Ma Sapal
သူဋေးမ ဝမ်းမှန်အဆီကျဓာတ်စာနှင့် Comestics
31/05/2024
Morning ပါချစ်တို့ရေ❤️❤️❤️
မနက်စောစော အိပ်ရာထတာနဲ့ ရေသောက်တတ်ပါသလား။
မနက်အိပ်ရာထတာနဲ့ ရေသောက်တာက အောက်မှာပြောထားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
(၁) အစာကြေပြီး ဝမ်းမှန်စေပါတယ်။
(၂) ညတုန်းက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။
(၃) ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးပါတယ်။
(၄) နှလုံးနဲ့ ကျောက်ကပ် ကို အန္တရာယ်ဖြစ်စေတဲ့အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို စွန့်ပစ်ပေးပါတယ်။
(၅) အသားအရေ တင်းရင်းပြီး ဂလိုးစေပါတယ်။
(၆) လန်းဆန်းစေပြီး အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။
(၇) ရောဂါတွေကို ကာကွယ် တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ကိုကောင်းစေပါတယ်။
မနက်စောစာ ရေသောက်တာက ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
လူတစ်ယောက်အတွက် တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာခန့် သောက်ဖို့လိုအပ်ပါတယ်။
ဒါကြောင့် ရေသောက်ပျင်းတဲ့ သူငယ်ချင်းတွေရှိရင် မန်းရှင်းခေါ်ပြီး ရေသောက်ဖို့ တိုက်တွန်းလိုက်ကြရအောင်နော်။
ဒေါက်တာအေရွန်
crd
Photo
30/05/2024
အပူငြိမ်းအေးဖို့ကတော့ မန်ကျည်းကဆေးပေါ့
မန်ကျည်းသီးကမီးဖိုဆောင်တွေမှာအမြဲရှိနိုင်တဲ့ဆေးအစာတစ်ခုပါ။
ကျွန်တော်ကမြေအိုးထဲမှာထန်းလျက်နဲ့ဆားလေးထည့်ပြီးဖျော်တဲ့မန်ကျည်းဖျော်ရည်အေးအေးလေးကိုကိုယ်တိုင်အိမ်မှာလုပ်သောက်ရတာကိုအလွန်ကြိုက်နှစ်သက်ပါတယ်😃
မန်ကျည်းသီးမှည့်ရေစိမ်ပြီးဆား၊ထန်းလျက်တို့နဲ့ဖျော်ရည်လုပ်သောက်ပေးရင်ကိုယ်တွင်းအပူငြိမ်းပြီးအားဖြစ်စေပါတယ်
မန်းကျည်းပင်ကမန်ကျည်းသီးနု၊မန်းကျည်းသီးမှည့်၊မန်ကျည်းခေါက်၊မန်ကျည်းရွက်တွေအကုန်လုံးဆေးဖက်ဝင်ကြပါတယ်။ဒီထဲကကျွန်တော်မန်ကျည်းသီးမှည့်အကြောင်းကိုပြောပြချင်ပါတယ်
🥣အပူငြိမ်းစေတဲ့အာနိသင်ရှိတဲ့မန်ကျည်းသီးကိုထန်းလျက်၊ဆားအနဲငယ်နဲ့ဖျော်ထားတဲ့မန်ကျည်းဖျော်ရည်ကခန္ဓကိုယ်တွင်းအပူများငြိမ်းစေပြီးဆီးဝမ်းမှန်စေပါတယ်။အားဖြစ်စေပါတယ်
