Thit Sar Clinic & Pharmacy - Pyay
Your Good Health is Our Priority
02/04/2026
⚠️ ပြည်မြို့၊ ကမ္ဘာ့အပူဆုံး နံပါတ် (၇) ⚠️
အသက်အန္တရာယ် ရှိ၊ သေတတ်တဲ့အထိ အပူများပါတယ်။
အထူးသတိပြုကြပါ
Heat Stroke ခေါ် အပူလျှပ်ခြင်း ကြောင့် အသက်ဆုံးရှုံးခြင်းမှ ကာကွယ်ရန်
အပူချိန် မြင့်လွန်းသော အချိန်များတွင်
1️⃣ အရိပ်ရ သော နေရာများတွင်နေပါ
2️⃣ တတ်နိုင်သမျှ အပြင်ထွက်ခြင်း ရှောင်ပါ၊ ထွက်ရပါက အကျီလက်ရှည်၊ ဘောင်းဘီ ရှည်၊ ထီး၊ ဦးထုတ်၊ နေ ရောင်ကာ အကာကွယ်များအသုံးပြုပါ
3️⃣ သတိရရင် ရသလို ရေသောက်ပါ၊
4️⃣ ပူလွန်းသော အချိန်များတွင် အရက် ဘီယာ သောက်သုံးခြင်းမှ ရှောင်ပါ၊ ဘီယာ သည် အဝင်သာ အေးပါတယ်၊ Alcohol နဲ့ ဆား ဓါတ်ပါတဲ့အတွက် ခန္ဓာကိုယ်အပူချိန်ကို တက်စေ၊ ဆီးသွားများလို့ ဓါတ်ဆား ခမ်းခြောက်စေပါတယ်။
5️⃣ ချွေးမထွက် ပဲ ကိုယ်ပူလာခြင်း၊ မူးဝေ ခေါင်းခဲလာခြင်းများ ဖြစ်ပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သွားရောက် ကုသမှု ခံယူပါ။
သစ္စာ ဆေးခန်း နှင့် ဆေးဆိုင်
(၂၃၃) ပန်းပဲတန်းလမ်း၊ ပြည်မြို့
📞 09 757 245 700
📞 09 401 180 345
27/03/2026
ရန်ကုန်ပြန်သွားပြီး ရက်ချိန်းပြရန် ခက်ခဲနေသော ဆရာကြီး ဦးတင့်ဆွေလတ် ရဲ့ လူနာများ အနေဖြင့် ပြည်မြို့၊ သစ္စာ ဆေးခန်းမှာ Teleconsultation ဖြင့် ရက်ချိန်း ပြန်ပြနိုင်ပါတယ် ရှင်
ဆီးချိုသွေးချို နှင့် ပတ်သတ်သော ဆေးဝါးများ လည်း စုံလင် လုံလောက် စွာ တနေရာတည်းမှာ ရရှိနိုင်သည့်အတွက် ခုလို ကာလ မှာ ရန်ကုန် ထိ ပြန်သွားစရာမလိုဘဲ ဆရာကြီး နဲ့ ရက်ချိန်း ပြန်ပြနိုင်ပါကြောင်း ပြည်မြို့ အနီးတစ်ဝိုက် ရှိ လူနာများ အား သတင်းကောင်းပါးအပ်ပါတယ်ရှင်
အပတ်စဥ် တင်္နလာ ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့
နေ့လည် (၁၂) နာရီ မှ (၃) နာရီအတွင်း ပြသနိုင်ပါတယ် ရှင်
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
✔️ ဆီးချိုသွေးချို ကာကွယ်ပါ ✔️
သစ္စာ ဆေးခန်း နှင့် ဆေးဆိုင်
(၂၃၃)၊ ပန်းပဲတန်းလမ်း၊ ပြည်မြို့
📞 09 757 245 700
📞 09 401 180 345
24/03/2026
အရင် နှစ် တွေ က ဆီးချိုအတက်အကျမမှန်၊ ဗိုက်တွေဆာကြလို့ ဥပုသ် ပျက်/မရခဲ့ကြ တဲ့ အစ္စလာမ် ဘာသာဝင် လူနာများ 🧕🧕
ယခုနှစ်မှာ သေချာစွာ ဆွေးနွေးတိုင်ပင်မှု နဲ့ ဥပုသ်လ တစ်လ လုံး စိတ်အေးချမ်းသာ စွာ ကုသိုလ်ယူနိုင်ခဲ့ကြတာ ကြားသိရလို့ ဝမ်းသာ ပီတိ ဖြစ်ရသလို သစ္စာ မိသားစု ကလည်း ထပ်တူ ကုသိုလ် တရား ပွားများရပါတယ်။
