STLC-Thapaung

STLC-Thapaung

Share

Swal Taw Education Center နှင့်အတူ ရပ်တန့်နေသော ပညာရေးလမ်းကြောင်းကို အကောင်းဆုံးဆက်လျှောက်မယ်။

Photos from STLC-Thapaung's post 29/07/2026

ဒီနေ့ကတော့ ကျွန်မတို့ စွယ်တော်သင်တန်းကျောင်းရဲ့ အမှတ်တရနေ့လေး တစ်ရက်ပေါ့ရှင် 🥰

ဒီနေ့ ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့ နေ့ထူးနေ့မြတ်မှာ ကျွန်မတို့ စွယ်တော် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်း (သာပေါင်း) က သံဃာတော်များကို သင်္ကန်း၊ ဆီမီး၊ အမွှေးတိုင်၊ ဝထ္ထုငွေ ၊ အချိုရည် တို့ကို ဆရာ၊ ဆရာများ နှင့် ကျောင်းသား/သူ တို့ အတူ ပျော်ရွှင်စွာ ကပ်လှူခဲ့ကြပါတယ်။

တီချယ်တွေဆင်တူUniform ၊ ကျောင်းသား/သူတို့ Uniform လေးတွေနဲ့ ကြည့်ရတာကိုက အမှန်တကယ်ကို စိတ်ချမ်းသာပျော်ရွှင်ရတဲ့နေ့လေးပါရှင့်🥰

အိမ်နဲ့တူသော ပျော်ရွှင်ဖွယ်ရာများနဲ့အတူ စည်းစနစ်တကျသင်ယူနိုင်သော စာသင်ခန်းများကို ဂုဏ်ယူစွာဖန်တီး လျက် ……

စွယ်တော် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်း၊ ဆောင်ဘုံရွာ၊ သာပေါင်းမြို့။ 09750040770,09750060122



#စွယ်တော်
#သင်တန်းကျောင်း
#သာပေါင်း
#ဘာသာရပ်သင်

16/07/2026

အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲမှာ ကျောင်းအဆင့် ပထမ ရရှိပြီး မြို့နယ်အဆင့် ဆက်လက်ပြိုင်ရမှာ မြို့နယ်အဆင့် ပထမရရှိသွားတဲ့ သားလေး မောင်ခန့်ညီညီ ကို ကျွန်မတို့စွယ်တော် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းက ဂုဏ်ယူစွာဖြင့် အမှတ်တရရှိစေရန် ဖော်ပြလိုက်ရပါတယ်ရှင့် 🥰

ဆက်လက်ပြီး သားလေးကို အများကြီးပံ့ပိုးနိုင်အောင် ကြိုးစားသွားပါဦးမယ်။

📌သားလေး ပုံလေးက သီးသန့်ရိုက်ထားတာမရှိလို့ ကျောင်းဖွင့်စ ဇွန်လ ပထမအပတ်မှာ ကိုယ်ပိုင်အမည်လေးတွေနဲ့ ကိုယ်ပိုင်သစ်ပင်လေးတွေ ကိုယ်တိုင်စိုက်ကြရင်း အမှတ်တရပုံလေးကို ပြန်တင်ခြင်းဖြစ်ပါတယ်ရှင် ☺️

စွယ်တော် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်း၊
သာပေါင်းမြို့။ ☎️09750040770

#စွယ်တော်
#ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်း

17/04/2026

နှစ်သစ်မှာ ပျော်ရွှင်အောင်မြင်ပါစေ။
ရည်မှန်းချက်များလဲ ပေါက်မြောက်ပါစေ။ 🥰

အတန်းပြန်စတာနဲ့ အိမ်စာစစ်ပါမယ် 😊

23/03/2026

International Mathematics

Want your business to be the top-listed Beauty Salon in Pathein?
Click here to claim your Sponsored Listing.

Category

Website

Address

Pathein