကြောင်းလည်း MRTV မှာ ဝေမျှထားပါတယ်
အပူများတဲ့သူတွေလဲ ဒီနည်းအသုံးပြုလို့ရပါတယ်

သိတဲ့သူတွေလည်း သိမယ်ထင်ပါတယ်
မသိသေးသူတွေအတွက် လွယ်ကူ တဲ့ နည်းလေးမို့ မျှ ဝေပေးလိုက်ပါတယ်
အဆင်ပြေကြပါစေရှင်

PTTCLINIC &PHARMACY

Credit ဂျိန်းဖောသူ

05/02/2022

ယနေ့မှစမည်သူ့ကိုမှအားမနာတော့ပါ

တချို့ကအားမနာတတ်ကြလို့
အဲ့ဒီလူတွေအပေါ်တော့ယုံကြည်မှုအရင်က100%ပါ
အခုတော့-0%ထိကိုဖြစ်သွားပါပြီ
နောက်တစ်ခါဘာအကူညီလိုလိုso sorryပါ

Want your business to be the top-listed Beauty Salon in Monywa?
Click here to claim your Sponsored Listing.

Website

Address

Panntamar Street
Monywa