Myint Moo
အစာအိမ်ရောဂါ အတွက် သုံးနိုင်သော
ဆေး
05/03/2025
မြင့်မိုရ်အစာအိမ်ရောဂါဆေး
ဤဆေးသည် အစာအိမ်ရောဂါနှင့် လေရောဂါများကို ဆော်ဒါသောက် နေရသည်ဖြစ်စေ၊အစာအိမ်နာဖြစ်နေသည်ဖြစ်စေ၊ ဗိုက်ခွဲပြီးသော်လည်းရောဂါ ခံစားမြဲခံစားနေရသည်ဖြစ်စေ သက်သာပျောက်ကင်းစေသောဆေးဖြစ်ပါသည်။ အစာစားပြီး တင်းကြပ်ကြပ်ဖြစ်နေခြင်း၊ အစာမကြေရင်ခံခြင်း၊ စားပြီး
အံချင်သလိုဖြစ်လာခြင်းသည် အစာအိမ်အားနည်းလာခြင်း၏အစဖြစ်၍ထမင်း ပျော့ပျော့နွေးနွေး ဆီနည်းနည်းဖြင့် နူးအောင်ချက်ထားသော ရေချိုဟင်းများနှင့် တစ်ခါစားလျှင် ခါတိုင်းစားနေကျ၏၅ - ပုံ ၁ - ပုံခန့်သာစားပါ။မည်သည့်အကြော် များ ကြော်သောအစာများမစားရပါ။ ဆေးကို ၅ - နာရီတစ်ကြိမ်စားပါ။ ဤကဲ့သို့ ထမင်းပျော့ပျော့ နည်းနည်းစားလို့ပင်မသက်သာပါက ထမင်းလုံးဝမစားဘဲ အသားငါးများနှင့်လည်းကောင်း၊နို့ဖြင့်လည်းကောင်း၊နူးအောင်ချက်ပြုတ်ထား သော ဆန်ပြုတ်ကိုသာ တစ်ခါသောက်ပန်းကန်အသေး တစ်ဝက်မျှသောက်ပါ။ ကိတ်မုန့်၊ ပေါင်မုန့်၊ ဘီစကွတ်များလောက်သာစားပါ။ ဆေးကို ၃ - နာရီတစ်ကြိမ် သောက်ပါ။ ဤကဲ့သို့ အဖတ်ပါသော ဆန်ပြုတ်ဖြင့်ပင် သက်သာမှုမရှိခဲ့သော် အစာအိမ် အလွန် အားနည်းနေပြီဟုယူဆ၍ ဆန်ပြုတ်အရည်ကြည်ကို အဖတ် လုံးဝမပါစေဘဲ စစ်၍(ကစီရည်)သော်လည်းကောင်း၊ စွတ်ပြုတ်ရည်၊ နို့ကော်ဖီ၊ ရှောက်သံပုရာ၊ရှာလပတ်ရည်ကိုသော်လည်းကောင်းသောက်ပြီးဆေးကို၂-နာရီ တစ်ကြိမ် သောက်ပါ။ နို့နှင့်အချဉ်မတည်၍ အနည်းဆုံးအချိန် ၂-နာရီခြားပြီးမှ သောက်ပါ။
ဆေးတစ်ခါသောက်လျှင်လက်ဖက်ရည်ဇွန်းမောက်မောက်ဖြစ်ပါသည်။ အစာအိမ်ရောဂါဖြစ်ရာ၌ ရှောက်သံပုရာမှတစ်ပါး၊ အခြားမည်သည့် အချဉ်အစပ် မှ မစားရပါ။ ဤဆေးသည် ဆာတတ်သည်၊ အစာကိုလည်းနည်းနည်းစီသာစား ပါ။ ဆာလျှင် ဆာသည့်အချိန်တိုင်း နည်းနည်းစီ ထပ်စားပါ။ ဆေးသောက်ရက် (၃)ရက်ခန့်ရတိုင်း အစာကို နည်းနည်းစီတိုးစားကြည့်ပါ။ လက်မခံသေးလျှင် ပြန်လျှော့စားပါ။ တစ်ကြိမ်လျှင် စားချင်သလောက်စား၍ ဘာမှမဖြစ်တော့မှသာ အစာကိုတစ်ဆင့်ပြီးတစ်ဆင့်တက်စားပါ။ ရှောက်၊ သံပုရာ၊ ရှာလပတ်ရည်များ ဆေးသောက်ချိန်နီးသော်၊ လေအထက်ပင့်တက်၍ အနည်းဆုံး ၂-နာရီခန့် အချိန်ခြားသောက်ပါ။
ဤဆေးသည် အပူလည်းမဟုတ် အအေးသက်သက်လည်းမဟုတ်၍ အစာအိမ်ရောဂါမှန်လျှင် အပူနာ၊ အအေးနာ နှစ်မျိုးစလုံးသင့်မြတ်ပြီး ကိုယ်ဝန် ဆောင်များပါ စိတ်ချစွာစားသုံးနိုင်ပါသည်။ (၁၂)နှစ်အောက် ကလေးများ ဆေး လက်ဖက်ရည်ဇွန်းတစ်ဝက်၊ လေးပုံတစ်ပုံ၊ ရွေးလေးစေ့၊ ရွေးတစ်စေ့ စသည်ဖြင့် ချင့်ချိန်တိုက်နိုင်ပါသည်။ ဘေးဥပါဒ်မရှိပါ။
မြင့်မိုရ် - ဆေးတိုက်၊ အမှတ်(၁၂၆၉) ရွှေလက်လှလမ်း ပြည်မြို့။
ဝ၅၃-၂၉၄၆ဝ ၉ ၀၉-၄၃ဝဝ၇ဝ၁၆
23/02/2025
အစာအိမ် ဆေး ကောင်းတစ်လက်
19/02/2025
ဆေးရမည့် နေရာလေးတွေ မေးကြလို့
16/02/2025
14/02/2025
13/02/2025
ရောဂါနှင့် ဆေး - သင့်အောင်ပေး
13/02/2025
အစာအိမ်ဆေး
12/02/2025
အစာအိမ် နဲ့ ပတ်သက်ရင်
အကောင်းဆုံး ဆေးပါ
အစာအိမ်ရောဂါ
တွက်
ဆေးကောင်းတစ်လက်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Pyay