Sharing by May

Sharing by May

Share

🤍

01/07/2025

ဘယ်လောက်ပဲ စိတ်ဓာတ်မာအောင် နေထိုင်တဲ့သူဖြစ်ပါစေ… mentally breakdown ဖြစ်တဲ့အချိန်ဆိုတာ ရှိတတ်ပါတယ်။

⛔️ ဒီလိုအချိန်မျိုးမှာ စိတ်ခွန်အားဖြစ်စေဖို့ မကူညီပေးနိုင်ရင်တောင် စိတ်ဓာတ်ပိုကျစေမယ့် စကားတွေ အပြုအမူတွေ မပြောမိ မလုပ်မိစေဖို့ အရေးကြီးပါတယ်…

30/05/2025

ကိုယ့်အပေါ်စေတနာထားတဲ့ လိုအပ်တိုင်း အသင့်ရှိနေတတ်တဲ့ လူကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာမျိုးဟာ သိပ်ကို ဝမ်းနည်းစရာကောင်းပါတယ်။

ဒါကြောင့် အချိန်မလွန်ခင် ဆင်ခြင်နိုင်ကြပါစေ…

လူကောင်းတွေက နှစ်ခါပြန်မလာဘူး
ဘာလို့ဆို နောင်တမရှိလို့ သူရဲ့ကောင်းမွန်တဲ့
စိတ်သဘောထားဟာ ဘယ်နေရာမှာ
ဘယ်သူနဲ့ရှိရှိ လှနေမယ်ဆိုတာ သိနေလို့ပဲ။
🧡🧡
ကိုယ်ဟာ လူကောင်းတစ်ဦးလား...
ဒါဆို ကိုယ့်ရဲ့စိတ်သဘောထားနဲ့
မတန်တဲ့သူကို နှစ်ခါပြန် အခွင့်ရေးမပေးနဲ
အဲဒီလူဆီ ထပ်မသွားနဲ့။🧡🧡

ဒါမှမဟုတ် ကိုယ်ဟာ မကောင်းတဲ့သူလား
ဒါဆို လူကောင်း တစ်ဦးကို မဆုံးရှုံးခင်
အပြုအမူတွေပြင်ပါ။ 🧡🧡

ဆုံးရှုံးနေပြီဆိုရင်လည်း သူများဘဝကို
သွားမရှုပ်နဲ့တော့ ကိုယ့်အပြစ်ကိုသာ
ပြန်သုံးသပ်ပြီး ပိုကောင်းတဲ့သူဖြစ်လာဖို့
ကြိုးစားပါ။🧡🧡
ဘဝမှာ လူကောင်းတွေ အများကြီး
မရှိတတ်တာကို သတိရပါ လူကောင်းတွေဟာ
လေ.... တစ်ခါလွဲရင် တစ်သက်လုံးပဲ။
🧡🧡
ကျေးဇူးတင်ပါသည်

19/02/2025

စိတ်ကောင်းရှိတဲ့သူတွေကို..
စိတ်ထိခိုက်အောင်လုပ်လိုက်တဲ့အခါ...
သူတို့အသံထွက်ပြီး အော်ကြမှာမဟုတ်ဘူး။

သူတို့ရဲ့နာကျင်မှုကို..
စိတ်ထဲမှာပဲ သိမ်းထားကြလိမ့်မယ်။

သူတို့က တိတ်တိတ်လေးနဲ့ ....
တဖြည်းဖြည်း ဝေးကွာသွားပြီ..
ပြန်လာတော့မှာမဟုတ်ဘူး။

သူတို့က ကောင်းတာတွေပဲ..ဆက်လုပ်နေမှာပါ။
သင့်ကိုတော့ ဘယ်တော့မှ ပြန်မယုံကြည်တော့ဘူး။
အဲဒီမှာ သင် သူတို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာပါပဲ။ ။


#𝓡𝓔𝓛𝓐𝓧

01/02/2025

ချစ်တယ်ဆိုတာ လုပ်ရပ်တွေနဲ့ ဆိုင်တယ်။

ပန်းပင်လေးကို ချစ်တယ်ပြောပြီး ရေမလောင်းသလိုမျိုးပေါ့
ချစ်တယ်ပြောပြီး အလေးနက်မှ မထားရင်၊
ချစ်တယ်ပြောပြီး ဂရုစိုက်ကြင်နာမှုမရှိရင်
ဒီပန်းပင်လေးက ကြာကြာဘယ်ရှင်သန်နိုင်ပါ့မလဲ၊

