shein Gyi vlogs
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from shein Gyi vlogs, Health/Beauty, Pathein.
26/06/2025
ဒီလိုဘဝလေးနေချင်သား👍
14/05/2025
"မင်း ဖတ် ရ တာ တန် ပါ တယ်"
📚-------------📚-------------📚
လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။
လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။
လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။
တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။
လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။
စွန့်ပစ်ခံရတယ်ဆိုတိုင်း
အမှိုက်မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။
တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို
လောကကြီးက သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။
ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ
အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။
သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။
ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။
တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။
ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။
ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။
နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...
မင်းဖတ်ရတာ တန်ပါတယ်
#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
30/04/2025
စိတ်အေအေးထာပြီးဖတ်ပါနော်
ကျရှုံးချိန်မှာ ခေါင်းမော့ပါ
ကြိုးစားချိန်မှာ နှုတ်လုံပါ
အောင်မြင်ချိန်မှာ မာန်ချပါ
ပြည့်ဝချိန်မှာ မျှဝေပါ
ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ
ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။
အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။
ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။
အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။
လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။
ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ
ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ
ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။
ရည်မှန်းချက်တွေပျက်ရင် ဘဝတခုလုံး ပျက်စီးသွားနိုင်တယ်
ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ
ရည်မှန်းချက်တွေမပျက်ပါစေနဲ့။
အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့
သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်
တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။
မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။
ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။
လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။
ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။
မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့
ရုန်းထွက်နိုင်အောင်ကြိုးစားပါ။
စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ
သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။
ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
အချိန်ကုန်ခံမနေပါနဲ့။
ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။
လူကိုမကြည့်နဲ့. မူကိုကြည့်။
ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။
အပြောမကြည့်နဲ့. မနောကိုကြည့်။
အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
အဓိပ်ပါယျဟာ လွှဲမှားနေအုံးမှာပါ။
စာပေချစ်သူ😊
Crd
30/04/2025
စိတ်ကို စင်စင်ကြယ်ကြယ် ထားပေမယ့်
အရောင် လာလာဆိုးကြပြန်တော့လည်း
သည်းခံစိတ်ကို နဂိုရှိတာထက်ပိုထားနိုင်ဖို့ကြိုးစားရမယ်။
ကြည်လင်သောအပြုံးနဲ့
လူတိုင်းကို ပြုံးပြနိုင်ဖို့ကြိုးစားနေသော်လည်း
သဘောကျစရာမကောင်းတဲ့ စိတ်ဓာတ်တွေကြောင့်ပဲ
ဟန်မဆောင်တတ်တဲ့ကိုယ့်အကျင့်ကိုလည်း ပြင်ရအုံးမယ်။
အရာရာကို အကောင်းမြင်တတ်ဖို့နဲ့
သည်းခံစိတ်ရှိဖို့ရန် အတွက်
ကြည်လင်သော နှလုံးသားနဲ့
မျှတသော စိတ်ထားကိုမွေးထားရသေးတယ်။
တစ်ခါတလေ ကိုယ့်ကိုယ်ကို စိတ်မာတယ်
ကြံ့ခိုင်ပါတယ်လို့ ဘယ်လိုပဲဆိုဆို
ကိုယ့်စိတ်ဓာတ်ကို
ရိုက်ချိုးခံလိုက်ရတဲ့အခါ
ခံစားရတာကတော့ အလူးအလဲပဲလေ။
လူတိုင်း လူတိုင်းမှာ
ဒဏ်ရာ ကိုယ်စီရှိနိုင်ကြသလို
ခံစားချက် အတိမ်အနက်ကို
စာဖွဲ့ မပြချင်ပေမယ့်လည်း
ခေါင်းမာတတ်တဲ့
ကိုယ့်အကျင့်ကတော့ပြင်မရဘူးလေ။
ထပ်တူမညီနိုင်မှန်း
သိနေပြီးတဲ့နောက်မှာတော့
ဘယ်သူနဲ့မှ ညှိမယူချင်တော့ဘူးလေ
ဒီတော့လည်း ဘာသိဘာသာပဲနေလိုက်တော့တယ်။
စိတ်ပင်ပန်းလာတိုင်း
အရင်လို ငိုင်တွေပြီးမနေတော့ပါဘူး။
တစ်ခါလေ
အားပါးတရ
ပြုံးလိုက်မိသေးတယ်
သဘောကျလို့တော့မဟုတ်ဘူး
လူတွေရဲ့စိတ်ကို ပိုမြင် တတ်လာလို့ပါ။
Crd_to_owner_with_respectcrd
30/04/2025
သိန်းပေါင်း သောင်းနဲ့ချီတဲ့ ချမ်းသာမှု့ကို ရဖို့ နည်းလမ်း
၁ ကျပ် ကနေ ၁၀ သိန်း အထိပိုင်ဆိုင်ဖို့ဆိုရင်
( စည်းကမ်း) ရှိဖို့လိုအပ်တယ်
ပထမဆုံး ၁၀ သိန်းက အခက်ခဲဆုံးပဲ ၊
စည်းကမ်းရှိရှိနဲ့ လစာရတိုင်း ၊
၀င်ငွေရတိုင်း ၁၀% နဲ့ အထက်စု၊
အကျိုးမရှိတဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်၊
၀င်ငွေတွေဘယ်နေရာတွေကရနေလဲဆိုတာ
ကိုမှတ်သားထား၊
