Win Zar Ni Lwin

Win Zar Ni Lwin

Share

💜ဘဝကိုရိုးရှင်းစွာဖြတ်သန်းတယ်💜

02/01/2026

နေတတ်သလိုနေပြီး လုပ်စရာရှိတာ
ဆက်လုပ် လူတစ်ချို့က မင်း တော်လာရင်
ချီးကျူးမယ်။

မင်း ညံ့ဖျင်းနေရင် ကဲ့ရဲ့မယ်
ဒါကလည်း သဘာဝပါ။
နေတတ်သလို နေပြီး
လုပ်စရာရှိတာ ဆက်လုပ်ပါ။

လူတစ်ချို့က မင်းဆင်းရဲနေတာကို
သဘောကျမယ်။ ငိုနေရင် သနားသလို
ဟန်ဆောင်ပြီး မင်းချမ်းသာကြွယ်ဝလာရင်
မကြိုက်ကြဘူး။

ဒါကလည်း မထူးဆန်းတော့ပါဘူး
လုပ်စရာရှိတာသာ ဆက်လုပ်ပါ။

လူတစ်ချို့က မင်းပျော်ရွှင် ရယ်မောနေရင်
ကြိတ်ပြီးဒေါသဖြစ်နေမယ်။

ဒါကလည်း မနာလိုသူတွေရဲ့
လုပ်ရပ်ပါ၊ နေတတ်သလို နေလိုက်ပါ။

ပတ်ဝန်းကျင်ဆိုတာ မျိုးက
မရှိ မကောင်း ရှိ မကောင်းပါ။

ကင်းကွာလို့မရရင်တော့ သူတို့ရဲ့
အားနဲ့ ကိုယ့်ဘဝကို အမြင့်ဆုံးရောက်အောင်
ကြိုးစားရမှာက ကိုယ့်ရဲ့အရည်အချင်းပါ။

ခွေးဟောင်တိုင်း ထကြည့်ပြီး
ဟောင်နေတဲ့ခွေးတွေကို ခဲနဲ့လိုက်ပစ်
နေရင်တော့ မင်းအတွက် တန်ဖိုးရှိတဲ့အချိန်
တွေကို ဖြုန်းတီးမိသလို ဖြစ်နေပါလိမ့်မယ်။

လူတစ်ချို့က မျက်နှာကြီးရာ
ဟင်းဖတ်ပါပြီး မြေနှိမ့်ရာ လှံစိုက်ကြတယ်။
ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပါ။

မြေနှိမ့်ရာလှံစိုက်တာ မခံချင်ရင်
တောင်ကြီးတစ်တောင်ဖြစ်အောင်
ကြိုးစားရမှာက မင်းတာဝန်ပါ။
#ဘဝစာပေ

31/12/2025

" တန်ဖိုး "
*******

တန်ဖိုးဆိုတာတကယ်လိုအပ်ပြီး
တကယ်မရှိတဲ့အချိန်ကြမှသိလာတာပါ"
မကုန်လို့ သွန်ပစ်လိုက်တဲ့
ထမင်းတွေရဲ့ တန်ဖိုးကို ....
ဆာလောင်နေသူတွေကလွဲလို့
ကြှနျတောတြို့ မသိနိုင်ဘူး ။

မဝတ်ချင်တော့လို့
ချောင်ထိုးလိုက်တဲ့
အင်္ကျီတွေရဲ့ တန်ဖိုးကို ...
အဝတ်အထည်
ရှားပါးနေသူတွေကလွဲလို့
ကျွန်တော်တို့ မသိနိုင်ဘူး ။

မပြ-တ်သေးပဲ စွန့်ပြစ်လိုက်တဲ့
ဖိနပ်တွေရဲ့ တန်ဖိုးကို ...
ဖိနပ်မပါပဲ
သွားလာနေရသူတွေကလွဲလို့
ကျွန်တော်တို့ မသိနိုင်ဘူး ။

ဒါလေးနဲ့ ...!
ဖုန်းဘေလ် တစ်လစာ
မလောက်ဘူးဆိုတဲ့
ပိုက်ဆံတွေရဲ့ တန်ဖိုးကို ...
ဒါလေးနဲ့ ...
တစ်လလုံးလောက်အောင်
စားနေရသူတွေက လွဲလို့
ကျွန်တော်တို့ မသိနိုင်ဘူး ။

မိုးရွာလို့
ကျောင်းမသွားချင်ဘူးဆိုတဲ့
အချိန်တွေရဲ့ တန်ဖိုးကို ...
မိုးရွာထဲမှာ
ငွေရှာနေသူတွေကလွဲလို့
ကျွန်တော်တို့ မသိနိုင်ဘူး ။

အဖေက တအားချုပ်ချယ်တယ်
အမေက တအားဆူတယ် ဆိုတဲ့
မိဘတွေရဲ့ တန်ဖိုးကို ...
မိဘမဲ့နေသူတွေကလွဲလို့
ကျွန်တော်တို့ မသိနိုင်ဘူး ။
🙏

