Kyalsin Linlatt Natural profuct OB

Kyalsin Linlatt Natural profuct OB

Share

hello
သဘာဝကိုချစ်မြတ်နိုးသူများ မဂ်လာပ

25/09/2022

"ခင်ဗျား တစ်လကို ဘယ်လောက် ဝင်ငွေရှိရှိ ၊ ဒီဝင်ငွေကို ငါးမျိုးခွဲ ပြီး အချိုးကျ သုံးစွဲဖို့ လိုတာကို အမြဲ သတိရပါ"
ဒီနေ့မှာတော့ ဟောင်ကောင် က နာမည်ကျော် ဘီလျံနာ သူဌေးကြီး လီကာရှင်းရဲ့ ငွေကြေးဆိုင်ရာ အကြုံ ပြုချက်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဒီငွေသုံးစွဲမှုနည်းလမ်းဟာ လီကာရှင်းကိုဘီလျံနာ သူဌေးကြီး အဖြစ်ကိုရောက်စေခဲ့တဲ့ အမူအကျင့်နည်းလမ်းလဲဖြစ်ပါတယ်။ ဒါအပြင် ဒီနည်းလမ်းဟာ ယခု မှ လုပ်ငန်းခွင် စဝင်တဲ့ လူငယ်များအတွက် အဓိက ရည်ရွယ်တာလဲဖြစ်ပါတယ်။
သူဌေးကြီး လီကာရှင်းက လူငယ်တွေ အနေနဲ့ မိမိ မှာ ရရှိတဲ့ ဝင်ငွေတွေ ကို အပိုင်း ၅ ပိုင်းခွဲပြီး သုံးစွဲ ဖို့ တိုက်တွန်းထားပါတယ်။
ဥပမာ သင်က တစ်လကို ဒေါ်လာ ၂၀၀၀ ဝင်ငွေ ရှိတယ်ဆိုပါစို့။ ဒီဝင်ငွေကို ပထမ ဒေါ်လာ ၆၀၀၊ ဒုတိယ ဒေါ်လာ ၄၀၀ ၊ တတိယ ဒေါ်လာ ၃၀၀၊ စတုတ္တ ဒေါ်လာ ၂၀၀ နဲ့ နောက်ဆုံး ဒေါ်လာ ၅၀၀ အဖြစ် ခွဲခြား လိုက်ပါလို့ဆိုပါတယ်။
လွယ်ကူအောင် ရာခိုင်နှုန်းနဲ့ ဆိုရရင်တော့ မိမိဝင်ငွေကို ပထမ တစ်စု အဖြစ် ၃၀%၊ ဒုတိယ ကို ၂၀%၊ တတိယ ကို ၁၅ %၊ စတုတ္တ အစုကို ၁၀% နဲ့ နောက်ဆုံးအစု အဖြစ် ၂၅% ပိုင်းခြား သတ်မှတ် လိုက် ဖို့ ဖြစ်ပါတယ်။
သုံးစွဲရမယ့်နည်းလမ်းကတော့..
ပထမအစု..
ပထမ အစု ကိုတော့ Living Expenses အဖြစ် သုံးစွဲ ပါလို့ဆိုပါတယ်။ တစ်နည်းအားဖြင့်တော့ စား ဝတ် နေရေး အတွက် စားရိတ်တွေအားလုံးကို မိမိဝင်ငွေရဲ့ ၃၀% နဲ့ တင် လုံလောက်အောင်သုံး စွဲဖို့ဖြစ်ပါတယ်။
ငယ်ရွယ်နေစဉ်မှာ ကျန်းမာသန်စွမ်းနေ တုန်း အပင်ပန်းခံနိုင်တုန်းဖြစ်တဲ့အတွက် စျေးသက်သာတဲ့ အိမ်ယာ တွေ မှာ စုငှားပြီးနေတာ၊ ချွေတာစားသောက်တာတွေ ကို လုပ်ဆောင်လို့ ရတဲ့ အတွက် ဒီအားသာချက် ကိုယူ ပြီး အသုံးချပါလို့ဆိုလိုတာဖြစ်ပါတယ်။
ဒုတိယ အစု…
ဒုတိယ အစုဖြစ်တဲ့ ဝင်ငွေရဲ့ ၂၀% ကိုတော့ မိမိရဲ့ Network ကိုချဲ့ထွင်ရာမှာ သုံးပါ လို့ဆိုပါတယ်။ Networkကိုချဲ့ ထွင်ရာ မှာ သူငယ်ချင်းတွေ ဆီကိုပုံမှန် ဖုန်းဆက် စကားပြောတာ၊ ကိုယ့်ထက် ပိုပြီး အသိပညာ အတွေ့အကြုံ ရှိတဲ့ သူတွေ ကို ညစာ ဖိတ်ကျွေးတာ၊ ကိုယ့်ထက်ပိုပြီး ချမ်းသာတဲ့ ဝင်ငွေရှိသူ တွေနဲ့ တွေ့ဆုံ တာမျိုးတွေ အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေ တွေနဲ့ အဆက်အသွယ် မပြတ် ပဲ ရင်းနှီးမှုတွေ တိုးလာတဲ့အခါ အကူအညီကောင်းတွေကိုရနိုင်မှာ ဖြစ်ပြီး ကိုယ်ထက် တစ်ဆင့် မြင့်နေ သူတွေနဲ့ ချိတ်ဆက်နိုင်တဲ့ အခါ ကိုယ်လဲ သူတို့လို အတွေးအခေါ် အမူအကျင့်တွေကို ရရှိလာ မှာ ဖြစ်ပါတယ်။
တတိယ အစု
ဝင်ငွေရဲ့ ၁၅% ကိုတော့ သင်ယူ လေ့လာရေး Learning အတွက် ပုံမှန်သုံးဖို့ အကြုံပြုထားတာပါပဲ။ ကိုယ့် တိုးတက်မှုအတွက် စာအုပ်တွေ ဝယ်ယူ တာ၊ သင်တန်းတွေတက်တာ၊ အတတ်ပညာ တွေ လေ့လာတာ စတာတွေ အတွက်မဖြစ်မနေ သုံး ဖို့လိုအပ်ပါတယ်။
စတုတ္တအစု..
ဝင်ငွေရဲ့ ၁၀% ကိုတော့ မိမိကိုယ့်ကို ဆု ချတဲ့ အနေနဲ့ သုံးဖို့ ပါပဲ။ အားလပ်ရက် အပန်းဖြေခရီးတွေ ထွက်တာ၊ ပိုပြီး အတွေ့အကြုံ နဲ့ အမြင်တွေ ကျယ်ပြန့်လာအောင် အခြားနိုင်ငံ တွေကိုလေ့လာ တာ စတဲ့ အခြေအနေတွေ အတွက်သုံး ဖို့ အကြုံပြုတာဖြစ်ပါတယ်။ သူဌေးကြီးက တစ်နှစ်ကို နိုင်ငံခြား ခရီးစဉ် တစ်ခု လောက် သွားသင့်ပါတယ်လို့ လဲဆိုပါတယ်။
နောက်ဆုံး အစု..
ဝင်ငွေရဲ့ ၂၅% က တော့ အရေးကြီး တဲ့ အထဲမှာပါဝင်ပါတယ်။ ဒါကတော့ small business လေးတစ်ခုခု သို့မဟုတ် Investment တစ်ခုခု စတင် နိုင်ဖို့အတွက် စုဆောင်းရခြင်းဖြစ်ပါတယ်။ ဒီ အစု ရှိနေမှာသာ ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခုကို ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစု ရဲ့ အောင်မြင်နိုင်ခြေ ဟာ အရှေ့က အစု လေး စု လုံး ကိုကောင်းမွန်စွာဆောင်ရွက်နိုင်မှာသာ အောင်မြင်နိုင်ခြေ မြင့်မား မှာ ဖြစ်ပြီးချမ်းသာ ကြွယ်ဝမယ် လို့ ဆိုပါတယ်။
ကျွန်တော့် အကြံပြုချက်..
သူဌေးကြီးလီကာရှင်းရဲ့ အကြံပြုချက်ဟာ သိပ်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံ အခြေအနေ နဲ့ မြန်မာနိုင်ငံ အခြေအနေ ကွာခြားမှုတွေ ရှိတာကြောင့် အကြံပြုထားတဲ့ ဝင်ငွေ ရာခိုင်နှုန်းတွေကို တော့အတိ အကျ မဟုတ်ပဲ အဆင်ပြေမယ့် ရာခိုင်နှုန်းတစ်ခုကို ပြင်ဆင်ချိန်ဆ ဖို့ လိုအပ်ပါတယ်။ ဥပမာ လစာ သုံးသိန်း ဝင်ငွေ ရနေသူတစ်ဦးအတွက် living expenses ၃၀% ဆိုရင် ကိုးသောင်း ကျပ်သာ သုံးစွဲနိုင်မှာ ဖြစ်လို့ လောက်ငှမှု ရှိ မရှိ အခြေအနေတွေ ကြုံနိုင်ပါသေးတယ်။
ဘယ်လိုပဲဖြစ်ပါစေ မိမိဝင်ငွေကိုတော့ သူဌေးကြီးလီကာရှင်းပြောတဲ့ အပိုင်း ၅ ပိုင်း အဖြစ် မဖြစ်မနေ ခွဲခြား ပြီး အသုံးချ ဆောင်ရွက်နိုင် ဖို့ လိုအပ်ပါကြောင်း။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

