Botanical Sakura Myanmar
Skin Care
28/12/2020
သင်တစ်လဝင်ငွေ ၁၀ သိန်းရှိတဲ့ချိန်မှာ
စားသောက်ဆိုင်တစ်ဆိုင်ဝင်ထိုင်မိလို့ ၁/၂ သောင်းကုန်တဲ့ချိန်မှာ ဆိုင်ကဈေးကြီးတယ်ဆိုပြီးတော့
သင် Social Media ပေါ်မှာတင်ပြီးပြောမှာမဟုတ်ပါဘူး
သင်တစ်လဝင်ငွေ သိန်း ၁၀၀ ရှိတဲ့ချိန်မှာ
LV brand ဝယ်သုံးတာကို အထူးအဆန်းမြင်မှာမဟုတ်ပါဘူး
သင်တစ်လဝင်ငွေ သိန်း ၁၀၀၀ ရှိတဲ့ချိန်မှာ
BMW ကားအကောင်းစားဝယ်စီးတာကို ပုံမှန်ဖြစ်ရပ်တစ်ခုပဲလို့ သင်မြင်ပါလိမ့်မယ်
မနေ့က Center တစ်ခုမှာ နေ့လည်စာစားရင်း ဘေးနားက ကောင်မလေးတစ်အုပ်စုစကားပြောတာကို ကြားခဲ့ရပါတယ်။ အဲ့ဒါကြောင့်ဒီစာလေးရေးလိုက်တာပါ။
ဘယ်အရာမဆို Level ရှိပါတယ်။ လူ့ဘဝလဲတူတူပါပဲ ။ နန်းခွဲခွဲခြားခြားလုပ်တာမဟုတ်ပါဘူး
သဘာဝကိုက ခွဲခြားထားပြီးသားပါ။
Game ကစားရင်လဲ Level ရှိပါတယ်။ Rank လဲရှိပါတယ်။ အပေါ်ရောက်လေ လူတွေကအထင်ကြီးလေပါပဲ
Game မှာတောင်မှ Level မြင့်ချင်ရင်ကိုယ်တိုင်ကြိုးစားမှရပါတယ်။
ပုံမှန်သူတစ်ယောက်ပြောတဲ့စကားက ဘယ်လောက်သွေးထွက်အောင်မှန်နေပါစေ လူတွေအလေးမပေးပါဘူး
အောင်မြင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ပြောလိုက်တဲ့စကားတစ်ခွန်းကိုတော့ လူတိုင်းယုံကြည်လိုက်နာကြပါတယ်။
ဒီနေ့ ပစ္စည်းတစ်ခုကိုဝယ်လိုက်ရင် သူ့ရဲ့အဆင့်အတန်းရှိပါတယ်။ ဈေးနှုန်းတွေမတူကြပါဘူး
ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ဝယ်ကြပါတယ်။ ပိုရှိတဲ့သူက ပိုကောင်းတာဝယ်မှာပေါ့။ တတ်နိုင်တဲ့သူက သူတတ်နိုင်တဲ့ဈေးနှုန်းလေးနဲ့ဝယ်မှာပေါ့ ။ ရှင်းရှင်းလေးပါပဲ
သူ့လက်ထဲမှာ သိန်း ၅၀၀ အပိုငွေရှိလို့ iphone xs ဝယ်လိုက်တာ သူ့အတွက်တော့ ဖြုန်းတာမဟုတ်ပါဘူး။
သူ့ငွေကိုသူသုံးတာပါ။ သူရှာနိုင်လို့သူသုံးတာလေ ။
သူရှာနိုင်တာမဟုတ်ဘူး သူ့အိမ်ကဝယ်ပေးတာလေ လို့မပြောပါနဲ့ ။ သူ့အိမ်ကဝယ်ပေးနိုင်လို့ဝယ်ပေးတာလေ။ ကိုယ့်မှာအဲ့လိုဝယ်ပေးနိုင်တဲ့ အိမ်မရှိရင်တော့ သူများလိုကိုယ်တိုင်ဝယ်နိုင်အောင်ကြိုးစားပါ ။ အဲ့လိုပြောလို့ မချဉ်ပါနဲ့ ။ ကိုယ့်အားကိုယ်ကိုးပါလို့ပြောချင်တာပါ ။ နန်းလဲအဲ့လိုဝယ်ပေးနိုင်တဲ့ အိမ်မရှိပါဘူး။
