San Yeik Nyein Group

San Yeik Nyein Group

Share

San Yeik Nyein I (Main Road, Pathein University)
San Yein Nyein II ( Shwe Wutt Hmone)

07/11/2025

Collagen အားဖြည့်ဆေးများ၏ အားသာချက်နှင့် အားနည်းချက်များ
နောက်ပိုင်းအချိန်များတွင် Collagen အားဖြည့်ဆေးများ ဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်အပေါ် အခြေခံပြီး လူအများကြားမှာ နာမည်ကြီးလာပါတယ်။
ဒါပေမဲ့ အားဖြည့်ဆေးတစ်ခုတိုင်းလိုပဲ Collagen တွင်ပါ အကျိုးရှိချက်နဲ့ ချို့တဲ့ချက် နှစ်မျိုးလုံးရှိပါတယ်။
အောက်မှာ Collagen အားဖြည့်ဆေးများ၏ အကျိုးရှိချက်များ (Pros) နဲ့ ချွတ်ယွင်းချက်များ (Cons) ကို ဖတ်ရှုနိုင်ပါတယ်။

🌟 Collagen အားဖြည့်ဆေးများ၏ အကျိုးရှိချက်များ (Pros)
1. အသားအရေကျန်းမာရေး တိုးတက်မှု
Collagen ဟာ အသားအရေတည်ဆောက်ပေးတဲ့ အဓိကအကြောင်းအရာတစ်ခုဖြစ်တာကြောင့် အသားအရေ elasticity (တင်းရင်းမှု) နှင့် hydration (စိုထိုင်းမှု) ကို တိုးတက်စေနိုင်ပါတယ်။

2. Muscle နာကျင်မှု လျော့နည်းစေခြင်း
Collagen ဟာ Muscle ကြားက cartilage (အဆစ်အကြောကို cushion လုပ်ပေးတဲ့ ‌နေရာမှာအဓိ‌က) ပါဝင်ပါတယ်။
အချို့သောသုတေသနများအရ Collagen အားဖြည့်ခြင်းက Muscle နာကျင်မှုကို လျော့နည်းစေနိုင်ပြီး osteoarthritis လက္ခဏာများကို သက်သာစေနိုင်ပါတယ်။

3. အရိုးကျန်းမာရေးအတွက် အထောက်အကူဖြစ်ခြင်း
အသက်ကြီးလာတာနဲ့အမျှ Collagen ထုတ်လုပ်မှု လျော့သွားတာကြောင့် အရိုး Density လျော့နည်းလာနိုင်ပါတယ်။
Collagen supplement တွေက အရိုးခိုင်မာမှုနဲ့ သံဓာတ်ပမာဏ (Bone Mineral Density) တိုးလာအောင် ကူညီပေးနိုင်ပါတယ်။

4. ကြွက်သားထူထပ်မှု (Muscle Thickness) ထိန်းသိမ်းခြင်း
Collagen မှာ ကြွက်သားတည်ဆောက်ဖို့ လိုအပ်တဲ့ amino acid များပါဝင်ပါတယ်။
Resistance training နဲ့ပေါင်းစပ်သုံးတဲ့အခါ ကြွက်သားထူထပ်မှုတိုးလာနိုင်တယ်ဆိုတဲ့ သုတေသနတွေရှိပါတယ်။

5. နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်ခြင်း
Collagen ဟာ သွေးကြောများကို တည်ဆောက်ဖို့ လိုအပ်တဲ့အရာတစ်ခုဖြစ်ပြီး သွေးကြောအတိတ်သက်ရောက်မှုတွေကို လျော့နည်းစေနိုင်တယ်ဆိုတဲ့ သက်သေတချို့ရှိပါတယ်။

⚠️ Collagen အားဖြည့်ဆေးများ၏ ချွတ်ယွင်းချက်များ (Cons)
1. ထုတ်ကုန်အရည်အသွေး စည်းမျဉ်းသတ်မှတ်မှုနည်းခြင်း
Collagen အားဖြည့်ဆေးတွေကို ဆေးဝါးလို မတိကျစွာ စစ်ဆေးခြင်းမရှိတာကြောင့် တစ်ခုနဲ့တစ်ခု အရည်အသွေးမညီနိုင်ပါ။
အချို့သော brand များမှာ Collagen အရည်အသွေးနည်းသွားနိုင်ပါတယ်။