Photos from Kyalsin Linlatt Natural profuct OB's post 20/08/2022

🌵🌵လင်းလက်သဘာဝအပူငြိမ်းရေချိုးဆပ်ပြာလေး လာပါပြီရှင့်။
✅1.မန်ကျည်းသီး
✅2.ပျားရည်
✅3.collagen
✅4.Vit c တို့ပါဝင်ခြင်းကြောင့်

✅✅အပူကြောင့်ဖြစ်သောရောဂါများသပ်သာစေပါသည်။
✅✅ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ခြင်းကိုသက်သာစေပါသည်။
✅✅နေလောင်ဒဏ်သက်သာစေပါသည်။
အသားအရေ ညီညာစေပါသည်။
✅✅ကြည်လင်ဝင်းပစိုပြေသောအသားအရေရရှိပါမည်။
✅✅အပူထုတ်ရေချိုးနည်းပါထည့်ပေးထားပါသည်။

၁ဘူး၄၅၀၀ 😍

ငွေကုန်တာခြင်းအတူတူ ကျန်းမာရေးကောင်းတာ လေးရွေးသုံးကြစို့ရှင့်။
Credit
#လင်းလက်သဘာဝထုတ်ကုန်များ
ပင်ရင်းနတ်မောက်

#ဟင်္သာတ #လေးမျက်နှာ ကိုယ်စားလှယ်
📲📲📲09964666413

Photos from Kyalsin Linlatt Natural profuct OB's post 19/07/2022

☕☕ရေနွေးကြမ်းလေးသောက်တယ့်အခါ
ရိုးရိုးလက်ဖက်ခြောက်🌿🌿နေရာမှာ.. လင်းလက် အဆီကျ...
လက်ဖက်ခြောက်လေးအစားထိုးပီးသောက်ပေးကြည့်ပါလား

