Spring weather B2B R2S AEC

Spring    weather B2B R2S AEC

Share

ဤစာမျက်နှာသည် အကောင်းဘက် တိုးတက်ဖိ?

14/12/2021

ဆင်းရဲတာ ဘာကြောင့်လဲ ?
==========================

၁ ။ ရည်မှန်းချက်မရှိမှုကြောင့်

ရည်မှန်းချက် မရှိရင် မချမ်းသာနိုင်ပါ ။ ရည်မှန်းချက် မရှိသူဟာ ပဲ့မပါတဲ့
လှေနှင့် တူသည် ။ ရည်မှန်းချက် မရှိသူဟာ ပင်လယ်သမုဒ္ဒရာကြီးမှာ သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘော နဲ့တူတူပဲ ။ ချမ်းသာချင်တယ် အောင်မြင်ချင်တယ်ဆိုရင် ရည်မှန်းချက် ထားရှိပါ ။
ရည်မှန်းချက် မထားရှိရင် ဆင်းရဲဒုက္ခသို့ ရောက်ရှိတတ်ပါတယ် ။ ကိုယ်သွားမယ့် နေရာ ဦးတည်ချက် ရည်မှန်းချက်တွေ မရှိသော လေယာဉ်ပျံ တစ်စီးဟာ ပျံသန်းနေသည် ဆိုပါစို့ ။ ဒါဆို အပေါ်မှာ ပျံသန်းရင်းနဲ့ ဆီကုန်ခမ်းသွားလို့
လူးဆင်းလာသောအခါ ဒုက္ခကြီးစွာနဲ့ ကြုံတွေ့ပြီပေါ့ ။ ငွေရှာတာကလည်း ရည်မှန်းချက်ရှိမှ အနာဂါတ်လှပမည် ။ မိမိဘဝ လှဖို့ ရည်မှန်းချက် ကိုယ်စီထားကြပါစို့

၂ ။ အကြွေးထားရှိမှုကြောင့်

လူတိုင်းနီးပါး အကြွေးထားတတ် ကြပါတယ် ။ သို့သော် အကြွေးယူတာ ကောင်းလား ? မကောင်းဘူးလား ? ဆိုတာကို စဉ်းစား ဆုံးဖြတ်ပါ ။ အကြွေးဆိုတာ တစ်ခါ ထားတာပဲ ကောင်းတာပါ ။ အကြွေး ထားတာများလာရင် ပြန်ဆပ်ဖို့အတွက် ခက်ခဲလာတတ်ပါတယ် ။ ကိုယ်ရှာတဲ့ငွေ သူများကို အကြွေးပြန်ဆပ် ။ ဒါဆို ကိုယ့်မှာ ငွေမကျန်တော့ဘူး ။ ကိုယ်ရှာတာ ဟူသမျှဟာ သူ့များကို ဆပ်နေတာနဲ့ ကုန်ကုန်သွားကြမှာပဲ ။
အကြွေးထားရှိမှုဟာ မိမိရဲ့ ငွေထွက်လမ်းတွေကို အလိုက်သင့် ရှာဖွေထားတာနဲ့ အတူတူပဲ ဖြစ်ပါတယ် ။ ဖြစ်နိုင်လျှင် အကြွေးမထားရှိတာ ကောင်းမွန်ပါတယ် ။ အကြွေးများလေလေ ဒုက္ခ ပိုရလေလေပဲ ဖြစ်ပါတယ် ။ အကြွေးဆိုတာ ငွေထွက်ပေါက်ဖြစ်၍ တတ်နိုင်သမျှ ငွေထွက်ပေါက်ကို ပိတ်နိုင်သမျှ ပိတ်ထားပါ ။ အကြွေးမရှိလျှင် ကိုယ်ရှာတဲ့ငွေ လွယ်လင့်တကူ ပျောက်ဆုံးသွာမှာ မဟုတ်တော့ဘူး ။ ကိုယ်ရှာတဲ့ငွေကို လိုအပ်သော နေရာတွင် အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်ပေ၏