26/12/2025

တန်ဖိုး
______
အလွန်နာမည်ကြီးသည့် ဆရာတော်ကြီးတစ်ပါးရှိသည်။

ဆရာတော်ကြီး၏ ဂုဏ်သတင်းကြောင့် လာရောက် ဖူးမြင်ကြသူများသည်။ ရောက်လာသည့် ဒကာ၊ ဒကာမတိုင်းကိုလည်း ဆရာတော်ကြီးသည် အချိန်ပေးပြီး တွေ့ဆုံကာ ဆုံးမစကားများ ပြောကြားပေးလေ့ရှိသည်။

တစ်နေ့တွင် ဘုရင်တစ်ပါးက ဆရာတော်ကြီးကို လာရောက်ဖူးမြင်သည်။ ထိုဘုရင်သည် စစ်ပွဲကအပြန် မာန်တက်ကာ ဘုန်းကြီးကျောင်းကို ဝင်လာခြင်းဖြစ်သည်။ နောက်တစ်ကြိမ် စစ်အောင်နိုင်စေကြောင်း ဆုတောင်းစကားများ ကြားချင်သောကြောင့်လည်း ဖြစ်နိုင်သည်။

စစ်ဘုရင်က ဆရာတော်နေထိုင်သည့် အခန်းရှေ့ကို ရောက်လာသည့်အခါ ဖိနပ်ကိုချွတ်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်ရာ အသံထွက်သွားသည်။

တိတ်ဆိတ်နေသည့် ကျောင်းတော်အတွင်း အသံကအတော်လေး ကျယ်သွားသည်။ ထို့နောက် ဘုရင်က တံခါးကို တွန်းဖွင့်ပြီး ဆွဲပိတ်လိုက်ရာ ကြမ်းတမ်းလှသောကြောင့် အသံလည်း ကျယ်လောင်သွားပြန်သည်။

ဘုရင်က အခန်းထဲကိုဝင်ရန် ခြေလှမ်းပြင်လိုက်သည်။ ဆရာတော်ကြီးက အေးဆေးတည်ငြိမ်စွာဖြင့်

“ဒကာ ရပ်နေပါ ... ဝင်မလာပါနဲ့” ဟု
ပြောလိုက်သည်။

“အဘယ်ကြောင့်နည်း"

“အပြင်ကို ပြန်ထွက်ပါ ဒကာ... ပထမဆုံး သင်ချွတ်ပြီး လွှင့်ပစ်ခဲ့တဲ့ ဖိနပ်ကို တောင်းပန်ပါ။ ဒုတိယ သင်ကြမ်းတမ်းစွာ ဆောင့်ပိတ်ခဲ့သော တံခါးကို တောင်းပန်ပါ”

“အဘယ်ကြောင့်နည်းဆရာတော်... ဆရာတော်ကို ဖူးတွေ့ချင်လို့ လာပါတယ်... မာနကြီးတယ်လို့ ပြောသံတွေ ကြားရတာ အခုမှပဲ ယုံတော့တယ်”

ဆရာတော်က အေးဆေးသောလေသံဖြင့်။

“ပြန်ထွက်သွားပါ ဒကာ... ငါပြောသည့်အတိုင်း သင်မလုပ်နိုင်လျှင် ပြန်သွားပါ... ငါ့ကိုလာပြီးတွေ့စရာ မလိုပါ”

“တပည့်တော်ဟာ ဒီနိုင်ငံကို အုပ်စိုးနေတဲ့ ပြည့်ရှင်ဘုရင်ပါ ဆရာတော်... အဘယ်ကြောင့် နှင်ထုတ်ရသလဲ... အဘယ်ကြောင့် ဖိနပ်နဲ့ တံခါးကို တောင်းပန်ခိုင်းရသလဲ”

“ငါ၏ ကျောင်းတော်ထဲတွင် ဆရာနှင့်ဒကာ နှစ်မျိုးသာရှိသည်။ ငါပြောသည့်အတိုင်း မလိုက်နာနိုင်လျှင် သင် ငါ့ကိုလာပြီး စကားပြောစရာ မလိုပြီ”

ဘုရင် မာန်နည်းနည်းကျသွားသည်။ အဝေးမှဆရာတော်ကို ဦးချလိုက်ပြီး

“တပည့်တော်က အဘယ်ကြောင့် ဖိနပ်ကို တောင်းပန်ရမည်နည်း”

“ဖိနပ်သည် သင့်ကိုတောက်လျှောက် အကာအကွယ်ပေးခဲ့သည့့် ပစ္စည်းတစ်ခုဖြစ်သည်။ သင့်ခြေဖဝါးကို မနာစေရန် စောင့်ရှောက်ကာကွယ်ပေးသည့် အရာအပေါ် သင်က ကျေးဇူးမတင် မလေးစားလျှင် သင်သည် မည်သည့်အရာကိုမျှ ကျေးဇူးတင် လေးစားနိုင်မည့်သူ မဟုတ်မှန်း ပေါ်လွင်နေသည်”

“တပည့်တော် အဘယ်ကြောင့် တံခါးကိုတောင်းပန်ရမည်နည်း”