🎀ကိုယ်မှာရှိနေတယ့်အဆီပိုတွေကို ဖယ်ရှားပေးမယ်

🎀အူလမ်းကြောင်းမှာရှိနေတယ့် အညစ်အကြေးတွေကို
ဆီး ဝမ်းအနေနဲ့ ဖယ်ရှားပေးတယ်

🎀ဆီးရွှင်တဲ့အတွက် ကျောက်တည်ခြင်းကို ကာကွယ်ပေးတယ်

🎀ဆီးချို သွေးတိုး ထိန်းညှိပေးတယ်

💥💥ဘေးထွက်ဆိုးကျိုးမရှိဓာတုပစ္စည်းမပါဝင်လို့
ကျား/မ မရွေးသောက်သုံးနိုင်ပါတယ်

💁📢📢အဆီကျချင်လို့ဖြစ်ဖြစ်.. #ကျန်းမာရေး အတွက်ပဲဖြစ်ဖြစ်
လင်းလက် အဆီကျ လက်ဖက်ခြောက်ကို သောက်သုံးပေးလို့ရပါတယ်

၇ ရက်တပတ်စာတထုပ်ကို ၄၅၀၀
၁၀ဗူး ၃၅၀၀၀
လက်လီ..လက်ကား..မှာယူရရှ်ိနိုင်ပါသည်
☎09-671839231

အမြို့မြို့အနယ်နယ်ကကိုယ်စလှယ်လေးများကိုလဲဖိတ်ခေါ်ပါတယ်

02/07/2022

ဝိတ်မြန်မြန်ကျဖို့- ရှောင်ရန်များ

1. အချိန်မှန်မှန် မစားခြင်းမှရှောင်ပါ။

ညနေစာရှောင်နိုင်ရင်လည်း ( ၃ နာရီနောက်ဆုံးထားပြီး )နေနိုင်ရင် ပိုထိရောက်ပါတယ်

2. မနက်စာ မစားပဲနေခြင်းကိုရှောင်ပါ

မနက်စာနှင့်နေ့လယ်စာကို တစ်နေ့တာစားရမယ့် ပမာဏထဲမှာ များများစားပေးပါ

3. ညနေစာကို မိုးချုပ်မှ စားတတ်တဲ့ အကျင့်ဖျောက်ပါ

ညနေပိုင်းကို ကယ်လိုရီလောင်းကျွမ်းနှေးတဲ့အစားအစာကိုရှောင်ပါ

4. ညအချိန်အစာစားခြင်းကိုရှောင်ပါ

5. ထမင်းအစားအသီးအရွက်ဟင်းရည်များများပိုစားတဲ့အကျင့်ဖြစ်အောင်လုပ်ပါ

6. ဟိုတို့ဒီမြည်းတဲ့အကျင့်ဖျောက်ပါ

7. ဗိုက်မဆာလည်းစား_ဆာလည်းစား_တချိန်လုံးအသကုန်စားနေတဲ့အကျင့်လေးဖျောက်ပါ

8. လှုပ်ရှားမှုများများလုပ်တဲ့အကျင့်လေးလုပ်ပါ

9. ညနေပိုင်းအပြင်ထွက်စားတဲ့အလေ့အကျင့်လည်းလျှော့ချပါ

10. အသင့်စား_အစာအစာတွေလျှော့ပါ

11. အဆီအစိမ့်_အချို_ဆီကြော်တွေစားခြင်းကိုလျှော့ပါ_ဖြတ်ပါ

12. နောက်ကျမှအိပ်ခြင်းကိုရှောင်ပါ_အချိန်မှန်မှန်အိပ်ပါ

13. ဝိတ်တက်စာစားမိလို့ဒီနေ့မထူးတော့ဘူးဆိုပြီးထပ်ပြီးစားတာကိုရှောင်ပါ

14. ဝမ်းမှန်အောင်လုပ်ပါ

Photos from Kyalsin Linlatt Natural profuct OB's post 01/07/2022

📌 #ခေါင်းလျှော်ရည်တွေသုံးတာစုံနေပီ🙄
📌ဘာသုံးသုံးအဆင်ကိုမပြေဘူး🥴

✴️ဆံပင်တွေကလည်း ကျွတ်လိုက်တာ😫
✴️ဆံပင်တွေလည်း ပါးလာပီ😩
✴️ဗောက်တွေက မပျောက်ဘူး🥴
✴️ဦးရေပြားတွေလည်း ယားလို့ကုတ်ရတာ အနာတွေတောင်ဖြစ်တော့မယ်😖
✴️စိတ်တွေလည်းညစ်လာပီ🥺😞😫

💁‍♀️ဒီလို ညည်းနေရတဲ့ဆိုရင်တော့😩
❌Chemical မပါတဲ့
🌿သဘာဝစစ်စစ်ကိုပဲ သုံးကြည့်ပါလို့ အကြံပေးပါရစေနော် 🤗🤗🤗
✌️တစ်စုံတည်းနဲ့ ပြီးပြည့်စုံစေမယ့်

🇲🇲မြန်မာ့ထုတ်ကုန်စစ်စစ်
🌿သဘာဝတရော်ကင်ပွန်းခေါင်လျှော်ရည်နဲ့ သဘာဝပေါင်းဆီလေးကိုသာသုံးပေး💁‍♀️
📌ဆံပင်နဲ့ဦးရေပြား ပြသာနာတွေ အကုန်ဖြေရှင်းပေးပီးစိတ်ချမ်းသာ‌‌စေပါလိမ့်မယ်🤗🤗🤗

