Education & Knowledge by Thin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Education & Knowledge by Thin, Pyay.
24/02/2026
လူတိုင်းက မိမိဘဝရဲ့ အသေးအမွှားတိုင်းကို ပြောပြချင်နေကြတဲ့ ခေတ်ကာလမှာ ငြိမ်သက်ခြင်းဟာ တန်ခိုးကြီးမားတဲ့ အရာတစ်ခု ဖြစ်တယ်။ အချို့အရာတွေက ခိုင်ခံ့တည်ငြိမ်ပြီး တည်မြဲလာတဲ့အထိ ကိုယ့်အတွင်းမှာပဲ သိမ်းထားတာ ပိုကောင်းပါတယ်။ ကြောက်လို့မဟုတ်ပါဘူး... ပညာရှိလို့ပါ။
၁။ အောင်မြင်မှု
သင်အောင်မြင်နေတာကို အဆင့်တိုင်း ကြေညာနေစရာ မလိုပါဘူး။ သင့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရလဒ်တွေက သင့်ကိုယ်စား ပြောပြပေးပါလိမ့်မယ်။ စောစီးစွာ ပေးသိလိုက်တာဟာ လူတွေရဲ့ မလိုလားအပ်တဲ့ အာရုံစူးစိုက်မှု၊ နှိုင်းယှဉ်ကြည့်မှု၊ မနာလိုမှုတွေကို ဖိတ်ခေါ်သလို ဖြစ်သွားတတ်ပါတယ်။ တိတ်တဆိတ် တိုးတက်ပါစေ။ တည်မြဲလာတဲ့အခါ သူ့ဖာသာသူ တောက်ပနေပါလိမ့်မယ်။
၂။ အချစ်ရေး
အချစ်ဟာ ကာကွယ်စောင့်ရှောက်မှုရှိမှ လှပပါတယ်။ အစပိုင်းမှာ ဆက်ဆံရေးတွေဟာ ပြင်ပရဲ့ သဘောထားတွေ ဝင်မလာဘဲ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ လောကကြီးကို ချမပြခင် နှစ်ယောက်ရဲ့ သံယောဇဉ်ကြိုးကို အရင် ခိုင်မာအားကောင်းပါစေ။ စစ်မှန်တဲ့ အချစ်တွေက ငြိမ်သက်ရာမှာ ဖူးပွင့်ကြပါတယ်။
၃။ အစီအစဉ်နဲ့ နည်းဗျူဟာ
သင့်ရဲ့ အကြံအစည်တွေ၊ အစီအစဉ်တွေ၊ နည်းဗျူဟာတွေက သင့်အတွက် ကိုယ်ပိုင်စံပြပုံစံ ဖြစ်ပါတယ်။ အလွန်စောစော ဝေမျှလိုက်ရင် အာရုံနောက်စေခြင်း၊ တခြားသူတွေ အတုခိုးယူခြင်းတွေ ဖြစ်နိုင်ပါတယ်။ တိတ်တဆိတ် အလုပ်လုပ်ပါ။ အောင်မြင်မှုက သင့်နည်းလမ်းတွေကို သူ့ဖာသာသူဖော်ပြပေးပါလိမ့်မယ်။
၄။ ဝင်ငွေ
ငွေကြေးဟာ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ သင် ဘယ်လို ရှာသလဲ၊ သုံးသလဲ၊ စုသလဲ၊ ရင်းနှီးမြှုပ်နှံသလဲဆိုတာ လူတိုင်း သိဖို့ မလိုပါဘူး။ သင့်ရဲ့ ဘဏ္ဍာရေးကို နှိုင်းယှဉ်မှုတွေ၊ မနာလိုမှုတွေကနေ ကာကွယ်ထားပါ။ တိတ်ဆိတ်တဲ့ တည်ငြိမ်မှုက ဆူညံစွာ ပြသတာထက် ပိုမိုအားကောင်းပါတယ်။
၅။ ပျော်ရွှင်မှု
ပျော်ရွှင်မှုဟာ မြင့်မြတ်တန်ဖိုးရှိတဲ့ အရာပါ။ အွန်လိုင်းမှာ သက်သေပြစရာ မလိုပါဘူး။ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုအတွက် လူတွေရဲ့ အတည်ပြုချက်လည်း မရှာပါနဲ့။ တကယ့်ကို ဂရုစိုက်တဲ့ သူတွေနဲ့အတူပဲ သင့်အချိန်တွေကို ဆိတ်ငြိမ်စွာခံစားပါ။ လူတိုင်းက သင့်ပျော်ရွှင်မှုကို နားလည်ကြမှာ မဟုတ်ပါဘူး။
၆။ အိပ်မက်နဲ့ ပန်းတိုင်
အိပ်မက်တွေဟာ ငြိမ်သက်ရာမှာ အကောင်းဆုံး ကြီးထွားပါတယ်။ သင့်ကို ထောက်ခံမြှင့်တင်ပေးမယ့် သူတွေကိုပဲ ပြောပြပါ။ သင့်တိုးတက်မှုကိုပဲ ကြေညာချက် အဖြစ်ရှိပါစေ။
အချို့အရာတွေဟာ အချိန််မတန်မီ ဖော်ထုတ်လိုက်ရင် အံ့ဖွယ်ရာတွေ ပျောက်သွားတတ်ပါတယ်။ သင့်ရဲ့ ကောင်းချီးမင်္ဂလာတွေကို ကာကွယ်ပါ။ အစီအစဉ်တွေကို ပြုစုပျိုးထောင်ပါ။ ပြီးတော့ သင့်ရဲ့ ရလဒ်တွေနဲ့သာ သက်သေပြလိုက်ပါ။
In a world where everyone is eager to share every detail of their life, there’s something powerful about silence. Some things are best kept private until they are strong, stable, and permanent. Not out of fear but out of wisdom.
1. Your Success
Your success doesn’t need to be announced at every step. Let your work and results speak for you. Early sharing often attracts unnecessary attention, comparison, or jealousy. Grow quietly. When it’s permanent, it will shine on its own.
2. Your Love Life
Love is beautiful when it’s protected. In the early stages, relationships need privacy to grow without outside opinions. Let your bond strengthen in peace before showing it to the world. True love blooms in silence.
3. Your Planning & Strategies
Your ideas, plans, and strategies are your personal blueprint. Sharing them too soon can bring distraction or imitation. Work in silence and let success reveal your methods naturally.
4. Your Income Sources
Money is a private matter. Not everyone needs to know how you earn, save, or invest. Protect your financial life from comparison and envy. Quiet stability is more powerful than loud display.
5. Your Happiness
Happiness is sacred. You don’t need to prove it online or seek approval for your peace. Enjoy your moments quietly, with those who truly care. Not everyone will understand your joy.
6. Your Dreams & Goals
Dreams grow best in silence. Share them only with those who support and uplift you. Let your progress be your announcement.
Some things lose their magic when exposed too early. Protect your blessings, nurture your plans, and let your results make the noise.