“သင်က အေးချမ်းစွာ သူ့တာဝန်သူထမ်းဆောင်နေသော တံခါးကိုပင် ပြင်းထန်ကြမ်းတမ်းစွာ ပြုမူဆက်ဆံသည်ဆိုလျှင်၊ ထိုတံခါးအတွင်း နေထိုင်သူအပေါင်းကိုလည်း မည်သို့မျှ အေးချမ်း၊ ငြိမ်းချမ်းစွာ ပြုမူဆက်ဆံမည့်သူ မဟုတ်ကြောင်း ‌ပေါ်လွင်နေသည်။ သင့်စိတ်အတိုင်း သင်ပြုမူနေခြင်းမှာ ပေါ်လွင်လွန်းလှသည်။ ငါက ဒေါသတရား၊ မာန်မာနတရား လက်ကိုင်စွဲလာသူများကို လက်ခံတွေ့ဆုံလေ့မရှိ”

“တပည့်တော် ဖိနပ်နှင့် တံခါးကို တောင်းပန်ပါမည်”

“လူတစ်ယောက်သည် သူ့စိတ်ထဲတွင် ရှိသည့်အတိုင်း ပြင်ပကို ထုတ်ဖော်ပြတတ်သည်။ သင့်အပြုအမူက သင့်ကို ဤအခန်းထဲ ဝင်ရန်၊ မဝင်ရန် အဆုံးအဖြတ် ဖြစ်စေပါလိမ့်မည်”

ဘုရင်က အပြင်ကို ပြန်ထွက်သည်။ သူလွှင့်ပစ်ခဲ့သော ဖိနပ်ကို ပြန်ကောက်သည်။

“ဪ... ဤဖိနပ်ကား ငါ့ကို စစ်မြေပြင်တွင် ဆူးငြောင့်ခလုတ်များရန်က ကင်းဝေးစေခဲ့သည် ဖိနပ်လေး တောင်းပန်ပါတယ်” ဟုပြောကာ ပွတ်သပ်ပြီး စနစ်တကျ ပြန်ချထားလိုက်သည်။

ထို့နောက် ဘုရင်သည် တံခါးကို ပြန်ပိတ်လိုက်သည်။

“ကျေးဇူးပြုပြီး ဝင်ခွင့်ပြုပါ" ဟု တောင်းပန်လိုက်ကာ တံခါးကို ဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်သည်။

ထိုခဏလေးတွင် သူ့စိတ်ထဲ၌ ကြည်နူးမှုပီတိများ ဖြစ်သွားသည်။

“ဆရာတော်ဘုရား တပည့်တော် ဦးတင်ပါတယ်... တပည့်တော်ကို တရားများပြတော်မူပါ”

“ဒကာ သင်... တရားရသွားပါပြီ”

ဆရာတော်က ပြောကာ မတ်တတ်ရပ်ပြီး အခန်းထဲ ပြန်ဝင်သွားသည်။

ဘုရင်ကြီးက လက်အုပ်ကိုချီပြီး မျက်စိမှိတ်ထားလိုက်သည်။ သူ့ရင်ထဲတွင် ကြည်နူးငြိမ်းချမ်းမှုတစ်ခုကို ခံစားလိုက်ရသည်။ သူ့ဘဝတွင် မည်သည့်အခါကမျှ မခံစားဖူးသော ကြည်နူးပီတိဖြစ်သည်။

“တပည့်တော် ဘာကိုတန်ဖိုးထားရမည်ဆိုတာ သိသွားပါပြီဘုရား” ဟု ပြောကာ တစ်လှမ်းချင်း ပြန်ထွက်ခဲ့သည်။

စစ်ဘုရင်၏ ခြေလှမ်းများကား ကျောင်းထဲကို ဝင်လာစဉ်နှင့် ကျောင်းထဲကပြန်ထွက်စဉ် ကွာခြားလွန်းလှသည်။ သူရောက်နေသည်မှာ မည်သည့်နေရာ။ မည်သည့်အရာတွေကို ကောင်းစွာတန်ဖိုးထားရမည် ဆိုသည်ကို သူကောင်းစွာသိမြင်သွားသည်။

(ဂျပန်ဇင်ပုံပြင်တစ်ပုဒ်ကို မြန်မာမှုပြုပါသည်)
စာရေးသူ ဆရာတင်ညွန့်
11.12.၂၀၂၀

Credit >>> မေတ္တာဖြင့်မျှဝေသူ
(ဗဟုသုတ အသိထူးများ မျှဝေဆုံဆည်းရာ)

23/12/2025

လူတစ်ယောက်ရဲ့ စိတ်စေတနာဟာ သိပ်ကို အရေးကြီးပါတယ်..။ ကိုယ် ဘာလေးပဲတွေးတွေး…ဘာလေးပဲပြောပြော.. ဘာလေးပဲလုပ်လုပ်… အဲ့ဒိအတွေးအပြော.. အလုပ်တွေရဲ့တွန်းအားဟာ ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ စေတနာပဲဖြစ်ပါတယ်..။ ကောင်းတဲ့စိတ်စေတနာလေးတွေနဲ့ တွေးလိုက် ပြောလိုက် လုပ်လိုက်တဲ့ ရလဒ်တိုင်းဟာ ကိုယ့်ဆီကို ကောင်းမွန်လှပတဲ့ ကံတရားပုံစံလေးတွေနဲ့ ပြန်ရောက်လာတတ်ပါတယ်..။