“ငွေပိုရှာတဲ့နေရာမှာ မကြိုးစားရင် ငွေသုံးတဲ့နေရာမှာ ပိုပြီးချွေတာအောင် ကြိုးစားရလိမ့်မယ်”
နောက်တစ်ခါပြောပါရစေ
“ငွေပိုရှာတဲ့နေရာမှာ မကြိုးစားရင် ငွေသုံးတဲ့နေရာမှာ ပိုပြီးချွေတာအောင် ကြိုးစားရလိမ့်မယ်”
Crd
25/12/2020
#အရေပြားမှာ ဆဲလ်သေတွေရှိနေတယ်ဆိုရင်
ကောင်းတာတွေ လိမ်းပေမယ့်
#မထိရောက်ပဲ ဖြစ်တတ်ပါတယ်နော်
#အဲ့ဒီတော့ skincare တော့မယ် skinလေးလှချင်တယ်ဆိုရင်တော့
.1 ပထမဆုံးအဆင့်အနေနဲ့ Face scrub ပုံမှန် လေးလုပ်ပေးသင့်ပါတယ်နော်
#ဒီ Scrub လေးက ဆဲလ်သေတွေဖယ်ရှာပေးနိုင်ပြီးတော့ အသားအရေကြည်လင်လာစေမှာနော်
#အရေပြားထိခိုက်စေတဲ့ ပါဝင်ပစ္စည်းတွေမပါဝင်လို့ အထိခိုက်မခံတဲ့ Sensative skin လည်း အသုံးပြုနိုင်ပါတယ်ရှင့်
တဗူးကို ၂လလောက်အေးဆေးအသုံးခံပါတယ်နော်
#09954017030
18/11/2020
#ကျမလို ဝက်ခြံတွေအမြဲထွက်လို့ အရေပြားအထူးကုနဲ့တောင် ပြနေရတဲ့သူက
#ဒီအတွဲလေးသုံးလိုက်မှပဲ အရင်ကဝက်ခြံတွေ အရမ်းထွက်တာပါလို့ပြောရင်တောင် သိပ်မယုံချင်ကြတော့ဘူးဟုတ်လို့လားပေါ့
#အရင်တည်းကသိတဲ့သူတွေက ဟုတ်တယ်အရင်က အိမျက်နှာဝက်ခြံတွေအများကြီး မပြတ်ဘူးထွက်တာဆိုပြီး ဝင်ထောက်ခံပေးရတဲ့အထိ
Scrub & Mask & Foaming cleanser > 1 Set >>>20800
29/07/2020
FAQ for Botanical Sakura Facial Foam 🍃
ပါဝင်ပစ္စည်း များ နှင့် ထုတ်ကုန် အကြောင်း
၁။ထုပ်ပိုးမှု ၏ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု
-ပြန်လည် အသုံး ပြု နိုင်သော PET Grade ပလတ်စတစ်ကို သာ အသုံး ပြုထားပါသည်။
၂။အသုံး ပြုထား သော အနံ့ များ မှာသဘာဝအနံ့များ ဖြစ်ပြီး ဘေးကင်းမှု ရှိပါ သလား ။
-Botanical Sakura တွင် အသုံး ပြု ထား သော အနံ့များ မှာ သဘာဝ သစ်သီး အရွက်များ မှ ရရှိသော အဆီ များနှင့် သာ ဖော် စပ်ထား ပြီး ဘေး ကင်း စေ ပါသည်။
၃။တာရှည်ခံ ပစ္စည်းများ ပါဝင်ပါသလား ။
