Kachin Cleaning Campaign
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kachin Cleaning Campaign, No. 80, Ngaw Chang, Nibban Lann, Myitkyina.
20/09/2026
💧 ကျေးဇူးတင်လွှာ 💧
မနောင်ဝင်း Cleaning Campaign တွင် ပါဝင်လှုပ်ရှားကြသော Volunteer များအတွက် လိုအပ်သည့် သောက်ရေသန့်များကို စေတနာဖြင့် ကူညီပံ့ပိုးပေးခဲ့သော TAKE purified drinking water အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏
ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုသည်မှာ လူတစ်ဦးတစ်ယောက်တည်း၏ လုပ်ဆောင်မှုမဟုတ်ဘဲ လူတိုင်း၏ ပူးပေါင်းပါဝင်မှု၊ စေတနာနှင့် အားပေးကူညီမှုများ ပေါင်းစပ်မှသာ အောင်မြင်နိုင်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။
Volunteer များအတွက် သောက်ရေသန့်ဖြင့် အားဖြည့်ကူညီပေးခဲ့ခြင်းသည် Campaign အတွက် အရေးပါသော ပံ့ပိုးမှုတစ်ခုဖြစ်သလို ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရာတွင် အတူတကွ ပါဝင်ပေးခြင်း လည်း ဖြစ်ပါသည်။
💙 စေတနာဖြင့် ပံ့ပိုးပေးမှုတိုင်းကို တန်ဖိုးထားပါတယ်။
TAKE purified drinking water အား အထူးကျေးဇူးတင်ရှိပါတယ်။
Our Land. Our Future.
We are Generation Restoration. 🌱
20/09/2026
🌿 EABC ( Distribution) အား ကျေးဇူး အထူးတင်ရှိ ပါ သည်။🌿
မနောင်ဝင်း Cleaning Campaign (၇) ကြိမ်မြောက် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော Volunteer များအတွက် အချိုရည်များဖြင့် အားဖြည့်ပေးကာ အားတက်သရော ပါဝင်ကူညီပေးခဲ့သော EABC (Distribution) အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏
Volunteer တစ်ဦးချင်းစီ၏ အားထုတ်မှု၊ မိတ်ဖက်များ၏ ပံ့ပိုးကူညီမှုနှင့် အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းပါဝင်မှုများ ပေါင်းစပ်လာခြင်းကြောင့် Cleaning Campaign ကို (၇) ကြိမ်မြောက်အထိ အောင်မြင်စွာ ဆက်လက်ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ 💚
သန့်ရှင်းသောပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းသည် တစ်ဦးတစ်ယောက်တည်း၏ တာဝန်မဟုတ်ပါ။
အတူတကွ ပါဝင်ခြင်းကနေ အပြောင်းအလဲတစ်ခု စတင်နိုင်ပါတယ်။
EABC (Distribution) ၏ အခုလို ပူးပေါင်းအားဖြည့်ပေးမှုအတွက် IYF committee မှ ကျေးဇူးအထူးတင်ရှိပါသည်။
Together, We Clean. Together, We Change. 🌱
20/09/2026
🌿 MADG အား အထူးကျေးဇူးတင်ရှိပါသည် 🙏
မနောင်ဝင်း Cleaning Campaign တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော Volunteer များအတွက် အချိုရည်များဖြင့် အားဖြည့်ကူညီပံ့ပိုးပေးခဲ့သော MADG (Manau Asia Distribution Group) အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️
Volunteer များ၏ ကြိုးပမ်းအားထုတ်မှုများကို တန်ဖိုးထားပြီး အခုလို လက်တွေ့ကျကျ ပါဝင်ကူညီပံ့ပိုးပေးခြင်းဟာ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအတွက် အားအင်တစ်ခု ဖြစ်စေပါတယ်။
အဖွဲ့အစည်းတစ်ခုတည်းရဲ့ ကြိုးစားမှုမဟုတ်ဘဲ လူတိုင်းရဲ့ ပူးပေါင်းပါဝင်မှု၊ ဝိုင်းဝန်းကူညီပံ့ပိုးမှု တွေကြောင့် ယခုအခါ Cleaning Campaign ကို ၇ ကြိမ်မြောက် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 🎉🌱
ဒီအောင်မြင်မှုဟာ ပါဝင်ခဲ့သူတိုင်းရဲ့ အောင်မြင်မှုပါ။
ပေါင်းစည်းခြင်း • စိန်ခေါ်ခြင်း • ပြောင်းလဲခြင်း
အတူတူ လက်တွဲပြီး ပိုမိုသန့်ရှင်းလှပတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးကြရအောင်။ 🌏💚
MADG (Manau Asia Distribution Group) အား အထူးကျေးဇူးတင်ရှိပါသည်။ 🙏
18/09/2026
Are you ready 💪
See you tomorrow at manau Park!