မကောင်းတဲ့စိတ်စေတနာဆိုးနဲ့ ဒီလူတစ်ယောက်ကို နှိမ်လိုက်မယ်.. ဝေဖန်အပြစ်တင်လိုက်မယ်ဆိုရင်လည်း… အဲ့ဒိဝေဖန်ပြစ်တင်ခံရခြင်းတွေက ကိုယ့်ဆီအချိန်မရွေး ပြန်ရောက်လာတတ်ပါတယ်..။

ဒါကြောင့် စကားလေးတစ်ခွန်းပြောတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်မှန်ထဲမှာ အရင်ကြည့်ပြီး ကိုယ့်ကိုအရင်ပြောကြည့်လိုက်ပါ..။ ဒီစကားကို ကိုယ်သာပြောခံရရင် ဘယ်လိုခံစားရမလဲဆိုတဲ့ အတွေးလေးနဲ့ ကိုယ်ချင်းစာနာတတ်တဲ့စိတ်ကလေး ထည့်လိုက်တဲ့အခါ… လူတစ်ယောက်အပေါ် မညှာမတာပြောဖို့ နှုတ်ဆွံ့ဝန်လေးလာပါတယ်…။

လူတစ်ယောက်ကံကောင်းတယ်ဆိုတာ… သူ့ရဲ့ကာယကံ..ဝစီကံ..မနောကံသုံးပါးစလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်တတ်လို့ဖြစ်ပါတယ်..။ လူတစ်ယောက် ကံဆိုးတယ်ဆိုတာ မကောင်းတဲ့စိတ်စေတနာဆိုးနဲ့ တွေးကြံပြောဆိုလုပ်ကိုင် နေတတ်လို့ဖြစ်ပါတယ်..။

ကိုယ်ပေးလိုက်တဲ့စိတ်စေတနာရဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ဘဝမျိုးကိုပဲ ပိုင်ဆိုင်ခွင့်ရကြတာမို့ စိတ်စေတနာကောင်းလေးတွေထားဖို့လိုပါတယ်..။ မကောင်းတဲ့စိတ်စေတနာဆိုးတစ်ခု ကိုယ့်အတွေးထဲ ဝင်လာပြီဆို တခြားသူတွေမသိနိုင်ပေမယ့် ကိုယ်တိုင်သိနေပါတယ်..။ ကိုယ့်စိတ်ကို ကောင်းတဲ့ဖက်ဆီ ချက်ချင်းပြောင်းလဲယူလို့ရပါတယ်..။ စိတ်စေတနာလေးတွေ ကောင်းမွန်လှပလာတာနဲ့အမျှ ကိုယ့်ဘဝကလည်း လှပကောင်းမွန်လာမှာ သေချာပါတယ်..။

ကျွန်မချစ်ရတဲ့အန်တီတစ်ယောက်ရှိပါတယ်…။ သူ့ရဲ့စိတ်စေတနာကောင်းလွန်းတာကြောင့် သူ့မှာ သူများကိုပေးစရာတွေ အမြဲပြည့်နေတတ်ပါတယ်..။ တစ်ယောက်ယောက်ကို ပေးလိုက်တိုင်းလည်း သူ့ဆီမှာ လျော့နည်းမသွားဘဲ ပြန်ပြန်ပြည့်လာတတ်တယ်လို့ဆိုပါတယ်…။ ပေးချင်ကမ်းချင်တဲ့ စိတ်စေတနာကြောင့်ပဲ..ပေးစရာကမ်းစရာက သူ့မှာ အမြဲရှိနေတတ်ပါတယ်…။ ဘယ်သူ့ကို ဘာပေးရမလဲ ဆိုတာပဲ တွေးနေတတ်သူဖြစ်ပါတယ်..။ တကယ်တော့ သူတစ်ပါးကို ပေးလိုက်ရတယ်ဆိုတာ..ကိုယ့်ရဲ့ကြည်နူးပီတိလေးနဲ့ ချမ်းသာသုခကို ခံစားရတဲ့စိတ်ကြောင့် လူက လွတ်မြောက်ပေါ့ပါးသွားရတာဖြစ်ပါတယ်…။

သူများဆီက ရယူလိုချင်တဲ့စိတ်နဲ့ မျှော်လင့်တကြီးရှိနေတတ်တဲ့သူတွေမှာတော့…အဲ့ဒိမျှော်လင့်ချက်တွေနဲ့ပဲ လေးလံပြီး…မျှော်လင့်သလိုမရတဲ့အခါ..စိတ်ဆိုးဝမ်းနည်းရ..နာကျင်ခံစားရပြန်ပါတယ်…။ ရယူလိုချင်တဲ့ သူ့ရဲ့စိတ်စေတနာကြောင့်ပဲ…သူဟာ သူများဆီကနေ ဘာများရနိုင်မလဲ..ဆိုတဲ့ မျှော်လင့်နေရတဲ့ဘဝထဲမှာပဲ သံသရာလည်နေတော့မှာပါပဲ…။

