KSW

KSW

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KSW, Beauty, cosmetic & personal care, Naypyidaw.

15/08/2025

လူတယောက်
အတွက်
ဘုမ္မိအရပ်သည်
အလွန်အရေးကြီးဆုံး
ဖြစ်ပါသည်...

လေ့လာကြည့်ရင်
အချို့အိမ်တွေမှာ
အဖက်ဖက်က
ပြည့်စုံပေမယ့် အိမ်ထောင်ဦးစီးရဲ့
ဘုမ္မိအရပ်
( #ပျက်စီးခြင်းအရပ်မျက်နှာ ) ကို
အိမ်မျက်နှာစာ
လှည့်ထားတာကြောင့်
ဖြစ်နေတက်တာကို သတိထားမိမှာပါ ☺

ဘုမ္မိကျတဲ့အခါမျိုးမှာ အဆိုပါအိမ်တွေမှာ
😥 စီးပွားရေးမှာ ဘယ်လိုပဲ ကြိုးစားလဲ အဖတ်မတင်ခြင်း ၊
😥 အိမ်တွင်းရေးမိသားစုရေး ပျော်ရွှင်မှုပျက်သုဉ်းခြင်း ၊
😥 မိသားစုတွင်း ကျန်းမာရေးအားနည်းချက်တစ်ဦးမဟုတ်တစ်ဦးဖြစ်တတ်ခြင်း စတဲ့

အခက်အခဲပြသနာအချို့ကြုံရတတ်တယ်လို့ အဆိုရှိခဲ့ပါတယ်။

အဲတော့ အိမ်ထောင်ဦးစီးတို့ရဲ့ နေ့နံအလိုက် သတိထားရှောင်ရှားရမယ့် #ဘုမ္မိအရပ် ဆိုတာ ဘယ်အရပ်တွေဖြစ်မလဲ ??

နောက်ပြီး ကျန်းမာစီးပွားတက်တဲ့ #သီရိအရပ် (မင်္ဂလာရှိတဲ့ အရပ်မျက်နှာ) က ဘယ်အရပ်ဖြစ်မလဲ ???

နောက်ပြီး လာဘ်လာဘပွင့်တဲ့ #တေဇအရပ် က ဘယ်အရပ်တွေဖြစ်မလဲ ???
================

#တနင်္ဂနွေသားသမီး
ဘုမ္မိ (တောင်အရပ်) (ရှောင်ရန်)
သီရိ (မြောက်အရပ်)
တေဇ (အနောက်အရပ်)

#တနင်္ဂလာသားသမီး
ဘုမ္မိ (အနောက်တောင်အရပ်) (ရှောင်ရန်)
သီရိ (အရှေ့ေမြာက်အရပ်)
တေဇ (အနောက်မြောက်အရပ်)

#အင်္ဂါသားသမီး
ဘုမ္မိ (အနောက်အရပ်) (ရှောင်ရန်)
သီရိ (အရှေ့အရပ်)
တေဇ (မြောက်အရပ်)

#ဗုဒ်ဒဟူးသားသမီး
ဘုမ္မိ (အနောက်မြောက်) (ရှောင်ရန်)
သီရိ (အရှေ့တောင်)
တေဇ (အရှေ့မြောက်)

#ကြာသပတေးသားသမီး
ဘုမ္မိ (အရှေ့မြောက်) (ရှောင်ရန်)
သီရိ (အနောက်တောင်)
တေဇ (အရှေ့တောင်)

#ရာဟုသားသမီး
ဘုမ္မိ ( အရှေ့အရပ်) (ရှောင်ရန်)
သီရိ (အနောက်အရပ်)
တေဇ ( တောင်အရပ်)

#သောကြာသားသမီး
ဘုမ္မိ (အရှေ့တောင်အရပ်) (ရှောင်ရန်)
တေဇ (အနောက်တောင်အရပ်)
သီရိ (အနောက်မြောက်အရပ်)

#စနေသားသမီး
ဘုမ္မိ (မြောက်အရပ်) (ရှောင်ရန်)
တေဇ (တောင် အရပ်)
သီရိ (အရှေ့အရပ်)

================

#ဒါဆိုရင်_အိမ်ထောင်ဦးစီးရဲ့နေ့နံဟာ_ဘုမ္မိအရပ်မျက်နှာလည့်တဲ့အိမ်မျိုးမှာနေမိနေခဲ့ရင်_ဘယ်လိုလုပ်မလဲ ???
အညံ့ဆိုး ကနေလွတ်မြောက်အောင် နေ့သားအလိုက် အမြစ်အညွန့်အပင်ကို အိမ်ခြံ၀န်းရှေ့မှာ စိုက်ပျိုးပေးရပါမယ်။

#နေ့သားအလိုက်_အမြစ်အညွန့်အပင်
တနင်္ဂနွေ ဒါန်းကြီး (သို့)နေကြာ ပင်

တနင်္လာ သြဇာပင်

အင်္ဂါ ခရေပင်

ဗုဒ္ဓဟူး စံပယ်

ကြာသပတေး လသာ (သို့) လောက်သေ

သောကြာ ပိတောက်ပင်
စနေ သင်အူပင်

အထက်ပါအတိုင်း သစ်ပင်စိုက်ယတြာကို ဆောင်ရွက်ခြင်းဖြင့် ဘုမ္မိအရပ်မျက်နှာမူမိသောနေအိမ်အတွက် အညံ့ဆိုးကင်းလွတ်ကာ အဆင်ပြေချောမွေ့ပါလိမ့်မယ်ရှင့်

15/08/2025

🪷ဘုရားရှိခိုးခြင်းသည် ပါရမီ(၁၀)ပါး ပြည့်စုံပုံ🪷
__________________________________

▪️ပထမဦးစွာ ...
ပန်း ၊ ရေချမ်း ၊ ဆီမီး ၊ နံသာတိုင်တို့
ပူဇော်လိုက်ခြင်းကြောင့်
" ဒါနပါရမီ" ဖြစ်သွားပါတယ်။

▪ငါးပါးသီလခံယူ
ဆောက်တည်လိုက်ခြင်းကြောင့်
" သီလပါရမီ " ဖြစ်သွားပါတယ် ။

▪️ဘုရားရှိခိုးခိုက်ဝယ် ...
တဏှာရာဂ ၊ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန
စသည်တို့မှ ခဏကင်းလွတ်နေသောကြောင့်
" နေက္ခမ္မပါရမီ " ဖြစ်သွားပါတယ် ။