ပို၀င်အောင်လဲအမျိုးမျိုးကြိုးစားနေပါ။
၁၀ သိန်း ကနေ သိန်း ၁၀၀ အထိပိုင်ဆိုင်ဖို့ကျတော့
(ကျွမ်းကျင်မှု) တွေလိုအပ်ပြီ
သိန်း၁၀၀ လောက်ဝင်ရဖို့ က High income skills
( ကိုယ့်ကို ၀င်ငွေတွေတိုးတက်စေမယ့် ကျွမ်းကျင်မှု့အမျိုးမျိုး)
တွေ လိုလာပြီ ၊
လူတိုင်းမလုပ်နိုင်တာကို လုပ်ဖို့ လိုပြီ ၊
Freelance အလုပ်တွေလုပ်၊
Digital marketing and AI သင်ယူပါ ၊
ဘာသာစကား၊
Graphic ဒီဇိုင်း၊
Video editing၊
Trading အသိပညာတွေ ကောင်းကောင်းလေ့လာ၊
ဒီခေတ်မှာဆို သင်ယူရတာ လွယ်ကူလာပြီ ၊
ကုန်ကျစရိတ်တွေကလဲသိပ်ကို သပ်သာပါတယ်။
သိန်း ၁၀၀ ကနေ သိန်း ၁၀၀၀ ပိုင်ဆိုင်ဖို့ကတော့
(အကျင့်စရိုက်)ကောင်းဖို့လိုပြီ
အထက်တန်းကျတဲ့ ကိုယ်ရည်ကိုယ်သွေးက အဓိက ကျလာပြီ ၊
စီးပွားရေးအကြောင်းတွေသိဖို့၊
ကိုယ်ပိုင်ထုတ်ကုန် ၀န်ဆောင်မှု့တွေဖန်တီးနိုင်ဖို့ လို လာပြီ၊
သစ္စာရှိရမယ်၊
ကတိတည်ရမယ်၊
နာမည်ကောင်းတစ်ခုကို အသက်နဲ့ ရင်းပြီးထိမ်းသိမ်းထား ၊
ကိုယ့်ကို ၀င်ငွေများအောင်လုပ်ပေးနိုင်မဲ့သူတွေနဲ့
ဆက်ဆံရေးကောင်းတည်ဆောက်ထား၊
ဘဝရဲ့အနှစ်သာရကို သိ၊
အများအကျိုးအတွက် အလုပ်လုပ်။
သိန်း ၁၀၀၀ နဲ့ အထက် ပိုင်ဆိုင်ဖို့ကတော့ (အချိန် ) လိုတယ်
သိန်းထောင်ချီ ပိုင်ဆိုင်ဖို့ နှစ်အနည်းငယ်လိုတယ်၊
ကိုယ်တိုင်လဲကျွမ်းကျင် ဆုံးရှုံးနိုင်ခြေနည်းပြီး အမြတ်ငွေရနိုင်တဲ့ နေရာတွေမှာ တောက်လျှောက် ရင်းနှီးမြှုပ်နှံ၊
အခွင့်အရေးတွေကို မျက်ခြည်မပြတ်နဲ့၊
စီးပွားရေးNetwork တွေ များများတည်ဆောက်၊
ဖြေးဖြေးလေးသွား အဲဒါဆိုရင် ရပါပြီ။
ဥာဏ်လင်းအောင်
Unlock Your Futures
30/04/2025
"ပျော်ရွှင်သော စံပြအိမ်ထောင်ရေး"
👨👧👦➖➖➖➖ ➕ ➖➖➖➖👨👨👧👧
အခုမှ ညားခါစ ဇနီးမောင်နှံတွေ ဖတ်သင့်ပါတယ်
😉😉😉
လင်နဲ့ မယား နှစ်ယောက်စလုံး လိုက်နာရမဲ့အရာများ
အိမ်ထောင်ရေးဆိုတာမျိုးက
ဘောလုံးအသင်းတစ်သင်းလိုပဲ
တစ်ယောက်တည်း ကွင်းပတ်ကစားလို့ မရနိူင်ပါဘူး။
လင်နဲ့ မယားအပေးအယူအချိတ်အဆက်မိမှ
သာယာသော အိမ်ထောင်ရေးဖြစ်လာမှာပါ။
အိမ်ထောင်ဦးစီးကလည်း ငွေကြေးရှာဖွေပေးရုံနဲ့
မလုံလောက်သလို အိမ်ရှင်မကလည်း အိမ်မှုကိစ္စ
လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။
အိမ်ထောင်ဦးစီးတစ်ယောက်ပြုလုပ်သင့်သော
တာဝန်များမှာ....
(၁)အလုပ်တစ်ခုကို အတည်တကျ လုပ်ပါ။
(၂)အသုံးနဲ့အဖြုန်းကို နားလည်တတ်ပါစေ။
(၃)မိသားစုအတွက် တတ်နိူင်သမျှ အချိန်ပေးပါ။
(၄)အရက်သေစာ၊လောင်းကစား၊အပျော်အပါးများကို
တတ်နိူင်သမျှရှောင်ကြဉ်ပါ။
(၅)သားသမီးများကို အချိန်ရရင်ရသလို
နွေးထွေးမှုပေးပြီး ဆုံးမပါ။
(၆)ကိုယ်ကျင့်တရား ကို အတတ်နိူင်ဆုံး
လုံခြုံအောင်ထိမ်းပါ။
(၇)ဘုရား တရား၊မိဘ ဆရာကို ရိုသပေါ။