အရာရာဟာ မေတ္တာဓါတ်တွေလိုအပ်တယ်။
ယုယကြင်နာမှုတွေလိုတယ်။ လေးနက်မှုတွေလိုတယ်။
ဖေးမမှုတွေလိုတယ်။

ချစ်တယ်ပြောပြီး ချစ်ခြင်းရဲ့ အမူအရာတွေမပြရင်တော့
ဒီပန်းပင်လေးက 6သသွားအုံးမှာပဲ

Crd:

15/01/2025

ဒီလို မိန်းကလေးမျိုး ရှိတယ်

ကိုယ်လုပ်စရာရှိတာ လုပ်ရင်း ဘဝကို
အေးအေး ဆေးဆေး နေတတ်တယ်။

မိမိကိုယ်ကို အားကိုးတတ်သူ Independent lady ပေါ့။

အရမ်းတော်ပြီး ထက်မြက်တာ မဟုတ် ပေမယ့်
သူ့ဘဝကို ထိန်းထိန်းသိမ်းသိမ်း နေတတ်တယ်။

မျက်ရည်လွယ်ပေမယ့် ဘယ်အရာကိုမှမဆို
လွယ်လွယ် အရှုံးမပေးတတ်သူပါ၊ သန်မာတဲ့စိတ်နဲ့ လဲကျတိုင်း ပြန်ထတယ်။

ရုပ်ရည်ဆိုလည်း အရမ်းကြီး မချောပေမယ့်
သူ့ဟာနဲ့သူ ကြည့်လိုကောင်းပြီး ဆွဲဆောင်မှုရှိတယ်။

ယောကျာ်းတစ်ယောက်ကို လိုချင်တာတွေ
ပူဆာဖို့အတွက်နဲ့ မချစ်တတ်ပါ၊ ဘယ်သူ့ဆီကမှ အလားကား မလိုချင်တတ်သူပါ။

ရှိသင့်ရှိထိုက်တဲ့ မာနရှိတယ်လို့ ပြောရမယ်
သူမလိုချင်တာ ဒီအတိုင်း ချစ်ခြင်းမေတ္တာ တစ်ခုတည်းပေါ့။

သူတစ်ပါးဘဝကို အထူးတလည် အားကျတာ
လျှော့လာပြီး ကိုယ့်ဘဝအတွက်ပိုပို focus ထားတတ်တယ်။

စိတ်သဘောထား ဖြူစင်ပြီး သဘောကောင်းသူမို့ လူတိုင်းအပေါ် တတ်နိုင်သလောက် မေတ္တာထားတယ်။

လူတိုင်းအပေါ် မယုတ်မာ မကောက်ကျစ်
စိတ်ကောင်းရှိသူမို့ မကြာခဏ ခလိုသုံးခံရလို့...

ဘဝမှာ ကံဆိုးမှုတွေ ကြုံရတာများတယ်။
ဒါပေမယ့် ကံကောင်းခြင်းဆိုတာ စိတ်ထားလှတဲ့ သူ‌အတွက်ပါ။

သူမဘဝဟာ အေးချမ်းတယ်၊
လိုအဆန္ဒ နည်းတယ်။

ဒါကြောင့် သူမအချစ်ကို ရတဲ့အမျိုးသားရော
အင်မတန် ကံကောင်းမှာပါ...။

06/01/2025

ဘယ်ဆက်ဆံရေးပဲ ဖြစ်ဖြစ်
တခြားတစ်ယောက်နဲ့ယှဥ်ပြီး ရွေးချယ်ခံရတဲ့အခါ
တခြားတစ်ယောက်ကိုပဲ ရွေးချယ်လိုက်ပါ ။

ငါဆိုတာ သူတို့အတွက် တကယ်အရေးပါရင်
တခြားတစ်ယောက်နဲ့ယှဥ်ပြီးရွေးချယ်ခံရသည့်အထိ
တန်ဖိုးနိမ့်သွားမှာ မဟုတ်ဘူး ။

လူတိုင်းက သူတို့တန်ဖိုးနဲ့ညီမျှတဲ့လူကိုပဲ
ပိုင်ဆိုင်ခွင့်ရပြီး အတူရှိခွင့်ရကြတာပါ ။