#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုးဖြန့်ချီရေး
#အမြို့မြို့အနယ်နယ်မှကိုယ်စားလှယ်များဖိတ်ခေါ်ပါတယ်
#လင်းလက် ဟသ်ာတကိုယ်စားလှယ်
09-964666413

Photos from Kyalsin Linlatt Natural profuct OB's post 07/06/2022

ရေချိုးခြင်း
============

ရေချိုးလျှင် သတိပြုရမည့်အချက်
ခေါင်းကနေ ရေစတင်လောင်းချိုးတာက
လေဖြတ်တတ်ပါတယ်။
ဦးခေါင်းမှ စ၍ ရေလောင်းမချိုးသင့်ပါ ။

ကျွန်မတို့က သွေးနွေးသတ္တဝါတွေဖြစ်တဲ့အတွက်
ခန္ဓာကကိုယ်က အပူချိန် အလျှင် အမြန်
ထိန်းညှိနေရတာကကြောင့်ပါ ။
ခေါင်းကို ရေလောင်းစဉ် ခေါင်းအေးသွားတဲ့
အတွက် အပူချိန်ထိန်းညှိနိုင်အောင်
ခန္ဓာကိုယ်က သွေးတွေက ခေါင်းကို အလျှင်အမြန်
လာကြတာကြောင့် ဦးနှောက်သွေးကြောပေါက်
လွယ် သွားပြီး လေဖြတ်ကာ လိမ့်ကျသွားပါတယ်။

ရေချိုးတဲ့အခါမှာ ခြေထောက်ကနေ
စတင်ရေလောင်းပြီးမှ တဖြည်းဖြည်း
အပေါ်ပိုင်းကို ဆက်လောင်းချိုးပါ ။

အထူးသဖြင့် သွေးတိုးရောဂါရှိသူ
သွေးတွင်းကိုလက်ထရောမြင့်တက်သူနဲ့
ဦးခေါင်းတခြမ်းကိုက် ဝေဒနာခံစားရသူတွေ
ဒီရေချိုးနည်းကို လိုက်နာသင့်ပါတယ် ။

ရေချိုးနည်း ……

ရေချိုးတဲ့အခါ ခြေထောက်ကို အရင် ရေလောင်းပါ
တဖြေးဖြေး ဒူး ပေါင်း ခါး လောင်းပြီးမှ
တကိုယ်လုံးရေချိုးပါ ။

ရေ အဆင့်ဆင့် လောင်းနေတုံး ပါးစပ်ထဲမှာ
ရေငုံထားတာက ကိုယ်ခန္ဓာကို ရေလောင်းလို့
ထွက်လာတဲ့ အပူခိုးတွေမျက်စိကို မရောက်အောင်
အကာအကွယ်ပြုတာပါ ။

ခန္ဓာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုန်း
ချမ်းစိမ့်စိမ့် ဖြစ်လာရင် ရေမချိုးပါနဲ့ ။

ရေချိုးရင် ဖျားတာက အပူရှိလို့
အပူငုတ် အပူရှပ်ချင်တာပါ ။

အပူထဲမှလာပြီး ချက်ခြင်း ရေမချိုးပါနဲ့ ။
ထမင်းစားပြီး ရေမချိုးသင့်ပါ ။
ရေမချိုးခင် ရေ ဝ အောင် သောက်ပါ ။
ရေချိုးပြီးရင် ရေကို စင်အောင်သုတ်ပြီး
ရေနွေးသောက်ပါ ။

ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ ………

ဆီးချိုရောဂါရှိသူ တစ်ယောက်က
နာရီဝက်ကြာ ရေချိုးတာ သွေးထဲက
သကြားဓာတ် ၁၃ % လျော့နည်းတယ်။

ရေနွေး ၃၂ . ၃၅ ဒီဂရီကို ချိုးရင် အရေပြားက
အပေါက်လေးတွေကို ပွင့်စေပြီး အဆိပ်
အတောက်တွေ ထွက်ကုန်မယ် ကြွက်သားနာတာ
အသက်သာမယ် အူတွေ ပို အလုပ် လုပ်နိုင်မယ်။

ရေချိုးတာကို ၁၈မိနစ် ၂၀မိနစ် သာကြာပါစေ
ရေနွေး ၁၂ . ၁၈ ဒီဂရီကို ချိုးရင် စိတ်ဖိအား
ကျစေမယ် သွေးကြောလေးတွေကို ကျဉ်းစေလို့
သကြားဓာတ် တက်စေမယ်။

အင်ပြင် ထ တာမျိုးကို Sodium Bicarbonate
( ဆော်ဒါ ) ပါတဲ့ ရေချိုးရင် သက်သာမယ်
ပိုးတချို့ကိုလည်း သေစေမယ် ။

ရေနွေးနဲ့ ချိုးတာက တုတ်ကွေး အအေးမိတာ
သက်သာစေမယ် နင်းခူနာ သက်သာစေမယ် ။

ရေအေးထဲမှာ ခြေထောက်ကို စိမ်းပေးရင်
ကောင်းအိပ်ပျော်စေတယ် ။

ခန္ဓာကိုယ်တွင် အသည်း အလုပ်လုပ်ချိန်
ည ၁၁နာရီ မှ ၃ နာရီထိ
ကျောက်ကပ် အလုပ် လုပ်ချိန် ညနေ ၅ နာရီ မှ
၇ နာရီ

ညရာသီအလိုက်ရေချိုးချိန် ……

နွေ မနက် ၉ နာရီ
မိုး မနက် ၁၀ နာရီ
ဆောင်း မနက် ၁၁ နာရီ

အရိုးပွ အရိုးပါး ဂေါက်ရောဂါ ရှိသူတွေ
နာကျဉ်ခြင်းသက်သာအောင် ရေနွေးထဲဆားခါး
ထည့်ဖျော် ချိုးခြင်းဖြင့် သက်သာစေပါသည် ။

