MMS Online Sales and Distribution
MMS Sales & Distribution is a local business operating sales and distribution services in Monywa Dis
30/11/2021
Dancing baby လေးတွေ လက်လီလက်ကားရပါပြီနော်
13/12/2020
Kao white ဆပ်ပြာများ MMS distribution မှာ လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီရှင့်
28/11/2020
"ကလေးကန်တယ်"
သားသား၊ မီးမီးလေးတွေ ဗိုက်ထဲကနေ ကန်တာနဲ့ ပတ်သက်လို့ စိတ်၀င်စားစရာ အချက် ၇ ချက်
"ကလေးက ကန်တယ်" ဆိုတဲ့ စကားလေးဟာ ကိုယ်၀န်ဆောင်ကာလမှာ မိခင်လောင်းတို့ ကြည်ကြည်နူးနူးနဲ့ ပြောတတ်တဲ့ စကားလေးပါပဲ။ အထူးသဖြင့် သားဦး၊ သမီးဦးလေးလွယ်ထားရတဲ့ ဖေဖေ၊ မေမေ တို့အတွက်ဆိုရင် ကလေးကန်တဲ့ အချိန်လေးတွေက ပိုပြီးပျော်ရွှင်ကြည်နူးတတ်တဲ့ အချိန်လေးတွေဖြစ်လို့နေတတ်ပါတယ်။ ဆရာ၀န်က ကလေးဘယ်နှစ်ခါကန်တယ် ဆိုတာကို ရေတွက်ထားဖို့ ပြောထားမှာပေါ့ မဟုတ်ဘူးလား။ ကလေးက ဗိုက်ထဲကနေ ကန်တယ်ဆိုတာ သူရဲ့ဖွံ့ဖြိုးတိုးတက်လာမှု ကို ပြသတဲ့ လက္ခဏာတရပ်ပါပဲ။ ဒါပေမဲ့ ဒီလိုဗိုက်ထဲက သားသားမီးမီးလေးက မေမေ့ဗိုက်ကိုကန်တာနဲ့ပတ်သက်လို့ နောက်ထပ် စိတ်၀င်စားစရာ အချက်လေးတွေရှိနေပါသေးတယ်။
(၁) ကျန်းကျန်းမာမာ ဖွံ့ဖြိုးလာနေကြောင်းဖော်ပြ
အပေါ်မှာ ပြောခဲ့သလိုပါပဲ ကလေးက ဗိုက်ထဲကနေကန်တယ်ဆိုကတော့ သူကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးထွား၊ ဖွံ့ဖြိုးလာနေကြောင်းဖော်ပြတာဖြစ်လို့ ဖေဖေမေမေတို့တွက် ၀မ်းသာစရာပဲဖြစ်ပါတယ်။ ကလေးက သားအိမ်ထဲမှာ အနေအထားပြောင်းခြင်း၊ လှည့်ခြင်းတို့ကို လှုပ်ရှားမှုအမျိုးမျိုးလုပ်တဲ့အခါ မိခင်က ကန်တယ်လို့ ခံစားရတာပဲ ဖြစ်ပါတယ်။
(၂) ပတ်၀န်းကျင်ပြောင်းလဲမှုကိုတုံ့ပြန်
ပတ်၀န်းကျင်မှာ အနေအထားအပြောင်းအလဲ တစ်ခုခုရှိတဲ့ အခါမျိုးမှာ ကလေးက အဲ့ဒီအပြောင်းအလဲကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့့့ခြေ၊လက်လေးတွေကိုဆန့်တာ၊ ဒါမှမဟုတ် လှုပ်ရှားတာတို့လုပ်တတ်ပါတယ်။ ကလေးကန်တာဆိုတာ သူပုံမှန်ကြီးထွားဖွံ့ဖြိုးလျက်ရှိကြောင်း ဖော်ပြတာပဲ ဖြစ်လို့ စိုးရိမ်ဖို့မလိုပါဘူး။
(၃) မိခင်လောင်းကဘယ်ဘက်စောင်းအိပ်ရင် ကလေးကန်တဲ့ အကြိမ်ရေပိုများ