ဒါကြောင့် ဘာလေးပဲလုပ်လုပ် စိတ်ကောင်းစေတနာကောင်းလေးနဲ့…ထက်ထက်သန်သန်လေး လုပ်စေချင်ပါတယ်…။ အလှုဒါနလေးပြုတဲ့နေရာမှာတောင်..ကိုယ်ထားလိုက်တဲ့စိတ်စေတနာအတိုင်း အကျိုးပေးတတ်တာဖြစ်ပါတယ်…။ မြတ်စွာဘုရားရှင်ကို ပန်းလေးတွေလှုတာ..ဆွမ်း..ရေချမ်း…အလင်းလေးတွေလှုတာကအစ…ပြီးစလွယ် ပေါ့ပေါ့လေးမလှုဘဲ..ဝမ်းမြောက်ဝမ်းသာ စိတ်အားထက်ထက်သန်သန်လေးနဲ့ လှုရင်..အကျိုးပေးကလည်း သာမန်လေးမဟုတ်ဘဲ ထူးထူးခြားခြား အကျိုးပေးတတ်ပါတယ်..။

မြတ်စွာဘုရားရှင်ကို ရှိခိုးဦးချတာကအစ…သာမန်လက်စုံမိုးရှိခိုးဦးချတာမျိုးမဟုတ်ဘဲ…မြတ်စွာဘုရားရှင်ရဲ့ ခြေဖမိုးတော်အစုံကို ကိုယ့်နဖူးနဲ့ထိပြီး ရိုရိုသေသေမြတ်မြတ်နိုးနိုး ရှိခိုးဦးခိုက်တဲ့အခါ…ရင်ထဲမှာ ခံစားရတဲ့ကြည်ကြည်နူးနူးပီတိအဟုန်က သာမန်ဘုရားရှိခိုးရတဲ့ ကုသိုလ်တွေထက်ထူးခြားကြောင်း ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောခဲ့ဖူးပါတယ်…။
စိတ်စေတနာထက်သန်ရင် အကျိုးပေးလည်းထက်သန်တတ်တာမို့…ဘာလေးပဲလုပ်လုပ်…စိတ်
စေတနာထက်ထက်သန်သန်လေး လုပ်စေချင်ပါတယ်…။

#လွန်းထားထား
#စိတ်စေတနာနဲ့တန်တဲ့ဘဝ

21/12/2025

** မနာလိုစိတ်က စတယ်**
လူတွေဟာ
မနာလိုစိတ် အားကြီးလာပြီဆိုရင်
ကောက်ကျစ်တတ်လာကြတယ် ...
ကောက်ကျစ်တဲ့ စိတ် အားကြီးလာပြီဆိုရင်
ယုတ်မာ တတ်လာကြတယ်....
ယုတ်မာတဲ့စိတ် အားကြီးလာပြီဆိုရင်
ရက်စက် တတ်လာကြတယ်..
ရက်စက်မှု အားကြီးကြီးနဲ့ လုပ်ပြီးရင်
ကြောက်စိတ် ဝင်လာတတ်ကြတယ်။
ကြောက်စိတ် အားကြီးပြီဆိုရင်
အယောင်ယောင် အမှားမှား လုပ်လာကြတယ်။
အယောင်ယောင် အမှားမှားတွေလုပ်ရင်းနဲ့
နောက်ဆုံး ပျက်စီး ကျဆုံးသွားကြတာပါပဲ။
ဣဿာမစ္ဆရိယ ဆိုတဲ့
မနာလိုဝန်တိုတဲ့ စိတ်ဟာ
အမှန်တကယ် ကိုယ့်ဟာကိုယ်
ဖျက်ဆီးနေတဲ့ စိတ်ပါပဲ ။
မနာလိုစိတ် အားကြီးလွန်းလို့
ပျက်စီးချိန်တန်လာပြီ ဆိုရင်လည်း
ဘယ်လိုအဆောင်၊ ဘယ်လို ယတြာမျိုးကမှ
မစွမ်းနိုင် မကယ်နိုင်တော့ဘဲ
ကျိန်းသေ ပျက်စီးကြရတော့မှာပါဘဲ ။
ပါချုပ် ဆရာတော်ဘုရားကြီး
ဒေါက်တာ နန္ဒမာလာ ဘိဝံသ

21/12/2025

သူ တစ်ပါးတွေရဲ့
တန်ဖိုးကို အလေး ထားပါ
**********************

ရနံ့ မရှိတဲ့ ပန်းလည်း
ပန်းတွေ ထဲက ပန်းတစ်ပွင့်မို့ မင်း မနမ်းချင်ရင်
မနမ်းဘဲ နေလို့ ရပါတယ် ။

ဒါပေမယ့်....
ခြေမွ ဖျက်ဆီးဖို့တော့ဘယ်တော့မှ
မကြိုးစားမိစေနဲ့ ။

လမ်းဘေးက ကလေးလည်း
လူတွေထဲက လူ တစ်ယောက်မို့ မင်း အထင်မကြီးချင်ရင် အထင်မကြီးဘဲ နေလို့ ရပါတယ် ။

ဒါပေမယ့်....
အထင် သေး အမြင် သေးလုပ်ဖို့တော့
မကြိုးစားမိစေနဲ့ ။

ဆင်းရဲတဲ့ လူလည်း
လူတွေထဲက လူ တစ်ယောက်မို့ မင်း မလေးစားချင်ရင်မလေးစားဘဲ နေလို့ ရပါတယ် ။