၃ ။ မစဉ်းစားမှုကြောင့်

ဘာကို စဉ်းစားရမလဲ ? Money ကိုပါ ။ ဘာဖြစ်လို့လဲ ? ငွေကို ပင်ပင်ပန်းပန်း ရှာတယ်ဆိုတာ အေးအေးချမ်းချမ်းနဲ့ သင့်တင့်စွာ နေထိုင်ချင်လို့ပါပဲ ။ ဒီနေ့ ကြှနျုပျတို့ သုံးလိုက်တဲ့ ငွေကြေးဟာ နောက် ၅ ရက် (သို့) ၅ လ (သို့) ၅ နှစ်အထိ ထိန်းချုပ်ပေး နိုင်တဲ့ ငွေကြေး အခြေအနေဟာ အနာဂတ်အတွက် လိုအပ်သော အရာတစ်ခုပါ ။ ဖြုန်းတီးလိုက်တာ နဲ့ အသုံးပြုလိုက် မတူသလို လိုချင်တာ နဲ့ လိုအပ်တာလည်း မတူညီကြပါ ။ အဲဒီမှာ လိုချင်တာ နဲ့ လိုအပ်တာကို ခွဲခြားသိဖို့ လိုအပ်ပါတယ် ။ လိုအပ်တာကိုပဲ ဦးစားပေးပါ ။
ငွေဆိုတာ ကိုယ့်ဆီသို့ ဝင်လာမယ့်အတွက် ခက်ခဲပေမယ့် ထွက်သွားဖို့ကျတော့ အရမ်းကို လွယ်ကူလှပါတယ် ။ ငွေဆိုတာ လူတစ်ယောက်ရဲ့ အိတ်ကပ်ထဲမှာ ကြာကြာမနေဘူး ။ တစ်ယောက် အိတ်ကပ်ထဲမှာ နေပြီးတာနဲ့ တစ်ခြားတစ်ယောက်ရဲ့ အိတ်ကပ်ထဲမှာ သွားဖို့ အမြဲတမ်း ထွက်ပေါက်ကို ရှာနေတဲ့ အရာပဲ ဖြစ်ပါတယ် ။ ထွက်သွားမယ့် လုပ်နေတဲ့ မိမိရဲ့ ငွေကို ကောင်းစွာ အသုံး မပြုနိုင်ရင် ဆင်းရဲမှု ဒုက္ခသို့ ရောက်ရှိနိုင်ပါတယ် ။ ထို့ကြောင့် မိမိအိတ်ကပ် ထဲမှ ငွေကို ကောင်းစွာ အသုံးပြုပါ

၄ ။ အဝင်အထွက် မမျှတမှုကြောင့်

ဝင်ငွေနှင့် ထွက်ငွေ မျှတမှုမရှိလျှင် ဒုက္ခ ရောက်တတ်ပါတယ် ။ မိမိမှာ ဝင်ငွေက တစ်ရက်ကို ၆၀၀၀ ထွက်သွားတာက ၆၀၀၀ နဲ့ ၆၀၀၀ ကျော် ဆိုရင် ဘာမှ မကျန်တော့ဘူး ။ ဒါဆို တစ်နေ့ရှာတာ တစ်နေ့ကုန်ရင် မရှာနိုင်တဲ့ တစ်နေ့မှာ ဒုက္ခ ရောက်ပြီပေါ့ ။ မိန်းကလေး တစ်ချို့ကျရင် အစားအသောက် နဲ့ အလှအပမှာ အများကုန်ကြ၍ ယောက်ျားလေး တစ်ချို့မှာတော့ အပျော်အပါးမှာပဲ အများကုန်ကြပါတယ် ။
ထို့နောက် မိသားစုမှာတော့ kitchen မှာပဲ အများဆုံး ကုန်ဆုံးကြတတ်ပါတယ် ။ တစ်နေ့ ဝင်ငွေနဲ့ တစ်နေ့ အသုံးပြုမှုကို မျှမျှတတ အသုံပြုနိုင်အောင် ကြိုးစားမှသာ ရောင့်ရဲ့စွာ စားသောက်နိုင်မည် ဖြစ်ပါတယ် ။ ဝင်လာတဲ့ငွေ သုံးပုံ ပုံပြီး တစ်ပုံကို စု၍ ကျန်နှစ်ပုံနဲ့ မျှတစွာ သုံးစွဲနိုင်အောင် ကြိုးစားပါ