-အလှကုန်ပစ္စည်း များ တွင် ထည့်သွင်း အသုံး ပြုရန် ကမ္ဘာတစ်ဝှမ်းထောက်ခံ ချက် ရရှိထားပြီး ကျယ်ပြန့်စွာ အသုံး ပြုနေသော Phenoxyethanol (1%ရာခိုင်နှုန်း အောက်)ပါဝင်ပါသည်။
၎။Paraben free ဖြစ်ပါသလား
-Paraben free ဖြစ်ရုံ သာမကဘဲ Sulphate Free ဖြစ်ပါသည်။ဘေးကင်းစိတ်ချရသော Potassium Hydroxide ဖြင့် သာ ဖော်စပ်ထား ပါသည်။
၅။ဓာတ်မတည့်မှု ရှိပါသလား ။
-ရှိနိုင်ပါသည်။
မည်သည့်ထုတ်ကုန်မဆို လူတ်ုင်းနှင့် မတည့်ပါသဖြင့် ဓါတ်မတည့်မှု့ ရှိနိုင်ပါသည်။
Essential oil ပါဝင်သောကြောင့် Essential oilထုတ်ယူရရှိသော သစ်သီး အရွက်များ နှင့် ဓာတ်မတည့်မှု ရှိပါက ဖြစ်ပွား နိုင်ပါသည် ။
ဓာတ်မတည့်မှု လက္ခဏာများ မှာ
အသားအရေ ရောင်ရမ်း နီရဲ လာခြင်း အရောင်မညီ မှု ဖြစ်လာခြင်း
ယားယံလာခြင်း
အရည်ကြည်ဖုများ ထွက်ပေါ်လာခြင်း စသည်တို့ ဖြစ်ပွား နိုင် ပြီး
လက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ရေဖြင့် ဆေးကြော ကာ သုံး စွဲ မှု ကို ချက်ချင်း ရပ် ၍ နီး စပ်ရာ ဆေးခန်း သို့မဟုတ် ကျွမ်းကျင် သူများ နှင့်ပြ သပါ
၆။ သက် တမ်း ကုန်ဆုံးရက်
-၁နှစ်၆လ
အဖုံးဖွင့်ပြီး ပါက ၉လအတွင်းသုံး စွဲရန်
၇။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အသုံးပြုနိုင်ပါသလား ။
အသုံး ပြုန်ုင်ပါသည်
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အသုံး မပြုရန် တား မြစ်ထား သော ဆပ်ပြာအမျိုးအစားပါဝင်ခြင်းမရှိပါ
၇။ တိရစ္ဆာန်အဆီနှင့် စမ်း သပ်မှု
Botanical sakura မျက်နှာသစ်များ ကို အပင်မှရရှိသော ပါဝင်ပစ္စည်း များ နှင့် သစ်သီး ဟင်းရွက် အဆီများ ဖြင့်သာ ပြုလုပ်ထား ပါသည် ။
*အသားအရေ နှင့် သက်ဆိုင်သော မေးခွန်းများ
Foaming Cleanser for oily and Combination Skin
၁။ခြောက်သွေ့သော အသားအရေပိုင်ရှင်များ အသုံး ပြုနိုင် ပါသလား ။
အသုံး မပြုနိုင်ပါ
၂။ထိခိုက် လွယ်သော အသားအရေ ပိုင်ရှင် များ အသုံး ပြုနိုင်ပါသလား ။
အသုံးပြုနိုင်ပါသည်။
မျက်နှာ ပေါ် အသုံး မပြုခင် လက်သို့ မဟုတ် ခန္ဓာ ကိုယ် တစ်နေရာပေါ်တွင် ဦး စွာ စမ်းသပ်ပြီး မှ အသုံးပြုပါ ။
