Zin Phoo

Zin Phoo

Share

🌟မင်းဘက်က ကြိုးစားမှုမလျော့သရွေ့
အခွင့်အလမ်းတွေ ရှိနေမယ်🏆🏆🏆

15/03/2025

ကိုယ်တကယ်ဒုက္ခရောက်တဲ့အချိန် အနားမှာဘယ်သူတွေရှိလဲ???
ဒီမေးခွန်းကိုဖြေဖို့ မျက်လုံးလေးခဏမှိတ်….
ဘယ်သူတွေကို မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်းမြင်မိလဲ???

လူတိုင်းမှာ ကိုယ်ပိုင်အတ္တတွေရှိတယ်
လူတိုင်းမှာ ရင်ဆိုင်နေရတဲ့အခက်အခဲတွေရှိတယ်
လူတိုင်းမှာ ဖြေရှင်းနေရတဲ့ပြဿနာတွေရှိတယ်

ကိုယ့်အခက်အခဲကို ကူညီပေးဖို့
ကိုယ့်ပြဿနာကို ဖြေရှင်းပေးဖို့
ဘယ်သူ့မှာမှ တာဝန်ရှိမနေပါဘူး
ဒါကိုဇင်ဖူးတို့အားလုံးလဲသိကြပါတယ်…

သို့သော် လူတချို့တော့ရှိနေတတ်ပါတယ်
ချစ်လို့ ခင်လို့ သံယောစဉ်ရှိလို့ဆိုတာထက်
ကိုယ်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
အနားမှာရှိပေးချင်လို့ကိုရှိပေးနေကြတဲ့လူတချို့ပေါ့…

စစ်မှန်တဲ့မေတ္တာတရားတွေမှာ
အကြောင်းပြချက်တွေဆိုတာမရှိဘူး
မေတ္တာတရားကလွဲပြီးဘာမှကိုရှိမနေတာမျိုး…

အကြောင်းပြချက်တွေနဲ့ပေါင်းတဲ့သူတွေက
အကြောင်းပြချက်တွေကုန်သွားတဲ့အခါ
ထပ်ဆုံဖို့တောင်မလွယ်တော့တာမျိုးလေ…

လူအများစုမှာတော့ ဒီလိုမျိုးကိုယ်ဘာကြီးပဲဖြစ်နေဖြစ်နေ
ကိုယ်ဖြစ်နေလို့ဆိုတဲအချက်နဲ့တင်
အနားမှာရှိပေးတဲ့သူတွေမရှိကြတာများပါတယ်…

အကယ်၍ ကိုယ့်မှာရှိနေတယ်ဆိုရင်တော့
ဒီလိုလူကို သေချာတန်ဖိုးထားပါ တန်ဖိုးကိုသိပါ
အမြဲကျေးဇူးတင်ပါ…
ကျေးဇူးတင်တတ်တဲ့ စိတ်ထားလေးက
တကယ်ကို နူးညံ့ပြီး ကြည်နူးစေတာမို့
အပန်းမကြီးရင် ဒီPostအောက်မှာတစ်ခါတည်း mention ခေါ်ပြီးရင်ထဲကကျေးဇူးတင်စကားတွေပြောသွားလိုက်ပါဦး…

14/03/2025

နာကျည်းမှုတွေနဲ့ ရှင်သန်နေတဲ့
မိန်းမတစ်ယောက်က
ကမ္ဘာပေါ်မှာ အလှဆုံး မိန်းမတစ်ယောက်ဘဲတဲ့

05/03/2025

မျှော်လင့်ချက်တွေ အားကိုးချင်စိတ်တွေ
နည်းပါးအောင် နေထိုင်ပါ။

တစ်ခုခုဆို တစ်ယောက်ယောက်ကို
လိုအပ်နေတာမျိုး မဖြစ်စေပါနဲ့။

ဘယ်သူမှ မရှိလည်း ဖြစ်တယ်
တစ်ယာက်တည်းလည်း အဆင်ပြေပါတယ်
ဆိုတဲ့ လူမျိုးဖြစ်အောင်သာ ကြိုးစားပါ။

