Lun Pyi
Beauty salon😘
“ဒါဏ်ရာ”
လူတွေကမေးတယ်
လွမ်းလားတဲ့
ကျွန်တော် ပြုံးပြလိုက်တယ်
တချို့ဒါဏ်ရာတွေဟာ
ပါးစပ်ကပြောပြလိုက်ရုံနဲ့
သူတို့မသိနိုင်ဘူးလေ
အချိန်တွေက ကုစားသွားမှာပါတဲ့
ကျွန်တော် ထပ်ပြုံးလိုက်တယ်
ကုလို့ပျောက်ရင်တောင်
ဒီတိုင်းလေးထားထားမှာ
ကျွန်တော့မှာ သူပေးထားတာဆိုလို့
ဒီဒါဏ်ရာတွေပဲရှိတယ်မလား
ဓါးနဲ့ထိုးလိုက်မှ
တုတ်နဲ့ရိုက်လိုက်မှ
ဒါဏ်ရာဆိုတာ ရတာမဟုတ်ပါဘူး
စိတ်ချည်းသက်သက်နဲ့လည်း
ဒါဏ်ရာဆိုတာရတတ်ပါတယ်
သွေးတော့မထွက်ဘူးပေါ့
ဒါပေမဲ့ ပိုနာတယ်
သေလုမျောပါး ခံစားနေရတယ်
စက္ကန့်မလပ် ငိုကြွေးနေရတယ်
သတ်သေပစ်ချင်လောက်အောင်
နာကျင်နေရတယ်
ဒါပေမဲ့လည်း
နာနာကျင်ကျင်နဲ့ကိုပဲ
ဒီဒါဏ်ရာတွေကို ချစ်နေရပါတယ်
မလွမ်းဘူးလို့လည်း
ကိုယ့်ဘာသာညာမယ်
လူရှေ့သူရှေ့
ပြုံးထားဖို့လည်း ကြိုးစားမယ်
ဘယ်သူမှမရှိရင်တော့
ဒါဏ်ရာလေးတွေ ပြန်ကြည့်ရင်း
နာနာကျင်ကျင်နဲ့ ဆက်လွမ်းမယ်
#ပုလဲသီ 😘
#ကဗျာလေးတွေ
Click here to claim your Sponsored Listing.
Category
Website
Address
Sagaing