ညဖက်ရေချိုးခြင်း သတိထားရန် ………

ခေါင်းလျှော်လျှင် မအိပ်ခင်မှာ ခြောက်အောင်
သုတ်ပြီးမှ အိပ်ပါ။ မိမိကိုယ် အပူချိန်က
နေ့ခင်းဖက်မှာထက် လျော့ကျနေသည်ကို
သတိပြုပါ ။

မနက်ခင်း လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးမှ
ရေချိုးတာကြွက်သားတွေကို ပိုမိုသန်မာစေ ။

ကယ်လီးဖိုးနီးယား တက္ကသိုလ်မှ
သုတေသနပညာရှင်များအဆိုးအရ
မနက်ခင်းအေးတဲ့ရေနဲ့ ရေချိုးခြင်းက
သုပ်ပိုးများကို ပိုမိုဖွံ့ဖြိုးစေတယ်လို့ဆိုတယ် ။

ကျန်းမာရေးအတွက် ဆေးတစ်ခွက် ……

ညနေပိုင်းရေချိုးလျင် သတိထားရန်
ညနေ ၅ နာရီမှ ၇ နာရီရေချိုး နေ့စဉ်
ဆီးမသွားရ ကျောက်ကပ် အလုပ်လုပ်နေချိန်
ဖြစ်သည်။ ကျောက်ကပ် မပျက်စီးအောင် ဂရုပြုရန်

မနက်ခင်းရေချိုးခြင်း၏ ကောင်းကျိုး ……

မနက်ခင်းရေချိုးခြင်းက ကိုယ်ခန္ဓာတွင်းမှ
အပူခိုးများထွက်ခြင်း

ရေနွေးနဲ့ချိုးရင် သွေးလည် ပတ်မှုကောင်းစေ
ကြွက်သားများကို တောင့်တင်းသန်မာစေ
ရေနွေးနဲ့ချိုးခြင်းက ကျန်းမာရေးများစွာ
အထောက်အကူပြု

အိပ်ရာနိုးတဲ့အခါ မနက်ခင်း ရေချိုးခြင်းက
ပေါ့ပါးလွတ်လပ်သွား စိတ်ဖိစီးမှုကိုသက်သာစေ
စိတ်ဖိစီးမှုဖြစ်နေရင် မနက်ခင်းရေချိုးခြင်းက
အထောက်အကူပြုတယ် ။

ညဖက်ရေချိုးခြင်း သတိထားရန် ………

ခေါင်းလျှော်လျှင် မအိပ်ခင်မှာ
ခြောက်အောင်သုတ်ပြီးမှ အိပ်ပါ။
မိမိကိုယ် အပူချိန်က နေ့ခင်းဖက်မှာထက်
လျော့ကျနေသည်ကို သတိပြုပါ ။
နှစ်ခြိုက်စွာ အိပ်ချင်လို့ ရေချိုးတာဆိုလျှင်
မအိပ်ခင်းလေးမှာ အချိန်ခွာပြီး ရေချိုးပ ါ ။

ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပြီးစမှာ
ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက်
ချက်ခြင်း ရေမချိုးပါနဲ့ မိနစ် ၃၀ ခန့်စောင့်ပြီး
ကိုယ်အပူချိန် လျော့ကျသွားပြီး ချွေးပေါက်
ပြန်ကျဉ်းသွားချိန်မှ ရေချိုးပါ ။

ညဖက် အရမ်းနောက်ကျရင် ရေနွေးနဲ့ချိုးပါ
ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကို
လက်နဲ့ ထိတွေ့ ခံစားကြည့်ပါ ။

ပုံမှန်အားဖြင့် လူကိုယ်ခန္ဓာ အပူချိန်ထက်
၅ ဒီဂရီ ပို၍ လက်ခံနိုင်သည့် လူတစ်ယောက်ရဲ့
သာမန် အပူချိန်ကတော့ ၉၇ ဖာရင်ဟိုက်
ဖြစ်တဲ့အတွက် ကိုယ် လက်ခံနိုင်မယ့်
မပူလွန်း မအေးလွန်း အနေအထားကို
ရယူပါ ။

ရေချိုးခြင်းက စိတ်နဲ့ကိုယ်နဲ့ ပြန်လည်း
လန်းဆန်းအောင်လုပ်ခြင်း ဖြစ်တယ်။
ရေနွေးနွေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်မှာ ရှိတဲ့
အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး
စိတ်ဖိစီးမှုကို လျော့ချ သွေးပေါင်ကျ
တစ်နေ့တာကုန်သွားတဲ့ အားအင်တွေကို
ပြန်ဖြည့်ပေး တောင့်တင်းနေတဲ့ ကြွက်သားတွေ
ကို ရေချိုးခြင်းက ဖြေလျော့ပေးပါတယ်။

ရေနွေးနဲ့ ချိုးခြင်းက အရေပြားကို ချောမွတ်စေ
နုပျိုလန်းဆန်းခြင်းကို ခံစားရ -

ညဖက် ရေချိုးတာက ကောင်းသော
ကိုယ်သင်းနံ့ကိုပေး - နှစ်ခြိုက်စွာ အိပ်ပျော်စေ -
မျက်စိကြောင်းပြီး အိပ်မပျော်ခြင်း မဖြစ်တော့ပါ ။

တတ်နိုင်ရင် ရေနွေးနဲ့ချိုးပါ
အများစုက ရေအေးနဲ့ ချိုးကြတယ်။
ညနေပိုင်း အပူအခိုးထွက်နေတာတွေက
ကိုယ်တွင်းသို့ ပြန်ဝင်တတ်ပါတယ် ။