2. အာဟာရမတည့်မှု (Allergic Reactions) ဖြစ်နိုင်ခြင်း
Collagen ဟာ အများအားဖြင့် ငါး၊ နွား၊ ကြက် စတဲ့ တိရစ္ဆာန်များမှ ရရှိတာဖြစ်လို့ အဲ့ဒီအရာများအပေါ် အာဟာရမတည့်သူများအတွက် သတိထားဖို့လိုပါတယ်။
မသုံးဆွဲမှီ ဆရာဝန်နဲ့ တိုင်ပင်ခြင်းက အကြံဉာဏ်ကောင်းဖြစ်ပါတယ်။

3. အစာချေမှုခြင်း နဲ့ ပတ်သက်တဲ့ သက်တောင့်သက်သာမရှိမှုများ
Collagen supplement သုံးစဉ် bloating (ဝမ်းဗိုက်ဖောင်းခံစားရခြင်း) သို့မဟုတ် diarrhea (ဝမ်းလျှောခြင်း) ဖြစ်တတ်ပါတယ်။
စတင်သုံးချိန်မှာ ပမာဏသေးသေးနဲ့ စတင်သုံးပါ။

4. စျေးနှုန်းမြင့်ခြင်း
Collagen supplement များထဲမှာ အရည်အသွေးမြင့်ထုတ်ကုန်တွေဟာ စျေးနှုန်းမြင့်တတ်ပြီး၊ ရေရှည်သုံးစွဲရင် စီးပွားရေးအလေးအနက်ဖြစ်လာနိုင်ပါတယ်။

5. သုတေသနများ မလုံလောက်ခြင်း
Collagen သုံးခြင်းအပေါ် သက်တမ်းတိုသုတေသနများရှိသော်လည်း၊ ရေရှည်အသုံးသက်ရောက်မှုနဲ့ အကျိုးသက်ရောက်မှုအပေါ် research များ ကလည်းမလုံလောက်သေးပါဘူး။

🩷 နိဂုံးချုပ်အနေနဲ့ မသောက်ခင် သေချာတိုင်ပင်ပြီးသောက်မယ်ဆိုရင် ပိုပြီး အကျိုးသက်ရောက်မှု့ရှိစေမှာပါရှင့်❤️
သုံးစွဲမတိုင်မီ သင့်အနေနဲ့ ကျန်းမာရေးပညာရှင် တစ်ဦးနဲ့ တိုင်ပင်ပြီးမှ သုံးစွဲခြင်းက ပိုမိုလုံခြုံပြီး အကျိုးရှိစေမယ်

01/11/2025

ဒီနေ့ကတော့ မင်မင်က (Normal Skin Type) နဲ့ (Dry Skin Type) အကြောင်း မျှ‌ဝေပေးသွားမှာ ဖြစ်ပါတယ်
🧴 Normal skin ရဲ့ ထိန်းသိမ်းနည်းလမ်းများ
မျက်နှာသန့်စင်ခြင်း (Cleansing) – သဘာဝညီညာမှုမပျက်စေတဲ့ သက်သာသော cleanser အသုံးပြုပါ။

စိုထိုင်းမှုထိန်းသိမ်းခြင်း (Hydration) – အသားအရေညီညာသော်လည်း အမြဲ moisturizer လိမ်းခြင်းက အသားအရေစိုထိုင်းမှုကို ထိန်းထားပေးပါတယ်။

နေရောင်ခြည်ကာကွယ်ခြင်း (Sun Protection) – နေရောင်ခြည်အန္တရာယ်မှကာကွယ်ဖို့ နေ့တိုင်း sunscreen လိမ်းပါ။

(Exfoliation) – cell သေတွေကို ဖယ်ရှားဖို့ အပတ် ၁ နှစ် ၂ ကြိမ်ခန့် exfoliate လုပ်ပါ။