၃။အဆီပြန်သော အသားအရေများ အသုံး ပြုနိုင်ပါသလား ။
အသုံး ပြုနိုင်ပါသည်။
၎။Breakouts ဖြစ်နေသော အသားအရေ ပေါ်တွင် အသုံး ပြုနိုင်ပါသလား ။
အသုံး မပြုနိုင်ပါ။အဆီပြန်နှင့် ပေါင်းစပ်အသားအရေ အတွက်သာ ထုတ်လုပ်ထား ပါသည်
၅။ကြမ်း တမ်းအရေခွံလန်နေသော အသားအရေ ပေါ် အသုံး ပြုနိုင်ပါသလား ။
ကျွမ်း ကျင်သူနှင့် တိုင်ပင်၍ အသုံး ပြုနိုင်ပါသည်
၆။ နေလောင်သော အသားအရေ ပေါ် တွင် အသုံး ပြုနိုင်ပါသလား
အသုံး ပြုနိုင်ပါ သည်
သက်သာပျောက်ကင်းစေ ပြီး ပိုးမွှားနှင့် မှို စွဲမှု ကို ကာကွယ်ပေးနိုင်ပါသည်။
28/07/2020
#မိတ်ကပ်မလိမ်းပဲ လှဖို့ဆိုတာ Skin ကောင်းအောင် အရင်ဆုံး Skin Care ထားဖို့လိုတယ်နော်
#ဝင်ငွေကောအလှကောတိုးချင်ရင် B Sakura ရောင်း
24/07/2020
Botanical Sakura
💚🌿💚🌿💚🌿
Foaming cleanser -Oily Skin တွေက
မျက်နှာသစ် ပန်းရောင်ကိုမသုံးသင့်သလို
Totally Dry Skin တွေကလဲ
မျက်နှာသစ် အစိမ်းရောင်ကိုလုံးဝမသုံးသင့်ပါဘူး 🌿🌱
Greenမျက်နှာသစ်က
အဆီတွေစုပ်ယူပေးစေတာမို့
အသားခြောက်တတ်တဲ့သူတွေက
အသုံးပြုမိတဲ့အခါ Skin ပိုခြောက်သွားစေမှာပါ 💚
Pink မျက်နှာသစ်က
မျက်နှာကို အစိုဓာတ်ပေးနိုင်တဲ့ အဆီအနှစ်တွေ
ပါဝင်တာကြောင့်
Oily skin က ပန်းရောင်သုံးတဲ့အခါ အဆီပိုပြန်တာမျိုး ဖြစ်နိုင်ပါတယ် 💚
အဲဒါကြောင့် Foaming Cleanser ရွေးချယ်တဲ့အခါ
Oily Skinအတွက် Greenဖြစ်ပြီး
Dry Skinအတွက် Pinkကို ရွေးချယ်ရမှာပါ 🌿🌿🌿
7000 MMK
24/07/2020
ပျိုမေလေးတို့ မဖြစ်မနေသိထားသင့်တဲ့ face scrub လုပ်ရာတွင် အထူးသတိထားရမည့်အချက်များ
💚💚💚💚💚💚💚
နေ့စဉ်သွားလာလှုပ်ရှားမှုတွေကြားထဲမှာ
နေဒဏ် လေဒဏ်တွေအပြင်
လေထုညစ်ညမ်းမှုကြောင့်
မမြင်ရတဲ့ဖုန်မှုန့်တွေ အညစ်အကြေးတွေဟာ
မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်လေးတွေမှာ
ပိတ်ဆို့တတ်ပါတယ်။
ပုံမှန် cleaning foam တွေ သုံးပေးရုံက
ချွေးပေါက်အတွင်းပိုင်းထဲအထိ
Cleaning မလုပ်ပေးနိုင်တဲ့အခါမှာ ၀က်ခြံတို့ အဆီဖုတို့ ဖြစ်တတ်ပါတယ်။
ဒါ့အပြင် အရေပြားအတွင်းပိုင်းမှာ