▪️ဘုရားရှိခိုးခိုက် ...
မမှားအောင်သတိထား ရွတ်ဆိုနေခြင်း ၊
ပါဠိတော်ကို ရွတ်ဆိုနေခြင်း ၊ ဆင်ခြင်နေခြင်း ၊
ရွတ်ဆိုနိုင်သော အသိဥာဏ်တို့သည်
" ပညာပါရမီ " ဖြစ်သွားပါတယ် ။

▪️ကျန်းမာနေသ၍ ...
နေ့စဉ် ဝတ်မပျက်ရလေအောင်
ကြိုးစား ပူဇော်နေခြင်းတို့သည်
" ဝီရိယပါရမီ " ဖြစ်သွားပါတယ် ။

▪️ဘုရားရှိခိုးခိုက်ဝယ် ...
ညောင်းညာနေခြင်း ၊ ပင်ပန်းနေခြင်း ၊ မှက်,ခြင်,
ကိုက်ခြင်း စသည်တို့ကို သည်းခံနေခြင်းသည်
" ခန္တီပါရမီ " ဖြစ်သွားပါတယ် ။

▪️ဘုရားရှိခိုးပြီးတိုင်းဝယ် ...
ဥပမာ - တပည့်တော်သည် မေတ္တာသုတ်ကို
ပူဇော်ပါ၏ ဤစကားသည် မှန်သောသစ္စာစကား
ဖြစ်ပါပေ၏ ..ဟု သစ္စာပြုခြင်းသည်
" သစ္စာပါရမီ " ဖြစ်သွားပါတယ်။

▪️ဘုရားမရှိခိုးခင်ဝယ် ...
ကြိုတင်ပြီး အာမခံထားမယ်ဆိုရင်
ဥပမာ - တပည့်တော်သည် မေတ္တာသုတ်ကို
၉ - ခေါက် သက်စေ့ ပူဇော်ပါမည်ဘုရားဟု
ကြိုတင်ပြီး အဓိဋ္ဌာန် ထားမယ်ဆိုရင်
" အဓိဋ္ဌာန်ပါရမီ " ဖြစ်သွားပါတယ် ။

▪️ဘုရားရှိခိုးပြီးတော့ ...
သတ္တဝါတွေ ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊
ဘေးရန်ကင်းပါစေ ၊ လိုရာဆန္ဒများပြည့်စုံပါစေ ၊
ဟူ၍ မေတ္တာပို့မယ် ၊ မေတ္တာပွားမယ်ဆိုရင်
" မေတ္တာပါရမီ " ဖြစ်သွားပါတယ် ။

▪️ဘုရားရှိခိုးပြီး မေတ္တာပွားစဉ် အခါဝယ်
ေဩာ် ...သတ္တဝါတွေ ကျန်းမာပါစေ ၊
ချမ်းသာပါစေ ၊ ဘေးဒုက္ခကင်းဝေးပါစေလို့
မည်သို့ပင် မေတ္တာပို့ပို့ သူ့ကံနဲ့သူ လာတာပဲ ၊
ကံသာလျှင်အမိ ၊ ကံသာလျှင်အဖ ဖြစ်ပေတယ် ၊
ငါ..မေတ္တာပို့နေပေမဲ့လည်း
ဘေးဒုက္ခကင်းချင်မှ ကင်းမယ်ဆိုပြီး သတ္တဝါတို့အပေါ်
ချစ်ခြင်း ၊ မုန်းခြင်း ၊ သနားခြင်း ၊ ဝမ်းသာခြင်းတို့ကို
ဘေးဖယ်လိုက်မယ် ၊ ဥပေက္ခာပွားလိုက်မယ်ဆိုရင်
" ဥပေက္ခာပါရမီ" ဖြစ်သွားပါတယ် ။
____________________________

🪷ပါရမီမြောက်တဲ့အထိ
ဘုရားရှိခိုး ပူဇော်ပါက
လွန်းစွာအကျိုးကြီးမြတ်လှပါတယ်။

🪷ဘုရားရှိခိုးတာ ...
" ဥာဏသမ္ပယုတ်ကုသိုလ် "
ဖြစ်သွားတော့
နိဗ္ဗာန်ထိအောင်
အကျိုးပေးပါတယ် ။

🪷ဘုရားရှိခိုးတိုင်း ...
ပါရမီမြောက်တဲ့အထိ ရောက်အောင်
ဘုရားကို ပူဇော်နိုင်ပါစေလို့ .....
ဆန္ဒပြုလျက်.....

🪷မြတ်စွာဘုရား၏ တရားတော်ဖြင့်
ကမ္ဘာမြေကြီး အေးချမ်းကြပါစေ ။
____________________________
#အသိပညာတိုးပွါးပါ​စေ🙏🙏🙏
Credit to မူရင်းရေးသူ

25/02/2025
24/09/2022

မ​နော်ဟရီ ၄ကွက်ငုတ်
မြခွာညိုလမ်း​မ ​မေးတင်
မြို့ပတ်လမ်းအနီး
ဂရံ​လျှောက်ထားဆဲ
သိန်း ၃၂၀ (post တင်သည့်​နေ့မှ ၃၀.၉.၂၂ အထိ)

စစ်သည်တိုက်ရိုက် စာချုပ်ချုပ်​ပေးမည်》
ဂရံ ရသည့်​နေ့ sp လွှဲ​ပေးမည်။
ဂရံဖိုး ၁၀ ချန်​ပေးမည်။
အကွက်နံပါတ် ၂**
Ph09697526598

24/09/2022

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ထဲက ...
* ကိုယ်တိုင်ပဲနေမလား...စီးပွားရေးပဲလုပ်မလား...ဘယ်လို အနေအထားပဲဖြစ်ဖြစ် သင့်တော်တဲ့...လူနေစည်ကားပြီး အချက်အခြာကျတဲ့ တပင်ရွှေထီးရပ်ကွက်ထဲမှာ လိုချင်တာလား...? ဒါမှမဟုတ် ဆင်ဖြူရှင်ရပ်ကွက်ထဲမှာ လိုချင်တာလား...?
🏕ခြံကျယ်လေးနဲ့ နေချင်သူများအတွက် နဝဒေး၊ ဆင်ဖြူရှင်မှာ ၆၀ x ၈၀ ပေ မြေကွက်အကျယ်များ၊ ဆင်ဖြူရှင် ၈၀ x ၈၀ ပေပတ်လည် အိမ်အပါ ခြံကျယ်ကျယ်တွေ လိုချင်တာလား...?
🏖စီးပွားရေးလုပ်ဖို့ နေရာကောင်းလမ်းမပေါ်တွေ လိုချင်တာလား...?
🏘ရင်းနှီးမြှုပ်နှံဖို့အတွက် ဂရမ်အပါ စျေးတန်တန်လေးတွေ ဝယ်ထားချင်တာလား...?
🏨မြေကွက်အလွတ်လေးတွေဝယ်ပြီး အဆောက်အဦ ဒီဇိုင်းလှလှလေးတွေကို ဆောက်ပြီးနေချင်တာလား...?
🏨မြေကွက်အလွတ်လေးတွေဝယ်ပြီး အဆင့်မီ ဒီဇိုင်းဆန်း တန်ဖိုးသင့်လေးတွေဆောက်ပြီး ပြန်ရောင်းမလား...?