___________________

အားလုံးဂရုပြုနိုင်ကြပါစေ ရှင့် ……

ူရင်းမျှဝေသူ

06/06/2022

♻️ရေနွေးကြမ်းသောက်ခြင်း၏ ♻️♻️အကျိုးကျေးဇူးများ

ရေနွေးကြမ်းသောက်ခြင်းအားဖြင့် လန်းဆန်းတက်ကြွလာပြီး စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများကိုလည်း ပြေပျောက်စေနိုင်ပါသည်။

အရွယ်ရောက်သူတိုင်း တစ်နေ့ကို ရေနွေးကြမ်း သုံးလေးခွက်ကို နေ့စဉ် သောက်သင့်ပါသည်။ တစ်နေ့ကို ရေနွေးကြမ်း သုံးလေးခွက် ပုံမှန်သောက်မယ်ဆိုရင် ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ –

၁။ အသက်ရှည် နုပျိုခြင်း

၂။ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

၃။ အဆီများချပေးခြင်း

၄။ နှလုံး နှင့် သွေးကြော ရောဂါများမှ ကာကွယ်ပေးခြင်း

၅။ သွားနှင့် သွားဖုံးကျန်းမာရေးကို အထောက်အကူ ပြုခြင်း

၆။ ဆီးချို သွေးချို ရောဂါကို သက်သာ စေခြင်း

၇။ အရောင်ကျစေခြင်း

၈။ အသည်းလုပ်ငန်း ဆောင်တာ မှန်ကန် ကောင်းမွန်စေခြင်း

၉။ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ် ပေးခြင်းတို့ ပဲ ဖြစ်ပါတယ်။

🌈ထမင်းစား နေစဉ် သို့ ထမင်းစားအပြီး၊ အစားအသောက်များ စားအပြီးတိုင်းတွင်
ရေအေးအစား ရေနွေးကြမ်းကို သောက်သုံးခြင်းဖြင့် ကျန်းမာရေး နှင့် ညီညွတ်စေပါသည်။

Credit: ဒေါက်တာ ခင်မောင်လွင် ( FAME )

🔰🔰ကျန်းမာခြင်းတွေ ပြည့်စုံစေတဲ့
♻️လင်းလက် သဘာဝအူရှင်း လက်ဘက်ခြောက်
♻️၁ပါတ်စာ အထုပ်ငယ် ၇ထုပ်ပါ
♻️၁ဗူး ၄၅၀၀ ♻️၁၀ဘူး ၃၅၀၀၀ နဲ့ အဆီပိုတွေဖျော်ချ ပေါ့ပါး လန်းဆန်းရအောင် အမြန်ဆုံး
မှာယူသောက်သုံးလိုက်တော့နော်

☎️ ၀၉၉၆၄၆၆၆၄၁၃

31/05/2022

မျက်နှာမှာ ဝက်ခြံအဆီဖုတွေကြောင့်

စိတ်ညစ်နေတဲ့ ညီမလေးတွေအောက်ကအချက်လေး

တွေကိုဖတ်ကြည့်နော် 💖

အမေးအများဆုံးမေးခွန်းပါ

အဆီဖုတွေပေါက်နေလို့ ဘာလုပ်ရမလဲ?

ဘာလုပ်ရမလဲ မပြောခင် ဘာကြောင့်ဖြစ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်

အဆီဖုဖြစ်ရတဲ့အကြောင်းအရင်း...........................

>မိတ်ကပ်လိမ်းပြီး သေချာပြောင်အောင်မဖျက်တာ
>သနပ်ခါးလိမ်းပြီး double cleansing မလုပ်တာ
>suncream မလိမ်းပဲ အပြင်ထွက်တာ
> မျက်နှာကိုသေချာပြောင်စင်အောင်မသစ်ပဲ အိပ်ရာ၀င်တာ
> ရေသောက်နည်းတာ
>အဆီအဆိမ့်နဲ့ ဆီကြော်စာတွေအစားများတာ
>လေထုထဲကအညစ်အကြေးဖုန်မှုန့်တွေကြောင့်လဲ
ချွေးပေါက်ပိတ်ဆို့ပြီး အဆီဖုတွေဖြစ်လာနိူင်ပါတယ်

အဆီဖု အဖြစ်အများဆုံးနေရာတွေကတော့
နဖူး မျက်လုံးအောက်ဖက်နဲ့ မေးစေ့တစ်ဝိုက်ပဲဖြစ်ပါတယ်
စိတ်ဖိစီးမှုများခြင်းကြောင့်နဲ့ ဟော်မုန်းအပြောင်းအလဲ
ကြောင့်လဲ အဆီဂလင်းတွေပိုမိုပြီးအလုပ်လုပ်ရာကနေ
အဆီထုတ်လုပိမှုများပြီးတော့ ချွေးပေါက်တွေပိတ်ဆို့ရာက
နေ မျက်နှာပေါ်မှာရှိနေတဲ့ဆဲလ်သေတွေက အပြင်သို့
မထွက်နိုင်တဲ့အခါ အဆီဖုတွေဖြစ်လာရပါတယ်

>အဆီဖုမှာလဲအမျိုးအစားရှိပါတယ် ထိပ်ဘက်မှာအဆံအမဲ
ရှိတာကို ဆား၀က်ခြံအဆီဖု (blackhead.)ဖြစ်ပြီး
ထိပ်ဘက်မှာအဆံအဖြူ လေးတွေရှိတာက (White head)ပါ