၅ ။ Plan မထားရှိမှုကြောင့်

မိမိရဲ့ ငွေကြေးကို စာရင်းဇယား ပြုလုပ်ထားပါ ။ ဝင်တာ ဘယ်လောက် ထွက်သွားတာက ဘယ်လောက်ဆိုတာကို သိရှိဖို့ အတွက် စာရင်းဇယား ပြုလုပ်ထားတာဟာ ကောင်းမွန်ပါတယ် ။ မနက်ဖြန်ဆိုတာ အနာဂတ်ပါ ။ အနာဂတ်မှာ ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ် ဆိုတာကို plan ဆွဲထားဖို့ လိုအပ်ပါတယ် ။ တိကျသော plan ဖြစ်နေပါက တိကျသော အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာပါ ။
အနာဂတ်မှာ ဖြစ်ချင်တာ လုပ်ချင်တာတွေကို ပစ္စုပ္ပန်မှာ တိကျသော plan ချ၍ လုက်ဆောင်ဖို့အတွက် လိုအပ်ပါတယ် ။ အကယ်၍ ကိုယ့်ရဲ့ အသုံးပြုမှုငွေ ဝင်လာသောငွေ ဖြစ်ချင်တာတွေ စသောအရာတွေကို သိထားဖို့ plan ဆွဲမထားလျှင် ဟိုဟာလည်း စမ်းတဝါးဝါး သည်ဟာလည်း ထိုနည်း၎င်းပဲ ဖြစ်နေပေလိမ့်မည် ။ ဒါဆို မကြာမီမှာပဲ ဒုက္ခရောက်နိုင်ပါတယ် ။ plan ဇယား ဆွဲထားမှ ဘယ်အရာကောင်းတယ် ။ ဘယ်အရာက မပြီးသေးဘူး ။ ဘယ်အရာက ညီမျှတယ် စသည်ဖြင့် မြင်သာနိုင်မယ် ။ လိုအပ်ချက်တွေကို plan ဇယားကြည့်ခြင်းဖြင့် ထင်ရှားစွာ မြင်နိုင်ပါတယ် ။ တိကျသော plan ရေးဆွဲ၍ လိုအပ်ချက်တွေကို အကောင်အထည် ဖော်ဆောင်လိုက်ပါ

၆ ။ စုဆောင်းမှုမရှိမှုကြောင့်

မိမိရဲ့ အလုပ်အားဖြင့် ရသော တစ်နေ့ ဝင်ငွေအတွက် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ အနည်းငယ် စုဆောင်းပါ ။ စုဆောင်းမှုဟာ အနာဂတ်အတွက် လိုအပ်ချက် ခက်ခဲမှုတွေကို ကူညီပေးမယ့် ကူညီရှင်တစ်ဦးသာ ဖြစ်၏ ။ စုဆောင်းမှုမရှိလျှင် မိမိရဲ့ အခက်အခဲကို ပူပင်စွာ အဖြေရှာရ၍ ဒုက္ခကြီးနဲ့ ကြုံတွေ့ရတတ်ပါတယ် ။ ဖြစ်နိုင်ပါက မိမိတတ်နိုင်သလောက် စုဆောင်း နိုင်သမျှ စုဆောင်းကြပါ ။ လူဆိုတာ ခက်ခဲမှု မျိုးစုံနဲ့ ကြုံတွေ့ရတတ်ပါတယ် ။ ခက်ခဲမှုကို ဖြေရှင်းနိုင်ဖို့ ၊ အနာဂတ်ကို ပုံဖော်ဆောင်ဖို့ စုဆောင်းမှုတွေ ပြုကြပါ