ဒါပေမယ့်
နှိမ့်ချပြီး ဆက်ဆံဖို့တော့ဘယ်တော့မှ
မကြိုးစားမိစေနဲ့ ။

အရာရာတိုင်းမှာသူ့ တန်ဖိုးနဲ့ သူ ရှိပြီးသားပဲ။
အဲ့ဒီ တန်ဖိုးကို မထေမဲ့မြင် လုပ်မိရင် အဲ့ဒီ တန်ဖိုးက တစ်နေ့ကျရင်သင့် ဘဝကို ဖျက်ဆီးလိမ့်မယ် ။

ဒါ့ကြောင့် ကိုယ့် အတွက် အသုံး မဝင်ဘူး ဆိုပြီး....
ဘယ်အရာကိုမှ မဖျက်ဆီး မိပါစေနဲ့ ။

ကိုယ့်အတွက် အသုံးမဝင်ခဲ့ရင်တောင်
သူ တစ်ပါးတွေရဲ့ တန်ဖိုးကိုတော့ လေးစားပါ ။


လေးစားလျှက်

14/12/2025

1လူတိုင်းရဲ့ "၂၄နာရီ"ထဲက တန်ဖိုးအရှိဆုံး "၁နာရီ"
**********************************************

လူတိုင်းမှာ "၂၄နာရီ" စီရှိကြပါတယ်။
ဒါပေမယ့် အသုံးချပုံချင်းကတော့ တူညီမယ်မထင်ပါဘူး။

ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အရာတွေအားလုံးဟာ
ကျွန်တော်တို့ရဲ့ အနာဂတ်တွေပါ။
ကောင်းတာလုပ်ရင် ကောင်းတဲ့အနာဂတ်တွေ ဖန်တီးလို့ရမယ်။
ဆိုးတာလုပ်ရင် ကျွန်တော်တို့ အနာဂတ်ဟာ မလွဲမသေ ဆိုးနေပါလိမ့်မယ်။
ဒါဟာရှောင်လွဲလို့မရတဲ့ အမှန်တရားတစ်ခုပါ။

လူတိုင်းမှာရှိတဲ့ "၂၄" နာရီဆိုတဲ့အချိန်အတွင်းမှာ
အရမ်းကိုတန်ဖိုးရှိတဲ့ ၁ နာရီရှိတယ်။
အဲ့ ၁နာရီမှာ လုပ်တဲ့ လုပ်ရပ်ဟာ
ကျန်တဲ့ "၂၃"နာရီ အပေါ်မှာ သက်ရောက်မှု အများကြီး ရှိနေတယ်။

(ဥပမာ တစ်ခုလေးနဲ့ ပြောပြမယ်- မနက်စောစောစီးစီး
အိမ်နဲ့ပြဿနာတက်တယ်
ပြဿနာတက်နေတော့ စကားများပြီး အလုပ်နောက်ကျတယ်
အိမ်မှာ ဖြစ်လာတဲ့ ပြဿနာက တနုတ်နုတ်နဲ့ ဒေါသထွက်နေတော့
မြင်မြင်သမျှ တွေ့သမျှကို အကောင်းမမြင်တော့ဘူး ဒေါသထွက်လာတယ် အလုပ်မှာလည်းတစ်နေကုန် ဘာလုပ်လုပ် အဆင်မပြေတော့ဘူး ။
အဲ့လိုမျိုးဖြစ်ဖူးတဲ့ ရက်တွေ ကြုံဖူးပါလိမ့်မယ်။)

ကျွန်တော်တို့ ဦးနှောက်ထဲမှာ ရှိတဲ့ အတွေးတွေက ချိန်းကြိုးတွေနဲ့ တူတယ်။ ကောင်းတဲ့အတွေးတွေခေါင်းထဲမှာရှိရင် ပတ်ဝန်းကျင်မှာ မြင်သမျှ တွေ့သမျှ ကြားသမျှ အရာအားလုံးက ကောင်းတဲ့အရာတွေ ပဲတွေ့ကြုံရပါလိမ့်မယ်။

ဗုဒ္ဓဟောကြားခဲ့တဲ့ "ကျွန်တော်တို့တွေးလိုက်တဲ့အရာတိုင်းဟာ တကယ်ကိုဖြစ်လာပါတယ်တဲ့"

ဒါကြောင့် မနက်ခင်းမိုးလင်း အိပ်ရာနိုးတာနဲ့
အလေ့အကျင့်ကောင်း ချိန်းကြိုး လေးနဲ့စတင်ဖို့အရေးကြီးတယ်။

ဒီ positive mindset ချိန်းကြိုးအပိုင်းစလေး ဖန်တီးဖို့အတွက်
မနက် အိပ်ရာထထချင်း အချိန် ၁နာရီလေးပဲ လိုအပ်ပါတယ်။
ဟုတ်ပါတယ် တကယ့်ကိုတန်ဖိုးရှိတဲ့ "Golden Hour" လေးပါ။

ဒါကြောင့်ဒီနေ့မှာ Golden Hour လေးအသုံးချပုံကိုဒီနေ့မှာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီအချိန် "၁နာရီ" ကို အကြမ်းအားဖြင့် "မိနစ် ၂၀" ဆီအပိုင်း
၃ ပိုင်း ပိုင်းလိုက်လို့ရတယ်.........