Ph​09972712469
》》》》》》》》》》》》》》》》

15/08/2022

အိမ်သုံးလျှပ်စစ်မီတာအသစ်ဘယ်လိုလျှောက်ထားကြမလဲ

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။

အိမ်သုံးလျှပ်စစ်မီတာကို -
မိမိနေထိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာထံမှာ အောက်မှာ ဖော်ပြထားတဲ့အထောက်အထား တွေနဲ့အတူ ပူးတွဲတင်ပြကာ လျှောက်ထားရမှာဖြစ်ပါတယ်။
လျှောက်လွှာပုံစံနမူနာကို ပါရေးပေးလိုက်ပါတယ်။
အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် နေ့ချင်းပြီးတပ်ဆင်ပေးပါမည်။

(၁) နေထိုင်သူကိုယ်တိုင် လျှောက်ထားရမည်။
(၂) အိမ်ထောင်စုစာရင်း/ ပိုင်ဆိုင်မှု အထောက်အထား၊ တာဝန်ခံသူ၏ ကတိဝန်ခံချက် ပါရှိရမည်။
(၃) ဓာတ်အားသုံးစွဲမည့် အဆောက်အဦးသည် လျှပ်စစ်ကြောင့် အန္တရာယ် မဖြစ်စေရ။
(၄) ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်း ရှိရမည်။
(၅) ထရန်စဖော်မာနှင့် ဓာတ်အားလိုင်း ဝန်အားနိုင်နင်းရမည်။
(၆) အိမ်တွင်းဝါယာကြိုးများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ တပ်ဆင်ပြီး ဖြစ်ရမည်။

အိမ်သုံးမီတာအတွက် ပေးသွင်းရမည့် နှုန်းထားများ
စဉ် အကြောင်းအရာ Digital မီတာ ပေးသွင်းရမည့်နှုန်းထား (ကျပ်)
၁ မီတာသတ်မှတ်ကြေး ၆၅,၀၀၀
၂ မီတာပုံးခွံ ၁၅,၀၀၀
၃ အာမခံစပေါ်ငွေ ၄,၀၀၀
၄ ကြိုးသွယ်ခ ၂,၀၀၀
၅ မီးဆက်ခ ၂,၀၀၀
၆ ကြီးကြပ်ခ ၁,၀၀၀
၇ မှတ်ပုံတင်ကြေး ၁,၀၀၀
စုစုပေါင်း ၉၀,၀၀၀

၁.၄.၂၀၁၄ ရက်နေ့မှစတင်စည်းကြပ်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခနှုန်းထားရှင်းလင်းချက်
အိမ်သုံးနှုန်းထား။
၁ ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၃၅ ကျပ်
၂ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၄၀ ကျပ်
၃ ၂၀၁ ယူနစ်နှင့် အထက် ၅၀ ကျပ်
လျှောက်လွှာပုံစံသည် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ရယူကာ
သို့
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ
မန္တလေး/ရန်ကုန်/ရှမ်းပြည်နယ်/ စစ်ကိုင်းတိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
နေ့စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ရက်နေ့
အကြောင်းအရာ။ အိမ်သုံးမီတာ(၁) လုံးတပ်ဆင်သုံးစွဲခွင့်ပြုပါရန်လျှောက်ထားခြင်း။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ……… ရပ်ကွက်၊ အကွက်( )၊ …………… လမ်းရှိ ဦး/ ဒေါ်…………………. မှတ်ပုံတင်အမှတ် ………………… ၏ နေအိမ်တွင်၊ အလင်းရောင်အသုံးအတွက် အိမ်သုံးမီတာ(၁) လုံးတပ်ဆင်သုံးစွဲခွင့်ပြုပါရန် လေးစားစွာလျှောက်ထားအပ်ပါသည်။
တပ်ဆင်သုံးစွဲခွင့်ရရှိပါက ဌာနမှချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုအပ်ပါသည်။

လျှောက်ထားသူ
လက်မှတ် …………………
အမည် ……………………..
မှတ်ပုံတင်အမှတ် ……………………
နေရပ်လိပ်စာ …………………….
……………………………..
ဖုံးနံပါတ် …………………………..

မှတ်ချက်။ ။ နေရာဒေသ အလိုက် ပေးသွင်းငွေ ကွာခြားနိုင်ပါသည်။

Credit : ဆရာကြီးမိုးထက်
ပြန်လည်ကူးယူဖော်ပြပါသည်။
ထပ်ဆင့်ကူးယူ​ဖော်ပြပါသည်။

08/08/2022

GP နှင့် SP အကြောင်းသိကောင်းစရာ

GP ( General Power )
အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွှဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။

S.P ( Special Power )
အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။

- S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။

- S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။

- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး..စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့မရပါ။

- လယ်မြေ နှင့် ဥယျာဉ်ခံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။

- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။

- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

GP ၊ SP ဘာကြာလဲ. . ?

ဒီနေ့ မိတ်ဆွေတစ်ယောက်သူဝန်ထမ်းဘဝတုန်းက ရောင်းခဲ့ပီးသားမြေကွက်လေး ကို လက်ရှိဝယ်ထားတဲ့သူတွေက သူ့ကိုပြန်လာရှာပီး S.P ပြန်လွှဲယူချင်လို့တဲ့လာမေးနေတယ်တဲ့ ၊ငါကရောင်းခဲ့ပီးသားတဲ့ ၊အဲ့အချိန်က သူတို့ခေါ်တဲ့ရုံးမှာလည်း ငါ G.P လွှဲပေးခဲ့ပီးပီတဲ့၊အဲလိုပြန်လွှဲပေးဖို့လိုလို့လားတဲ့ ။ G.P နဲ့ S.P ဘာကွာလဲတဲ့?
ဒါနဲ့ကျနော်ကလည်း စာလုံးပေါင်းကွာတယ်လို့ပြောလိုက်တယ်။သူကရယ်တယ်။
ဟုတ်တယ်လေ G.Pဆိုတာ General Power ၊ S.Pဆိုတာ Special Power ။
Power ချင်းတော့တူတယ်လို့

General Power ဆိုတာ အထွေထွေကိုယ်စားလှယ်လွှဲအပ်စာ၊
Special Power ဆိုတာ အထူးကိုယ်စားလှယ်လွှဲအပ်စာ စာကို ခေါ်ကြတာပါ။
အတိုG.P,S.P လို့အလွယ်ပဲခေါ်ကြပါတယ်။

ပါဝါလွှဲထားလိုက်ပေါ့၊ပါဝါယူထားလေ၊ပါဝါလွှဲပေးလိုက်မယ်လေ....စသည်ဖြင့် အပြင်မှာ ၊အိမ်ခြံမြေလောကမှာ ဒီစကားတွေကအမြဲကြားနေရပေမယ့်၊G.P နဲ့ S.P ဘာကွာတယ်ဆိုတာတော့ ကွဲကွဲပြားပြားသိပ်မသိကြပါဘူး။

ကျနော်သိထားသလောက်လေးပြောရရင်တော့...