Happy Eid Mubarak to each & every one of our patients 🙏🙏🙏
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
✔️ ဆီးချိုသွေးချို ကာကွယ်ပါ ✔️
သစ္စာ ဆေးခန်း နှင့် ဆေးဆိုင်
(၂၃၃) ၊ ပန်းဘဲတန်းလမ်း၊ ရွှေကူရပ်၊ ပြည်မြို့
📞 09 757 245 700
📞 09 401 180 345
23/03/2026
🥹 ဆရာလည်း စုံ 🥹
🥹 ဆေး လည်း ကုန် 🥹
မပျောက်နိုင်သော ရာသီအပြောင်း လည်ပင်းယား ချောင်းဆိုးခြင်း သက်သာ ရန် နည်းလမ်းများ ✅️
ထိုသို့ချောင်းဆိုးခြင်းဟာ
(၁) အသက်ရှူလမ်းကြောင်း ခြောက်သွေ့ခြင်း
(၂) ဓါတ်မတည့်ဖြစ်ခြင်း
(၃) နှာခေါင်းအတွင်းမှ အရည် လည်ပင်းတွင်းသို့ ကျဝင် ချောင်းဆိုးခြင်း စတာ တွေကြောင့် အဖြစ်များပါတယ်။
✅️ သက်သာစေရန် နည်းလမ်းများ ✅️
1️⃣ ဆားရည်နွေးဖြင့် အာလုပ်ကျင်းပါ
2️⃣ ရေနွေးငွေ့ ရှူပါ
3️⃣ ပျားရည် နှင့် ရေနွေး ကို ညနေ ပိုင်းတွင် သောက်ပါ
🚫 ရှောင်ရန် 🚫
လူထူထပ်ရာ၊ ဖုန်ထူထပ်ရာနေရာများ
ပူလွန်း၊ အေးလွန်းသော အစာများ
အရက် ၊ ဘီယာ များ
သစ္စာ ဆေးခန်း နှင့် ဆေးဆိုင်
(၂၃၃) ၊ ပန်းဘဲတန်းလမ်း၊ ရွှေကူရပ်၊ ပြည်
09 - 757 245 700
09 - 401 180 345
22/03/2026
✔️ အချိန်ယူရပါတယ် ✔️
သွေးတိုးများ၊ သွေးချိုများ လူနာတစ်ဦး
ဆေးခန်းကို ပထမ ဆုံးရောက်တဲ့နေ့ နဲ့
ကုသပြီး တစ်လအကြာ ယှဥ်ပြထားခြင်းဖြစ်ပါတယ်
ဒီလိုလူနာမျိုးကို ကုသရတဲ့အခါ သွေးချို ဓါတ်ကို ရုတ်တရပ် ချက်ချင်းချလို့ မရပါဘူး။ အတက် နဲ့ နှစ်ရှည်လ များစွာ နေ ထိုင်လာတဲ့ သူတစ်ဦးဟာ ကိန်းဂဏန်းအရ သွေးချို ပြန်ကောင်းလာပေမယ့် အဲ့ဒီ ပြန်ကောင်းလာတဲ့ ဒဏ်ကို မခံနိုင်ပါဘူး။
မူးတာ၊ အိပ်ယာထဲ ခွေနေရတာ၊ ညောင်းချိ၊ အားမရှိတာ စတာတွေ ဖြစ်တတ်ပါတယ်။ အသက်ကြီးရင် ပိုဆိုးပါတယ်။
ဒါကြောင့် ထိုကဲ့သို့လူနာမျိုးမှာ သွေးချို ပြန်ကောင်းလာအောင် ကုသရန်မှာ American Diabetes Association ရဲ့ အညွှန်းအရ တစ်လ မှ သုံးလ အတွင်း အချိန်ယူပြီး တစ်ဆင့်ချင်း သွေးချိုကို ချ ရပါတယ်။ ရက်ပိုင်းအတွင်း အမြန်ထိုးကျအောင် ကုသ ရင် လူနာ အများစုသည် ဖော်ပြပါ လက္ခဏာများ ခံစားရ ပြီး အချို့မှာ ပြင်းထန် တတ်ပါတယ်။
✔️ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ✔️
✔️ ဆီးချိုသွေးချို ကာကွယ်ပါ ✔️
20/03/2026
✅️ မြန်မြန် ကုမှ သက်သာရ ✅️
ဆီးချိုဝေဒနာရှင်တွေ ဘာကြောင့် ထုံ/ကျဥ် ရတာလည်း??