English text and picture crd — The Storyteller
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
24/02/2026
မစွန့်စားဘဲ နေသာသလိုလေး နေထိုင်တာဟာ အန္တရာယ်အများဆုံး နည်းလမ်းပဲ။ သေခါနီးအချိန်မှာ လူတွေရဲ့ အကြီးမားဆုံး နောင်တက ရှုံးနိမ့်လို့ မဟုတ်ဘူး - ကိုယ့်ဘဝကို စစ်မှန်စွာ ရဲရဲရင့်ရင့် မနေရဲခဲ့လို့ပါ။
ဒီကမ္ဘာကြီးပေါ်မှာ နှစ် ၈၀ လုံးလုံး နေထိုင်ပြီး တခြားသူရေးပေးထားတဲ့ ဇာတ်ညွှန်းအတိုင်း လိုက်နာနေရင်း၊ နောက်ဆုံးမှာ သင်ဟာ သင့်ဘဝထဲမှာ အဓိကဇာတ်ဆောင် မဟုတ်တော့ဘဲ ဇာတ်ပို့တစ်ယောက်လို ဖြစ်နေတာကို တွေးကြည့်ပါ။ အဲလို မဖြစ်စေနဲ့။
ကြီးကြီးမားမား လုပ်လိုက်ပါ။ စွန့်စားမှုတွေကို လုပ်လိုက်ပါ။ ညတိုင်း အိပ်မပျော်အောင် စိတ်ထဲမှာ ထပ်ခါထပ်ခါ ပေါ်လာနေတဲ့ အိပ်မက်တွေကို လက်တွေ့ဖော်ဆောင်ပါ။ ရှုံးနိမ့်သွားရင်တောင် ပြန်ပြောပြဖို့ ဇာတ်လမ်းကောင်းတစ်ပုဒ် ရမှာပေါ့။ ဒါပေမယ့် အောင်မြင်သွားရင်ကော။ အရာရာ ပြောင်းလဲသွားမှာပါ။ နောင်တရတဲ့ နာကျင်မှုက ရှုံးနိမ့်မှုထက် ပိုပြီး ခံစားရခက်ပါလိမ့်မယ်။
Playing it safe is the riskiest strategy. The
biggest regret of people on their deathbeds
isn't failing— it's not having the courage to
live authentically. Imagine spending 80
years on this planet, following a script
someone else wrote for you, only to realize
you were a supporting character in your
own life. F*ck that. Go big. Take the risk.
Chase the dream that keeps you up at
night. If it fails, you've got a great story. But
if it works? It changes everything. Regret
stings more than failure ever will.
English text - BuildAlpha
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
30/12/2024
"နှစ်သစ်မင်္ဂလာ ဆုတောင်းပေးပုံများ"
New Year 2025 is just around the corner!
နှစ်သစ်ကူးမယ့် အချိန်ကာလ နီးကပ်လာပြန်ပြီပေါ့နော်။ ဒီလို ချိန်ခါမျိုးမှာ နီးနီးဝေးဝေး မိတ်ဟောင်းဆွေဟောင်းတွေကိုလည်း သတိတရရှိလှကြောင်း ဆုတောင်းမေတ္တာပေးပို့ကြတယ်။ Happy New Year လို့ရေးပို့လည်းရပေမဲ့ အင်္ဂလိပ်လို လေးနက် ထိရောက်ပြီး personal touch ပါတဲ့ နှုတ်ဆက်ဆုတောင်းစကားလေးတွေကို သိချင် သုံးချင်သူများအတွက် Happy New Year Wishes and Greetings တိုတိုနဲ့ လှပထိရောက်တာလေးတွေ စုဆောင်းတင်ပြလိုက်ပါတယ်။
1. Whenever I think of the New Year, I always think about you. Even if we are miles apart, you are always wished well and prayed for. Have a great new year!
(New Year လို့စဉ်းစားလိုက်တိုင်း မင်းအကြောင်းကိုပဲ တွေးမိတယ်။ ငါတို့ မိုင်ပေါင်းများစွာဝေးနေပေမဲ့ မင်းအတွက်အမြဲ သတိတရဆုတောင်းပေးနေပါတယ်။ ပျော်စရာနှစ်သစ်ရယူနိုင်ပါစေ။)
2. May this New Year bring you a peace filled life, warmth and togetherness in your family and much prosperity! Happy New Year!
(ဒီနှစ်သစ်မှာ ငြိမ်းချမ်းသောဘဝ၊ နွေးထွေးမှုနဲ့ မိသားစုတွေအတူတကွရှိပြီး စီးပွားတိုးတက်ပါစေလို့။)
3. Hold the smile, let the tear go, keep the laughgter, lose the pain, look for joy, and abandon the fear. Happy New Year dear!
(ပြုံးထား၊ မငိုနဲ့တော့၊ ရယ်ပါ၊ နာကျင်စရာထားလိုက်တော့၊ ပျော်စရာရှာ၊ ကြောက်စိတ်တွေဘေးဖယ်ထားလိုက်။ ပျော်စရာနှစ်သစ်ဖြစ်ပါစေ။)
4. Let this New Year give you all the strength and courage to win over your vices and enhance your virtues.
(အကုသိုလ်များရှောင်ရှား၍ ကုသိုလ်ပွားများနိုင်စေရန် ဒီနှစ်သစ်မှာ ခွန်အား သတ္တိရရှိနိုင်ပါစေ။)
5. Wish you have a year even better than the best and put smiles on the faces of everyone you come across.
(အကောင်းတကာ့ အကောင်းဆုံး နှစ်တစ်နှစ်ရရှိပြီး ကြုံဆုံရသူမှန်သမျှကို အပြုံးပန်းဆင်နိုင်သူ ဖြစ်ပါစေ။)
6. Have a year as fragrant as roses, as brilliant as the sun, as colorful as the rainbow and as cheerful as the lark. Happy New Year!
(နှင်းဆီပန်းသို့ မွှေးမြသော၊ နေမင်းပမါ တောက်ပသော၊ သက်တံလို အရောင်အသွေးစုံသော၊ ဘီလုံးငှက်လို ရွှင်မြူးသော နှစ်သစ်ရရှိပါစေ။)
7. Open your eyes, look at the bright day awaiting you, forget all bad dreams and start afresh. Wishing you a wonderful New Year!
(မျက်လုံးဖွင့်ကြည့်လိုက်ပါ၊ သာယာတဲ့နေ့သစ် မင်းကိုစောင့်နေတာ မြင်မှာ၊ အိပ်မက်ဆိုးတွေမေ့ပြစ်လိုက်ပြီး အသစ်ကပြန်စပါ။ ပျော်စရာနှစ်သစ်ဖြစ်ပါစေ။)
8. A promising and a fulfilling new year is waiting just for you. Open your arms and behold it with grace and mirth. Hope you have prosperous one.
(ပိုကောင်းမွန်တဲ့ နှစ်သစ် မင်းကိုစောင့်နေပြီ။ ကျက်သရေ ပျော်ရွှင်မှုတို့နဲ့ ပွေ့ဖက်ထွေးပိုက်ကြိုလိုက်ပါ။ အောင်မြင်တိုးတက်ပါစေလို့။)
9. Even if we don’t talk to each other much nowadays, even if we are caught up in our respective lives, I will always wish well for you. Happy New Year!