❤️ဒါကြောင့်အားဆေး၊ဝမ်းမှန်ဆေး၊ခံတွင်းကောင်းတဲ့ဆေးတွေဖော်စပ်ရာမှာမန်ကျည်းသီးမှည့်ကမရှိမဖြစ်ဖြစ်နေရတာပါ
မျက်စိနာ၊အနာဖုများ၊အဆိပ်ရှိသဝါများကိုက်ခံရတဲ့အခါတွေမှာမန်ကျည်းခေါက်ကိုရေနဲ့သွေးလိမ်းပေးရင်ပျောက်စေပါတယ်
အစာမကြေဖြစ်ရင်မန်ကျည်းခေါက်ကိုပြာချပြီးပျားရည်နဲ့သောက်ပေးပါကပျောက်စေပါတယ်
မန်ကျည်းရွက်ကြိတ်ရည်ကိုနှမ်းဆီနဲ့ချက်ပြီးနားကိုက်နာနာတွေအတွက်နားကြပ်ဆီအဖြစ်သုံးပေးရင်ပျောက်စေပါတယ်
💚ဆီးပူတဲ့အခါလည်းမန်ကျည်းရွက်ကြိတ်ရည်ကိုမနက်ညထမင်းစားဇွန်းတစ်ဇွန်းစီသောက်ပေးရင်ပျောက်ကင်းစေပါတယ်
အပူများပြီးယားယံတာတွေအတွက်မန်ကျည်းခေါက်သွေးရည်/မန်ကျည်းရွက်ကြိတ်ရည်လိမ်းပေးရင်ပျောက်စေပါတယ်
ချွေးထွက်လွန်၊ချွေးနံ့မကောင်းတာတွေအတွက်မန်ကျည်းရွက်နဲ့ကလိန်စေ့စားပေးပါကပျောက်စေပါတယ်
မီးယပ်ဖြူဆင်းခြင်း၊ဆီးလွန်ခြင်းတွေဖြစ်တဲ့အခါမန်ကျည်းစေ့ကိုရေတစ်ညစိမ်ပြီးမနက်အစေ့ဆံထုတ်ပြီးနွားနို့နဲ့ကြိတ်သောက်ပေးရင်ပျောက်စေပါတယ်
ကင်းကိုက်တဲ့ဒဏ်ရာကင်းဆပ်ပြေစေအောင်မန်ကျဉ်းစေ့သွေးလိမ်းပေးလို့ရပါတယ်
မျက်လုံးရေဓာတ်ခမ်းတဲ့ရောဂါအတွက်မန်ကျည်းစေ့ကအဆီအနှစ်အာနိသင်ထုတ်ယူပြီးမျက်စဉ်းဆေးဖော်စပ်ပါတယ်
မန်ကျည်းသီးမှည့်ကဝမ်းသက်စေပေမယ့်ငါးအမျိုးမျိုးနဲ့ပုဇွန်၊အသားဟင်းချက်တဲ့ထဲထည့်ချက်ပေးရင်ဝမ်းမသက်စေပဲဝမ်းမီးညီညွတ်ပြီးလေထိုးလေအောင့်၊ချောင်းဆိုးသလိပ်ကပ်၊အိပ်မပျော်တာတွေကာကွယ်ပေးပါတယ်
💯💢ဝမ်းအလွန်ချုပ်သူတွေအတွက်မန်ကျည်းသီးမှည့်နဲ့ဆားခါးရောပြီးထမင်းစားဇွန်း(၁)ဇွန်းသောက်ပေးရင်ဝမ်းအမြန်သက်စေပါတယ်။ဝမ်းကျန်၊ဆီးပုပ်၊သလိပ်ပုပ်သူတွေ၊အပူအားကြီးသူများ၊ချွေးငုပ်တဲ့သူတွေမှီဝဲသုံးစွဲသင့်ပါတယ်
တချို့လယ်ယာဦးကြီးများကမန်ကျည်းသီးမှည့်နှစ်ကိုရေနဲ့ဖျော်ပြီးကြက်သွန်နီ၊ဆား၊ငါးပိ၊ငန်ပြာရည်ထည့်ပြီးဟင်းချိုချက်သောက်တတ်ကြပါတယ်။မျက်စိနာ၊ဝမ်းချုပ်၊ဆီးအိမ်ကိုက်ခဲခြင်း၊သွားဖုံးယောင်၊ခံတွင်းပျက်၊စမြင်ခံ၊လေပူထ၊မစားချင်မသောက်ချင်ဖြစ်တာတွေသက်သာပျောက်ကင်းစေပါတယ်
ဒီတော့မိတ်ဆွေတို့ရဲ့ကျန်းမာရေးအဆင့်ကိုမြှင့်တင်နိုင်အောင်မန်ကျည်းဖျော်ရည်လေးသောက်ပြီးဆီးဝမ်းမှန်အပူငြိမ်းစေအောင်စောင့်ရှောက်နိုင်ဖို့တိုက်တွန်းလိုက်ရပါတယ်