ကျနော်တို့ရဲ့ အာရုံကြောများဟာ သွေးကြောများရဲ့ သွေး ထောက်ပံ့မှု နဲ့ အလုပ်လုပ်ပါတယ်။
ထိုသို့အလုပ်လုပ်ခြင်းက ထိမှု၊ သိမှု၊ ခံစားမှုကို မှန်ကန်တိကျစွာ ခံစားသိရှိရပါတယ်။
ဆီးချိုသွေးချိုရောဂါဟာ ဖော်ပြပါ အာရုံကြောသို့ ထောက်ပံ့ထားသော သွေးကြောများကို ဖျက်စီးခြင်းဖြင့် အာရုံကြောများရဲ့ စွမ်းအင်ရင်းမြစ်ကို ဖြတ်တောက်လိုက်ပါတယ်။
ထိုအခါ အာရုံကြောများဟာ ဆွေးမြေ့ပျက်စီးလာပြီး ပျက်စီးခြင်း လက္ခဏာတွေဖြစ်တဲ့
⚠️ ထုံခြင်း၊ ဖိနပ်မမြဲခြင်း
⚠️ ကျဥ် / ပူ ခြင်း
⚠️ အပ် နဲ့ ထိုးသလို တဆစ်ဆစ်နာခြင်း
⚠️ ချွေး အလွန်အကျွံထွက်ခြင်း
⚠️ ခြေလက်များ ပူလိုက်၊ အေးလိုက် ဖြစ် သလို ခံစားရခြင်း
အပြင် အစာအိမ်နှင့် အူလမ်းကြောင်း အာရုံကြောထိမ်းချုပ်မှု စနစ်ကို အားနည်းစေသည့် အတွက်
⚠️ အစာမကြေခြင်း
⚠️ ဝမ်းချုပ်ခြင်း များကို ဖြစ်စေတတ်ပါတယ်။
✅️ မြန်မြန် ကုမှ သက်သာရ ✅️
ဆီးချိုကြောင့် အာရုံကြောပျက်စီးခြင်းဟာ အရှင်းပျောက်ရန် အင်မတန် ခက်ခဲပါတယ်။
သို့သော် ✔️
စောစောသိ၍ မြန်မြန် ကုသမှု ခံယူပါက ပျောက်ကင်းနိုင်ချေများပြီး ပိုမိုမဆိုးဝါးလာစေရန် ကာကွယ်တားဆီး နိုင်ပါတယ်။
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
✔️ ဆီးချို သွေးချို ကာကွယ်ပါ ✔️
ဒေါက်တာသီဟဇော်
အထွေထွေရောဂါကုဆရာဝန်
မြန်မာနိုင်ငံ ဆီးချိုသွေးချို ရောဂါအသင်း
ကောင်းမြတ်မွန် ဆီးချိုသွေးချို အထူးကုစင်တာ
Photo ; Credit to the original creater.