တန်ဖိုးဘယ်လောက်ရှိရှိ
တန်ဖိုးသိသူအတွက်ပဲ တန်ဖိုးရှိတာပါ ။

ယောက်ျားဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ်
ကိုယ်ကျင့်သိက္ခာပြည့်စုံတဲ့လူတစ်ယောက်က
သူ့တန်ဖိုးကိုသိတဲ့သူနဲ့တော့
သေချာပေါက်လွဲမှာမဟုတ်ဘူး ။

အဖိုးတန်တဲ့အရာတွေက
လူတိုင်းနဲ့ မထိုက်တန်ပါဘူး ။

05/01/2025

Hey guys 🤭

-
-
-
-
-
-
-
-
-
-
-

Photo: Crd

04/01/2025

ညီမလေးတွေ ၊ သမီးလေးတွေကို ပြောပြချင်ပါတယ်... Relationship တစ်ခုမှာ
တတိယလူကြောင့် လမ်းခွဲလိုက်တယ်ဆိုရင်လည်း
အာ့ တတိယလူကို စနိုက်ကြော်မ ဘာညာပြော
နေစရာမလိုဘူး...
ကိုယ့်ထက်ချစ်လို့ တတိယလူကြောင့်လမ်းခွဲသွားခဲ့ရင် တတိယလူ ကောင်မလေးဟာ စနိုက်ကြော်လုံးဝမဟုတ်ပဲ
ကိုယ့်ချစ်သူ ချစ်တဲ့သူဖြစ်သွားပါပြီ...
ကိုယ့်ထက်အဆင့်မြင့်သွားပြီ...
ကိုယ်က ဘေးလူဖြစ်သွားတာပါ...

ယောကျ်ားလေးတစ်ကယ်ကြိုက်ရင် no reason၊
ကော်ပြားနဲ့ကော်ချတာတောင်မသွားဘူး...
အာ့မိန်းမဘာဖြစ်ဖြစ်ချစ်တယ်...
ဘာကြီးဖြစ်နေဖြစ်နေ သူတို့လက်ကမ်းပေးရဲတယ်... သူရဲကောင်းလိုစောင့်ရှောက်ပေးချင်တယ်...
ကောင်းကင်တမွတ်ကြယ်ကို စွတ်ပေးချင်တဲ့သူတွေပါ... ဆွဲထားတဲ့လက်ကို ဘယ်တော့မှ မလွှတ်ဘူး...
ကိုယ့်အပေါ်ဘယ်လောက်မကောင်းပါစေ ၊
ချောက်ထဲကျခါနီးဆိုရင်တောင် လိုက်ကယ်တယ်...
အာ့တာယောကျ်ားလေးတွေရဲ့ ချစ်ခြင်းမေတ္တာပဲ
ညီမလေးတို့...

သူတို့မကြိုက်တော့ဘူး၊ မလိုချင်တော့ဘူးဆိုရင်လည်း ဘယ်လိုမှ ဆွဲထားလို့မရတော့ဘူး...
ကိုယ့်စီမှာစိတ်မရှိတဲ့သူကို ပြန်လာအောင်
ဘယ်အရာနဲ့မှ လုပ်လို့မရတော့ဘူး...
ယောကျ်ားလေးတစ်ယောက်က မိန်းမတစ်ယောက်ကို အပေါ်ယံသဘောကျဖို့က သိပ်လွယ်တယ်၊
စိတ်ဝင်စားဖို့လည်း မြန်တယ်...
ဒါပေမယ့် ရင်ထဲက တစ်ကယ်ချစ်ဖို့က
အင်မတန်ခက်ပါတယ်...

စာရေးသူကြည့်ဖူးတဲ့ မူလန်
တရုတ်ဇာတ်ကားဟောင်းလေးမှာ
မင်းသမီး' ဗစ်ကီဂျောင်းဝေ" ကို စစ်သူကြီး
ပြောသွားတဲ့အခန်းလေးက တကယ့်အနှစ်...
"သူ့ကိုမေ့လိုက်ပါ၊ သူတခြားတိုင်းပြည်က
မင်းသမီးတစ်ပါးနဲ့
လက်ထပ်တော့မယ်"တဲ့...
ဇာတ်သိမ်းမှာ မင်းသမီးက အတွေးများစွာနဲ့ကျန်ခဲ့သည်ပေါ့...
အမှန်မှာတော့ ၁၂ နှစ်လုံးလုံးအတူတကွရှိခဲ့၊
တိုက်ပွဲတွေတူတူတိုက်ခဲ့ပေမယ့် မင်းသားဟာ
မင်းသမီးကို တကယ်မချစ်ခဲ့ဖူး...
ရဲဖော်ရဲဖက်စိတ်ဓာတ်ပဲရှိခဲ့တာ...
" သဘောကျရင်ကျခဲ့မယ်၊ စိတ်ဝင်စားရင် ဝင်စားခဲ့မယ်.."
ဒါပေမယ့် သူ့ရဲ့ လက်တစ်စုံကိုကမ်းပေးပြီး
သူအိုမင်းတဲ့အထိ ပေါင်းဖက်သွားချင်တဲ့
မိန်းမတစ်ယောက်မဟုတ်ခဲ့ဘူး...