၇ ။ အတုယူမှု မရှိသောကြောင့်

အတုယူမှု ဘာတွေကို အတုယူရမှာလဲ ? စာအုပ်စာပေတွေ ဖတ်ပြီး ကောင်းတာကို အတုယူပါ ။ စာမဖတ်တတ်ပါက စာတတ်သော သူတစ်ပါးထံမှ ၊ အောင်မြင်နေသော စီးပွားရေးရှင်တွေမှ ကောင်းတာလေးတွေကို အတုယူပါ ။ တစ်ခါတလေမှာလည်း ဆင်းရဲနွမ်းပါးတဲ့ သူတွေမှာ အတု ယူသင့်တာတွေ ရှိကောင်းရှိနိုင်ပါတယ် ။ ကောင်းတာ ဟူသမျှ အတုယူနိုင်အောင် ကြိုးစားပါ ။ ကိုယ် မသိတာ ဟုသမျှကို မှတ်ယူပါ ။
မကောင်းတာကို ဘေးဖယ်၍
ကောင်းတာကို စိတ်နှလုံးတွင်
စွဲမှတ်ပါ ။
ကိုယ်လည်း ဘာမှမတတ် သူတစ်ပါးရဲ့ ပညာတွေကိုလည်း အတုမယူချင်ရင် အောင်မြင်မှုသို့ ရောက်ရှိနိုင်မည် မဟုတ်ပါ ။ ချမ်းသာ ကြီးပွားတဲ့ သူတွေဆီမှာ ငွေကြေး ထိန်းချုပ်မှုတွေ ဝင်ငွေကောင်းအောင် ရှာနည်းတွေ ငွေထွက်နှုန်းကို ထိန်းချုပ်ထားတာတွေ စုဆောင်းမှုတွေ စသောအရာများကို အတုယူနိုင်ပါတယ် ။ မတတ်သော မသိသော ပညာဟူသမျှကို လေ့လာ သင်ယူ အတုယူနိုင်အောင် လေ့ကျင့်ပါ။

၈ ။ စိတ်ဆန္ဒ

ဆင်းရဲတဲ့ သူတွေအများစုဟာ
အလုပ် မစတင်ခင် ဆုတောင်းမှု
စိုးရိမ်မှု ကြောင့်ကြမှုတွေ ဖြစ်တတ်၏ ။
စိုးရိမ်မှုက 90 ရာခိုင်နှုန်း
လုပ်ချင်စိတ်က 10 ရာခိုင်နှုန်း ဖြစ်နေတတ်၏ ။ စိုးရိမ်မှုများတာဟာ မိမိကိုယ်ကို ယုံကြည်မရှိသောကြောင့်သာ ဖြစ်၏ ။ အလုပ် မစတင်ခင် စိတ်ပူပင်မှုရှိနေလို့ မဖြစ်ပါ ။ စိုးရိမ်မှုဟာ အောင်မြင်မှုကို နှောင့်နှေးစေပါတယ် ။ နောင်တဒုက္ခနဲ့လည်း ကြုံတွေ့နိုင်ပါတယ် ။
ယုံကြည်မှုရှိပါ ။ ရဲဝံ့စွာ ရင်ဆိုင်လိုက်ပါ ။
ယုံယုံကြည်ကြည်နဲ့ ပြုလုပ်သော သူဟာ သင်ခန်းစာ တစ်ခုရရှိတတ်၏ ။
စိတ်ကူးကောင်းနေလို့လည်း မဖြစ်ပါ အကောင်အထည် ဖော်နိုင်အောင် ကြိုးစားမှ သင့်ရဲ့ စိတ်ကူးကောင်းကို
လူတိုင်းလက်ခံ လာမှာပါ ။ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရဲဝံ့စွာ လှုပ်ရှားလိုက်ပါ ၊