ကိုယ်တို့တွေဟာ
တစ်ယောက်တည်း မွေးဖွားပြီး
တစ်ယောက်တည်း ပြန်သွားကြရမဲ့ လူတွေပါ။

တည်မြဲခြင်းဆိုတဲ့ အရာ
ဘာတစ်ခုမှ ရှိမနေပါဘူး
ကိုယ်တို့တွေဟာ ဘယ်သူ့အ‌ပေါ်ကိုမှ
ခံစားချက်တွေ မလွန်ကဲသွားစေဖို့
ထိန်းချုပ်တတ်ရပါလိမ့်မယ်။

ဘယ်သူကမှ ကိုယ်တို့အနားမှာ
ကြာကြာမနေနိုင်ကြပါဘူး။

မနှစ်က ဘေးနားကလူတွေဟာ
ခုချိန်မှာမရှိတော့ဘူး။

နောက်နှစ်တွေမှာလည်း
ဒီအဖြစ်က ထပ်ကြုံရပါဦးမယ်..။

အခုရှိနေတဲ့ လူတွေလည်း တစ်ချိန်မှာ
ထားသွားခဲ့ကြပါဦးမယ်။

ပိုင်ဆိုင်မှုတွေတိုင်းရဲ့ အဆုံးသတ်မှာ
စွန့်လွှတ်ရဖို့ ဆိုတဲ့ သဘောတရားကို
လက်ကိုင်ထားတတ်ပါစေ။

မျှော်လင့်ချက်တွေ မလွန်ကဲပါစေနဲ့
ကြိုတင်မမြင်နိုင်တဲ့ အခြားတစ်ဖက်ကို
မျှော်လင့်ချက်တွေ ပိုမိတဲ့အခါ
ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့လျှင်
ပိုနာကျင်ရတတ်ပါတယ်။

အရာရာတိုင်းဟာ
‌ကိုယ်မျှော်လင့်ထားတဲ့အတိုင်း
အဆုံးမသတ်နိုင်တာမို့
တစ်ချို့အရာတွေအပေါ်
တွယ်ငြိမှုမထားတာကပဲ ကိုယ်တို့တွေအတွက်
ပိုပြီးအဆင်ပြေပါလိမ့်မယ်။

အားကိုးချင်တဲ့ စိတ်တွေကိုလျှော့။
တွယ်ငြိမှုတွေကိုလျှော့။

ကိုယ်ပေးသလောက် ပြန်ရ ရမယ်ဆိုတဲ့
မျှော်လင့်ချက်တွေကို လျှော့လိုက်ပါ။

အဆိုးဆုံးတွေကို
ကြိုတင်တွေးထားတဲ့အခါ ဖြစ်လာတဲ့
အခက်ခဲတွေဟာ ကိုယ်တို့
ထင်သလောက် မဆိုးရွားနိုင်တော့ မဟုတ်လား..။

ဒါကြောင့်
တစ်ယောက်တည်း
နေတတ်အောင်သင်ယူပါ။

ဘယ်သူ့ကိုမှ မှီခိုအားကိုးဖို့ မလိုအောင်ကြိုးစားပါ။

ဘယ်လောက်လေးပဲ လင်းလင်း
ကိုယ်ပိုင်အလင်း အစစ်ဖြစ်ဖို့သာလျှင်
အရေးကြီးပါတယ်။

ကိုယ်ပိုင်အလင်းရောင်နဲ့
တောက်ပလာနိုင်တဲ့အခါ
ကိုယ်တို့ အားလုံးဟာ
အေးစက်မှောင်မိုက်ခြင်းကို မကြောက်တဲ့
ပိုးစုန်းကြူးငယ်လေး တွေပေါ့နော်..🔮🫀။

26/11/2024

🌼 Good Morning 🌼

🌟Have a wonderful day 🌟

25/11/2024

ငါ့ကိုယ်ငါ ဂုဏ်ယူမိတယ် ။
ရှင်သန်ဖို့ ခက်ခဲနေပြီဆိုတဲ့ နေ့ရက်တွေကိုလည်း
ကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့တယ်...
နာကျင်စရာ ကိစ္စတွေကိုလည်း
ငါ့ကိုယ်ငါ ထွေးပွေ့ရင်း ရင်ဆိုင်နိုင်ခဲ့တယ်...