ယောကျ်ားလေး တစ်ကယ်သဘောကျရင်
တကယ့်ကို no reason ပါ... တချို့တွေပြောကြတယ်... "ကိုယ်နဲ့ တွဲလာတာ ၈ နှစ်ရှိပြီ၊ ၁၀ နှစ်ရှိပြီ၊
မယူပဲနဲ့ မနေ့တနေ့ကမှ ဘယ်ကပေါ်လာမယ်မှန်းမသိတဲ့
မိန်းမကို ဝုန်းကနဲပွဲတက်မယားအဖြစ်ကောက်ယူလိုက်တယ်၊ ဟိုမိန်းမအမိဖမ်းလိုက်တာ တော်လိုက်တာ" ဆိုပြီး ထင်ယောင်ထင်မှားပြောတတ်ကြပေမယ့်
မဟုတ်ဘူးနော် ညီမလေးတို့...
ကိုယ့်ကိုထားခဲ့ပြီး ဟိုကိုတကယ်ယူသွားပြီဆိုကတည်းက
ဟိုမိန်းကလေးကို ကိုယ့်ထက်တန်ဖိုးထားလို့ပါ...
မယုံမရှိပါနဲ့...

နောက်ပြီး Relationship တစ်ခုဟာ
ယောကျ်ားလေးဘက်က ချစ်မှမြဲပါတယ်...
မိန်းကလေးဘယ်လောက်ပဲချစ်ချစ်
ယောကျ်ားလေးဘက်က မချစ်ရင်မမြဲဘူး...
RS တစ်ခုလုံးဝကို အဆုံးသတ်သွားပြီ၊
လုံးဝကို ပြတ်တောက်ပြီး The End ဖြစ်သွားတဲ့
အချိန်ဟာ တစ်ဖက်ယောကျ်ားလေးဘက်က
လုံးဝလှည့်မကြည့်တော့ပဲ အဆုံးသတ်
ထွက်သွားတဲ့အချိန်ပါ...
ယောကျ်ားလေးဘက်က တဝဲဝဲလည်နေသေးရင်
တော်ရုံပြတ်ဖို့ခက်ခဲပါတယ်... မိန်းမဆိုတာမျိုးဟာ
သနားစိတ်နဲ့လာကြွေပြနေရင် ပြန်လက်ခံတတ်တယ်...

လူတစ်ချို့အတွက် တစုံတစ်ယောက်ဟာ toy၊
ကျောက်စရစ်ခဲ ဖြစ်ကောင်းဖြစ်နိုင်မယ်...
ဒါပေမယ့် တစ်ချို့အတွက်တော့ တစ်စုံတစ်ယောက်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်တန်ပတ္တမြားလေးဖြစ်နေလိမ့်မယ်... လောကကြီးမှာ သူ့ထက်သူ ချစ်ဖို့ကောင်းတာလေးတွေ
ရှိတယ်ဆိုတာ ယုံလိုက်ပါ...
တစ်တောင်ထက်တစ်တောင်မြင့်တယ်ဆိုတာ
မမေ့ပါနဲ့ သမီးလေးတို့ ညီမလေးတို့ရေ...

19/12/2024

မနက်ဖြန်မှာ ကိုယ်မရှိတော့တာလည်းဖြစ်နိုင်တာမို့
ဒီနေ့မှာ ဘာဖြစ်ဖြစ်ပျော်အောင်နေပါ
အထူးသဖြင့် အနားမှာရှိတဲ့အရာတွေက်ို
တန်ဖိုးထားပါ "

#လွမ်းနောင်အိမ်

Photos from MMS Books's post 16/12/2024
Want your business to be the top-listed Beauty Salon in Naypyidaw?
Click here to claim your Sponsored Listing.

Website

Address

Naypyidaw