(ခုနောက်ပိုင်း တို့တွေ စကားသိပ်မပြောဖြစ်ကြပေမဲ့၊ ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်တွေများနေပေမဲ့၊ ကိုယ် မင်းကို အမြဲဆုမွန်ကောင်းတောင်းပေးနေပါတယ်။ ပျော်စရာနှစ်သစ်ပါ။)
10. No matter what happens, however far we may be, my prayers and wishes for you will never fall short. Stay happy for this year and all the years to come.
( ဘာတွေဖြစ်နေနေ၊ တို့တွေဘယ်လောက်ဝေးနေကြပစေ၊ ကိုယ် မင်းအတွက် ဆုတောင်းမပျက်ပါ။ ဒီနှစ်ရော နောင်နှစ်ပေါင်းများစွာမှာ ပျော်အောင်နေနိုင်ပါစေ။)
11. May this New Year equip you with good luck, good health, good fortune and good times! Happy New Year!
(ဒီနှစ်သစ်ချိန်ခါမှာ ကံကောင်းခြင်း၊ ကျန်းမာရေးကောင်းခြင်း၊ စီးပွါးတိုးတက်ပြီး ပျော်ရွှင်ခြင်းတို့နဲ့ပြည့်စုံပါစေ။)
12. May your New Year be spent in pomp and splendor and the upcoming year in love and peace! Happy New Year!
(ဒီနှစ်သစ်မင်္ဂလာကို ခမ်းနားစွာ ကျင်းပနိုင်ပြီး လာမည့်နှစ်သစ်မှာ မေတ္တာနဲ့ ငြိမ်းချမ်းမှုတို့နဲ့ ပြည့်ပါစေ။)
13. I wish this New Year provides you enough reasons to be happy and you have uncountable days filled with joy and mirth!
(ဒီနှစ်သစ်မှာ ပျော်စရာ အကြောင်းနဲ့ပြည့်စုံစေပြီး ရယ်မောပျော်ရွှင်စရာ နေ့ရက်များစွာရနိုင်ပါစေ။)
14. Say hello to a brand new year and a new chance to set everything right!
(နှစ်သစ်နဲ့ အားလုံးကိုအဆင်ပြေစေဖို့ အခွင့်ကောင်းအသစ်ကို နှုတ်ဆက်လိုက်ပါအုံး။)
15. Ten, nine, eight, seven, six, five, four, three, two, one, hurrah! Its New Year already! Enjoy loads and have a great time ahead.
(တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခွန်၊ ခြောက်၊ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်...ဟေး.... နှစ်သစ်ကူးပါပြီ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့သို့ချီ။)
16. I came across love, health, peace and joy. They wanted a permanent home. I offered them your address. Hope they reach your doorstep on this New Year.
(မေတ္တာ၊ ကျန်းမာခြင်း၊ ငြိမ်းချမ်းမှုနဲ့ ပီတိတို့ကို ကြုံတွေ့ခဲ့တယ်။ သူတို့က အမြဲနေလို့ရမဲ့ အိမ်လိုချင်တယ်ဆိုလို့ မင်းရဲ့အိမ်လိပ်စာပေးလိုက်တယ်။ ဒီနှစ်သစ်ကူးနေ့မှာ သူတို့တွေ မင်းရဲ့အိမ်ရှေ့ရောက်နေပြီလို့ မျှော်လင့်နေပါတယ်။)
17. The future holds wonderful surprises for you. Greet them with open arms and let them work wonders for you!
(မင်းအတွက် အံ့အားသင့်စရာလေးတွေ အနာဂတ်က သယ်ဆောင်လာမှာ။ သူတို့ကို လက်ကမ်းကြိုဆိုပြီး မင်းအတွက်ကောင်းမွန်စရာတွေဖြစ်ပါစေ။)
18. Wishing you and your family good health, happiness, success and prosperity in the coming year! Have a great start to a great year!
(လာမဲ့နှစ်သစ်မှာ မင်းနဲ့ မင်းမိသားစု ကျန်းမာ၊ ပျော်ရွှင်၊ အောင်မြင် စီးပွားတက်ပါစေလို့ ဆန္ဒပြုလျှက်။ နှစ်သစ်ကို အောင်မြင်စွာ စတင်နိုင်ပါစေ။)
19. May this New Year add a burst of colors and fragrance into your life just like a new blooming flower!
(ဖူးပွင့်စ ပန်းပမါ အသွေးအရောင်စုံနဲ့ မွှေးမြမှုတို့ကို ဒီနှစ်သစ်ဟာ မင်းရဲ့ဘဝကိုဖြည့်စွက်ပေးနိုင်ပါစေ။)
20. Welcome the New Year with new hopes and do have a wonderful year ahead.
(မျှော်လင့်ခြင်းအသစ်တို့နဲ့ နှစ်သစ်ကိုကြိုပြီး ကောင်းမွန်သောနှစ်သစ်ရရှိနိုင်ပါစေ။)
21. Learn from your mistakes in the past so that you can avoid them in the New Year. Happy New Year!
(အတိတ်က အမှားတွေမှ သင်ခန်းစာယူပြီး ဒီလိုအမှားတွေကို နှစ်သစ်မှာ ရှောင်ကွင်းနိုင်ပါစေ။)
22. May all the goals that you have set for yourself in the near future attain success in the upcoming year itself!
(အနာဂတ်အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်များ ဒီလာမဲ့နှစ်သစ်မှာ အကုန်အောင်မြင်ပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။)
23. Nights will be dark but days will be light, wish your life to be always bright — Happy New Year.
(ညတွေမှောင်မဲ နေ့တွေလင်းထိန်၊ မင်းဘဝလေး အမြဲလင်းလက်သာယာပါစေလို့..)
24. May you reach the pinnacle of success and the zenith of glory — Happy New Year!
(အောင်မြင်ကျော်ကြားမှု သရဖူဆောင်းနိုင်ပါစေလို့။)
25. May you dedicate the New Year to humanity and the betterment of the world at large.
(ဒီနှစ်သစ်မှာ လူသားအားလုံးကောင်းကျိုးကို သယ်ပိုးနိုင်ပါစေ။)
26. Just like a new bloom spreads fragrance around, let the New Year also fill you with happiness!
(ဖူးသစ်စပန်းကလေး မွှေးပြန့်စေသည့်ပမါ နှစ်သစ်မှာ မင်းဘဝ ပျော်စရာတွေနဲ့ပြည့်ဝပါစေ။)
27. Set it in your heart that each day of the New Year would keep getting better and better for you.
(နှစ်သစ်မှာ တစ်နေ့ထပ်တစ်နေ့ ပိုကောင်းဖို့သာလို့ စိတ်ထဲမြဲမြဲသာမှတ်ပါလေ။)
28. May the New Year bring fresh bout of excellence to your life.
(နှစ်သစ်မှာ မင်းရဲ့ဘဝ အကောင်းဆုံးဖြစ်ပါစေလို့ ဆန္ဒပြုတယ်။)
29. May your New Year be filled with adoration, happiness, warmth, and cheer; and may you pass on these to those around you too.
(မင်းရဲ့ နှစ်သစ် မေတ္တာ၊ ပျော်ရွှင်မှု၊ နွေးထွေးမှု၊ ရွှင်ပျမှုတို့ဖြင့် ပြည့်ဝစေပြီး မင်းရဲ့အနားရှိသူတွေကိုလည်း အဲဒီကောင်းခြင်းတွေ လက်ဆင့်ကမ်းပေးနိုင်ပါစေ။)
30. Here is wishing a very happy and prosperous New Year to a person who brings sunshine to the family always.
(မိသားစုကို အမြဲတမ်းပျော်ရွှင်စေသူ မင်း ပျော်စရာ ကြီးပွားတိုးတက်မဲ့ နှစ်သစ်ရနိုင်ပါစေလို့..)
I wish you all the best from the bottom of my heart.
Let's hope 2025 will be a kinder year to the mankind.
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
26/12/2024
DEAR TEACHER ဘာသာပြန်စာအုပ်သစ်
ကျွန်တော် ဖတ်ပြီး သဘောကျလွန်းလို့၊ teaching နဲ့မကင်းနိုင်တဲ့၊ ကျောင်းသားလူငယ်များကို ဘာသာရပ်ပေါင်းစုံ သင်ကြားပေးနေကြတဲ့ ဆရာ ဆရာမများအားလုံးကို ဖတ်စေချင်လို့ အချိန်ပေး ဘာသာပြန်ခဲ့တဲ့ Dear Teacher စာအုပ်အသစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်မယ့် စိတ်ကူးချိုချိုရဲ့ နှစ်သစ်အကြို စာအုပ်ဈေးပွဲတော်အမီ ထွက်ပါမယ်။
အမေရိကန်ပညာရေးလောကမှ ကျွမ်းကျင်ပညာရှင်နှစ်ဦးက ဆရာ ဆရာမများအတွက် ခွန်အားဖြစ်စေရာ ရေးသားထားတဲ့ အကြံဉာဏ်ကောင်းများ၊ အားပေးစကားများ၊ သင်ကြားရေး၊ classroom managementနဲ့ပတ်သက်တဲ့ ချင့်ချိန်တွေးဆဖွယ်ရာ အကြောင်းအချက်ပေါင်း ရက်ပေါင်း ၁၀၀စာ ဖတ်စရာ၊ တွေးစရာ၊ လိုက်နာစရာတွေ များစွာပါဝင်ပါတယ်။ တစ်ခါဖတ်ရင် တစ်နေ့စာ ဆွေးနွေးပေးထားတာကို နည်းနည်းပဲဖတ်ပြီး ကိုယ့်ရဲ့ teaching context နဲ့ နှိုင်းယှဉ်ပြီး များများပြန်တွေးကြည့်ဖို့၊ reflective teacher ဖြစ်စေဖို့ တိုက်တွန်းပါတယ်။ အပျော်ဖတ်မဟုတ်၊ သင်ကြားရေးနဲ့ဆိုင်တဲ့ စာမို့လို့ စာချောအောင် ဖတ်ကောင်းရုံ ဘာသာမပြန်ဘဲ မူရင်းရေးသူများရဲ့ message မပျောက်အောင် အတိအကျ ဘာသာပြန်ထားပါတယ်။
မြင့်နေတဲ့ စက္ကူဈေးတွေ၊ Dear Teacher ကိုထုတ်ဝေတဲ့ မူရင်းတိုက် Routledgeမှ ဘာသာပြန်ခွင့်မူပိုင်ကို ဝယ်ယူရတဲ့ အဖိုးအခတို့ကြောင့် ဒီစာအုပ်ဈေးနှုန်းက ကျွန်တော့်အရင်စာအုပ်များထက် အနည်းငယ်ပိုများတာကို နားလည်ကြမယ်ထင်ပါတယ်။ စာမျက်နှာ ၂၅၀ ကျော်၊ ၁၅၀၀၀ ကျပ်ပါ။
28 December to 9 January အတွင်း online မှမှာယူ ရင်၊ ကိုယ်တိုင် ဆိုင်သွားပြီး ဝယ်ယူရင် ၂၀% လျှော့ပေးတာမို့ ဆရာ ဆရာမများ Daer Teacher ကို အားပေးနိုင်ကြောင်း အသိပေးလိုက်ပါတယ်။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

26/12/2024
(နိုင်ငံခြားတက္ကသိုလ်တွေမှာ Ph.D. ဆက်တက်ချင်လို့ ဘယ်လိုတွေ ကြိုပြင်ဆင်ထားရမလဲလို့ မေးထားသူများအတွက် အရင်ကရေးထားတဲ့ ဆောင်းပါးကို ပြန်ရှာတင်ပေးလိုက်ပါတယ်။ အခုအချိန်မှာတော့ ဒီလိုစိတ်ပါလက်ပါ အသေးစိတ်မရေးနိုင်တော့ပါဘူး။)
Ph.D. လုပ်ရန်ရည်ရွယ်ချက်ရှိလျှင်
ကိုယ် Ph.D. အဆင့်အထိ ဆက်တက်မယ်၊ ဒေါက်တာဘွဲ့ကို ဆက်ယူမယ်လို့မှန်းထားရင် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ရပါတယ်။ ရှေ့လ ဝင်ခွင့်စာမေးပွဲခေါ်ရင် သွားလျှောက်လိုက်မယ်၊ ပြီးတော့ ကြီးကြပ်သူ supervisor ခေါ်သွားတဲ့အတိုင်း ဆက်လုပ်သွားတာပေါ့လို့ ခပ်ပေါ့ပေါ့မတွက်ပါနဲ့။
၂၀၂၂ ခုနှစ်မှာ Ph.D. candidate စဖြစ်ဖို့ ရည်မှန်းထားသူဟာ အနည်းဆုံး ၂၀၂၁ အစောပိုင်းလောက်ကတည်းက ကိုယ်လုပ်ချင်တဲ့ topic အကြောင်းအရာနဲ့ပတ်သက်တာတွေကို အနည်းဆုံး တစ်နှစ်အချိန်ယူပြီး စာအုပ်စာတမ်းရှာတာတွေ၊ စာဖတ်ပြီး မှတ်စုထုတ်တာတွေ စလုပ်ထားခဲ့ရမှာဖြစ်ပါတယ်။ ကျွန်တော့်ကို ကြီးကြပ်ခဲ့တဲ့ Professor ကြီးတွေက အဲဒီလို စာကြိုဖတ်တာကို reading around your topic for at least one year in advance before you officially begin the program လို့ အကြံပေးခဲ့ကြပါတယ်။
အဲဒီလို စာတွေ ကျယ်ကျယ်ပြန့်ပြန့်လိုက်ဖတ်နေရင်းနဲ့ပဲ ကိုယ် research လုပ်ချင်တဲ့ topic ကို အဖက်ဖက်မှ လှည့်ပတ်စဥ်းစားကြည့်ရပါတယ်။ Research questions တွေ ကိုယ့်ရဲ့ hypotheses တွေကို တွေးဆဖော်ထုတ်ယူရပါတယ်။ လေးနှစ်ကြာ စစ်တမ်းတွေကောက်ယူပြီး သုတေသနလုပ်ယူပြီး အဖြေရှာဖို့မလိုတဲ့ obvious questions မျိုး မမေးမိဖို့လည်း သတိထားရပါတယ်။ (iPad တစ်ခုစီ အခမဲ့ပေးလိုက်ခြင်းကြောင့် ကျောင်းသားများရဲ့ motivation ပိုထက်သန်လာနိုင်မလား ဆိုတဲ့ မေးခွန်းမျိုးဟာ stating the obvious ပေါ့။) မိမိရဲ့ သုတေသနပြုချက်ကြောင့် မိမိရဲ့ ဘာသာရပ်နယ်ပယ်အတွက် ဘယ်လို new knowledge , new contributions တွေထည့်ဝင်စေနိုင်မယ်ဆိုတာကို သိဖို့လိုပါတယ်။ အဲဒီလို ခရေစေ့တွင်းကျမစဥ်းစားထားတဲ့ candidate တွေဟာ supervisor က သဘောမကျလို့ ဟိုဟာပြင်ခိုင်း၊ ဒီဟာပြင်ခိုင်း၊ ကြာတော့ supervisor နဲ့ အဆင်မပြေ၊ နောက် supervisor အသစ်ထပ်ရှာရပြန်တော့ သိပ် stress များလှပါတယ်။ နှစ်နှစ် သုံးနှစ်အတွင်း superviosr သုံးယောက်လောက်ပြောင်းရပြီး နောက်ဆုံး ဘယ်သူနဲ့မှအဆင်မပြေ၊ အချိန်ကုန်ငွေခန်း Ph.D. မပြီးသွားရှာသူတွေလည်း တွေ့ခဲ့ဖူးပါတယ်။
Reading around for one year ဆိုတဲ့ ကာလအတွင်းမှာ မဖတ်မဖြစ် ထည့်ဖတ်ဖို့ အရေးအကြီးဆုံး စာအုပ်တစ်အုပ်ကတော့ Research methodology စာအုပ်ပါ။ ကိုယ် data ကို ဘယ်လိုကောက်မလဲ၊ ရလာတဲ့ data တွေကို ဘယ်လိုနည်းနဲ့ analyse လုပ်မလဲ၊ ကိုယ့်ရဲ့ Research method ဟာ qualitative လား၊ quantitative လား၊ mixed methods လား၊ triangulation လုပ်မှာလား ဒါတွေကို အကြမ်းဖျင်း တီးမိခေါက်မိအောင်တော့ program မစခင်ကတည်းက သိထားဖို့လိုပါတယ်။
သေသေချာချာပြန်စဉ်းစားကြည့်ရင် Ph.D. ကို officially စမလုပ်ခင် စာကြိုတင်ဖတ်တဲ့ အဲဒီအချိန် တစ်နှစ်ဟာ အရေးအကြီးဆုံးလို့တောင်ပြောနိင်ပါတယ်။ ဘာ့ကြောင့်လဲ။ အဲဒီအချိန်တစ်နှစ်ဟာ သင်ရေးမယ့် Thesis, Dissertation ရဲ့ Chaper 1,2, နဲ့ 3 ကို ပုံကြမ်းဖော်ပေးမယ့် အချိန်ဖြစ်လို့ပါပဲ။
Chapter one - Introduction and background of the study
Chapter two - Literature review
Chapter three - Research methodology
အဲဒီ အခန်းသုံးခန်း၊ thesis ရဲ့ ၅၀ ရာခိုင်နှုန်းကျော်အတွက် foundation ချတဲ့ တစ်နှစ်တာပါ။ စာလှည့်ပတ်ဖတ်နေရင်း တစ်ပြိုင်တည်းမှာပဲ ကိုယ့်ရဲ့ computer ပေါ်မှာ ဖတ်သမျှ paper တွေ၊ article တွေ၊ စာအုပ်တွေကို Bibliography စာစုစာရင်းကို running file ဖွင့်ထားပါ။ topic နဲ့သက်ဆိုင်တာ တစ်ခုခုကို ဖတ်ပြီးတိုင်း အက္ခရာအစဥ်အလိုက် စာရေးသူတွေကို ဒီဖိုင်ထဲမှာ ထည့်နေပါ။ ဒါဟာလည်း ကျောင်းသားတော်တော်များများရဲ့ နောက်တော့လုပ်တာပေါ့ ဆိုပြီး အချိန်ဆွဲတတ်ကြတဲ့ အကျင့်ဆိုးကြောင့် thesis ရေးနေရင်း ကိုယ် Literature review chapter မှာ ကိုးကားခဲ့သူ စာရေးသူကို Bibliography ထဲထည့်ဖို့ နောက်မှ အသည်းအသန်လိုက်ရှာရ၊ အချိန်ကုန်တာတွေ တွေ့ရဖူးလို့ ပြောတာပါ။ ကိုယ် Thesis စမရေးခင်ကတည်းက Bibliography file ကို ဖွင့်ထားပါ။
အဲဒါဟာ ကျွန်တော် Ph.D. လုပ်တုန်းက ကျွန်တော့်ရဲ့ supervisor နှစ်ယောက်ဖြစ်သူ Prof. Alan Maley နဲ့ Prof. Ronald Carter တို့ ကျွန်တော့်ကို supervise လုပ်ခဲ့တဲ့ British နည်းပါပဲ။ Degree by research လို့ခေါ်တယ်။ ဘွဲ့ရ မရဟာ ကိုယ့်ရဲ့ research work တစ်ခုတည်းမှာပဲမူတည်တယ်။ Day one ကတည်းက ကိုယ့်ခြေပေါ်ကိုယ်ရပ် research နဲ့စရတယ်။ taught courses တွေမရှိ၊ student seminar တွေပဲ ရှိတဲ့စနစ်ပါ။ ဘယ်အချိန်မှာ ဘယ် chapter ကိုပြီးနေရမယ်လို့ supervisor က ရှင်းရှင်းပြတ်ပြတ်ပြောထားပြီး ကျောင်းသားက အဲဒီ supervisor's deadline ထက်ပိုစောတဲ့ self-imposed deadline ကို ပြန်သတ်မှတ်ခြင်းဖြင့် Ph.D. journey မှာ survive လုပ်နိုင်တာပါ။
မှတ်မိတာလေးတွေ ဆက်ရေးပေးပါဦးမယ်။ အဓိက ပေးချင်တဲ့ message ကတော့ စဖြစ်ရင်လုပ်တာပေါ့ဆိုတဲ့ attitude မထားဖို့ပါ။ preplanning ဟာ အခရာပါ။ အနည်းဆုံး တစ်နှစ်ကြိုတင်ပြင်ဆင်သင့်ပါတယ်လို့။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း
18/12/2024
မေးလေ့ရှိတဲ့ စကားလုံးလေးအချို့🔔🔔
(ဆရာကန်တော့ပွဲကို ဘယ်လိုခေါ်သလဲလို့ ခဏခဏ မေးတတ်ကြလို့ ထပ်ဖြည့်စွက်ပြီး ပြန်တင်ပေးလိုက်ပါတယ်။)
ဆရာကန်တော့ပွဲ= homage paying ceremony; paying homage to teachers
သက်ကြီးပူဇော်ပွဲ= paying homage to the elderly/elders
ရှင်ပြု= novitiation ceremony
ရဟန်းခံ= ordination ceremony
သိက္ခာထပ်= reordination ceremony
ကထိန်သင်္ဃန်းကပ်လှုပွဲ= Kathina robe offering ceremony
နားသမင်္ဂလာ= ear-boring ceremony
နာမည်ပေး ကင်ပွန်းတပ်= naming ceremony; christening ceremony
မွေးနေ့ပွဲ= birthday party
စေ့စပ်ကြောင်းလမ်းခြင်း= engagement
ရုံးတက်လက်မှတ်ထိုးခြင်း = signing of the wedding register
မင်္ဂလာဆောင်၊ လက်ထပ်ပွဲ= wedding ceremony; wedding reception
မင်္ဂလာနှစ်ပတ်လည်ပွဲ= wedding anniversary
အိမ်တက်မင်္ဂလာ= housewarming party
နာရေး(ကြော်ငြာ)= obituary; obituary notice
အသုဘ= funeral; funeral service
ဆွမ်းကျွေးအလှု= alms-giving; donation
စတုဒိသာ= feast given in charity to all
ကွာရှင်းပြတ်စဲခြင်း= divorce
စာပေဟောပြောပွဲ= literary talk
ဖွင့်ပွဲ= opening ceremony
ပိတ်ပွဲ= closing ceremony
မောင်မယ်သစ်လွင်ကြိုဆိုပွဲ= fresher welcome, freshman orientation, freshman induction ceremony
နှုတ်ဆက်ပွဲ= farewell party
ကျောင်းသားဟောင်းများပြန်တွေ့ဆုံပွဲ= alumni reunion
ဘွဲ့နှင်းသဘင်= graduation; graduation ceremony; commencement exercise
ဆုပေးပွဲ= prize distribution ceremony
ညီလာခံ = conference
နှီးနှောဖလှယ်ပွဲ = seminar
press conference = news conference = သတင်းစာရှင်းလင်းပွဲ
အထိမ်းအမှတ် ဂုဏ်ပြုပွဲ= commemoration
ခဏခဏမေးတတ်ကြလို့ စဉ်းစားလို့ရသလောက်လေး စုရေးပေးလိုက်ပါတယ်။
ချမ်းမြေ့ကြပါစေ။
With love,
Dr.Soe Than
18/12/2024
Speaking အတွက် ကျက်ထားရမဲ့ အတိုအထွာလေးတွေ
ပုံစံအမျိုးမျိုးနဲ့ စကားပြောမှာ ပြောင်းသုံးလို့ရပုံကို သိစေဖို့ အင်္ဂလိပ်လို အဓိပ္ပါယ်တူတဲ့ ဝါကျလေးတွေကို လေ့လာကြပါ။ ဝါကျတွေကို အသံထွက်ဆိုပါ။ ထပ်ခါ ထပ်ခါ အသံထွက်ဖတ်ပြီး အလွတ်ရအောင်လေ့ကျင့်ပါ။ မကြည့်ဘဲ ပြောနိုင်သလား...သွက်လက်စွာ အလွတ်ပြောနိုင်ပြီလား ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ပါ။ That is really an effective way for you to practise to speak English fluently.
📍ဒါလေးများ လွယ်လွယ်လေးပါကွာ။ မခက်ပါဘူး။
- It's a piece of cake.
- It's easy as pie.
(မြန်မာစကားမှာ ငှက်ပျောသီး အခွံနွှာစားသလို လွယ်ကူလွန်းတယ်လို့ ပြောသလို အင်္ဂလိပ်စာမှာတော့ ကိတ်မုန့် ပိုင်းမုန့်လေး စားရသလို လွယ်တယ်တဲ့)
- It's not rocket science.
(အာကာသဒုံးပျံလေ့လာတဲ့ပညာမဟုတ်၊ လွယ်လွယ်လေး)
- I could do it with my eyes shut.
(ဒါလေးများ မျက်လုံးပိတ်ပြီးလုပ်လို့ရတယ်)
📍ငါ့ကို နားလည်မှုမလွဲပါနဲ့။
(တခုခုမပြောခင် ကိုယ့်ကိုနားလည်မှုမလွဲအောင် ဝါကျအစမှာ စပြောပုံ)
- Don't get me wrong.
- Please don't misunderstand me, but....
- Don't take this the wrong way, but....
- You must understand that.....
📍မင်းသဘောပဲကွာ။ မင်းကြိုက်သလိုဆုံးဖြတ်။
- It's up to you.
- The decision is yours.
- I will leave it to you.
- You decide.
You want to stay or leave? It's up to you.
နေချင်နေ သွားချင်သွား၊ မင်းသဘောပဲ။
📍ပြဿနာမဟုတ်။ ရေးကြီးခွင်ကျယ်လုပ်စရာမဟုတ်။ အေးဆေးပါ။
- It's not a big deal.
- No big deal.
- No biggie.
- No problem.
📍ငါနားမလည်ဘူး။ ငါမသိဘူး။
- I don't get it.
- I don't understand it.
- It beats me.
- I have no idea.
- I have no clue.
- I don't have a clue.
📍မကြားလိုက်လို့ ပြန်ပြောပါ။
- I beg your pardon.
- Please repeat what you just said.
- What did you say?
ဒီလိုမျိုးဝါကျ အပြည့်ပြောလို့ရတဲ့အပြင်...
- Sorry?
- Excuse me?
- Pardon? ....ဆိုပြီးမေးခွန်းမေးသလို အသံမြှင့်ပြီး rising tone လေးနဲ့ပြောပါ။
- Come again. (ဒါလည်း ဘာပြောလိုက်တာလဲ၊ မကြားလို့ပြန်ပြောခိုင်းတာ။ ထပ်လာပါလို့ ဘာသာမပြန်ရ။ informal ဆိုတော့ ရင်းနှီးသူတွေနဲ့ပြောရင်သာ သုံးပါ။)
📍ကိုယ့်အပြစ်ပါ၊ တောင်းပန်ပါတယ်။
- I am sorry.
(sorry ကတော့ အကောင်းဆုံး အရိုးရှင်းဆုံးတောင်းပန်ပုံပါ။ စိတ်မကောင်းတဲ့မျက်နှာလေးနဲ့ ရိုးသားစွာ I am sorry. လို့ပြောရင် တဖက်လူက လက်ခံမှာပါ)
- I am so/very/extremely/terribly sorry.
(ပေးထားတဲ့ sorry ရှေ့က adjective တစ်ခုခုကိုထည့်ပြီးပြောတော့ တောင်းပန်တာ ပိုလေးနက်တာပေါ့)
- It's all my fault.