ပျင်းရိမှုလည်း ပယ်ဖျောက်နိုင်အောင် ကြိုးစားပါ

ကွာခြားချက်

ဆင်းရဲတဲ့သူတွေက
မိမိကိုယ်မိမိ နိမ့်ချဖို့သာ
ကြိုးစားတတ်တယ်

ချမ်းသာတဲ့သူတွေကျတော့
မိမိကိုယ်မိမိ မြှင့်တင်နိုင်အောင်ကြိုးစားကြတယ်

ဆင်းရဲတဲ့သူတွေက
လက်ရှိပစ္စုပ္ပန်မှာ အဆင်ပြေဖို့သာကြိုးစားကြတယ်

ချမ်းသာတဲ့သူတွေကျတော့
အနာဂတ်မှာ အဆင်ပြေဖို့
ကြိုးစားကြတယ်

ဆင်းရဲတဲ့သူတွေက
လိုသလောက်ရှာတယ်
ရှာရသလောက် သုံးစွဲကြတယ်

ချမ်းသာတဲ့သူတွေကျတော့
လိုသလောက်ထက် ပိုရှာတယ်
ရှာရလောက်ကို ချင့်ချိန်ပြီး
သုံးစွဲတတ်ကြတယ်

ဆင်းရဲတဲ့သူတွေက
အလုပ်ကို ရွေးချယ်ပြီးလုပ်ကြတယ်

ချမ်းသာတဲ့သူတွေကျတော့
ရတဲ့အလုပ်ကို လုပ်ဆောင်
တတ်ကြတယ်

ဆင်းရဲတဲ့သူတွေက
စိတ်ကူးယဉ်မျှော်လင့်မှုနဲ့
ရှင်သန်ကြတယ်

ချမ်းသာတဲ့သူတွေကျတော့
လက်တွေ့လုပ်ဆောင်မှုနဲ့
ရှင်သန်ကြတယ်

ဆင်းရဲတဲ့သူတွေက
ခံစားချက်ဖြင့် ဆုံးဖြတ်ကြတယ်

ချမ်းသာတဲ့သူတွေကျတော့
ခံစားချက်ကို ဦးနှောက်ဖြင့်
ဆုံးဖြတ်တတ်ကြတယ်

လေးစားစွာဖြင့်
ကောင်းချစ်-အတွေးရသစာစုလေးများ

ချမ်းသာတဲ့သူဆိုတာနဲ့ဆင်းရဲတဲ့သူဆိုတာ
===========================

ကျွန်တော်အရင်ကဆင်းရဲဖူးခဲ့တယ်။ကျွန်တော်ခုချမ်းသာနေပြီ။ဒါကြောင့်ဆင်းရဲခြင်းနဲ့ချမ်းသာခြင်းဆိုတဲ့အရသာကိုသိတယ်။ ကျွန်တော်ဆင်းဆင်းရဲရဲကာလတွေတုန်းက အရမ်းချမ်းသာချင်ခဲ့တယ်။ ချမ်းသာကြွယ်ဝတယ်ဆိုတာလူတိုင်းလုပ်ဆောင်ရမယ့်ရွေးချယ်မှုတခုဘဲ။တခါကဘီဂိတ်ကပြောဖူးတယ်, "သင်ဆင်းဆင်းရဲရဲနဲ့မွေးလာတာသင့်အပြစ်မဟုတ်ဘူး, သင်ဆင်းဆင်းရဲရဲနဲ့သေသွားခဲ့ရင်တော့သင့်အပြစ်ဘဲတဲ့" ဒါ့ကြောင့်ကျွန်တော်တို့ဆင်းရဲတွင်းထဲမှာနေစရာအကြောင်းကိုမရှိပါဘူး။ချမ်းသာကြွယ်ဝခြင်းဆိုတာကကျွန်တော်တို့ကိုစောင့်နှင့်နေပြီးပြီ,ဒါပေမယ့်ကျွန်တော်တို့အဲ့အရာကိုလိုချင်ရင်အကောင်းဆုံးလုပ်ဆောင်ကြရပါမယ်။

အရင်ကာလတွေတုန်းက
ကျွန်တော်ချမ်းမှချမ်းသာပါ့မလားလို့တွေးပူဖူးတယ်,ဖြစ်နိုင်တယ်
မဖြစ်နိုင်ဘူးဆိုတဲ့ ဒွိဟတွေကြားကအတွေးအခေါ်နဲ့လုပ်ဆောင်ချက်တွေကိုမသိရှိခင်အထိဘဲပေါ့ဗျာ