16/09/2026
ဒီနေ့မှာလည်း အစိုးရနည်းပညာအထက်တန်းကျောင်း တွင် Cleaning Campaign Workshop ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
တက်ရောက် ပါဝင်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီး နှင့် ဆရာ၊ ဆရာမ များ လူငယ်များ၊ Volunteer များနဲ့ အားပေးကူညီပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ❤️
Cleaning Campaign ကို အခက် အခဲ တွေ ကြား မှ စိန်ခေါ်မှုတစ်ရပ် အဖြစ် လက်ခံပြီး ပတ်ဝန်းကျင် လူမှုအကျိုးပြု လုပ်ငန်းတွေကို ဆက်လက်ဖော်ဆောင်နေပါတယ်။
12/09/2026
🌿 မနောင်ဝင်း CLEANING CAMPAIGN 🌿
Cleaning Campaign ပြုလုပ်မယ့် နေရာကို Survey ဆင်းပြီး အတည်ပြုသတ်မှတ်နိုင်ခဲ့ပါပြီ။
ဒါဟာ သန့်ရှင်းရေးလုပ်ဆောင်မှု တစ်ခုတည်းမဟုတ်ဘဲ
🌱 ပတ်ဝန်းကျင်အတွက် အကျိုးရှိစေမယ့် လုပ်ဆောင်ချက် တစ်ခု
🤝 လူမှုအသိုင်းအဝိုင်းကို စည်းလုံးညီညွတ်စေမယ့် လှုပ်ရှားမှုတစ်ခု
💚 လူငယ်တွေအတွက် တာဝန်ယူမှုနဲ့ Volunteer Spirit ကို ဖော်ဆောင်ပေးမယ့် အခွင့်အရေးတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
“ပြောင်းလဲမှုဆိုတာ တစ်ယောက်တည်းနဲ့ စတင်နိုင်ပေမယ့်
အောင်မြင်တဲ့ပြောင်းလဲမှုကတော့ အားလုံးပူးပေါင်းမှ ဖြစ်လာတာပါ။”
ဒါကြောင့် ဒီ Campaign မှာ
အတူတကွ ပါဝင်ပြီး မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်တဲ့နေရာတစ်ခု ဖြစ်လာအောင် အတူဖန်တီးကြရအောင်။ 🌿🤝
📌 လူဦးရေကို ကန့်သတ်ထားမှာဖြစ်တဲ့အတွက်
ပါဝင်လိုသူများအနေနဲ့ အချိန်မီ စာရင်းပေးသွင်းကြဖို့ ဖိတ်ခေါ်လိုပါတယ်။
✨ Campaign ပြီးဆုံးတဲ့အခါမှာလည်း
Before & After Result တွေကို ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။
ဒီ Campaign အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့
အဘက်ဘက်ကနေ အချိန်၊ အင်အား၊ အကြံဉာဏ်နဲ့ ပံ့ပိုးကူညီပေးနေကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 🙏❤️
🌎 Our Land. Our Future.
🌱 We Are Generation Restoration.
Synergy Action
Challenge • Change • Cohesion
11/09/2026
ဒီ နေ့ မဂျွယ်ခန်းမ မှာ ပြု လုပ် ခဲ့ တဲ့ Cleaning Campaign Workshop ဟာ
ပတ်ဝန်းကျင် သန့်ရှင်းရေး လှုပ်ရှားမှု တစ်ခုထက် ပိုပါတယ်။
လူငယ်တွေအတွက် မျှော်လင့်ချက်တစ်ခု၊
လူမှုအဖွဲ့အစည်း အတွက် အပြောင်းအလဲတစ်ခု၊
အနာဂတ်အတွက် အစပြုခြင်းတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ် ။🩵
ဒီနေ့ ဒီနေရာမှာ စုဝေးခဲ့ကြတာက
‘ငါတို့ လူငယ်တွေလည်း လူ့အဖွဲ့အစည်း အတွက် တစ်ခုခုလုပ်ပေးနိုင်တယ်’
ဆိုတဲ့ ယုံကြည်ချက်တစ်ခုကို အတူတူတည်ဆောက်ခဲ့ကြတာပါ။”💚
ဒီ Workshop ကနေတစ်ဆင့်
လူငယ်တွေအတွက် Teamwork၊ Leadership၊ Responsibility နဲ့
လူမှု အကျိုးပြု စိတ်ဓာတ်တွေကို လက်တွေ့ သင်ယူခွင့်ရရှိမယ် လို့ ယုံကြည် ပါ တယ် ။💙
ဒီနေ့ ကျွန်တော်တို့ စတင်လိုက်တဲ့ အပြောင်းအလဲဟာ
မနက်ဖြန်မှာ လူတိုင်းအတွက် မျှော်လင့်ချက် ဖြစ်လာပါစေ။” 🌱🤝❤️
Our land, Our future, We are Generation Restoration.
campaign workshop
action
cleaning campaign
cleaning campaign
23/08/2026
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့က မြစ်ကြီးနားတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သော "စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် တက္ကသိုလ်၏ သမိုင်းကြောင်း (Documentary Video) ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား" အောင်မြင်စွာ ပြီးမြောက်ရေးအတွက် ကျွန်မတို့ IYF (ပြည်တွင်းလူငယ်များမိတ်သဟာယအသင်း) မှ ပါဝင်ကူညီခွင့်ရခဲ့ပါသည်။
အခမ်းအနားတွင် မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်မှ ကျွန်မတို့ IYF အသင်းအတွက် ချီးမြှင့်ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေကျပ် (၁၀) သိန်းတို့အား ဂုဏ်ယူစွာ လက်ခံရယူခဲ့ပါသည်။
ထို့အပြင် Myitkyina Azalea Star အဖွဲ့မှလည်း—
• One More Time (American Dance)
• Nacho (Indian Dance)
• Lalala Dance
စသည့် ဖျော်ဖြေရေးအကအလှများဖြင့် အခမ်းအနားကို ပိုမိုစည်ကားစေရန် ကပြတင်ဆက်ခဲ့ကြပါသည်။
ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေများ ချီးမြှင့်ပေးပါသော မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့်တကွ တာဝန်ရှိသူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
(ပြည်တွင်းလူငယ်မိတ်သဟာယအသင်း)
19/08/2026
Click here to claim your Sponsored Listing.
Website
Address
Myitkyina