(၁) တစ်စုံတစ်ယောက်ကိုယ်စား ၊သူကိုယ်တိုင်လုပ်ရမဲ့ကိစ္စရပ်များအပေါ်မှာ ၊သူ့ကိုယ်စား၊သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် ၊သက်ဆိုင်ရာရုံးတွေမှာ သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ လက်မှတ်ရေးထိုးလုပ်ကိုင်ဆောင်ရွက်နိူင်စေရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) လွှဲအပ်ရယူကြပါတယ်။

(၂) တရားစွဲဆိုခြင်းကိစ္စရပ်များအတွက်လည်း အခြားသူတို့နှင့်အမှုကိစ္စဆောင်ရွက်ရာ၌ သူ့ကိုယ်စားဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

(၃) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်တွေမှာလည်း ချက်ချင်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်၊အခွန်ဆောင်ကိစ္စရပ်များမလုပ်ကိုင်နိူင်သေးသည့်အခြေအနေတွင် ၊အဆင်ပြေသည့်အချိန်တွင် လုပ်ကိုင်ဆောင်ရွက်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

(၄) ရုံးလုပ်ငန်းကိစ္စဆောင်ရွက်စရာရှိတဲ့

ပုဂ္ဂိုလ်တစ်ယောက်ဟာ သူလုပ်ကိုင်ရမဲ့နေရာမှာ အဆင်သင့်မရှိ တဲ့အချိန် ဥပမာ....

- ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရတဲ့အချိန် ရုံးကိစ္စလုပ်စရာပေါ်လာတာ
- နိူင်ငံခြားရောက်နေတာ၊ကျောင်းသွားတက်နေတာ၊အလုပ်သွားလုပ်နေတာ၊တစ်ခြားအရပ်ဒေသမှာ တာဝန်ထမ်းဆောင်နေရတာ
- ကံမကောင်းစွာနဲ့ အချုပ်ကျနေတာ၊ ထောင်ကျနေတာ၊ထောင်ထဲရောက်နေတုံး ကျန်ခဲ့တဲ့မြေကွက်လေးငွေလိုလို့ရောင်းချင်တာ
- တရားစခန်းဝင်နေတာ၊ သီလရှင်ဝတ်နေတာ၊ဘုန်းကြီးခဏဝတ်နေတာ....စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လို့အဆင်မပြေတဲ့အခါမျိုးတွေမှာ အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

(၅) ရုံးအမျိုးမျိုးမှာ၊ အကြောင်းအရာအမျိုးမျိုးနဲ့ လိုအပ်ရင်လိုအပ်သလို အသုံးပြုလို့ရအောင်လည်း အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။
(၆) (S.P)လည်းဒီလိုပဲ လွှဲအပ်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ အမျိုးမျိုးအပေါ်မှာ မဟုတ်ပဲ လွဲအပ်သူလွဲအပ်တဲ့ အကြောင်းအရာ ၊အထူးပြုတဲ့ အကြောင်းအရာအပေါ်ပဲကိုယ်စားဆောင်ရွက်စေလိုတဲ့အခါ အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။ဥပမာ...

- ကျနော် အမည်နဲ့သုံးစွဲခွင့်ရတဲ့တယ်လီဖုန်းနံပါတ် ၀၉။။။။။။။။ အတွက်ရုံးသွားထုတ်ဖို့လိုတဲ့အခါ(ဒီကိစ္စရပ်တစ်ခုတည်းအတွက်)
- ကျနော့အမည်ပေါက်ကားလေး 5M ။။။။ သက်တမ်းကိစ္စ အတွက်ပဲ ရုံးသွားဖို့ လိုလာတဲ့အခါ(ဒီ ကားအတွက်ပဲ)
- ကျနော်ပိုင်တဲ့ မြေကွက် ၃ ကွက်အနက် ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(-)၊ အကွက်(-)၊ဦးပိုင်(-)၊ မြေဧရိယာ (-) ကျယ်တဲ့ မြေကွက်အတွက်ပဲရုံးကိစ္စဆောင်ရွက်ဘို့ လိုလာတဲ့အခါမှာ၊အဲဒီမြေကွက်ကို အခြားသူကိုရောင်းချတဲ့အခါ(ဒီမြေကွက်အတွက်ပဲ) အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။

(၇) ကျန်တာတွေကတော့ အထက်အပိုဒ်(၁)၊(၂)၊(၃)၊(၄)ထဲကအတိုင်း အခြေအနေတွေမှာလည်း အထူးကိုယ်စားလှယ်လွှဲစာ(S.P) ကိုလွှဲအပ်ရယူကြပါတယ်။

(၈) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....

- အသက် ၁၈ နှစ်ပြည့်ပီးသူတွေဖြစ်ရပါမယ်။
- ရူးနေတဲ့သူ၊စိတ်ပေါ့သွပ်တဲ့သူ မဖြစ်ရပါဘူး။
- တစ်ယောက်ထဲကနေ အများကို လွှဲအပ်နိုင်သလို၊အများကလည်း တစ်ယောက်ထဲကို လွှဲအပ်နိူင်ပါတယ်။
- G.P လွှဲမယ်ဆိုရင်တော့လူနဲ့၊မှတ်ပုံတင်၊ပဲလိုပီး S.Pလွှဲမယ်ဆိုရင်တော့ လူနဲ့ မှတ်ပုံတင်အပြင် မိမိ အထူးပြုလွှဲမဲ့ကိစ္စရပ်အတွက် မိမိပိုင်ကြောင်း ပိုင်ဆိုင်မှု အထောက်အထား(နာမည်ပေါက်) စာရွက်စာတမ်းတွေလိုပါမယ်။
- G.P လွှဲစာဆိုရင်တော့ လက်ရှိရုံးခွန်၊တံဆိပ်ခွန်အရ ၁၀၀၀ ကျပ် ထမ်းဆောင်ရပါတယ်။
- S.P လွှဲစာဆိုရင်တော့ လက်ရှိရုံးခွန်၊တံဆိပ်ခွန်အရ ၃၀၀ ကျပ် ထမ်းဆောင်ရပါတယ်။
လက်ခံသူ ၅ ယောက်အောက်ပေါ့

(၉) G.P ပဲလွှဲလွှဲ၊ S.P ပဲလွှဲလွှဲ ဥပဒေအရကတော့....