🧴 Dry Skin ရဲ့ ထိန်းသိမ်းနည်းလမ်းများကတော့
မျက်နှာသန့်စင်ခြင်း (Gentle Cleansing) – အသားအရေကို မခြောက်သွေ့စေဘဲ ရေဓာတ်ထိန်းပေးနိုင်တဲ့ cleanser သုံးပါ။

အဆီဓာတ်ပြည့်သော moisturizer အသုံးပြုပါ – သန့်စင်ပြီးနောက် moisturizer လိမ်းပါ။

Hydrating Ingredients ပါဝင်မှုများ ရှာပါ – Hyaluronic acid၊ Glycerin၊ Ceramide ပါဝင်တဲ့ထုတ်ကုန်များ သုံးပါ။

ပူနွေးတဲ့ရေ မသုံးပါနဲ့ – Lukewarm ရေသုံးပါ။ ပူလွန်းရင် အသားပိုခြောက်စေနိုင်ပါတယ်။

ဖြစ်နိုင်ရင်အိမ်တွင် Humidifier သုံးပါ – အလွန်ခြောက်သွေ့သောရာသီများတွင် လေထဲသို့ စိုထိုင်းမှုဖြည့်ပေးနိုင်ပါတယ်။

ဒီလိုမျိုးအသားအရေအမျိုးအစားကို နားလည်ထားခြင်းကသင့်တော်တဲ့ Skincare Routine ကို ရွေးချယ်ဖို့ အထောက်အကူဖြစ်ပြီး အသားအရေ ကျန်းမာ၊ တောက်ပနေတာကို ထိန်းထားနိုင်ပါတယ်။ 🌸 အားလုံးကျန်းမာ ရွှင်လန်းကြပါစေ

31/10/2025

ဒီနေ့မှာတော့ မင်မင်က နဲ့ Sensitive skin နဲ့ ပတ်သတ်တဲ့ အရာတွေ နဲ့ ဆောင်ရန် ရှောင်ရန် တွေကို မျှ‌ဝေပေးသွားမှာ ဖြစ်ပါတယ် Sensitive Skin ဆိုတာက လူအများစုမှာတွေ့ရတဲ့ သဘာဝအခြေအနေတစ်ခုပါ။ ဒီအခြေအနေရှိသူတွေမှာ အသားနီခြင်း၊ အခြောက်ခံခြင်း၊ ယားယံခြင်း၊ သို့မဟုတ် အချို့သော အသားအရေဆေးဝါးများနဲ့ ပတ်ဝန်းကျင်အကြောင်းအရာများအပေါ် အလွယ်တကူ တုံ့ပြန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အကြောင်းအရင်းတွေကို သိရှိပြီး သင့်တော်တဲ့ အသားအရေထိန်းသိမ်းမှုအနုပညာ (Skincare Routine) ကို ရှာဖွေခြင်းက အသားအရေ ကျန်းမာပြီး သက်တောင့်သက်သာဖြစ်နေဖို့ အရေးကြီးပါတယ်။ Genetic Predisposition, Environmental Factors, Skincare Products နဲ့ Health Conditions စတဲ့ အခြေအနေများနဲ့ ပတ်သက်နေတတ်ပါတယ်။
Sensitive Skin အတွက် အသားအရေ ထိန်းသိမ်းနည်းများ
💧 သန့်စင်ခြင်း (Cleansing)

အနံ့မရှိသော Face Wash အသုံးပြုပါ – Sensitive Skin အတွက် ထုတ်လုပ်ထားတဲ့ Hypoallergenic၊ Fragrance-free cleanser အသုံးပြုပါ။

ပူနွေးတဲ့ရေ မသုံးပါနဲ့ – နွေးနွေးထွေးထွေးရေသုံးပါ။ ပူနွေးလွန်းရင် အသားအရေထဲက သဘာဝအဆီတွေ ပျောက်နိုင်ပါတယ်။

🧴 နူးညံ့သော အသားအရေ အတွက် ရေဓာတ်‌ဖြည့်ခြင်း (Moisturizing)
Moisturizer အမြဲလိမ်းပါ – အနံ့မဲ့၊ ပေါ့ပါးတဲ့ moisturizer ကို သုံးပါ။