ကျန်ရှိနေတဲ့ ဆဲလ်သေလေးတွေကို
မဖယ်ရှားပေးနိုင်တဲ့အခါမှာလည်း မျက်နှာအသားအရည်ဟာ
အရင်ထက် ပိုညစ်ညမ်းမှုတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် တစ်ပတ်မှာ တစ်ကြိမ်တော့ scrub လုပ်ပေးဖို့ လိုအပ်ပါတယ်။
Face Scrub တွေကို အသုံးပြုမယ်ဆိုရင် သင့်တော်တဲ့ ပမာဏကိုယူပြီး
မျက်နှာကို စက်ဝိုင်းပုံစံ ညင်သာစွာ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။
(၁)မိနစ်ကနေ (၃)မိနစ်ထိ ပွတ်တိုက်ပေးပြီး
ရေဆေးချလိုက်ရင် မျက်နှာမှာရှိတဲ့ အဆီတွေ၊ ချွေးပေါက်ပိတ်နေတာတွေ၊ အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။
Face Scrub လုပ်ရာတွင် အထူးသတိထား လိုက်နာရမဲ့ အချက်တွေကတော့
💚၁. မျက်နှာကို scrub အသုံးပြုရာတွင် မျက်နှာအသားအရည်ဟာ အရမ်းကိုနူးညံတာဖြစ်တဲ့အတွက် ညင်သာစွာပွတ် အသုံးပြုပေးရပါမယ်။
💚၂. Scrub က ဆဲလ်သေတွေကို ဖယ်ထုတ်ပြီး ချွေးပေါက်တွေ ပွင့်စေတာမို့ အသုံးပြုပြီးရင် အစိုဓာတ်ထိန်းပေးနိုင်ရန် ကိုယ်သုံးနေကျ moisture တစ်ခုခုလိမ်းပေးရပါမယ်။
💚၃. Scrub သုံးပြီးသည့် ချက်ချင်း အကာအကွယ်မပါဘဲ နေပူထဲထွက်ခြင်းကို လုံးဝရှောင်ရှားရပါမယ်။
💚၄. ထိလွယ်ခိုက်လွယ်တဲ့ အသားအရေရှိသူများနှုင့် ၀က်ခြံအထွက်များသူများ ကိုယ်နဲ့ကိုက်ညီမဲ့ product ကို စမ်းသပ်ရွေးချယ်ကာ အထူးဂရုစိုက် အသုံးပြုရပါမယ်နော်။
💚၅. လေဆာကုသမှု ခံယူထားတဲ့သူများကတော့ မည်သည့် scrub အမျိုးအစားကိုမဆို အသုံးပြုရန် မသင့်တော်ပါဘူးနော်…
ပျိုမေလေးတို့လည်း ဒီအချက်တွေကို လိုက်နာပြီး face scrub ကို စနစ်တကျအသုံးပြုလို့ရအောင် ပြောပြပေးရခြင်း ဖြစ်ပါတယ်ရှင်။
23/07/2020
#မျက်နှာမှာ ဆဲလ်သေတွေ ရှိနေရင်တော့
ဘယ်လောက်ကောင်းတဲ့ Skin Care တွေပဲလိမ်းလိမ်း ထိရောက်မှာမဟုတ်ပါဘူးနော်
#ဆဲလ်သေတွေဖယ်ဖို့က Face scrub လေး တပါတ် ၂ကြိမ် မဖြစ်မနေ သုံးရမှာပါနော်
23/07/2020
Botanical Sakura
💚🌿💚🌿
သဘာဝအတိုင်း ကြည်လင်ဝင်းပပြီး ချောမွေ့နူးညံ့တဲ့ မျက်နှာလေးရဖို့ စနစ်တကျ Botanical Wash off face mask ဘယ်လိုသုံးမလဲ?