- လွှဲတဲ့သူဖြစ်စေ၊လက်ခံတဲ့သူဖြစ်စေ သေသွားရင် ၊ ရူးသွားရင်ဖြစ်စေ ၊လွှဲတဲ့သူက ရုပ်သိမ်းလိုက်ရင်ဖြစ်စေ၊လက်ခံတဲ့သူက ငြင်းပယ်ရင်ဖြစ်စေ အဲ့ ကိုယ်စားလှယ်စာဟာ ရပ်ဆဲသွားပါတယ်။
- လွှဲအပ်တဲ့အကြောင်းအရာ ပီးသွားရင်/လွှဲအပ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပီး ဆက်လုပ်စရာမရှိတော့ရင်လည်း အဲဒီပါဝါက ရပ်ဆဲသွားပါတယ်။
- ဒါကြောင့် G.P, S.P ပဲမူလက ရယူထားပီး ငွေကြေးအဆင်ပြေတဲ့အချိန်မှ မှတ်ပုံတင်စာချုပ်ပြုလုပ်ချုပ်ဆိုဖို့ ပြင်ဆင်တဲ့အချိန်မှာ G.P, S.P ရယူထားသူအား လွှဲအပ်ထားတာမှန်ကြောင်း၊လွှဲအပ်သူသက်ရှိထင်ရှားရှိသေးကြောင်း၊ပြန်လည်ရုပ်သိမ်းထားခြင်းမရှိကြောင်း တရားရုံးကျမ်းကျိန်ချက် ပြုလုပ်ခိုင်းတာဖြစ်ပါတယ်။

(၁၀) အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာတော့ -

- ဝယ်တဲ့သူဟာနာမည်ပေါက်လုပ်ချင်ရင် ထမ်းဆောင်ရတဲ့အခွန်ဟာ လက်ရှိအချိန်မှာ များတာကြောင့် အများအားဖြင့် မိမိကို ရောင်းတဲ့သူဟာ နာမည်ပေါက်ပိုင်ရှင်ဆိုရင် (S.P)၊လွှဲယူကြပါတယ်၊
- မိမိကိုရောင်းတဲ့သူဟာနာမည်မပေါက်သေးဘူး သူကိုယ်တိုင်ကို ရုံးကိစ္စဆက်လုပ်စရာကျန်သေးတဲ့အခြေအနေဆိုရင် (G.P) လွှဲယူကြတာများပါတယ်။
- ကိုယ်လုပ်တဲ့အကြောင်းအရာပေါ်မူတည်ပီးလည်း သင့်တော်သလို G.P သို့မဟုတ် S.P လွှဲယူကြပါတယ်။
- အိမ်ခြံမြေ နာမည်ပေါက်လုပ်ဖို့ကိစ္စရပ်တွေဆိုရင် အပြင်အခေါ် ရုံးကြီး(စာချုပ်စာတမ်းမှတ်ပုံတင်ရုံး)၊နယ်အခေါ် မြေစာရင်းရုံးမှာလွှဲယူကြပါတယ်။
- အဲလိုလွှဲတဲ့အခါ လွှဲချင်တဲ့သူက နယ်မြို့မှာရောက်နေရင် အဲဒီ နယ်မြို့မှာရှိတဲ့ ရုံးက လွှဲပေးလိုက်ရုံပါပဲ
- လွှဲမယ့်သူက နေမကောင်းလို့ ဆေးရုံပေါ်ရောက်နေရင်လည်း ဆေးကုနေကြောင်း အထောက်အထား၊သတိကောင်းကြောင်း အထောက်အထားများရယူပီး သက်ဆိုင်ရာ ရုံး ကို ပြင်ပသို့လိုက်ပါမှတ်ပုံတင်ပေးရန်(visit) လျှောက်ထားပီး လွှဲအပ်ရယူလို့ရပါတယ်။ရုံးကိုထမ်းစင်ကြီးနဲ့ခေါ်လာစရာမလိုပါဘူး
- လွှဲအပ်မယ့်သူက နိူင်ငံခြားရောက်နေတာဆိုရင်တော့ သူရောက်နေနဲ့ နိူင်ငံမှာ မြန်မာနိူင်ငံဆိုင်ရာ သံရုံး တာဝန်ရှိသူရှေ့မှောက်မှာ လွှဲအပ်လို့ရပါတယ်၊သံရုံးမရှိရင်တော့ ကောင်စစ်ဝန်ရုံးမှာ လွှဲရပါတယ်၊သံရုံးရော၊ကောင်စစ်ဝန်ရုံးရောမရှိတဲ့ဒေသရောက်နေတာဆိုရင်တော့ ရှိတဲ့ဆီသွားလွှဲရပါတယ်
- လွှဲတဲ့သူက ရဲအချုပ်ကျနေရင် စခန်းမှူး၊တာဝန်မှူး ရှေ့မှာ လွှဲရပါတယ်၊ထောင်ကျနေတာဆိုရင်တော့ တာဝန်ခံထောင်မှူးရှေ့မှာ လွှဲအပ်ရယူနိူင်ကြပါတယ်။
(၁၁) လက်ရှိအပြင်မှာတော့ နာမည်ကိုယ်တိုင်မပေါက်တဲ့မြေတို့၊သူကိုယ်တိုင်လည်း ပါဝါပဲယူထားတဲ့မြေတို့၊ရွေ့ပြောင်း နိူင်သောပစ္စည်းနဲ့ပတ်သက်လို့ ရုံးကိစ္စလုပ်စရာရှိရင်တော့ ၊လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးပြုလို့ရနိူင်ရန် အရပ်အခေါ်နိုတြီ( Notary Public ) G.P,S.P များ လွှဲအပ်ရယူကြပါတယ်။
တရားရုံးတရားသူကြီးရှေ့မှောက်မှာလဲ ကိုယ်စားလှယ်လွှဲစာလွှဲအပ်ရယူကြပါတယ်။ အပြင်မှာ၊အိမ်ခြံမြေလောကမှာ အများဆုံးတွေ့ရတဲ့ဟာတွေပေါ့။အဆိုပါ ပါဝါတွေနဲ့ နာမည်ပေါက်လုပ်တဲ့အချိန် တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်လို့မရပေမယ့်ကျန်တဲ့နေရာတွေမှာသုံးလို့ရနေတာကြောင့် ပါဝါလေးတော့ လွှဲယူထားမှ အဆင်ပြေကြပါတယ်လို့ အိမ်ခြံမြေလောကမှာတွေ့ကြုံနေရပါတယ်။