Aloe vera၊ Chamomile၊ Oatmeal စတဲ့ natural ingredients တွေက အသားအရေကို သက်သာစေနိုင်ပါတယ်။

☀️ နေရောင်ခြည်ကာကွယ်ခြင်း (Sun Protection)
နေ့တိုင်း နေရောင်ကာ လိမ်းပါ – SPF 30 အထက် Broad-spectrum Sunscreen အသုံးပြုပါ။ Sensitive Skin အတွက် ဖြစ်ရမည်။

Mineral Sunscreen – Zinc oxide သို့မဟုတ် Titanium dioxide ပါဝင်တဲ့ type အသုံးပြုပါ။

⚠️ မတည့်နိုင်သောအရာများ ရှောင်ရှားပါ
အသစ်စမ်းမည်ဆိုပါက Patch Test လုပ်ပါ – အသုံးမတင်ခင် လက်တွဲတစ်နေရာမှာ စမ်းကြည့်ပါ။

သက်သာတဲ့ exfoliant အသုံးပြုပါ။

🌿 နေ့စဉ်အကြံပြုချက်များ

စိတ်ဖိစီးမှု လျော့ပါ – စိတ်ဖိစီးမှုက အသားအရေတုံ့ပြန်မှုကို မြှင့်တင်နိုင်ပါတယ်။

ရေများများသောက်ပါ – အသားအရေကို Hydrate ဖြစ်အောင် ထိန်းထားနိုင်ပါတယ်။

အာဟာရမှန်ပါ Diet သုံးပါ – Antioxidant နဲ့ Omega-3 ပါဝင်တဲ့ အစားအစာတွေက အသားအရေကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ 😍

31/03/2023
28/03/2023
02/03/2022

" #အိုမီခရွန်"
သတိ ထားကြပါ...
ဂရုစိုက်ကြပါနော် ချစ် ကာကာတွေအကုန်
လက်ဆေးပါ maskတပ်ကြပါနော်

အိုမီခရွန်...ကူးစက်ခံရတဲ့
လက်ခဏာတွေကတော့...
အပိုင်းသုံးပိုင်း ရှိပါတယ်။

နံပါတ် ၁/ အပျော့စား
နံပါတ်၂/ အလယ်အလတ်စား
နံပါတ် ၃/ အပြင်းစားဆိုပြီး
လက္ခ ဏာ ၃ မျိုး ဖြစ်ကြပါတယ်။

နံပါတ် ၁/ အပျေားစား လက်ခဏာက
ဖျားမယ်၊ ချောင်းဆိုးမယ်၊ ကိုယ်လက်
မအီမသာဖြစ်မယ်။

နံပါတ် ၂/ အလယ်အလတ် လက်ခဏာက
မျက်စေ့နာမယ်၊ လည်ခေါင်းနာမယ်၊ ခေါင်း
ကိုက်မယ်။

နံပါတ် ၃/ အပြင်းစား လက်ခဏာက
အသက်ရှူရခက်မယ်၊ မောမယ်၊ တကိုယ်လုံး
အသားတွေအကျောတွေအထိနာနေမယ်၊ စကား
မပြောနိုင်တဲ့အထိဖြစ်မယ်။

အပျော့စားနဲ့ အလည်အလတ်စား
ဖြစ်ရင်တော့အိမ်မှာပဲ ဆေးသောက်ပြီး
ကုသလို့ရပါတယ်။

အပြင်းစားဖြစ်ပီဆိုရင်တော့
နီးစပ်ရာ ဆေးရုံသို့ အ မြန်ဆုံး တက်ရောက်
ကုသမှု ခံယူရပါမယ်။

ကာကွယ်မှုတွေကတော့...
အရင်ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါပဲ
အားလုံးသိပြီးမို့ အထူးရှင်းပြစရာမလိုတော့ပါ။

#ကျန်းမာရေး ဗဟုသုတ

Photos from San Yeik Nyein Group's post 20/10/2021

သီတင်းကျွတ်အခါသမယမှာ လက်ဆောင်
နှစ်ခြင်းလုံးကို စင်ကာပူကနေ တကူးတကမှာယူအားပေးသော သူငယ်ချင်းကို
စံရိပ်ငြိမ်မိသားစုမှကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🥰🥰🥰