မျှော်လင့်ချက်တွေ ၊ အနာဂတ်တွေ
ဝေဝါးနေလည်း အားမလျော့ဘူး ။
ပြိုလဲစေချင်ကြတဲ့ လူတချို့
လက်လျော့ရလောက်တဲ့အထိ
ငါဟာ သန်မာနေခဲ့တယ် ။

ဘယ်လောက်ပဲ မှောင်မိုက်နေပါစေ
သေးငယ်တဲ့ အလင်းရောင်ကအစ
ငါ ရှာဖွေနေဦးမှာပဲ...
ပင်ပန်းလွန်းရင် ခဏတာငိုပြီး
ခေါင်းပြန်မော့နေဦးမှာပဲ
လဲကျ့ ဖိုငါ့ကိုယ်ငါ ခွင့်မပြုသရွေ့
ငါဟာ အမြဲသန်မာနေဦးမှာပဲ ။ ။



#လူငယ်တွေအောင်မြင်ဖို့

25/11/2024

ကိုယ်ပိုင်လမ်း

ဘ၀မှာ ကိုယ်ရွေးချယ်စရာလမ်းတွေ အများကြီးရှိပါတယ်။

ကိုယ့်ကို မလိုတဲ့ပတ်ဝန်းကျင်။
ကိုယ်က မလိုအပ်တဲ့ပတ်ဝန်းကျင်။

ဘယ်သူအတွက် ဘာကြောင့် ဆိုတဲ့ အကြောင်းပြ ချက်တွေနဲ့ တော့ ကိုယ်ပိုင်လမ်းကို မပိတ်ပစ်လိုက်ပါနဲ့။

ကိုယ်ပိုင်လမ်းကို သေချာရွေးချယ်ပါ။

ရဲရဲကြီးဆက်လျှောက်ပါ။

ဘာအတွက်ကြောင့်နဲ့မှ ကိုယ်ပိုင်လမ်းကို အပိတ်မခံပါနဲ့။

ကျွန်မကတော့ ကိုယ့်ကိုမလိုတဲ့ ရပ်ဝန်းကို
လုံးဝရှောင်တယ်။

ကိုယ့်လမ်းကိုယ် ဆက်လျှောက်ဖို့အတွက်
ဘယ်လ်ုအတားအဆီးကိုမှ အပိတ်မခံမယ့်
မိန်းမမျိုးပါ။

25/11/2024

🍀စိတ်ကလေးကို ရှင်းအောင်ထား🍀
💧ကျန်းမာဖို့ကိုပဲ အာရုံစိုက်💧
👍ဖြစ်တည်မှုကို ကောင်းအောင်ကြိုးစား💪

Credit -နွေသစ်ငြိမ်း

17/09/2024

နာကျင်ချိန်မှာ မငိုညည်းပါနဲ့။
ရန်သူတွေ ဝမ်းသာကြလိမ့်မယ်။

အမှောင်ဆုံးအချိန်မှာ မကြောက်ပါနဲ့..။
ကြယ်ပွင့်ကလေးတွေ......
သူ့အလိုလို ကြွေကျလာလိမ့်မယ်...။

ရှုံးနိမ့်ချိန်မှာ အားမလျှော့လိုက်ပါနဲ့။
တစ်ချိန်ပြန်ပြီး
အနိုင်ယူဖို့ အားမွေးရဦးမယ်လေ။

ဒုက္ခရောက်ချိန်မှာ....
စွန့်ခွာသွားသူတွေကို မမေ့ပါနဲ့။
အောင်မြင်ချိန်မှာ.....
ပြုံးပြနှုတ်ဆက်ရဦးမယ်လေ...။

လိုအပ်ချိန်မှာ လွယ်လွယ်ပေးတဲ့
ကတိတွေကို အားမကိုးလိုက်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ်သာလျှင် အားကိုးထူမတ်.....
ကယ်တင်နိုင်တယ်ဆိုတာ မေ့လိုက်မှာစိုးတယ်လေ။

31/07/2024

ပင်ပန်းမှု တချို့က
ကျွန်မတို့ကို တိတ်ဆိတ်စေပါတယ်။

ဒီနေ့ နည်းနည်းလေး ပင်ပန်းတယ်လို့
ခံစားရတုန်းက အချင်းချင်း ရင်ဖွင့်လို့
ရနိုင်မယ့်သူကို လိုက်ရှာခဲ့ဖူးတယ်။