>Oily skinတွေနဲ့ Combination skin typeတွေမှာ
ပိုပြီးအဖြစ်များပါတယ် အဆီထုတ်လုပ်မှုများတဲ့အတွက်
မျက်နှာကိုချွေးပေါက်ပွင့်အောင် မဖွင့်ပေးဘူးဆိူရင်
မျကိနှာအရေပြားအောက်မှာအောင်းပြီး ၀က်ခြံ အဆီဖု
ဆား၀က်ခြံတွေဖြစ်လာရတာပါ ဒါကြောင့်oily skin type
တွေနဲ့ combination skin type တွေက cleansing ကို
သေချာနိုင်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်

>>လိုက်နာရမည့်အချက်များ

>မိတ်ကပ်ကိုပြောင်စင်အောင်ဖျက်ပါ မိတ်ကပ်မဖျက်ပဲ
အိပ်ရာမ၀င်ပါနဲ့
>မိတ်ကပ်မလိမ်းတဲ့နေ့လဲမျကိနှာကိုသေချာသန့်စင်ပေးဖို့
လိုအပ်ပါတယ် ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၀င်နေနိူင်တာ
ကြောင့် cleansing လုပိပေးရပါမယ်
>တစ်ပတ်နှစ်ကြိမ်မျကိနှာကို scrub တိုက်ပေးပါ
>အပြင်သွားတိုင်းsuncreamလိမ်းပေးပါ
>စိတ်ဖိစီးမှုလျော့ချပါ
>ရေများများသောက်ပါ
>အဆီအဆိမ့်အချိူ သကြားနို့ ရှောင်ပါ
>မျက်နှာကိုမကြာခဏ ကိုင်တွယ်ခြင်းရှောင်ပါ
>ဆံပင်နဲ့ အိပ်ယာခင်းများကိုသန့်စင်အောင်ထားပါ

>>>>အိမ်တွင်းကုသရမည့်နည်းလမ်း💙

ရေနွေးငွေ့နဲ့မကြာခဏပေါင်းတင်ပါ။

ရေနွေးပွက်ပွက်ဆူတာကို ဇလုံတစ်ခုထဲကိုထည့်ပါ ။ထွက်လာတဲ့အငွေ့ကိုမျကိနှာအပ်ပြီးခံပါ။
အရမ်းနီးကပ်ဖို့ မလိုပါဘူး ။
ကိုယ်ခံနိုင်သလောက် အနေအထားကနေ အငွေ့အပြင်ကို
မထွက်စေဖို့ တဘတ် ခေါင်းမြီးခြုံ ပြီး အငွေ့ခံပါ။

ရေနွေ့းငွေ့ခံပြီး sheet mask အသုံးပြုရင်ပိုပြီးရလဒ်ကောင်း
ပါတယ် ပြီးရင်တော့toner ပြန်လိမ်းပေးထားဖို့လိုအပ်ပါ
တယိ

အားလုံးပဲအဆင်ပြေကြပါစေ💙🙆

Love you all 💞💞

21/05/2022

#ဝက်ခြံပုန်းများအားအိမ်တွင်းကုသနည်းများ

ဝက်ခြံပုန်းတွေကို အိမ်မှာအလွယ်တကူ ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အန္တရာယ်လည်းကင်းပြီး ပြုလုပ်ရလည်း လွယ်ကူစေမယ့် နည်းလမ်းတွေ ဖြစ်တာကြောင့် ဖော်ပြပေးပါတယ်။ သင့်အတွက် လွယ်ကူမယ့်နည်းလမ်းကို ရွေးချယ်လုပ်ဆောင်ကြည့်ပါ။

🐝🍯ပျားရည်နှင့်နွားနို့ ------------------

ပျားရည်မှာ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သဘာဝအာနိသင်တွေ ပါဝင်ပါတယ်။ အရေပြားကို ပျော့ပျောင်းနူးညံ့စေပြီး နို့က ရေဓာတ်ကို ရရှိစေတာကြောင့် နှစ်မျိုးပေါင်းလိုက်ရင် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာပဲဖြစ်ပါတယ်။

လိုအပ်တာက --------------

ပျားရာ်တစ်ဇွန်း၊ နို့တစ်ဇွန်းနဲ့ ဂွမ်းဖတ်လေးအနည်းငယ် လိုအပ်ပါတယ်။

ပြုလုပ်နည်း -------------

ပျားရည်နဲ့ နို့ကိုရောပြီး ၁၀ စက္ကန့်အပူပေးပါ။ သင်ခံနိုင်တဲ့ အပူချိန်လောက်ထိ ခဏအအေးခံထားပြီး မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပါ။ ဂွမ်းစကို အရည်ထဲစိမ်လိုက်ပြီး ပြန်ဆယ်ယူလိုက်ကာ ဝက်ခြံတွေပေါ်မှာ ဖုံးအုပ်ထားလိုက်ပါ။ မိနစ်၂၀ လောက်ထားပြီးမှ ဖယ်ရှားကာ မျက်နှာသစ်လိုက်ပါ။

🥚ကွကျဥအကာ ---------------

အရေပြားအတွက် အာဟာရတွေပါဝင်တဲ့ ကြက်ဥဟာ အရေပြားခြောက်သွေ့တာနဲ့ ဝက်ခြံပုန်းတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

ပြုလုပ်နည်း ------------

ကြက်ဥကို ပန်းကန်လုံးထဲ ခွဲထည့်လိုက်ပြီး အနှစ်ကို သီးသန့်ဖယ်ထားလိုက်ပါ။ အကာကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး၊ အပေါ်ကနေ တစ်သျှူးကို ကပ်လိုက်ပါ။ တစ်သျှူးစပေါ်မှာ ကျန်သေးတဲ့ အကာတွေကို ထပ်သုတ်လိမ်းပါ။ လက်ချောင်းတွေနဲ့ မျက်နှာပေါ်မှာ သေချာကပ်အောင် ပွတ်သပ်ပေးပါ။ မျက်နှာပေါ်က တစ်သျှူးစ ခြောက်သွားချိန်မှ ခွာလိုက်ပြီး ရေဆေးလိုက်ပါ။