19/03/2026
ပြည်မြို့ ဝေဖြိုး ပဲကြော် လုပ်ငန်းမိသားစု
Wise Power မိသားစု များ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးစစ်ခြင်း Medical Check Up ပြုလုပ်ခြင်း အတွက် စီစဥ်ပေးဖြစ်ခဲ့ပါတယ်။
ခုလို သစ္စာ ဆေးခန်း နှင့် International Medical Consultant အဖွဲ့ကို ယုံကြည်အားပေးကြတဲ့ မိတ်ဆွေများ အားလုံး ကို ကျေးဇူးတင်ရှိပါတယ်။
ထိုင်းနိုင်ငံတွင် ဆေးပြခြင်း၊ ဆေးစစ်ခြင်း ပြုလုပ်လိုကြတဲ့ ပြည်မြို့ နဲ့ အနီးတစ်ဝိုက် မိတ်ဆွေများ အားလုံး သစ္စာ မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်
သစ္စာ ဆေးခန်း နှင့် ဆေးဆိုင်
(၂၃၃)၊ ပန်းဘဲတန်းလမ်း၊ ပြည်မြို့
📞 09 757 245 700
📞 09 401 180 345
အကြိမ် (၂၀) မြောက် အာဆီယံ နိုင်ငံများ ဆီးချိုသွေးချို နှင့် ဟော်မုန်း ပညာ ညီလာခံ
မနီလာမြို့ ၊ ဖိလစ်ပိုင် နိုင်ငံ ၊ (၂၀၁၉) ခုနှစ်
12/03/2026
🎂🎂 Happy Birthday 🎂🎂
ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေ မမ ကြီး ခင်ဗျာ 🎉🎉🎁🎁
ယနေ့ ကျရောက်သော မွေးနေ့မှသည် နောင်နှစ်များစွာတိုင် သက်ရှည်ကျန်းမာစွာ နဲ့ လူနာများကို စောင့်ရှောက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ
ဒေါက်တာသီဟဇော်
ရုံးအဖွဲ့မှူး ( 2019 ~ 2024 )
မြန်မာနိုင်ငံ ဆီးချိုသွေးချို ရောဂါအသင်း
Myanmar Diabetes Association
12/03/2026
ဆီးချိုတိုင်းစက်တွေ တစ်လုံး နဲ့ တစ်လုံး အဖြေမတူတာ 🤔🤔
(၁) Strip ပြားမှာ အသုံးပြုတဲ့ Chemical ပါဝင်ပစ္စည်း ကွာခြားမှု
(၂) စက်၏ အချိုဓါတ်ကို ဖတ်သော Coding စနစ် ကွာခြားမှု
(၃) Strip ပြား ကိုင်တွယ်အသုံးပြုပုံ မတူကွဲပြားမှု များကြောင့် အဖြစ်များတတ်ပါတယ်။
တခါတလေ လက်တချောင်းတည်း က သွေးကို တိုင်းရင်တောင် စက် (၂) လုံးမှာ အဖြေ (၂) မျိုးထွက်ပါတယ်၊
သို့ပါသော်လည်း ကွာခြားမှု အဖြေသည် 15 mg/dl ခန့် အတက် (သို့) အလျော့ ဖြစ်နေပါက
ဥပမာ - ပထမ စက်မှာ 100 mg/dl
ဒုတိယစက်မှာ 115 mg/dl ဖြစ်နေပါက လက်ခံ နိုင်သော ကွာဟ ခြင်း ဟု မှတ်ယူနိုင်ပါတယ်။
✔️ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
✔️ ဆီးချိုသွေးချို ကာကွယ်ပါ
04/03/2026
ဒေါက်တာသီဟဇော် (သစ္စာ ဆေးခန်း) အား
မြန်မာ့အထူးကုသမားတော်ကြီးများအဖွဲ့ ( Myanmar Internal Medicine Society)
ဥက္ကဋ္ဌ
ပါမောက္ခ ဒေါက်တာ ဒေါ်အေးအေးချစ် မှ ချီးမြှင့်သော ဂုဏ်ပြုဆုတံဆိပ် ကို လက်ခံရယူနေပုံ
ဆရာ ယခုထက်ပို၍ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ သစ္စာဆေးခန်း ဝန်ထမ်းမိသားစုများ မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်် 🙏🙏🙏
သစ္စာ ဆေးခန်း နှင့် ဆေးဆိုင်
(၂၃၃)၊ ပန်းဘဲတန်းလမ်း၊ ရွှေကူရပ်၊ ပြည်မြို့။
📞 09 757 245 700
📞 09 401 180 345
03/03/2026
နာမည်ကျော် တိုင်းကျော်ပြည်ကျော်
Becozinc အားဆေး၊ ဘယ်မှာ မေးမေး မရတဲ့
ဆေးတွေပြန်ရောက်ပြီမလို့
သစ္စာဆေးခန်း မှာ ဝယ်ယူရနိုင်ပါပြီ
မှတ်ချက်* * မြန်မြန်လေး လာဝယ်မှစိတ်ချရမယ်နော့။ 😉😉
သစ္စာဆေးခန်း နှင့် ဆေးဆိုင်
(၂၃၃) ပန်းဘဲတန်းလမ်း ရွှေကူရပ် ပြည်
📞 09 757 245 700
📞 09 401 180 345
Click here to claim your Sponsored Listing.
Category
Address
Pyay
08191
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 19:00 |