စိတ်ညစ်စရာ တစ်ခုခု ကြုံလာရင်
ဘဝကို အရှုံးပေးချင်စိတ်တွေ ဖြစ်ခဲ့ဖူးတယ်။

တစ်စုံ တစ်ယောက်နဲ့
မကျေနပ်စရာ တစ်ခုခု ရှိလာရင်
ပေါက်ကွဲပြီး ဆူဆူ ညံညံလုပ်ခဲ့ ဖူးတယ်

ပြဿနာ သေးသေးလေးတွေ ကိုလည်း
ပုံကြီးချဲ့ပြီး ဒေါသတွေ ဖြစ်ခဲ့ဖူး ပါတယ်။

အခုနောက်ပိုင်းမှာ စိတ်တွေ လေးလံလာရင်
အရာအားလုံးကို လွှတ်ချ ချင်လာတယ်။

အံကြိတ်ပြီး ခံစားနေတာ မလုပ်ချင်တော့ဘူး။
စိတ်ရော လူပါ ပေါ့ပေါ့ပါးပါး ရှိချင်တယ်။

တကယ်တော့ ပိုပိုပြီး ပင်ပန်းလာတဲ့ အခါ
အရင်ကလို အဖော်တွေ မရှာဖြစ် တော့ဘူး
ဖြေရှင်းတာတွေ မလုပ်ချင်တော့ဘူး။

အမုန်းပဲ ဖြစ်ဖြစ် အရှုံးပဲ ဖြစ်ဖြစ်ဂရုမစိုက်ပဲ
ကိုယ်က အလိုလို တိတ်ဆိတ်လာတယ်။

တချို့ကတော့ ပြောပါတယ်။
ဒါဟာ ပြိုလဲသွားတဲ့ လက္ခဏာ တဲ့"

ကျွန်မ တို့ တွေ ဟာ ~~
အိမ်ပြန်နေကျ စီးတဲ့ ရထား ကိုတောင်
တစ်ခါတလေ မှားစီးမိကြ သေးတာပဲလေ"

ဘဝဆိုတာ ရထား"စီးသလိုပါပဲ
တစ်ခါတလေလည်း မှားစီးမိကြတယ်။

ဘယ်လောက်ပဲ သန်မာ"ပါတယ် ပြောပြော
ပြိုလဲကျတဲ့ အချိန်ဆိုတာလည်း ရှိမှာပဲ။

အဓိက"က ကိုယ့်တာဝန်ကိုယ် ယူပြီး
အိမ်ကို ရောက်အောင် ပြန်လာခဲ့ သလိုမျိုး"

ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပြီး
ပြန်ထလာနိုင်အောင် ကြိုးစား ဖို့ပါဘဲ"

30/07/2024

အသက်အရွယ်ကို ဂရုမစိုက်ပါနဲ့။ သူများကို မထိခိုက်သရွေ့ သင်ပျော်ရွှင်ရာကို လုပ်ပါ။

တချို့တွေက ပျော်ရွှင်မှုကို အသက်အရွယ်နဲ့ ကန့်သတ်ထားကြတယ်။

ဒီအရွယ်တွေက ပျော်ရမယ့်အရွယ်မဟုတ်တော့ဘူး။ ဒီအရွယ်က ရည်းစားထားရမယ့် အရွယ်မဟုတ် တော့ဘူး။ ဒီအရွယ်က အိမ်ထောင်ပြုရမယ့်အရွယ်မဟုတ်တော့ဘူး။ ဒီအရွယ်က ဘောင်းဘီဝတ်ရမယ့်အရွယ် မဟုတ်တော့ဘူး။ ဒီအရွယ်က အလုပ်လုပ်နေရမယ့်အရွယ်မဟုတ်တော့ဘူး။ ဒီအရွယ်က ခရီးတွေလျှောက်သွားပြီး ဖလန်းဖလန်းထနေရမယ့်အရွယ်မဟုတ်တော့ဘူး။

တကယ်တော့ အရွယ်ဆိုတာ လူတွေက ကန့်သတ်တာပါ။ ဘယ်အရွယ်မှာ ဘာလုပ်ရမယ်လို့ ဘယ်သူ ကမှ ကန့်သတ်ပေးထားတာမရှိပါဘူး။