🍋သံပရာသီး -----------

အရေပြားပေါ်က ချွေးပေါက်တွေကို ပွင့်စေပြီး၊ အသားအရေလှပဖို့ လိုအပ်တဲ့ ဗီတာမင်စီလည်း ပါဝင် တာကြောင့် သံပရာသီးဟာ အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးပါပဲ။

လိုအပ်တာက ---------------

သံပရာသီးတစ်လုံး၊ ဂွမ်းဖတ်နှင့် ပုလင်းအသေးတစ်လုံး လိုပါတယ်။ ပြုလုပ်နည်း သံပရာသီးတစ်လုံးကို အရည်ညှစ်ပြီး ဝက်ခြံပုန်းတွေပေါ်မှာ မိနစ် ၂၀ အတွင်းလေး၊ ငါးကြိမ်လောက် ပွတ်လိမ်းပေးပါ။ ပုလင်းထဲကို ကြက်သီးနွေးရည်ထည့်ပြီး မျက်နှာပေါ်မှာ လိမ်းကာ နှိပ်နယ်သလို ပြုလုပ်ပေး ပါ။ သံပရာရည် သောက်တာကလည်း တူညီတဲ့ အကျိုးကို ရရှိစေပါတယ်။

💧ချွေးထုတ်ခြင်း ---------------

မျက်နှာအဆိပ်ထုတ်တယ်လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ နည်းလမ်းတစ်ခုပါ။ မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်စေပြီး ချွေးပေါက်တွေ ပွင့်စေပါတယ်။ လိုအပ်တာက အိုးတစ်လုံး၊ ရေနဲ့ ပဝါပါးပါးတစ်ထည် လိုအပ်ပါတယ်။

ပြုလုပ်နည်း ------------

ဆူပွတ်နေသော ရေကို အိုးထဲထည့်တည်ထာပြီး၊ မီးငြိမ်းလိုက်ပါ။ အငွေ့ ထွက်နေတဲ့ အိုးပေါ်က ပဝါပါး ကို အုပ်လိုက်ပြီး ပဝါပေါ်က ထွက်လာတဲ့ အငွေ့ကို မျက်နှာက ပေါင်းခံပါ။ ပေါင်းခံ မလုပ်ခင် မျက်နှာအရင် သစ်ထားလိုက်ပါ။

💟သကြားသုံးပါ --------------

မျက်နှာပေါ်မှာ သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြား ခြောက်သွေ့မှု ကင်းစင်ကာ အရေပြား အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ရရှိစေပါတယ်။

လိုအပ်တာက --------------

သကြားတစ်ဇွန်းနဲ့ သံလွင်ဆီလေးဇွန်း လိုအပ်ပါတယ်။

ပြုလုပ်နည်း ------------

သင့်လက်ချောင်းထိပ်ကို သံလွင်ဆီအနည်းငယ်တို့လိုက်ပြီး နှိပ်နယ်ပေးပါ။ ကျန်တဲ့ဆီကို သကြား တစ်ဇွန်းနဲ့ ရောလိုက်ပါ။ မျက်နှာပေါ်မှာ ခပ်ဖွဖွလိမ်းပေးပါ။ ဝက်ခြံပုန်းနေရာတွေကို ပွတ်သပ်နှိပ်နယ်ပေးပါ။ ၁၀ မိနစ်လောက် နှိပ်နယ်ပေးပြီး ရေနွေးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။

19/05/2022

ဆားဝက်ခြံ ဘာကြောင့်ဖြစ်တာလဲ???🤔🤔

ပတ်ဝန်းကျင်ကြောင့်ဖြစ်နိုင်သလို🍁🍁 ဟော်မုန်းတွေ မညီမျှလို့လဲ ဖြစ်နိုင်ပါတယ်။

ဆားဝက်ခြံများဟာ အောက်ပါတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။👇👇👇

�အဆီဂလင်းတွေက အဆီများကို လိုသည်ထက် ပိုထုတ်နေခြင်း🔴⏺

�အဆီတွေနဲ့ အရေပြားဆဲလ်အသေတွေ ပေါင်းစုပြီး ချွေးပေါက်ပိတ်စေခြင်း🔴⏺

�Open comedo မှာ အဆီခဲတွေဟာ လေကို ထိတွေ့ခြင်း🔴⏺

�ခန္ဓာကိုယ်က အဆီတွေ လိုတာထက် ပိုထုတ်လာခြင်း🔴⏺

�စတီးရွိုက်၊ ကိုယ်ဝန်တားဆေး၊ လစ်သီယမ်၊ ကျားဟော်မုန်းတို့လို ဆေးဝါးများ အသုံးပြုနေခြင်း🔴⏺

�လူပျိုဖော်အပျိုဖော်ဝင်ခြင်းနဲ့ ရာသီလာခြင်းကဲ့သို့သော အဆီထုတ်လုပ်မှုများစေသည့် ဟော်မုန်းအပြောင်းအလဲများခြင်းဖြင့် ကြုံတွေ့နေရခြင်း🔴⏺

�ဘက်တီးရီးယားများ အထူးသဖြင့် acnes ဘက်တီးရီးယား (propionibacterium acnes) သည် အရေပြားအပေါ်တွင် အလွန်များပြားနေခြင်း

crd:

Want your business to be the top-listed Beauty Salon in Pathein?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pathein