မိခင်လောင်းက အိပ်တဲံအခါဘယ်ဘက်စောင်းအိပ်တတ်ရင် ကလေးကန်တာကိုခံစားရတဲ့အကြိမ်ရေပိုများနိုင်ပါတယ်။ ကိုယ်၀န်ဆောင်စဉ်ကာလမှာ ဘယ်ဘက်စောင်းအိပ်တဲ့အခါ သန္ဓေသားလောင်းဆီသွေးထောက်ပံ့ပေးမှုကို မြှင့်တင်ပေးရာကျပါတယ်။ ရလဒ်အနေနဲ့ ကလေးကလှုပ်ရှားမှုပိုများပြီး ကန်တယ်လို့ ခံစားရတဲ့ အကြိမ်ရေ ပိုများနိုင်တာပဲ ဖြစ်ပါတယ်။
(၄) အစားစားပြီးစမှာ ပိုကန်လေ့ရှိ
မိခင်လောင်းအနေနဲ့ ကိုယ်အစားစားပြီးတဲ့အချိန်မှာဆိုရင် ကလေးက အကြိမ်ရေများများပိုကန်တတ်တာကို ခံစားမိမယ်ထင်ပါတယ်။ ပုံမှန်ကျန်းမာတဲ့ကလေးတစ်ယောက်ဟာ တစ်ရက်ကို ၁၅ကြိမ်ကနေ အကြိမ်၂၀ လောက်ထိကန်တတ်ပါတယ်။
(၅) ရင်သွေးလေးစတင်ပြီး ကန်လာမယ့်အချိန်
ကိုယ်၀န်ဆောင်ကာလတစ်လျှောက် ဘယ်အချိန်မှာ ကလေးက စပြီးကန်တတ်သလဲဆိုတာကိုလည်း သိချင်ကြမယ်ထင်ပါတယ်။ အချက်အလက်တွေအရပြောရရင်တော့ ကလေးတွေက ကိုယ်၀န်၉ပတ်ပြည့်ပြီးနောက်ပိုင်း မကြာမီမှာပဲ စပြီး ကန်တတ်ကြပါတယ်။ ဒါပေမဲ့ အစောပိုင်းကန်တာတွေကိုတော့ အာလ်ထရာဆောင်းရိုက်စဉ်မှာပဲ တွေ့ရှိနိုင်ပါသေးတယ်။ သန္ဓေသားလေးက အရမ်းနုနယ်သေးတာကြောင့် မိခင်လောင်းအနေနဲ့ သူတို့ရဲ့လှုပ်ရှားမှုကို သိရှိနိုင်ဖို့နဲ့ ခွဲခြားနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ မိခင်အများစုဟာ ကိုယ်၀န်နုစဉ်မှာဆိုရင် ဗိုက်ထဲမှာု တလှပ်လှပ်ဖြစ်တဲ့ခံစားမှုမျိုးကိုသာ ခံစားရတတ်လေ့ရှိပါတယ်။ ကိုယ်၀န်၂၄ပတ်ကျော်လာပြီးတဲ့နောက်မှာတော့ ကလေးကန်တယ်ဆိုတဲ့ ခံစားမှုမျိုးကိုမကြာခဏရလာတတ်ပါပြီ။ သားဦး၊ သမီးဦးမဟုတ်ဘဲ ဒုတိယအကြိမ်ကိုယ်၀န်ဆောင်တဲ့မေမေတွေကတော့ ကိုယ်၀န်၁၃ပတ်ကျော်လာပြီးမကြာမီမှာပဲ ကလေးကန်တဲ့ခံစားမှုမျိုးကို ရလာတတ်ပါတယ်။
(၆) ကန်တဲ့အကြိမ်ရေလျော့သွားရင်ဂရုပြုဖို့လို
ကိုယ်၀န်၂၈ပတ်နောက်ပိုင်းရောက်တဲ့အခါ ဆရာ၀န်က ကလေးကန်တဲ့အကြိမ်ရေကို မပြတ်မှတ်သားဖို့ မှာကြားကောင်းမှာကြားနိုင်ပါတယ်။ သင့်အနေနဲ့ ကလေးကန်တဲ့ အကြိမ်ရေကို ၁၀ ကြိမ်အထိ လိုက်လံရေတွက်မှတ်သားထားဖို့ လိုနိုင်ပါတယ်။ ဒါပေမဲ့ သန္ဓေသားလှုပ်ရှားမှု အကြိမ်ရေလျော့ကျလာတယ်ဆိုရင်တော့ ဂရုစိုက်ဖို့လိုမှာပဲဖြစ်ပါတယ်။ ဒါဟာသန္ဓေသားအနေနဲ့ အောက်ဆီဂျင်လုံလုံလောက်လောက်မရလို့ဖြစ်နိုင်သလို သကြားဓာတ်လျော့ကျလို့လည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ မိခင်အစားစားပြီး ၁နာရီကျော်ကြာတဲ့အထိ ကလေးကလှုပ်ရှားမှုမရှိဘူးဆိုရင် ဒါဟာစိုးရိမ်ဖို့ကောင်းပါတယ်။ တကယ်လို့ သန္ဓေသားလှုပ်ရှားတယ်လို့ မခံစားရဘူးဆိုရင်ရေအေးတစ်ခွက်သောက်တာ၊ ဒါမှမဟုတ် လမ်းလျှောက်တာမျိုးတွေလုပ်ကြည့်လို့ရပါတယ်။
တကယ်လို့ ကလေးကန်တဲ့အကြိမ်ရေ သိသိသာသာလျော့နည်းလာတာ၊ ဒါမှမဟုတ်လှုပ်ရှားမှုလျော့နည်းလာတာမျိုးကြုံနေရရင်တော့ ဆရာ၀န်နဲ့အမြန်ဆုံးသွားပြသင့်ပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းနဲ့ လှုပ်ရှားမှုလျော့နည်းသွားရတဲ့အကြောင်းရင်းတွေကို လိုအပ်တဲ့ ကိရိယာတွေနဲ့ စစ်ဆေးစမ်းသပ်ပြီးနောက်မှာ ဆရာ၀န်က လိုအပ်တဲ့ကုသမှု၊ ဆောင်ရွက်မှုတွေလုပ်ဆောင်သွားမှာပါ။
(၇) ကိုယ်၀န်၃၆ပတ်နောက်ပိုင်းကန်တဲ့အကြိမ်ရေလျော့ကျသွားတာ စိုးရိမ်စရာမဟုတ်
ကိုယ်၀န် ၃၆ ပတ်နောက်ပိုင်းရောက်လာတဲ့အခါမှာတော့ ရင်သွေးက မိခင်ရဲ့သားအိမ်ထဲမှာ မိနစ် ၄၀ ကနေ ၅၀ လောက်အထိ ကြာအောင် အနားယူနေတတ်ပါတယ်။ နောက်ပိုင်းကိုယ်၀န် ၃၆ ပတ်နောက်ပိုင်းမှာ ကလေးက ကြီးထွားလာတဲ့အတွက် မကြာခဏ လူးလှိမ့်တာမျိုးလုပ်မှာ မဟုတ်တော့ပါဘူး။ သင့်အနေနဲ့ နံရိုးအောက်နားလောက်မှာ ကလေးကန်တဲ့ ခံစားချက်မျိုးကို သတိပြုမိမှာပဲ ဖြစ်ပါတယ်။
ကဲ..ဒါတွေကတော့ ကိုယ့်ရင်သွေးလေးဗိုက်ထဲကနေ ကန်တာနဲ့ ပတ်သက်လို့ စိတ်၀င်စားဖွယ်အချက်လေးတွေကိုဖော်ပြပေးခဲ့တာပါ။မေမေတို့လည်း ကိုယ့်ရင်သွေးလေးဘယ်အချိန်ကန်လဲ၊ ဘယ်နှစ်ခါကန်လဲ ရေတွက်ရင်း ပျော်ရွှင်ကြည်နူးနိုင်ကြပါစေနော်။
Crd
17/11/2020
မွေးကင်းစသုံးပစ္စည်းမျိုးစုံ လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီရှင့် မုံရွာမြို့တွင်း အိမ်အရောက်ပို့ပါတယ်ရှင်
07/11/2020
သင်ထောက်ကူ ပစ္စည်းများလက်လီလက်ကားဝယ်ယူရရှိနိုင်ပါတယ်ရှင့်
05/11/2020
MMS online sale မှ လက်လီလက်ကားဝယ်ယူရရှိနိုင်ပါပြီ
01/11/2020
နှာစေး၊ နှာပိတ်၊ လည်ချောင်းနာခြင်းတို့ကို ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းများ ..