14/08/2021

✨အားလုံးပဲမင်္ဂလာပါရှင့်✨

👉မင်မင်တို့ စံရိပ်ငြိမ် ၁ စတိုးနဲ့ စံရိပ်ငြိမ် ၂ စတိုးတို့ကို ၁၅.၈.၂၀၂၁ တနင်္ဂနွေ နေ့မှ စတင်ပြီးပြန်လည် ဖွင့်လှစ် လိုက်ပါပြီနော် 👈

🚨ဆိုင်ဖွင့်ချိန်ကိုတော့ ညွှန်ကြားထားချက်အတိုင်း
မနက် ၈:၃၀ မှ နေ့လည် ၁၂:၀၀ အထိ ဖြစ်ပါတယ်ရှင့်🚨

☺️လာရောက်အားပေးချင်တဲ့ မင်မင့် customer များလည်း တနင်္ဂနွေနေ့ကစပြီး လာရောက်အားပေးနိုင်ပါတယ်နော်☺️

🥰ဝယ်ယူအားပေးမှု့များအတွက်ကျေးဇူးအများကြီးတင်ပါတယ် 🥰

✨ SYN GROUP ✨

28/07/2021

✨အားလုံးပဲမင်္ဂလာပါရှင့်✨

🙂မင်မင်တို့ရဲ့ customer အစဉ်အမြဲ အားပေးမှု့ကြောင့် ပုသိမ်မြို့ တွင် (50nM3/h)၊တရက်၄၀လီတာအလုံး၂၀၀ခန့်ထွက်ရှိမည် အောက်စီဂျင်စက်ရုံ၀ယ်ယူရန်အတွက်

#စံရိပ်ငြိမ်မိသားစု ပုသိမ်မြို့ မှ
၁၀၀၀၀၀၀ ကျပ် ( #ဆယ်သိန်း) ကျပ် တိတိကို လှူဒါန်းနိုင်ခဲ့ပါတယ်ရှင့်🙂

🥰မင်မင်တို့ SYN Groupကိုအစဉ်အမြဲအားပေးတဲ့ customer တွေကြောင့် အခုလို လိုအပ်နေချိန်မှာ လှူဒါန်းနိုင်ခဲ့တာဖြစ်ပါတယ်🥰

🙏အဲ့ဒါကြောင့်မင်မင်တို့နဲ့အတူတူသာဓုခေါ်နိုင်ဖို့အတွက် မင်မင်က အလှူဒါနလေးကိုတင်ပေးရခြင်းဖြစ်ပါတယ်ရှင့်🙏

👉အားပေးမှုအတွက်လည်း မင်မင်တို့ SYN Group မှ အစဉ်အမြဲ ကျေးဇူးတင်ပါတယ်ရှင့်✨

✨SYN GROUP ✨

Photos from San Yeik Nyein Group's post 18/06/2021

✨အားလုံးပဲ မောနင်းပါရှင့်✨

☺️မင်မင့်အသဲGlory Girls လေးတွေ Glow ဖို့ အဆင်သင့်ပဲလား😉

👉အဆင်သင့်ပဲဆိုရင် အခု မိတ်ဆက်ပေးမှာတော့ Hearty Heart က ထုတ်လိုက်တဲ့ Serum Mask လေးနဲ့ မိတ်ဆက်ပေးမယ်နော်👈

🍋Lemon Serum Mask 🍋 လေးက ဝက်ခြံအထွက်များတဲ့ သူတွေနဲ့ အဆီပြန်တဲ့ အသားရေ ပိုင်ရှင်လေးတွေ အတွက် ဖြစ်ပြီး Sensitive Skin လေးတွေလည်း အသုံးပြုလို့ရပါတယ်နော်

🍉Watermelon Serum Mask🍉 လေးကတော့ အသားအရည်ခြောက်သွေ့ပြီး အသားရေ အညီမညာဖြစ်နေတဲ့တာတွေ အတွက် ငယ်ရွယ်ပြီးကျန်းမာတဲ့ skin ကိုပြန်လည်ရရှိစေမှာပါနော်