(၈)အသိပညာမြင့်မားအောင် စာဖတ်ပါ။
(၉)အကောင်းအဆိုးကို ခွဲခြားတတ်ဖို့ လိုပါတယ်။
(၁၀)အမြင်ကျယ်ပြီး စိတ်သဘောထားမြင့်မားဖို့
လိုပါတယ်။
(၁၁)ဇနီးသည်ကို လေးစားတန်ဖိုးထားပါ
(ကိုယ်ကိုယ်တိုင် တန်ဖိုးထားမှ သားသမီးနှင့်
ပတ်ဝန်းကျင်က လေးစားတန်ဖိုးထားမှာပါ)
(၁၂)အလုပ်ရဲ့ဖိအားကို အိမ်မှာ မပေါက်ကွဲမိပါစေနဲ့နော်။
(၁၃)တည်ကြည်သောစကား၊ နွေးထွေးသော အပြုအမူနဲ့ အိမ်ရှင်မရဲ့ ချွေးကိုသုတ်ပေးပါ။
(၁၄)အိမ်ရှင်မကို ရိုက်နှက်ခြင်းနှင့်
စကားကြမ်းကြမ်းပြောဆိုခြင်း မပြုလုပ်သင့်ပါ။
အိမ်ထောင်ဦးစီးဆိုတာ ဇနီးမယား၏ အားကိုးရာ
ဖြစ်သလို သားသမီးများအတွက် စံနမူနာ ပုဂ္ဂိုလ်
ဖြစ်သောကြောင့် “ကိုယ်ကျင့်တရား"
လုံခြုံဖို့တော့ လိုတယ်။
အိမ်ရှင်မ ဆိုတာ အိမ်ကို ရှင်သန်အောင် "မစ" သူဖြစ်သလို သားသမီးများ၏ ဘဝကို တည့်မတ်အောင် "မစ" ပေးနိူင်သော အနွေးထွေးဆုံးရင်ခွင်တစ်ခုပါ။
အိမ်ရှင်မတစ်ယောက် ပြုလုပ်သင့်သော တာဝန်များမှာ
(၁)စည်းကမ်းရှိပါ။
(၂)နှစ်ဖက်ဆွေမျိုးတွေအပေါ် အတတ်နိူင်ဆုံး
ကြည့်ရူပေးကမ်းပါ။
(၃)ဖြစ်သလိုမနေသင့်သလို
အလွန်အကျွံ အလှအပ မမက်မောသင့်ပါ
(တစ်ချို့ အမျိုးသမီးတွေက အိမ်ထောင်ကျပြီးပြီဆိုပြီး အနေအထိုင် ပက်စက်လာကြတယ်။
တကိုယ်ရေ သန့်ရှင်းမှု သိပ်မလုပ်ကြတော့ဘူး။
ဒါဟာ လင်ယောကျာင်္းကို သိပ်စိတ်ပျက်စေပါတယ်
(၄)အနေအထိုင် အပြောအဆိုသတိထားပါ။
(၅)ဝင်ငွေထွက်ငွေကို အသုံးချတတ်ပါစေ။
(၆)သစ္စာ တရားကို လက်ကိုင်ထားပါ။
(၇)မယ်တစ်ရွက် မရွက်နိူင်ရင်တောင်မှ
ပလိုင်းပေါက်မဖြစ်ဖို့အရေးကြီးပါတယ်။
(၈)ဘုရားတရား၊ မိဘ ဆရာ ကိုလေးစားပါ။
(၉)အိမ်လည်ခြင်း ၊ ချဲထီစသောလောင်းကစားများကို ရှောင်ကြဉ်ပါ။
(၁၀)ဘေးလူပြောစကားထက် ကိုယ့်လင်သားကို
ယုံကြည်မှုထားပါ။
(၁၁)ကိုယ်လင်သားကို လေးစားပါ(ကိုယ်လေးစားမှ
သားသမီးနှင့် ပတ်ဝန်းကျင်က လေးစားမှာပါ)
(၁၂)လင်ယောက်ျားအလုပ် အဆင်ပြေသည်ဖြစ်စေ၊မပြေသည်ဖြစ်စေ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ။
(၁၃)ချိုသာသောစကား၊နှစ်လိုဖွယ်အပြုံးနဲ့
လင်ယောက်ျားရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပါ။
(၁၄)လင်ယောက်ျားစိတ်ရှုပ်နေတဲ့အခါ စကားကို
သတိထားပြောပါ။
(၁၅) လင်ယောက်ျားကို စိတ်ဖိစီးမှုဖြစ်စေမယ့် အပြောအဆိုကို ဆင်ချင်ပါ။
အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးကတော့
“အတ္တ"တွေလျော့ချပြီး ချစ်ခြင်းထက် ယုံကြည်မှု၊
နားလည်မှုကို ခိုင်မာအောင်တည်ဆောက်ရတာမျိုးပါ။
အတ္တတွေ လျော့ချပြီး သူ့ဘက် ကိုယ့်ဘက်မျှတအောင်
ကြည့်ရူခံစားပေးခဲ့ရင် "သစ္စာ"တရား ခိုင်မာလာပြီး
မေတ္တာတရား လေးနက်လာပါလိမ့်မယ်။
ပျော်ရွှင်စရာကောင်းသော စံပြအိမ်ထောင်ရေး
ဖြစ်လာဖို့က နှစ်ဦးစလုံးနဲ့ သက်ဆိုင်ပြီး