ကိုယ့် မျက်နှာလေးကို အခုထက်ပိုပြီး ကြည်လင်ဝင်းပချင်ပြီဆိုရင် ဒီစာလေးကို ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်နော်။
ကြည်လင်ဝင်းပပြီး နူးညံ့ချောမွေ့တဲ့
မျက်နှာအသားအရည်လေး ပိုင်ဆိုင်ချင်သူ
ပျိုမေတို့ရော ကိုကိုတွေပါ သိထားသင့်တဲ့
စနစ်တကျ face mask အသုံးပြုနည်းလေးကို မျှဝေပေးပါရစေ။
Face mask အသုံးပြုနည်း အဆင့်ဆင့်
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
အဆင့် ၁- မျက်နှာပေါ်က အဆီနဲ့အညစ်အကြေးတွေကင်းသွားအောင် မျက်နှာသစ်ဆေးနဲ့အရင် ဆေးကြောပေးပါ။
အဆင့် ၂- မိမိ အသုံးပြုမဲ့ face mask အနှစ်ကို သင့်တော်တဲ့ ပမာဏဖြင့်
မျက်နှာနှင့် လည်ပင်းတစ်ဝိုက်ကို သုတ်လိမ်းပေးပါ။ (မိမိ အသားအရည်နှင့် ကိုက်ညီမှုရှိနေပါစေ)
အဆင့် ၃- face mask မိနစ် ၂၀ ထားပေးပါ။ (10-15မိနစ်ဆိုလျှင်လဲအာနိသင်အပြည့်အဝရပါပြီ။
မိနစ်၂၀ထက် ပိုပြီးလုံးဝမထားသင့်ပါဘူးနော်။
တကယ်လို့ မိနစ်(၂၀) ထက်ပိုပြီး ထားမယ်ဆိုရင် အသားရေရဲ့ အစိုဓါတ်ကို ပြန်စုပ်ယူသွားတဲ့သဘောဖြစ်တဲ့အတွက် Mask ကပ်ပေမဲ့
ဒီ Mask ရဲ့ အာနိသင်ကို မရရှိတဲ့အပြင် မလိုလားအပ်တဲ့ အသားရေပြသနာမျိုးတွေ ဖြစ်စေနိုင်ပါတယ်နော်
အဆင့် ၄- မိနစ် ပြည့်ရင်တော့ face mask ကို
တစ်ရှူးလေးဖြင့် သုတ်ပေးပါ။
အဆင့် ၅- face mask အကုန်လုံးပြောင်သွားရင်တော့ ရေအေးနဲ့ထပ်မံဆေးချပေးပါ။
အဆင့် ၆- အဆုံးသတ်ကိုတော့ သန့်စင်ပြီးနူးညံ့တဲ့
မျက်နှာသုတ်ပဝါနဲ့ ညင်သာစွာ ရေသုတ်ပေးပြီး မိမိသုံးနေကျ အစိုဓာတ်ဖြည့်တင်းပေးနိုင်မဲ့ skin care လေးတစ်ခုခု သုံးပေးလိုက်ရင် ပြီးပြည့်စုံသွားပါပြီ။
*အထူးသတိပေးချင်တာတစ်ခုက Orange Extract တွေနဲ့ပြုလုပ်ထားတဲ့ Botanical Sakura Wash off face mask လေးက
ခြောက်သွေ့လွန်းတဲ့ မျက်နှာအသားအရည်ပိုင်ရှင်များအနေနဲ့ အခုလို ပေါင်းတင်ခြင်းမျိုးကို
တစ်ပတ်မှာ တစ်ကြိမ်သာ ပြုလုပ်ပေးသင့်ပါတယ်ရှင်။5-10မိနစ်ဆိုလုံလောက်ပါပြီ။
ဒီနည်းလေးအတိုင်း
စနစ်တကျ ပုံမှန်ပေါင်းတင်ပေးမယ်ဆိုရင် ကြည်လင်ဝင်းပပြီး ချောမွေ့နူးညံ့တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲနော်။🥰🥰🥰
တစ်ခုသတိထားရမှာက ဘယ်ပစ္စည်းမဆို 70% သော လူတွေနဲ့သာ အဆင်ပြေမှာဖြစ်ပြီး 100% သော သူတွေနဲ့ အဆင်ပြေမှာမဟုတ်ကြောင်း သတိပေးပါရစေနော်
21/07/2020
#မနေ့က အမတစ်ယောက်က အိရေ အမမျက်နှာ ဝက်ခြံလို အဖုသေးသေးလေးတွေ ထွက်လို့ အမဘာသုံးရမလဲတဲ့
Sakura ရဲ့ Wash of Face Mask လေးသုံးဖို့ ညွှန်းပေးလိုက်တယ်
#လိမ္မော်သီး ရဲ့ အဆီအနှစ်တွေနဲ့ ပြုလုပ်ထားတာဖြစ်လို့ Vitamin C ကြွယ်စွာပါဝင်လို့ ဝက်ခြံ ဆားဝက်ခြံနဲ့ အမဲစက်တွေ သက်သာစေတယ်လေ
#အိကိုယုံကြည်ပြီး skin နဲ့ ပတ်သက်ပြီး လာတိုင်ပင်ကြလို့လည်း အိက ကျေးဇူးအများကြီးတင်ပါတယ်လို့
Mask 1 Sold Out
20/07/2020
မိန်းခလေးတယောက်ရဲ့ အလှဆုံးအချိန်က အိပ်ယာထတဲ့ အချိန်တဲ့…
အိပ်ယာက တကယ်နိုးလာတဲ့အချိန်ဆိုရင် မျက်နှာက အဆီပြန်ပြီး ဝက်ခြံတွေ ထွက်နေတတ်ပါတယ်။
နတ်သမီးလေးလို လှလှပပလေး နိုးလာချင်တယ်ဆိုရင် Botanical Sakura Face Mask ကိုသုံးဖို့ လိုအပ်လာပြီပေါ့…
ညအိပ်ရာမဝင်ခင် မျက်နှာကို စင်ကြည်အောင်သစ်ပြီး Botanical Sakura Face Mask သင့်တော်တဲ့ ပမာဏဖြင့် မျက်နှာအနှံ့ သေချာလိမ်းကာ ပေါင်းတင်ပေးရမှာ ဖြစ်ပါတယ်။
မိနစ်(၂၀) ခန့်ပေါင်းတင်ပြီးတာနဲ့ ရေဖြင့်ပြန်လည် သန့်စင်လိုက်ရင် မျက်နှာတစ်ခုလုံး ပေါ့ပါးလန်းဆန်းပြီး ဖြူဝင်းသွားမှာ ဖြစ်ပါတယ်။
Sakura Botanical Face Mask ကိုညအသုံးပြုခြင်းဖြင့်
- မနက်နိုးလာတဲ့အချိန် မျက်နှာတွင် အဆီပြန်ခြင်းများသက်သာခြင်း
- ဝက်ခြံများထွက်ခြင်းမှ ကာကွယ်ပေးခြင်း
- တညလုံး မျက်နှာအစိုဓာတ်ကို ကောင်းစွာထိန်းသိမ်းပေးခြင်း
- အရေးအကြောင်းများဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
အစရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။
မိန်းခလေးတယောက်ရဲ့ အလှဆုံးအချိန်မှာ အမှန်တကယ် လှပနေစေဖို့ အတွက် အရွေးမမှားစေနဲ့နော်။
13/07/2020
FAQ for Botanical Sakura Facial Foam
ပါဝင်ပစ္စည်း များ နှင့် ထုတ်ကုန် အကြောင်း
၁။ထုပ်ပိုးမှု ၏ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု
-ပြန်လည် အသုံး ပြု နိုင်သော PET Grade ပလတ်စတသ် ကို သာ အသုံး ပြုထားပါသည်။
၂။အသုံး ပြုထား သော အနံ့ များ မှာသဘာဝအနံ့များ ဖြစ်ပြီး ဘေးကင်းမှု ရှိပါ သလား ။
-Botanical Sakura တွင် အသုံး ပြု ထား သော အနံ့များ မှာ သဘာဝ သစ်သီး အရွက်များ မှ ရရှိသော အဆီ များနှင့် သာ ဖော် စပ်ထား ပြီး ဘေး ကင်း စေ ပါသည်။
၃။တာရှည်ခံ ပစ္စည်းများ ပါဝင်ပါသလား ။
-အခှကုန်ပစ္စည်း များ တွင် ထည့်သွင်း အသုံး ပြုရန် ကမ္ဘာတစ်ဝှမ်းထောက်ခံ ချက် ရရှိထားပြီး ကျယ်ပြန့်စွာ အသုံး ပြုနေသော Phenoxyethanol (1%ရာခိုင်နှုန်း အောက်)ပါဝင်ပါသည်။
၎။Paraben free ဖြစ်ပါသလား