ပျော်ရွှင်မှုကို အရွယ်တစ်ခုကပဲ အပိုင်သိမ်းထားခွင့်ရှိတာမဟုတ်ပါဘူး။

အသက် ၂ဝ အရွယ် သူများပျော်နေချိန်မှာ တချို့တွေက အသက်မရှူနိုင်အောင် ရုန်းကန်ခဲ့ကြရတယ်။ ပျော်ရွှင်မှုလေး ခံစားခွင့်ရဖို့ ဘဝကို မောပန်းတကြီးတည်ဆောက်နေခဲ့ကြရတယ်။ အဆင်ပြေလာချိန်မှာ အသက် ၃ဝ ရောက်နေပြီ။ အသက် ၄ဝ တန်းရောက်နေပြီ။ ပျော်လို့ရတဲ့အချိန်မှာ ပျော်ရွှင်မှုကို ခံစားခွင့်ရတယ်။

သူများကို မထိခိုက်ဘူးဆိုရင် ဒါဟာ သူ့အတွက် မျှတတဲ့အခွင့်အရေးပါ။

ဒါကြောင့် သူများကို မထိခိုက်ဘူးဆိုရင် အသက်အရွယ်ကို ဂရုမစိုက်ပါနဲ့။ ပျော်ရွှင်မယ်ထင်တာ လွတ်လွတ်လပ်လပ်လုပ်ပါ။ ဘာလို့လဲဆိုတော့ သင်ကလည်း သူများတွေလိုပဲ ပျော်ရွှင်မှုနဲ့ ထိုက်တန်လို့ပါ။

CRD..

27/07/2024

အမျိုးသမီးလေးတို့ရေ......

ဘယ်အရာကိုမှ အလုံးစုံ သူတပါးအပေါ်ကို မမှီခိုမိပါစေနဲ့

တို့အမျိုးသမီးလေးတွေက ယုံကြည်ပြီ၊ ချစ်မိပြီဆိုရင် အရာအားလုံး ပုံအော ပစ်ချလိုက်တတ်ကြတာ

ကိုယ့်ရဲ့အရာအားလုံးက တပါးသူပေါ်အကုန်မူတည်ကုန်တာ

တို့အမျိုးသမီးလေးတွေမှာ လုပ်နိုင်စွမ်းတွေ အစွမ်းအစတွေ အများကြီးရှိတယ်

အဲ့လိုရှိတဲ့ကြားက တစ်ပါးသူကို မှီခိုအားထားပုံအပ်လိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့ အစွမ်းအစတွေ တိမ်မြုပ်သွားတတ်တယ်

ဒါကြောင့်

မိမိကိုယ်ကိုကိုယ် ချစ်ပါ💛
မိမိကိုယ်ကိုကိုယ် အချိန်ပေးပါ🕒
မိမိရဲ့ စကားသံတွေပြန်နားထောင်ပါ🍀
ကိုယ်ပိုင်အချိန်လေးပေးအနားယူပါ💃
ကိုယ့်ကိုကိုယ် ယုံကြည်ပါ🌟

တို့အမျိုးသမီးလေးတွေက သန်မာတယ်၊
လုပ်နိုင်စွမ်းတွေ အများကြီးရှိတယ် ဆိုတာ မမေ့ပစ်လိုက်ကြပါနဲ့ ချစ်သောအမျိုးသမီးလေးတို့ရေ

26/07/2024

အမျိုးသမီးလေးတို့

ဘဝမှာ ကိုယ့်စိတ်တိုင်းကျ အရာရာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ မိန်းမတယောက်ဖြစ်အောင် ကြိုးစားကြပါ။

အမှားလုပ်မိရင်လည်း ဘယ်သူ့မှ ဂရုစိုက်စရာမလိုပဲ သင်ခန်းစာယူလိုက်ပါ။

ကိုယ့်စားဝတ်နေရေးကို ကိုယ်တိုင်စီမံခန့်ခွဲပါ။
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပုံဖော်ပါ။
ကိုယ့် ကျန်းမာရေးကို ကိုယ်ဂရုစိုက်ပါ။

ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ။ ချစ်ပါ။ အကောင်းမြင်ပါ။

ဒါဆိုရင် ကိုယ့်ကို တန်ဖိုးထားသူ၊ ချစ်ခင်သူ၊ အကောင်းမြင်သူတွေ သူ့အလိုလို ရှိလာပါလိမ့်မယ်။

ချစ်လို့ပြောတဲ့ မမကြည်





Repost from one year ago

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Telephone

Address

No. 890, Kyunshwewar Road , Khattar (2) Streets, Nawaday Quarter, Pobbathiri Township
Naypyidaw

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00