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးမှသာ
ပျော်စရာဘဝတစ်ခု ဖြစ်လာပါလိမ့်မယ်။
#ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙
゚viralシ
30/04/2025
အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့ လူတွေချည်းပါပဲ။
ဘယ်ဆက်ဆံရေးမှ ရွှေရည်စိမ်နဲ့ မကင်းဘူး။
လူဆိုတာ ကိုယ့်အကျိုးလေးပါမှ စေတနာထားတတ်ကြတာ။
ဆီပေးလို့ ဆန်ရတာပါပဲ။
ဒါကိုပဲ စကားလုံးလှအောင်
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ လို့
သုံးနှုန်းပြောဆိုနေကြတာ။
တကယ်တမ်းကျတော့ လူတွေဟာ
ဆရာတာရာမင်းဝေရဲ့ ကဗျာထဲကလိုပဲ
လူတွေချစ်တယ်ဆိုတာက သူတို့ကို မထိခို-က်သရွေ့ပဲ မဟုတ်လား။
30/04/2025
မိန်းမတစ်ယောက်ရဲ့တန်ဖိုးက
သိက္ခာနဲ့ ကိုယ်ကျင့်တရားပါ
မိန်းမချင်းတူပေမဲ့ သိက္ခာနဲ့
ကိုယ်ကျင့်တရားနဲ့မတူရင်
တန်ဖိုးချင်းလည်း မတူနိုင်ပါ ဘူး...။
စိန်လည်း ကာဗွန်ပဲ
မီးသွေးလည်း ကာဗွန်ပါပဲ
ကာဗွန်ချင်း တူပေမဲ့
တန်ဖိုးချင်းကတော့ မတူဘူး
အဖိနှိပ်ခံ အပူပေးခံရတာများတော့
မလောင်ကျွမ်းပဲ
တောင့်ခံနိုင်တဲ့ သူက
စိန် ဖြစ်သွားတာပါပဲ
အပူနဲ့ ဖိအားကြောင့်
ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ
အဲဒါကြောင့် အပူတွေ
ဖိအားတွေ လာရင်
စိတ်မပျက်ပါနဲ့
ငါ့ကို စိန်ဖြစ်အောင်
လုပ်ပေးမဲ့ အရာတွေပဲလို့
ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ
မကြာခင်ကာလမှာပဲ
စိန်ဖြစ်သွားပါလိမ့်မယ်
လိုက်ပြီး ခံစား
လောင်ကျွမ်း နေရင်တော့
မီးသွေးပဲ ဖြစ်သွားမှာပေါ့။
#ဘဝစာပေ
17/04/2025
တူရာ တန်ရာ
သစ္စာ မရှိတဲ့ ယောက်ျား နဲ့
တန်ဘိုးမရှိတဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
#ဖောက်ပြန်ခြင်းဆိုတာ ဖြစ်ပေါ်လာတယ်။
မြင်မြင်သမျှ မိန်းမ ကို ကြိုက်တတ်တဲ့ ယောက်ျားနဲ့
ယောက်ျား မှန်သမျှ ကို လက်ခံတဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
#စနိုက်ကြော်ခြင်း ဆိုတာဖြစ်ပေါ်လာတယ်။
ငွေရှိရင် ဘာမဆို လုပ်လို့ရတယ် ထင်တဲ့ယောက်ျားနဲ့
သူများအထောက်အပံ့ ကို ယူချင်တဲ့ မိန်းမ တွေ့ဆုံတဲ့အခါ
#စပွန်ဆာ ဆိုတာ ဖြစ်လာတယ်။
ဒါကြောင့်
တူရာတူရာတွေ့ပြီး တန်ရာတန်ရာ ရကြတယ်ဆိုတာ
ဒီလို တွေ့ဆုံခြင်းမျိုးကို ပြောတာဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ကိုယ် နဲ့ က စိတ်ရော ဗီဇေရာ မတူလို့
ထွက်သွားတဲ့ အပေါ် မှာ လိုက်ပြီး ခံစားမနေပါနဲ့
သူနဲ့ မကောင်းတဲ့ အကျင့်စရိုက် ဗီဇ တူတဲ့ တန်တဲ့
သူနဲ့ တွေ့ဆုံ နေလို့ပါ။
ကိုယ့်အပေါ်မချစ်မနှစ်သက်တက်သူတွေနက်
ဝေးရာမှာနေပါ☺
#လူငယ်များအတွက့်စာကြည့်တိုက့်
Click here to claim your Sponsored Listing.
Category
Website
Address
10011