🕢 ပထမဆုံး "မိနစ်၂၀" မှာ-

၁။ ပထမဆုံး ၅မိနစ်မှာ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်နဲ့
မလှုပ်မယှက် အိပ်ထားတဲ့ ခန္ဓာကိုယ်ကြီးက ညောင်းချိနေနိုင်တဲ့အတွက် အကြောလျော့ တဲ့လေ့ကျင့်ခန်းလေးတွေ ၅ မိနစ်လောက်လုပ်လိုက်ပါ။

၂။ပြီးရင် ၁၅မိနစ် တရားထိုင်ပါ။(တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာမှ
ထိုင်တာမဟုတ်ပါဘူးခင်ဗျာ။ ကိုယ့်ရဲ့စိတ်ကို ကောင်းကောင်းထိန်းချုပ်
နိုင်အောင် လေ့ကျင့်တဲ့ နည်းလမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။)

🕢 ဒုတိယ "မိနစ် ၂၀" မှာ-

၁။ ၁၀ မိနစ်လောက်အတွင်း သွေးလည်ပတ်အားကောင်းစေတဲ့
လေ့ကျင့်ခန်းတွေ အဓိကလုပ်သင့်ပါတယ်။
ဥပမာ အပြေးလေ့ကျင့်ခန်းတွေ၊ ခုန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
(ဦးနှောက်ထဲမှာ ရှိတဲ့ Neurons လေးတွေ တိုးပွားမှု
အကောင်းဆုံးလေ့ကျင့်ခန်းကတော့ အပြေးလေ့ကျင့်ခန်းပါ။)

၂။ ပြီးရင် ရေအေးအေးလေးနဲ့ ၁၀မိနစ်လောက် ရေချိုးလိုက်ပါ။

🕢 တတိယ "မိနစ် ၂၀"မှာ-

တစ်နေ့တာလုံးကို အရှိန်ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ဖို့ဆို
ဒီ "မိနစ်၂၀" က အရမ်းကို အရေးကြီးပါတယ်။

၁။ပထမ "၁၀မိနစ်အတွင်း" ကိုယ်တစ်နေ့တာလုံးမှာ လုပ်စရာရှိတဲ့
အလုပ်တွေကို "ABCD" ဆိုပြီး အဆင့် သတ်မှတ်ဖို့ပါ။
အရေးအကြီးဆုံး အလုပ်ကတော့ A ပေါ့ အရမ်းအရေး
မကြီးတဲ့ အလုပ်တော့D ပေါ့ ကြားထဲက B နဲ့ C ကိုတော့
ကိုယ့်ရဲ့ အလုပ်အခြေနေပေါ်မူတည်ပြီး သတ်မှတ်လို့ရပါတယ်။

၂။ နောက် "၅မိနစ်"မှာ ကိုယ့်ဘဝမှာ ကိုယ့်ဖြစ်ချင်တဲ့
ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြန်ပြီးစဥ်းစားပါ။
ချရေးထားတာရှိရင် ပြန်ဖတ်ပေးပါ၊ မျက်လုံးမှိတ်ပြီး ပုံဖော်ကြည့်ပါ။
( ဒီနည်းလမ်းလေးက ကျွန်တော်တို့ရဲ့ မသိစိတ်ကို
ကောင်းကောင်းအသုံးချတဲ့နည်းလမ်းလေးပါ။)

၃။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ နေရာမှာ မျက်လုံးလေး မှိတ်ပြီး
၅မိနစ်လောက် "ကျေးဇူးတင်စကား" ဆိုကြည့်ပါ။
ကိုယ်ကျေးဇူးတင်ချင်တဲ့ အရာမှန်သမျှ ကျေးဇူးတင်လို့ရပါတယ်။
(ဒီနည်းလမ်းလေးက ကျွန်တော်တို့ရဲ့ Positive mindeset
အားကောင်းအောင်လေ့ကျင့်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်)

၂၄နာရီထဲက တန်ဖိုးအရှိဆုံး အိပ်ရာနိုးနိုးချင်း ၁နာရီကို
တို့တွေ အရင်က ဖြစ်သလို အသုံးချကောင်းချခဲ့ပါလိမ့်မယ် ။

ဒါပေမယ့် "ချိန်" လေးတွေက ဘယ်လောက်ထိ အရေးပါလဲဆိုတာ သိပြီဆိုတော့ နောက်နေ့ မနက်ခင်း အိပ်ရာထထချင်း ၁နာရီကို ပြောတဲ့နည်းလမ်းလေးအတိုင်း အသုံးချကြည့်ပါနော်။

Credit..

10/12/2025

"အခါအခွင့်သင့်ချိန်မှာငွေရှာဖို့မပျင်းပါနဲ့"..................................................