G.P,S.P နဲ့ ပတ်သက်လို့ အခြားအကြောင်းအရာတွေလည်း အများကြီးကျန်ပါသေးတယ်၊ဒါက မပြည့်စုံသေးပါဘူး။အခြေခံလေးတွေပဲရှိပါသေးတယ်။

တစ်ချို့ကရှိတယ် S.Pပဲလွှဲပေးနိူင်မယ်၊G.P တော့မပေးနိူင်ဘူးတို့ရှိတက်ပါတယ်

G.P နဲ့ S.P ဘာလွှဲပေးသင့်သလဲဆိုတဲ့အပေါ်မှာတော့ လက်ရှိ ကိုယ့်ဆီမှာရှိတဲ့စာရွက်စာတမ်း အနေအထားအခြေအနေနဲ့ အသုံးပြုချင်တဲ့အကြောင်းအရာပေါ်ပဲမူတည်ပါလိမ့်မယ်။
ဒါနဲ့ကျနော်မိတ်ဆွေကိုပြောလိုက်တယ်၊ခင်များဟာခင်များ လက်ရှိအခြေအနေနဲ့စဉ်းစားပီး ကိုက်ညီတဲ့ဟာလွှဲပေးလိုက်ပေါ့ဗျာလို့။

ခင်များအဲလိုပြန်လွှဲပေးတော့ ခင်များကို သူတို့က ဂါရဝပြု ကြမှာပေါ့လို့ပြောလိုက်တော့ ဟုတ်တယ်တဲ့၊ သူ့ကို ၅ သိန်းတောင်ပေးမယ်လို့ပြောတယ်တဲ့ ။ငါရောင်းခဲ့တုန်းကတောင် အဲ့လောက်မရခဲ့ဘူးတဲ့။ငွေကြေးကိစ္စကတော့ ကျနော်မပြောလိုပါဘူးဗျာ၊ထီပေါက်သလောက်မရပေမဲ့ ချဲပေါက်သလောက်တော့ ခင်များရတာပေါ့လို့။ကိုယ့်ကြောင့်တစ်ပါးသူ စိတ်ချမ်းသာရရင် ....
သူတစ်ပါးတွေကြောင့်လည်း ကိုယ်လည်း အမြဲစိတ်ချမ်းသာရပါတယ်လို့ ပြောလိုက်မိပါတယ်။

*အချက်(၇)ချက်ကြောင့် SP, GP တွေ ပျက်ပြယ်နိုင်*

ကျွန်တော်တို့ဟာ ကိုယ့်လက်ထဲမှာရထားတဲ့ Special Power ၊ General Power တွေကို အလွန်ခိုင်မာတယ်ဆိုပြီး ဝမ်းသာတတ်ကြပါတယ်။
အိမ်ခြံမြေ ဝယ်သူတိုင်း Special Power ၊ General Power တွေကို ကိုင်ပြီးကျေနပ် ကြပါတယ်။
Special Power ၊ General Power တွေဟာ အခြေနေ (၇)မျိုးမှာ ပြန်လည်ပျက်ပြယ်သွားနိုင်ပါတယ်..

အဲဒီအခြေအနေတွေကတော့...

(၁) SP, GP အားပြန်လည်ရုပ်သိမ်းသောအခါ

SP, GP ကိုလွှဲပေးသူကအကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ ထိုသို့ရုပ်သိမ်းသောအခါ SP, GP တွေဟာ ပျက်ပြယ်သွားတတ်တယ်။

(၂) လက်ခံသူမှငြင်းပယ်၍ ပျက်ပြယ်ခြင်း

SP, GP တို့ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွှဲအပ်ပေးပေမယ့် လက်ခံရမယ့်သူက
အကြောင်းတစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လ ျှင် ထို SP, GP တို့ဟာ ပျက်ပြယ်ပါတယ်။

(၃) ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည်

SP တစ်စောင်ကို အကြောင်းအရာတစ်ခုဖြင့် လွှဲအပ်ပေးပါတယ်။ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို့နဲ့ ခြံစည်းရိုးခတ်ရန်။ အဲဒီလိုအကြောင်းအရာနှစ်ခုနဲ့ လွှဲအပ်ပေးထားတဲ့ SP တစ်စောင်ဟာ မြေပုံမြေရာဇဝင် ထုတ်ယူဖို့နဲ့ခြံစည်းရိုးနဲ့ပတ်သက်တဲ့ ကိစ္စအဝဝပြီးဆုံးသွားပြီဆိုတဲ့အချိန်မှာ ထို SP သည် ပြီးဆုံးခြင်း၊ ပျက်ပြယ်ခြင်းသို့ရောက်ပါတယ်။

(၄) လွှဲအပ်/ လက်ခံသူတစ်ဦးဦးသေဆုံးခြင်း

SP, GP တို.ကို လွှဲအပ်သူ(သို့)လွှဲအပ်ခြင်းလက်ခံသူတစ်ဦးဦးသေဆုံးသွားခဲ့လ ျှင် ထို SP, GP တွေဟာ
ပျက်ပြယ်ခြင်း၊ ပြီးဆုံးခြင်းသို့ ရောက်ပါတယ်

(၅) ရူးသွပ်ကြခြင်း

အလားတူပင် SP, GP တို့ကို လွှဲအပ်/ လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လ ျှင်လည်း ထို SP, GP တို.သည် ပျက်ပြယ်သည်(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၆) နှစ်ရှည်ထောင်ကျခြင်း

SP/GP တို့ကို လွှဲအပ်သူ(သို့)လက်ခံသူတစ်ဦးဦးသည် နှစ်ရှည်အကျဉ်းထောင်ကျခြင်းခံခဲ့ရပါမူ ထို SP, GP တို့သည် ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးခြင်းသို့ရောက်ပါတယ်။

(၇) လူမွဲအဖြစ်ခံယူကြခြင်း

SP/GP တို.ကို လွှဲအပ်သူ(သို့) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ်ခံယူလိုက်လျှင် အဲဒီ SP, GP တို့ပျက်ပြယ်ခြင်း(သို့) ပြီးဆုံးသွားပြီးလို့မှတ်ယူရပါမယ်။

အဲဒီတော့ SP, GP တွေကို တရားလွန်ကြီးယုံစား၍မရနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ အကျိုးဆောင်ကြီးများက ကိုယ်တိုင်ဝယ်တာဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်ကဝယ်တာပဲဖြစ်ဖြစ် SP, GP ကို ထည့်သွင်းဆောင်ရွက်ပေးကြရပါတယ်။ သို့မဟုတ် စစ်ဆေးပေးကြရပါတယ်။ အဲဒီလိုဆောင်ရွက်/ စစ်ဆေးပေးကြရာတွင် အကြောင်းတစ်ခုခု တိုက်ဆိုင်နေလျှင် တဖက်ကတင်ပြတောင်းဆိုလာတဲ့ SP, GP ဟာခိုင်လုံခြင်းရှိ/မရှိဆိုတာ တိတိကျကျဆုံးဖြတ်ကြရပါမယ်။ ပဋိညာဉ်အက်ဥပဒေပုဒ်မ (၂၀၁) အတိအလင်းဖော်ပြထားပါတယ်။
credit

Photos from KSW's post 28/05/2022
28/05/2022

Q
အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေ
တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
မေးသူများ

Ans မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး...
ဖြစ်လာရင်လည်း ဘာမှ ပြန်မရဘူး...

တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ
ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့်
အမြတ် အရမ်းကျန်ပါတယ်။
ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာ
ဈေးသက်သာလွန်းရင်လည်း
ဝယ်သူ မယုံကြည်မှာစိုးတာကြောင့်
ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိ
ဈေးတင်ပြီး ရောင်းကြပါတယ်။
အဲ့ဒါကလည်း တရားမဝင်အကွက်
ရိုက်ရောင်းတဲ့ ဈေးကွက်အတွက်
အမြတ်အစွန်းများစွာကို ရစေပါတယ်။
တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ
အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင်
မြေအနေအထားနဲ့ လမ်းအနေအထားပေါ်မူတည်ပြီး
၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိရတာဆိုတော့
တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက်
မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။ အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့
ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက်
"ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလား" ဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။
မယုံကြည်တော့ပါဘူး။
အဲ့ဒီတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင်
သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင်ရောင်းကြတာပါ။
အဲ့ဒီလိုရောင်းတဲ့အတွက်
အမြတ်လည်း အရမ်းရပါတယ်။
အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။
ဥပဒေနဲ့မလွတ်လို့ ပြဿနာအရှုပ်အရှင်းဖြစ်ရင်
ရှောင်ထွက်လို့ ရအောင်လို့ပါ။
အဲ့ဒီတော့ ပွဲစားတွေကို ပါးပါးနပ်နပ်
အသုံးချလာကြပါတယ်။

ဘယ်လိုအသုံးချသလဲဆိုရင်
အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက်
စုပြီးအဖွဲ့ဖွဲ့ လိုက်ပါတယ်။ ခေါင်းဆောင်မပါပါဘူး။ မြေကို စုဝယ်လိုက်ပါတယ်။
အမည်ပေါက် မပြောင်းပါဘူး။
ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။
အခြားနည်း အသုံးပြုခွင့် လျှောက်ပြပါတယ်။
ခွင့်ပြုမိန့် ကျစရာမလိုပါဘူး။
သက်ဆိုင်ရာလူတွေသိရင် ရပါပြီ။
ဒါမှ မကျေနပ်တဲ့သူတွေကတိုင်ရင်
အခြားနည်း အသုံးပြုခွင့်လျှောက်ထားတာလို့
ဆင်ခြေပေးလို့ရအောင်လို့ပါ။
ရောင်းတော့လည်း ပြောအားရှိပါတယ်။
ခွင့်ပြုမိန့်သာ မပါတာ။
အခြားနည်း အသုံးပြုခွင့်
လျှောက်ထားပါတယ် ဆိုပြီးတော့လေ။
မြေယာပုံစံ-၁၀၅ က မြေပိုင်ဆိုင်ခွင့်မှ မဟုတ်တာ။

အဲ့ဒီလို လုပ်ပြီးပြီဆိုရင်
မြေထိုးတဲ့စက်သမားကိုခေါ်
တစ်ဧက တစ်သိန်းနှုန်းပေးမယ်။
ပွဲစားလုပ်တဲ့သူတွေကိုလည်း ခင်ဗျားရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။
လူရှာပေးတဲ့သူတွေကိုလည်း ခင်ဗျားလူရှာပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ် ... စသဖြင့် လူရှာပြီးရောင်းပါတယ်။
အဲ့ဒါကြောင့် အဲ့လိုအကွက်ရိုက်ရောင်းတဲ့ နေရာသွားလိုက်တာနဲ့ ဘယ်ကနေထွက်လာမှန်း မသိတဲ့သူတွေ... online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်လာတာပါ။ အဲ့လိုလူတွေကလည်း သူတို့နဲ့ရင်းနှီးတဲ့သူတွေ
ခင်မင်တဲ့သူတွေကို စပ်ပေးပြီး
"မြေကွက်တွေဘယ်နားမှာ ရှိတယ် ငါကဘယ်အကွက်ယူထားတာ နင်လည်းယူအုံးမလား တန်တယ်နော်။ နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး" စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ်။ တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းရတာဆိုတော့ မနည်းဘူးလေ။ အဲ့ဒီလို စည်းရုံးလို့ ရပြီဆိုတာနဲ့
ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို
ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ။
ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင်ယောင်ဆောင်ပြီး စာချုပ်ချုပ်ပေးလိုက်ရော။
တစ်ချို့ပွဲစားတွေဆို စာချုပ်မှာ
ပိုင်ရှင်ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်းရှိပါသေးတယ်။
လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ။
တစ်ချို့က မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။
နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကိုး...

တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး။
ခင်ဗျားကသင့်သလိုဈေးခေါ်
သိန်း အစိတ်ဝန်းကျင်နဲ့ ဈေးညှိရောင်း
ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ရအောင်လို့။
ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်းရောင်းထွက်ရင် ၂၃ သိန်းသွင်းဆိုပြီး အဲ့ဒိလို လုပ်ရောင်းတာတွေလည်းရှိပါတယ်။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင်လုပ်တဲ့သဘောမျိုးပါ။
ပြီးမှ ပိုက်ဆံခွဲယူကြတာပါ။
ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။
သိန်းနှစ်ဆယ် အစိတ်လောက်နဲ့
မြေကွက်အပိုင်ရမှာဆိုတာရယ်...
မြေယာဥပဒေတွေကို မသိနားမလည်းတဲ့
အတွက်ကြောင့်ရယ် ရှိစုမဲ့စုနဲ့ ဝယ်ကြပါတယ်။

ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ။
ရောင်းတဲ့သူက ဘယ်သူလဲ။
ဒီပစ္စည်းက ရောင်းသူလက်ထဲ
ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ။
သူ့ပိုင်ဆိုင်မှုက တရားဝင်ပိုင်ဆိုင်မှုလား။
မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ်သဘောအရ အရပ်စာချုပ်ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။
*** တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင်
အရောင်းအဝယ် ပျက်တာများပါတယ်။ ***
မဟုတ်တာ လုပ်ရောင်းတာဆိုတော့
နားလည်တဲ့သူကြ လိမ်ရောင်းလို့မရလို့ပါ။
နားမလည်တဲ့သူတွေကတော့
မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။

တစ်ချို့အကွက်ရိုက်ရောင်းတဲ့သူတွေဆို
တောင်သူတွေဆီက ဝယ်တုန်းက
စာချုပ်ထဲမှာက ဈေးတစ်မျိုး။
အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့စာချုပ်ထဲ
မိတ္တူဆွဲထည့်ပေးဖို့ လုပ်ထားတဲ့
စာချုပ်အတုက ဈေးတစ်မျိုး။
အဲ့ဒီလိုဂျင်းထည့်တာတွေလည်း ရှိပါသေးတယ်။
ဒီမြေယာဟာ ဘယ်လောက်ပဲတန်တယ်ဆိုတာ
ဝယ်သူအများစုက မသိကြပါဘူး။
အဲ့ဒီတော့ လိမ်ရောင်းလို့ ရပါတယ်။

ပြီးတော့တရားမဝင် အကွက်ရိုက်ပြီး
ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ
ဘယ်လိုပဲ တာဝန်ယူပေးတယ်ပြောပြော
တစ်ကယ်ပြဿနာ ဖြစ်လာရင်
စာချုပ်မှာ အမည်ခံပြီးရောင်းတဲ့သူရယ်
သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့သူရယ်
ဝယ်သူရယ် အမည်ပေါက်ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။
မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ
အရောင်းအဝယ်လုပ်ရင်
ကျသင့်တဲ့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်တွေ
ထမ်းဆောင်ပြီး
သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ရပါတယ်။
အရပ်စာချုပ်နဲ့ ပြီးစလွယ် အရောင်းအဝယ်တာတွေဟာ တရားရုံးမှာ သက်သေခံ မဝင်တော့
မြေကိုအဖွဲ့ဖွဲ့ပြီး ဝယ်တာက
သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ်။
ပြဿနာဖြစ်လာရင် သူတို့ကိုဆွဲထည့်လို့
မရတော့ဘူးလေ။
သူတို့ကို ဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ်
ဝေ့လည်ကြောင်ပတ်လုပ်မယ်။
ဥပဒေကို လက်တလုံးခြားပြီး လွတ်အောင်လုပ်မယ်။ ဘယ်လောက်ကောင်းလဲ။
စာချုပ်ထဲမှာ
အမည်ပါတဲ့သူတွေ
လက်မှတ်ထိုးတဲ့သူတွေ
လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့။
အဲ့ဒီလို လုပ်ကြတာပါ။

အမြတ်ကြတော့လည်း တွက်ကြည်ဦး။
တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ
ရောင်းပေးတဲ့သူ တစ်သိန်း
လူရှာပေးတဲ့သူ တစ်သိန်း
လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာသာရကာက ၅ သောင်း
မြေကွက်အတွက် အရင်းက ခုနှစ်သိန်း
စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင်
မြေကွက်တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။
ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။
သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ။
ငါးယောက်လောက်စုပြီး
တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။
အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်
မြတ်သွားပါတယ်။
ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ ဥပမာထားပြီး
တွက်ပြသေးတာပါ။
တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို
ဘယ်လောက်မြတ်မလဲ
စဉ်းစားကြည့်လို့ရပါတယ်။
အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင်
အိမ်ဝိုင်းကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထဲရောင်းကြတာပါ။

တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့
မီးရတော့မှာလိုလို ဓာတ်တိုင်တွေဟန်ပြစိုက်
ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်းရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက
ဂျင်းထည့်ထားမှန်းသိရတာတွေလည်း ရှိပါတယ်။

တရားမဝင် အကွက်ရိုက်ရောင်းသူတွေက
သူတို့ အဲ့ဒီလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့
သူတို့ဆီကရောင်းတဲ့မြေကွက်တွေကိုဝယ်ရင်
မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရင်
မချုပ်စေချင်ပါဘူး။
ချုပ်ရင်လည်း သိန်းနှစ်ဆယ် အစိတ်နဲ့
ဘယ်လိုမှ မလောက်ပါဘူး။
မြေစာရင်းရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင်
ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ်ခံရမယ်
အခွန်တွေ ဆောင်ရမယ်။
ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ...
စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့
ဝယ်သူကပဲ အပိုအလုပ်တွေလုပ်သလို
ဂျင်းထည့်တာပါ။
တစ်ချို့ဝယ်သူတွေကြတော့လည်း
ဘာမှနားမလည်ကြပါဘူး။
သူတို့လုပ်ပေးတာတွေကို
အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှန်တစ်ကယ်ဥပဒေအရ တစ်သိန်းနှင့်အထက်
တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ
ဝယ်ရင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ
စာချုပ်ချုပ်ပြီး မှတ်ပုံတင်မှ တရားဝင်တာပါ။
အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကို မှတ်ပုံတင်ထားတာဆိုတော့
ရှင်းလို့လွယ်တာပါ။
တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက
သူတို့ရောင်းတဲ့ မြေကွက်တွေကို
တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဝယ်ရင်
သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ
ပေါ်မှာကြောက်လို့ အဲ့လိုအလုပ်မခံကြပါဘူး။
မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့
စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။
ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက
ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင်
ခေါင်းခံဖြေရှင်းရမှာကိုလည်း
သူတို့ကိုယ်တိုင် မသိကြပါဘူး။
တရားမဝင်အိမ်ခြံမြေကဏ္ဍမှာ
နားမလည်တဲ့သူတွေကို
အဲ့ဒီလိုအသုံးချ ဖားရိုက်နေကြလို့
မသိသေးတဲ့သူတွေ မခံရအောင်လို့
တင်ပေးလိုက်တာပါ။

မဟုတ်ဘူးဆိုပြီးတော့ ဖင်ပိတ်ပြီး လာမငြင်းကြပါနဲ့...

ကိုယ်တိုင်ခံရမှ
အစိုးရမတရားဘူး တို့...
တရားမျှတမှုမရှိဘူး တို့...
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတာတို့...
မျိုးစုံအော်ကြ ဆန္ဒပြကြ...
အဲ့တာတွေမြင်ရင်
သနားရုံအပြင် ဘာမှ မလုပ်ပေးနိုင်ဘူး...
စာများများဖတ်ကြ...

Everyone should know about law.

Crd > # မူရင်းရေးသူ
#ဥပဒေရေးရာ

Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Website

Address

Naypyidaw