ဖျားချင်ချင်ဖြစ်ရင် အရင်ဆုံးကြုံတွေ့ရတာက နှာစေး၊ နှာပိတ်တာနဲ့ လည်ပင်းနာတာဘဲဖြစ်ပါတယ်။ နှာစေး၊ နှာပိတ်တာနဲ့ လည်ပင်းနာ တာတွေက အာဂန္တုပေမယ့် အလုပ်ဖြစ်ဖြစ်၊ ကျောင်းစာဘဲဖြစ်ဖြစ် အာရုံစိုက်ပြီး မလုပ်နိုင်တော့ပါဘူး။
ဒါကြောင့် သဘာဝနည်းဖြင့် နှာေ စး၊ နှာပိတ် တာနဲ့ လည်ပင်းနာ တာကို အလွယ်တကူဖယ်ရှားနိုင်မယ့် နည်းလမ်းကို ဝေမျှချင်ပါတယ်။
ပါဝင်ပစ္စည်းများ
သံပုရာရည် လက်ဖက်ရည် ဇွန်း ၁ ဇွန်း
သစ်ကြမ်းပိုးခေါက် နည်းနည်းဖြူး
ကြိတ်ထားတဲ့ ဂျင်း လက်ဖက်ရည် ဇွန်း တစ်ဝက်
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
နနွင်း လက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ပုံ
ပြုလုပ်နည်း
ရေနွေးပူပူ ဖန်ခွက်တစ်လုံးစာထဲမှာ ပါဝင်ပစ္စည်းများ ရောနှောပြီး မွှေပြီး သောက်သုံးနိုင်ပါပြီ။
ကျန်းမာရေး အကျိုးကျေးဇူးများ
ပျားရည် နဲ့ သစ်ကြမ်းပိုးခေါက်က ဘက်တီးရီးယားတွေ၊ မှိုတွေ နဲ့ ဗားရက်စ်တွေ တိုက်ခိုက်ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
Credit:Myfood myanmar
ပါဝင်ပစ္စည်းများ
ပြုလုပ်နည်း
25/10/2020
MMS online sale မှာ လက်လီလက်ကားဝယ်ယူနိုင်ပါပြီရှင့်
မိတ်ကပ်ဖျက်ဖို့် အချိန်အများကြီးလည်း မပေးချင်ဘူး၊ လွယ်ကူလျင်မြန်စွာ မိတ်ကပ်ဖျက်လိုသူတွေအတွက် Magic Make-up Remover Wipes လေးရှိနေပါပြီနော် 🙌 😚
Magic Make-up Remover Wipes က
🎀 တစ်ရွက်တည်းနဲ့ Make-up တွေကို သေချာသန့်စင်ပေးနိုင်ပြီး
🎀 သလဲသီးအဆီအနှစ်က အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့အပြင်
🎀 အနံ့သင်းသင်းလေးကလည်း စိတ်ကိုတက်ကြွလန်းဆန်းစေပါတယ်
မိတ်ကပ်ဖျက်ပြီးရင်လည်း အသားအရေကိုစိုပြေချောမွတ်စေလို့ You တို့ရဲ့မရှိမဖြစ်လေးနော် 😆
အပြင်မထွက်ရလို့ မိတ်ကပ်မလိမ်းရင်တောင်မှ မျက်နှာမှာရှိနေတဲ့ အဆီ၊ ဖုန်မှုန့်၊ အညစ်အကြေးတွေကိုပါ သန့်စင်နိုင်တဲ့ Magic Remover Wipes လေးပါ 😻
19/10/2020
Dancing baby(happy mammy)diaper များလက်လီ လက်ကား ဝယ်ယူရရှိနိုင်ပါပြီရှင့်
19/10/2020
မုံရွာခရိုင်အတွင်းဝယ်ယူလိုသူများ လက်လီ|လက်ကားရရှိနိုင်ပါတယ်ရှင့်
ဘေဘီမီယာ တစ်ခါသုံး သုံးမြှောင့်သေးခံ (ခါးတောင်းကျိုက်) ပါ ရှင့်.
မွေးကင်းစမှ ( ၁၁ ) ပေါင်ထိ အသုံပြုလို့ ရပါတယ်ရှင့် ။
အမှတ်တံဆိပ် - ဘေဘီမီယာ
ဈေးနူန်း - ၉၀၀၀ ကျပ် (၄၈ ချပ်ပါအထုပ်တစ်ထုပ်)
ကုန်ပစ္စည်းအမျိုးအစား - တစ်ခါသုံးကလေးသုံး
မြှောင့် (ခါးထောင်းကျိုက် )
အတိုင်းအထွာ - မွေးကင်းစမှ ၁၁ ပေါင် ထိသာ
MDY Office - 66လမ်းနှင့်၄၁လမ်းဒေါင့်/ဓ-၄/၁+၂
ဖုန်း-09779699988
YGN Office - ၁၆၅ လမ်း( လမ်းရှည်) ၊ အမှတ် (၃၆) ၊ မြေညီ ထပ် ၊ တာမွေမြို့နယ် ။
ဖုန်း-09797755317
Mandalay Office- No.(S4-1+2) , Corner of 66th & 41st Street , Maharaungmyay Township , Mandalay.
Yangon Office - No.36, ground floor , 165street (lann shay ) , Tamwe.
အမှတ်တံဆိပ် - ဘေဘီမီယာ
ဖုန်း-09779699988
ဖုန်း-09797755317
Click here to claim your Sponsored Listing.
Category
Address
Monywa
02301
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |