Blissful Moon Bakery

Blissful Moon Bakery

Share

Great taste, healthy quality!!!

Photos from Blissful Moon Bakery's post 02/09/2026

🍞✨ ဒီသောကြာနေ့မှာ ရမယ့် Bread Menu လေးတွေ လာပါပြီနော် ✨🍞

ဒီတစ်ခါတော့ အရသာမတူတဲ့ ၃ မျိုးကို တစ်ခါတည်းရွေးလို့ရပါမယ် 🤎

🥔🍗 ကြက်သား အာလူးပေါင်မုန့် — 4,000 Ks

Curry ဆန်ဆန် အရသာလေးနဲ့ ကြက်သား + အာလူးကို နူးနူးအိအိချက်ထားပြီး
နူးညံ့တဲ့ ပေါင်မုန့်သားလေးနဲ့ တွဲဖက်ထားတာပါ 🥹🤎

Curry Bread ကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ Bread လေး ပါနော်!

🧀🧄 Mini Cheesy Garlic Bread — 4,000 Ks

Korea Street Food တစ်မျိုးဖြစ်တဲ့ Cheesy Garlic Bread ကို
ဒီတစ်ခါ Mini Size လေးနဲ့ ရပါမယ် ✨

မွှေးမွှေးလေးဖြစ်တဲ့ Garlic အနံ့နဲ့ Cream Cheese ရဲ့ creamy အရသာလေးကို တွဲစားရတာမို့
တစ်ကိုက်စားလိုက်တာနဲ့ ထပ်စားချင်သွားမယ့်အရသာမျိုး 🤍

📌 Mini Size ဖြစ်တာကြောင့် အရင်ရောင်းနေကျ Size ထက်တော့ သေးပါမယ်နော်။

🍌🌾 Banana Wholemeal Bread — 5,000 Ks / ဘူး

Wholemeal ပါတာကြောင့် အဆာပိုခံပြီး
ငှက်ပျောသီးရဲ့ သဘာဝအနံ့လေးနဲ့ အချိုဓာတ်မများတဲ့ Bread လေးပါ 🍌🤎

ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ၁ ပတ်
အထိ အထားခံပါတယ်။

Banana Wholemeal Bread -10ဘူးပဲရပါမယ်

📅 ၃ မျိုးလုံး ဒီသောကြာနေ့ ရပါမယ်နော်!

🚚 ပြည်မြို့တွင်းပို့ခ — 2,000 Ks

❄️ ချက်ချင်းမစားဖြစ်သေးရင် Bread တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါနော်။

ကြိုက်တဲ့ Menu လေးတွေကို ကြိုမှာထားလို့ရပါပြီရှင့် 🫶🏻
ဒီသောကြာနေ့အတွက် ဘာလေးမှာမလဲ? 🤎🍞

Photos from Blissful Moon Bakery's post 01/08/2026

Pumpernickel တွေကုန်လောက်ပြီထင်လို့

မနက်ဖြန် Vegan Rye Bread ရပါမယ်

တစ်လုံးကို ၅၀၀၀ပါ

Sandwich Ideas လေးတွေပါ ထည့်ပေးထားပါတယ်

Pumpernickel နဲ့လည်း အဲ့လိုမျိုး လုပ်စားလို့ရပါတယ်

ညနေ၄နာရီကျော်လောက်မှ စ ပို့ပါမယ်ရှင်

ပို့ခ-၁၅၀၀/၂၀၀၀ပါ

31/07/2026

🍚🥩 ဝက်ထမင်း Order လက်ခံနေပါပြီ 🥩🍚

နူးညံ့အိစက်တဲ့ ဝက်သားအရသာကို ထမင်းလေးနဲ့ တွဲစားရတဲ့ အရသာကတော့ စားပြီးရင်း စားချင်စရာပါပဲ။ 😋

အရသာစိမ့်ဝင်အောင် သေချာချက်ထားလို့ မွှေးမွှေးလေးနဲ့ အရသာပြည့်ပြီး တစ်ပွဲတည်းနဲ့ ဗိုက်ပြည့်စိတ်ကျေနပ်စေမယ့် ဝက်ထမင်း လေးပါ။ 🤎

💰 တစ်ပွဲ – ၈,၅၀၀ ကျပ်

📅 တနင်္ဂနွေနေ့ မနက် ၁၀ နာရီ စပို့ပါမယ်။
🏠 လာယူလို့လည်း ရပါတယ်။

🚚 ပို့ခ – ၁,၅၀၀ / ၂,၀၀၀ ကျပ်

အရေအတွက်အကန့်အသတ်ရှိလို့ စားချင်သူတွေ Order လေး ကြိုတင်ထားပေးနော်။ ❤️

29/07/2026

☕🌰 Coffee Walnut Cream Cheese Bread 🧀

Coffee ရဲ့ မွှေးမွှေးလေးနဲ့ သစ်ကြားသီး (Walnut) ရဲ့ အရသာကို ပေါင်းစပ်ဖုတ်ထားတဲ့ Handmade Bread လေးပါ။

ပေါင်မုန့်သားက နူးညံ့အိစက်ပြီး Moist ဖြစ်တဲ့ Texture ရှိလို့ တစ်ကိုက်စားလိုက်တိုင်း Coffee ရဲ့ အနံ့မွှေးမွှေးနဲ့ Walnut ရဲ့ အရသာကို ခံစားရမှာပါ။ 🤎

အတွင်းမှာ Cream Cheese ကို အပြည့်ထည့်ပေးထားလို့ အချိုမများဘဲ Creamy & Rich ဖြစ်တဲ့ အရသာကို ရရှိစေပါတယ်။ Coffee တစ်ခွက်၊ လက်ဖက်ရည်တစ်ခွက်နဲ့ တွဲစားရင် ပိုပြီးလိုက်ဖက်ပါတယ်။ ☕✨

💰 တစ်လုံး - ၅,၅၀၀ ကျပ်

🗓 ဇူလိုင် ၃၁ ရက် (သောကြာနေ့) ရရှိပါမယ်။

❄️ Cream Cheese ပါဝင်တဲ့အတွက် မစားဖြစ်သေးရင် ရေခဲသေတ္တာထဲမှာ သိမ်းထားပေးပါနော်။ ရေခဲသေတ္တာထဲထားပြီး ၂ ရက်အထိ အရသာကောင်းကောင်းနဲ့ သုံးဆောင်နိုင်ပါတယ်။

🚚 Delivery Fee - ၁,၅၀၀ / ၂,၀၀၀ ကျပ် (နေရာအလိုက်)

💌 Fresh Bake လုပ်ပေးမှာဖြစ်လို့ ကြိုတင် Order တင်ထားပေးရင် ပိုအဆင်ပြေပါတယ်ရှင့်။ 🤍

28/07/2026

စေတနာတွေပိုပြီး မုန့်သားပိုထည့်လိုက်တာ အဖုံးပိတ်မရတော့လို့ အိတ်လေးနဲ့ပြန်ထုတ်ပေးထားပါတယ်ရှင်😁💕

27/07/2026

🤎 Pumpernickel Bread ရပါပြီ 🤎

ကျန်းမာရေးကို ဂရုစိုက်ပြီး အရသာလည်း မလျော့ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ ပေါင်မုန့်လေးပါ။

🌰 သစ်ကြားသီး (Walnut) ထည့်သွင်းဖုတ်ထားတာကြောင့် အနံ့အရသာမွှေးပြီး ကိုက်လိုက်တိုင်း အရသာထူးခြားပါတယ်။

✔️ အမျှင်ဓာတ် (Fiber) များတဲ့ ပေါင်မုန့်ဖြစ်လို့ ဗိုက်ပြည့်ခံစေပြီး မနက်စာ၊ နေ့လယ်စာအတွက်လည်း အဆင်ပြေပါတယ်။
✔️ ကျန်းမာရေးကို ဂရုစိုက်သူများ
✔️ Whole grain bread ကို နှစ်သက်သူများ
✔️ ဗိုက်ပြည့်ခံတဲ့ မနက်စာကို ရှာနေသူများ
✔️ Toast လုပ်ပြီး ထောပတ်၊ Cream Cheese၊ Avocado၊ ကြက်ဥတို့နဲ့ တွဲစားချင်သူများအတွက်လည်း အရမ်းလိုက်ဖက်ပါတယ်။

စားသုံးသူများ အဆင်ပြေစေရန် Packaging အသစ်ဖြင့် ပြောင်းလဲထုတ်လုပ်ထားပါတယ်။ ✨

📌 Price – 9,000 Ks

🛵 Deli-1500/2000ks

📍 ယခုမှစပြီး အချပ်လိုက် မလှီးပေးတော့ဘဲ အလုံးလိုက် (Whole Loaf) ဖြင့်သာ ရောင်းချပေးသွားပါမည်။

လိုအပ်သလို မိမိအိမ်မှာ အထူ/အပါး စိတ်ကြိုက်လှီးနိုင်ပြီး လတ်ဆတ်မှုကိုလည်း ပိုမိုထိန်းသိမ်းနိုင်ပါတယ်။ 💛

🌿 တာရှည်ခံဆေး (Preservatives) မသုံးထားပါ။
• အခန်းအပူချိန်မှာ ၃ ရက် သိမ်းထားနိုင်ပါတယ်။
• ရေခဲသေတ္တာထဲမှာ ၁ ပတ် အထိ သိမ်းထားနိုင်ပါတယ်။

နေ့စဉ်စားသုံးဖို့ အရသာကောင်းပြီး ကျန်းမာရေးနဲ့လည်း လိုက်ဖက်တဲ့ Pumpernickel Bread လေးကို အခုပဲ မှာယူနိုင်ပါပြီ။ 🤎🍞

မနက်ဖြန်ညနေရပါမယ်🤎

26/07/2026

🍞 Pumpernickel Bread Packaging အသစ်လေး ရောက်ရှိပါပြီ!

စားသုံးသူများ အဆင်ပြေစေရန် Packaging အသစ်ဖြင့် ပြောင်းလဲထုတ်လုပ်ထားပါတယ်။ ✨

📌 Price – 9,000 Ks

🛵 Deli-1500/2000ks

📍 ယခုမှစပြီး အချပ်လိုက် မလှီးပေးတော့ဘဲ အလုံးလိုက် (Whole Loaf) ဖြင့်သာ ရောင်းချပေးသွားပါမည်။

လိုအပ်သလို မိမိအိမ်မှာ အထူ/အပါး စိတ်ကြိုက်လှီးနိုင်ပြီး လတ်ဆတ်မှုကိုလည်း ပိုမိုထိန်းသိမ်းနိုင်ပါတယ်။ 💛

မှာယူလိုပါက Page Chat Box မှာ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Pyay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00