-Paraben free ဖြစ်ရုံ သာမကဘဲ Sulphate Free ဖြစ်ပါသည်။ဘေးကင်းစိတ်ချရသော Potassium Hydroxide ဖြင့် သာ ဖော်စပ်ထား ပါသည်။
၅။ဓာတ်မတည့်မှု ရှိပါသလား ။
-ရှိနိုင်ပါသည်။
Essential oil ပါဝင်သောကြောင့် Essential ထုတ်ယူရရှိသော သစ်သီး အရွက်များ နှင့် ဓာတ်မတည့်မှု ရှိပါက ဖြစ်ပွား နိုင်ပါသည် ။
ဓာတ်မတည့်မှု လက္ခဏာများ မှာ
အသားအရေ ရောင်ရမ်း နီရဲ လာခြင်း အရောင်မညီ မှု ဖြစ်လာခြင်း
ယားယံလာခြင်း
အရည်ကြည်ဖုများ ထွက်ပေါ်လာခြင်း စသည်တို့ ဖြစ်ပွား နိုင် ပြီး
လက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ရေဖြင့် ဆေးကြော ကာ သုံး စွဲ မှု ကို ချက်ချင်း ရပ် ၍ နီး စပ်ရာ ဆေးခန်း သို့မဟုတ် ကျွမ်းကျင် သူများ နှင့်ပြ သပါ
၆။ သက် တမ်း ကုန်ဆုံးရက်
-၁နှစ်၆လ
အဖုံးဖွင့်ပြီး ပါက ၉လအတွင်းသုံး စွဲရန်
၇။ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အသုံးပြုနိုင်ပါသလား ။
အသုံး ပြုန်ုင်ပါသည်
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အသုံး မပြုရန် တား မြစ်ထား သော ဆပ်ပြာ ပါဝင်ပစ္စည်း (၇)မျိုး မပါဝင် ပါ
၇။ တိရစ္ဆာန်အဆီနှင့် စမ်း သပ်မှု
Botanical sakura မျက်နှာသစ်များ ကို အပင်မှရရှိသော ပါဝင်ပစ္စည်း များ နှင့် သစ်သီး ဟင်းရွက် အဆီများ ဖြင့်သာ ပြုလုပ်ထား ပါသည် ။
Vegetarian and Eco Friendly products
*အသားအရေ နှင့် သက်ဆိုင်သော မေးခွန်းများ
Foaming Cleanser for Normal and Dry Skin
၁။ခြောက်သွေ့သော အသားအရေပိုင်ရှင်များ အသုံး ပြုနိုင် ပါသလား ။
အသုံး ပြုနိုင်ပါသည်။
၂။ထိခိုက် လွယ်သော အသားအရေ ပိုင်ရှင် များ အသုံး ပြုနိုင်ပါသလား ။
အသုံးပြုနိုင်ပါသည်။
မျက်နှာ ပေါ် အသုံး မပြုခင် လက်သို့ မဟုတ် ခန္ဓာ ကိုယ် တစ်နေရာပေါ်တွင် ဦး စွာ စမ်းသပ်ပြီး မှ အသုံးပြုပါ ။
၃။အဆီပြန်သော အသားအရေများ အသုံး ပြုနိုင်ပါသလား ။
အသုံးမပြုနိုင်ပါ
၎။Breakouts ဖြစ်နေသော အသားအရေ ပေါ်တွင် အသုံး ပြုနိုင်ပါသလား ။
အသုံး မပြုနိုင်ပါ။ပုံမှန်နှင့်ခြောက်သွေ့ အသားအရေအတွက်သာ ထုတ်လုပ်ထား ပါသည်
၅။ကြမ်း တမ်းအရေခွံလန်နေသော အသားအရေ ပေါ် အသုံး ပြုနိုင်ပါသလား ။
အသုံး ပြုနိုင်ပါသည် ကျွမ်း ကျင်သူနှင့် တိုင်ပင်၍
၆။ နေလောင်သော အသားအရေ ပေါ် တွင် အသုံး ပြုနိုင်ပါသလား
အသုံး ပြုနိုင်ပါ သည်
၇။တင်း တိပ် မှဲ့ ခြောက်များ အတွက် အသုံး ပြုနိုင်ပါသလား
အသုံးပြုနိုင်ပါ သည် ။
Click here to claim your Sponsored Listing.
Category
Website
Address
Pyay