ငွေဆိုတာလိုတဲ့အချိန်တိုင်းရှာလို့
ရတာမဟုတ်ဘူး။

၁။အခါအခွင့်သင့်ချိန်။

၂။ကံကောင်းနေတဲ့အချိန်။

၃။အရွယ်ကောင်းနေတဲ့အချိန်။

၄။ကျန်းမာရေးကောင်းနေတဲ့အချိန်။

၅။ခေတ်ကောင်းနေတဲ့အချိန်။

အခါအခွင့်သင့်လို့အခွင့်အရေးပေးလာတဲ့အခါ
လက်မလွတ်မိပါစေနဲ့..။

ဘာလုပ်လုပ်အစဉ်ပြေနေတဲ့အချိန်ဆိုတာကံတရားကမျက်နှာသာပေးတဲ့အခါမျိုးမှာပဲရခွင့်ရှိပါတယ်။

အရွယ်လွန်မှပိုက်ဆံရှာမယ်ဆိုရင်တော့
လူငယ်လေးတွေနဲ့တန်းတူ

ကလေးတွေကြားမှာ တန်းဝင်စီရလိမ့်မယ်။

ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာဖို့စိတ်မကူးပဲ အပျော်တွေပဲမက်နေမယ်ဆိုရင်
နာဖျားချိန်ရောက်တော့မှပိုက်ဆံရှာရကောင်းသိလာတာဟာအရမ်းနစ်နာလွန်းတယ်။

အလုပ်ကအခွင့်အရေးရနေတဲ့အချိန်မှာ
ပိုက်ဆံရှာရကောင်းမသိခဲ့ပဲ

အလိုက်သင့်လေးနေခဲ့မယ်ဆိုရင်လုပ်မလုပနိုင်တော့တဲ့အခါကျမှ

ပိုက်ဆံတန်ဖိုးသိပြီး ထရှာလို့မလွယ်နိုင်ပါဘူး။
ဒါကြောင့် အရွယ်ရှိတုန်းငွေရှာဖို့မပျင်းပါနဲ

owner_with_respect...

lesso

22/11/2025

သူများနဲ့ကိုယ်နဲ့ မတူစေနဲ့
သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ။

သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ။ သူများ
လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ။

သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ။
သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ။

သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ။
သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ။

သူများမျက်နှာကြောတင်း
နေတဲ့အခါ ကိုယ်က ပြုံးပါ။
သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ။

မဖြုန်းသင့်သည့်အရာ ( ၃ ) ပါး
ငွေကို ဖြုန်းလျှင်
ဥစ္စာကို ဆုံးရှုံးရတတ်တယ်။

စကားကို ဖြုန်းလျှင်
သိက္ခာကို ဆုံးရှုံးရတတ်တယ်။

အချိန်ကို ဖြန်းလျှင်
ဘဝကို ဆုံးရှုံးရတတ်တယ်။

Credit မူရင်း

16/11/2025

ဘဝမှာ မှားမှာကို မကြောက်နဲ့
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။
ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတက်ပါစေ။
အခက်အခဲ တွေ့တိုင်းစိတ်ဓာတ်မကျပါနဲ့။

ဒုက္ခဆိုတာ သုခအတွက် ပထမရှေ့ပြေး။
မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်။

လောကဓံကို ကြံ့ကြံ့ခံနိူင်မှ
လူဘဝဆိုတာ ဖြောင့်ဖြူးတာပါ။

အပြေးသမားတစ်ယောက်က
အမောမခံနိူင်ပဲ ပန်းတိုင်ရောက်အောင် မပြေးနိူင်ဘူးလေ။

လူ့ဘဝကလည်း ဒီလိုပဲ...
မောပန်းခြင်းကိုအကြောင်းပြ
ရောက်တဲ့နေရာ ရပ်နေသရွေ့
လျှင်မြန်ပါတယ်ဆိုတဲ့ ''ယုန်'' ကို
"လိပ်'' ကတောင် အနိူင်ယူသွားသေးတာပဲ။

ရှေ့ကလူကို နောက်ကလူက
လိုက်မှီတယ်ဆိုရင်... အဲ့ဒီလူကပဲ
မြန်တာလား... ရှေ့ကလူကပဲ ရပ်နေတာလား စဉ်းစားကြည့်ပါ။

ဘယ်ကိစ္စမဆို...
မှားမှာမကြောက်နဲ့
ရှုံးမှာမကြောက်နဲ့
ကြောက်တက်တဲ့စိတ်ကိုပြင်
စိတ်ဓာတ်ကိုအမြဲမြှင့်တင်ပါ။

ဘဝကိုမြှင့်မှ တိုးတက်တာပါ
ဘဝင်မြင့်ရင်တော့ အောက်ကျလိမ့်မယ်သတိထား။

ဘာကြောင့်ဖြစ်ဖြစ် အားမငယ်ပါနဲ့
စိတ်ဓာတ်မကျပါနဲ့ ...
ဒါပေမယ့်...
လောကကြီးက ဒုက္ခတစ်ခုပေးတိုင်း
အခက်အခဲ တစ်ခုပေးတိုင်း
ပြဿနာတစ်ခုပေးတိုင်း
သင်ခန်းစာယူဖို့တော့ မမေ့ပါနဲ့။

ဘာကြောင့်ဆို...
အခက်အခဲနဲ့ဒုက္ခဆိုတာ
ကျွန်တော်တို့ လူသားတွေအတွက်
ပြီးဆုံးတယ်ဟူ၍ မရှိနိူင်ပါဘူး။

05/11/2025

#စိတ်ဓာတ်တွေ

သန်မာဖို့ကပိုအရေးကြီးတယ်

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address

ပြည်မြို့ နဝဒေးပွဲရုံတန်း
Pyay