- My fault.
- My bad. (စကားပြောမှာ အရမ်းအသုံးများတယ်)
- How careless of me! (ငါကိုယ်က နမော်နမဲ့)
- I shouldn't have + V3
- (I shouldn't have said that. မပြောသင့်ခဲ့
- I shouldn't have done that. မလုပ်သင့်ခဲ့ဘူး)
- Please accept my apologies. (တောင်းပန်တာ လက်ခံပေးပါ) ဒီဝါကျလေးက formal ဖြစ်ပေမဲ့ ယဉ်ကျေးတဲ့အတွက် သုံးသင့်ပါတယ်။ apologies ဆိုပြီး အများကိန်းနဲ့ သုံးရတာသတိပြုပါ။
📍ငါကတိပေးပါတယ်။
မလုပ်ပါဘူးလို့ ကတိပေးတယ်။ (promise not to...)
- I promise not to tell anyone.
- I promise not to hurt your feelings.
လုပ်မယ်လို့ ကတိပေးတယ်။ (promise to...)
- I promise to call you when I get back.
- I promise to wash the car this afternoon.
နောက်တော့ လုပ်မယ်/မလုပ်ဘူးကို that သုံးပြီးကတိပေးပုံ (promise that......)
- I promise that I will study harder.
- I promise you that I will never drink again.
- I promise you that I won't do that again.
📍Surprise အံ့သြကြောင်း ဘယ်လိုပြောမလဲ။
သတင်းကောင်းကြားရလို့ဖြစ်စေ၊ မမျှော်လင့်ထားတဲ့ ရလဒ်ကောင်းတခုခုကြောင့်ဖြစ်စေ၊ ကိုယ့်အတွက် သူငယ်ချင်းတွေက ပျော်အောင် အံ့အားသင့်သွားအောင် တစ်ခုခုစီစဉ်ထားလို့ဖြစ်စေ...ကျေနပ်ကြောင်း ဝမ်းသာအံ့သြကြောင်းပြောပုံ။
- Wow, I can't believe it. This is great.
ဝိုး၊ မယုံနိုင်စရာပဲ။ ကောင်းလိုက်တာကွာ။
- This is such a nice surprise. Thank you so much.
မမျှော်လင့်ထားတာလေးပါ။ ကျေးဇူးအရမ်းတင်တယ်။
- Incredible, I never expected it.
မယုံနိုင်စရာ၊ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။
- Wow, this is great. I appreciate this.
အိုး.. ကောင်းလိုက်တာ၊ ကြိုက်တယ်/ကျေးဇူးတင်/တန်ဖိုးထားတယ်။
- How awesome is this? I'm completely surprised.
တယ်မိုက်ပါလား။ တကယ့်ကို အံ့သြသွားတယ်။
(စကားပြောမှာ လူငယ်တွေက ကောင်းတာမှန်သမျှကို awesome လို့ပြောကြတယ်။ cool! ကိုလည်း အရမ်းသုံးကြတယ်။ သဘောကျရင် It's cool! Cool! အဲလို တချိန်လုံးကြားရလိမ့်မယ်)
- Oh my gosh! You guys are great. Thanks for all of this.
ဘုရားရေ၊ မင်းတို့ဟာ သူငယ်ချင်းကောင်းတွေ။ ဒါတွေအားလုံး လုပ်ထား ပြင်ထားလို့ ကျေးဇူးတင်ပါတယ်။
📍ကိုယ်က သူများကို good news ... သတင်းကောင်း တစ်ခုကို အသိပေးချင်ရင် ဘယ်လိုပြောမလဲ။
(ရာထူးတက်တယ်၊ ထီပေါက်တယ်၊ စာမေးပွဲအောင်တယ်၊ လက်ထပ်တော့မယ်...စသည်ဖြင့် ဒီဝါကျလေးတွေမှာ သတင်းကောင်းတစ်ခုကို ထည့်ပြောပြီး လေ့ကျင့်ပါ။)
- I am really pleased to tell you....
မင်းကို......ပြောရမှာ ဝမ်းသာပါတယ်။
(I am really pleased to tell you that I have been chosen for a scholarship.
ငါ ပညာသင်ဆု အတွက်အရွေးခံရတယ်ဆိုတာ မင်းကို ပြောပြရတာ ဝမ်းသာတယ်)
- I have got (I've got) some good news to tell you.......
မင်းကို ပြောဖို့ သတင်းကောင်းလေးရှိတယ်။
- I have got (I've got) some great/ brilliant/ wonderful/ splendid news for you.
( good news အစား great; brilliant; wonderful; splendid စသည်ဖြင့် adjective တွေပြောင်းပြီးလေ့ကျင့်ပါ)
- Great news for you.
သတင်းကောင်းပြောမယ်နော်။
📍ကိုယ်က သူများကို bad news ... သတင်းဆိုး၊ မကောင်းတဲ့ သတင်းပေးရမယ်ဆို ဘယ်လိုပြောမလဲ။
(စာမေးပွဲကျ၊ အလုပ်မရ၊ ရည်းစားနဲ့ကွဲ၊ accident ဖြစ်..စသည်ဖြင့် ဒီဝါကျလေးတွေမှာ unpleasant news လေးထည့်ပြီး လေ့ကျင့်ပါ။)
- I am afraid I've got some bad news for you.
မင်းကို သတင်းဆိုးတစ်ခုပြောရမှာ အားနာလိုက်တာ။
(I am afraid I've got some bad news for you. I've been fired.
သတင်းဆိုးပြောရတော့မှာပဲ။ ငါ အလုပ်ပြုတ်သွားပြီ။)
- I am sorry I've got a bit of bad news to tell you.
မကောင်းတဲ့ သတင်းလေးနည်းနည်းပြောရမှာ စိတ်မကောင်းပါဘူး။
- I really don't know how to say it, but.....
ဘယ်လိုပြောရမှန်းကို မသိပါဘူးကွာ....
- I am sorry to have to say this, but....
ဒီသတင်းပြောရမှာ စိတ်တော့မကောင်း.....
- I really feel bad to have to say this, but....
ဒါကိုပြောရမှာ စိတ်မချမ်းသာပါဘူး.....
Speaking တတ်ချင်တယ်လို့ ပြောနေကြတဲ့ လူငယ်လေးတွေ...မရှက် မကြောက်ဘဲ ရဲရဲသာ အော်ဆို၊ အလွတ်ရအောင်ဖတ်...လေ့ကျင့် အသုံးချကြပါ။
With love,
Dr.Soe Than
18/12/2024
ဒေါသရှိတယ် မထွက်ဘူး။
I get angry, but I don’t lose my temper.
ပြဿနာရှိတယ် မငြီးတွားဘူး။
I have problems, but I don’t complain.
ဝမ်းနည်းစရာရှိတယ် လူတကာကို ထုတ်မပြောဘူး။
I have sorrow and despair, but I don’t go around telling everyone.
အရာရာ တိတ်တဆိတ် ဖြေရှင်းတတ်တာ ပညာပါပဲ။
It’s an art to be able to deal with every issue in silence.