🍓 Strawberry Serum Mask 🍓 လေးကတော့ အသားအရေကိုပြန်လည်ဖြူစင်စေပြီးတော့ အညစ်အကြေးတွေကို သေချာသန့်စင်ပေးမှာဖြစ်လို့ အသားအရေဟာ ကြည်လင် လာမှာနော်

☺️Mochi Serum Mask ☺️ လေးက အလုပ်ပင်ပန်းပြီး Stress ပိနေတဲ့ Business အသဲလေးတွေအတွက် အသားရေလျော့ရဲ ခြင်းတွေဖြစ်ပေါ်နေတာတွေကို Skin အသစ်တစ်ဖန် ပြန်လည်ဖြည့်တင်းပြီး အရွယ်တင် နုပြီစေမှာနော်

🤩 ကဲ ကိုယ့်အသဲလေးတွေလည်း အသားအရေနဲ့ လိုက်ဖက်တဲ့ Maskလေးတွေကို သေချာရွေးချယ်ပြီးသုံးနော်🤩

😉အော် Mask က တစ်ခါကပ်ပြီးတာနဲ့ ၁၀ရက် Serum သုံးတာနဲ့ ညီမျှလို့ ၁၀ရက် တစ်ခါသုံးရင် အဆင်ပြေတယ်နော် ☺️ ခဏ ခဏ သုံးစရာမလိုတဲ့အတွက် အကုန်အကျလည်းသက်သာစေမယ်နော် အသဲလေးတို့ရေ🤗

👉 အားပေးချင်ရင်တော့ San Yeik Nyein Store 1 မိန်းလမ်း မှာလာရောက်အားပေးနိုင်ပါတယ်နော်👈

✨အားပေးမှုအတွက်လည်း မင်မင်တို့က ကျေးဇူးအများကြီးတင်ပါတယ်နော်✨

Photos from San Yeik Nyein Group's post 16/06/2021

🤗အားလုံးပဲ မောနင်းပါ သဲလေးတို့ရေ🤗

✨အခုတစ်လော မင်မင် က Glow Shin တွေကိုပဲ ဓာတ်ကျနေလို့ Glowing ဖြစ်စေမဲ့ Skin care တွေကိုပဲ တင်ပေးဖြစ်နေတယ်နော်😉
✨ဒီနေ့မိတ်ဆက်ပေးမှာကတော့ Bella ကနေ အသစ်ထွက်ရှိထားတဲ့ Watermelon Glow set လေးပါနော်☺️
✨သူက မျက်နှာအသားအရေ မဲညစ်ညစ်ဖြစ်နေသူတွေအတွက် အရမ်းအဆင်ပြေပါတယ်နော် 😚
✨နောက်ပြီးတော့ အသားအရေ ဖြူဖြူကြည်ကြည်လေးဖြစ်ဖို့အတွက် နဲ့ အမဲစက် ကင်းရှင်းပြီး အသားအရေ ခြောက်သွေ့သူတွေအတွက်လည်းအဆင်ပြေပါတယ်နော်🤩
👉အခုမှ စမ်းသုံးကြည့်ချင်တဲ့ အသဲလေးတွေလည်း Day cream နဲ့ Night cream အထုပ်လေးတွေ ထွက်လို့ စမ်းသုံးကြည့်ဖို့ အရမ်းအဆင်ပြေစေမှာနော် ☺️
🚨သတိထားရမှာကတော့ Whitening ပါဝင်တဲ့အတွက် ဝက်ခြံသမားတွေ နဲ့ sensitive skinတွေ မသုံးသင့်ပါဘူးနော်🚨
🥰အသဲလေးတို့ ဝယ်ယူအားပေးချင်ရင်တော့ San Yeik Nyein 1 Store မိန်းလမ်းမှာ လာရောက် အားပေးနိုင်ပါတယ်နော်🥰
🙏ဝယ်ယူအားပေးမှု့ကိုလည်းမင်မင်တို့က ကျေးဇူးအများကြီးတင်ပါတယ်နော်🙏
✨SYN Group✨

Want your business to be the top-listed Beauty Salon in Pathein?
Click here to claim your Sponsored Listing.

Telephone

Address

No (2401), Anawyahtar Road, Nearly Pathein University
Pathein
10014