Photo credit to the original owner
English translation: Dr.Soe Than
❣️ဘယ်လိုအခြေအနေမှာမဆို ယုံကြည်မှုရှိရှိရှေ့ဆက်ပါ ❣️
လူတွေရဲ့ စိတ်ထဲမှာ Energy တွေရှိပါတယ် 🔥
အဲ့ Energy တွေကိုပဲ စိတ်က ထုတ်လွှင့်ပြီး 🔥
စိတ်ကပဲ Energy တွေကို လျော့ ကျစေတာပါ 💥
ဒါကြောင့် ကိုယ်ရဲ့ စိတ်က ဘယ်လိုအခြေအနေမျိုးမှာမဆို
ကြံ့ခိုင်အောင်နေပါ 💪🏻
ကိုယ့်ကိုကိုယ် Confidence ရှိတဲ့ သူတယောက်က 👩🏻
တွေဝေနေတာ🤷🏻♀️ ၊ကြောက်နေတာ🙍🏻♀️၊ စိတ်ဓါတ်ကျနေတာ🙇🏻♀️ လုံး၀မရှိပါဘူး
Confidence ဆိုတာ ရင်ထဲ သူ့အလိုလို လာတာမဟုတ်ပါဘူး
Confidence ဆိုတာ လေ့ကျင့်ယူရတာပါ😍
အရင်ဆုံး Confidenceရှိဖို့ဆိုရင် ကိုယ့်ကိုကိုယ် ချစ်ရပါမယ် ❤️
ကိုယ့်ဟာ ကိုယ်ရရှိထားတဲ့ ဘ၀မှာ ထိုက်တန်တယ် ၊ တန်ဖိုးရှိတယ် ဆိုတာကို
ယုံကြည်ထားရပါမယ် ❤️
နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ် လှအောင်နေပါ ❤️
ကိုယ့်ကိုကိုယ် Care လုပ်ပါ 🧖♀️
တွေဝေမနေပဲ လုပ်စရာရှိတာတွေလုပ်ပါ😍
11/08/2021
Makeup Foundation Look 💧ဘယ်နှစ်မျိုးခွဲခြားလို့ရလဲ ❓
မိန်းကလေးတစ်ယောက်က မိတ်ကပ်ရွေးချယ်တော့မယ် ဆိုရင်
ကိုယ်ရွေးချယ်လိုက်တဲ့မိတ်ကပ်နဲ့ ကိုယ့်အသားအရေနဲ့ သဘာ၀တိုင်းလှနေဖို့က အရေးကြီးပါတယ်
အသားအရေမျိုးစုံအတွက် Makeup Foundation Look (၃)မျိုးရှိပါတယ်✅
(1) Matte Finish
(2)Dewy Finish
(3)Satin Finish ဆိုပြီး (၃)ခွဲထားပါတယ်
(1) Matte Finish
Matte Finish ဆိုတာက အဆီတအားပြန်တဲ့သူတွေအတွက် အဆီအရမ်းထိန်းပေးနိုင်တဲ့
makeup မျိုးဖြစ်ပါတယ် ✨
အဆီအရမ်းပြန်တဲ့သူတွေအတွက် နွေ၊ မိုး ရာသီတွေမှာ Matte Finish ကိုအသုံးပြုနိုင်ပါတယ် ✅
အသားအရမ်းခြောက်သူတွေကတော့ Matte Finish ကို လုံး၀မသုံးပြုသင့်ပါဘူးနော်
ဆောင်းရာသီမှာတော့ အသားအရေ ပိုမိုခြောက်သွေ့နိုင်လို့ မသင့်တော်ပါဘူးနော်🚫
Matte Finish makeup က အသားအရေခြောက်သွားတာဖြစ်လို့
အရေးအကြောင်းလိုင်းတွေ ပိုပေါ်စေပြီး⚡️
အသားအရေ အဖက်လန်တာတွေကိုလဲ ပိုမိုသိသာစေပါတယ်💥
(2) Dewy Finish
Dewy Finish က မြန်မာနိုင်ငံလို ချွေးထွက်လွယ်တဲ့ ပူတဲ့နေရာမှာဆိုရင် သူမှာပါဝင်တဲ့ ✅
Moisturizer တွေက အဆီပြန်တဲ့နေရာတွေကို ပိုမိုအဆီပြန်စေပါတယ်💥
အဆီအရမ်းပြန်တဲ့ သူတွေဆို ဝက်ခြံထွက်နိုင်လို့ လုံးဝမသုံးသင့်ပါဘူးနော်
Dewy Finish ကို မြန်မာနိုင်ငံမှာ ဆောင်းရာသီလောက်ပဲ အသုံးပြုဖို့ သင့်တော်ပါတယ်✅
(3) Satin Finish
နောက်ဆုံးတစ်မျိုးက Satin Finish လို့ခေါ်ပါတယ် 😍
သူက Matte Finish နဲ့ Dewy ကြားက makeup type💧 ပဲဖြစ်ပါတယ်
Satin Finish က အသားအရေတိုင်းအတွက်လည်း အဆင်ပြေတဲ့အပြင်
ရာသီဥတုတိုင်းမှာ အသုံးပြုလို့သင့်တော်ပါတယ် 😍🌟✨
ခီခီရဲ့ 🌷Melt On skin 🌷လေးက
Satin Finish အမျိုးအစားထဲမှာပါပါတယ်နော်✅
ဒါကြောင့် All Skin Type အသူံးပြုလို့ရတဲ့ အပြင်
Satin Finish Look ဖြစ်တဲ့ အတွက်ကြောင့်မို့ မျက်နှာလေးက Powder ထပ်
ထပ်စရာမလိုပဲ ဖုန်ဖုန်လေးနဲ့ လှနေစေမှာပါနော်✅
ရွေးချယ်မှုမမှားဖို့အတွက် Satin Finish Makeup Look မျိုးကိုသာရေွးချယ်သုံးပါနော်✅
31/01/2021
Cleansing မကောင်းရင်ဖြစ်တတ်တဲ့ ပြဿနာကို
ပုံနဲ့ နမူနာပြထားပေးတယ်
ဒါမျိုးက အဆီဖုမဟုတ်ဘူးနော်
Bumpy လို့ခေါ်တယ် ✔️
သွားညှစ်လို့လဲဘာမှထွက်မလာဘူး.....
ဒါက Cleansing ပိုင်းမှာ အားနည်းရင်
ဖြစ်လာတာမျိုးတွေမို့လို့
1️⃣မနက်တစ်ကြိမ် ညတစ်ကြိမ်
ကိုယ့် skin type နဲ့ ကိုက်တဲ့
Cleanser လေးသုံးပြီး သစ်ပေးရမယ်နော်
2️⃣ပြီးတော့ Toner ပါ သုံးပေးပါ
ဆား၀က်ခြံပဲဆိုပြီး ဇွတ်ညှစ်ပြီး
သွားတိုက်ဆေးတွေ မတို့ပါနဲ့ 🚫
Click here to claim your Sponsored Listing.