၁. ဆင်းရဲတဲ့သူတွေဟာ
သံသယအလွန်များတယ်
ဆင်းရဲတဲ့သူတွေဟာယုံကြည်မှုမရှိကြဘူး။မိမိလုပ်ဆောင်နိုင်စွမ်းတွေအပေါ်မှာအမြဲသံသယပွားနေတတ်ကြတယ်,

၂. ချမ်းသာတဲ့သူတွေကမိမိကိုယ်ကိုယုံကြည်မှုရှိကြတယ်
ချမ်းသာတဲ့သူတွေဟာသူတို့ကားတွေကိုထားခဲ့ချင်ထားခဲ့မယ်, သူတို့အိမ်တံခါးတွေကပွင့်ချင်ပွင့်နေမယ်, ဆင်းရဲသူတွေမှာတော့ ဒီလိုဖြစ်ရပ်တွေ
မဖြစ်ပါဘူး, ချမ်းသာတဲ့သူတွေက
သူတို့နဲ့အတူတကွလုပ်ဆောင်နေတဲ့သူတွေကို ယုံကြည်မှုရှိကြတယ်,သူတို့ကိုယ်တိုင်ချမ်းသာကြွယ်ဝစေဖို့အခွင့်အရေးတွေပေးကြတယ်

၃. ဆင်းရဲတဲ့သူတွေဟာ
သူတစ်ပါးအပြစ်ကို ရှာကြတယ်
ဆင်းရဲတဲ့သူတွေဟာပြဿနာတခုကိုဖြေရှင်းဖို့ထက်အပြစ်ကိုဘဲ
ရှာဖွေကြတာပါ,သူတို့ဟာသူတို့ပတ်ဝန်းကျင်က,အခြေအနေတွေ, အလုပ်တွေ,ရာသီဥတု,အစိုးရတွေအပေါ်အပြစ်ပုံချကြတယ်, ပြီးသူတို့ဘာလို့မအောင်မြင်ရလဲဆိုတဲ့ဆင်ခြေတွေ
တစ်ပုံကြီးပေးကြပါတယ်

၄. ချမ်းသာတဲ့သူတွေက
အောင်မြင်ခြင်းကိုရှာဖွေတယ်
ချမ်းသာတဲ့သူတွေဟာအရာရာတိုင်းမှာအကျိုးနဲ့အ‌ကြောင်းရှိတယ်ဆိုတာနားလည်ထားကြပါတယ်။သူတို့ဟာဘဝကိုဖြစ်ချင်တာဖြစ်ဆိုတာထက်
သူတို့ဟာလမ်းမှန်ကိုညှိယူတယ်,
သူတို့ဘဝကိုပိုကောင်းအောင်ပြုလုပ်ကြတယ်, သူတို့ဟာဆင်ခြေတွေကိုဘေးဖယ်ထားတယ်,သူတိူ့ရဲ့ပြစ်တင်ဝေဖန်မှုတွေကိုဖယ်ရှားပစ်ကြတယ်,
ဘာလျို့လဲဆိုတော့သူတို့အတွက်လုပ်စရာ‌တွေ အများကြီးကျန်သေးလို့လေ

၅. ဆင်းရဲတဲ့သူတွေဟာ

ဆင်းရဲတဲ့သူတွေကတွေးခေါ်ယူဆချက်ဟာ
သူတို့ဟာနာမည်ကြီးလူတယောက်အနားရောက်ရင်" သူတို့ငါ့ကို
စကားပြောဖို့အချိန်ရှိချင်မှရှိမှာပါ" လို့ပြောကြတယ်,သူတို့ဟာ သေချာလေ့လာစုံစမ်းရမယ့်အစားသူတို့‌တွေးချင်
ရာ‌တွေးပြီးတော့အမှန်တရားနဲ့ဝေးကွာဆဲပါ

၆. ချမ်းသာတဲ့သူတွေဟာမေးခွန်းတွေမေးလေ့ရှိကြတယ်
ချမ်းသာတဲ့သူအများစုက, "အဲဒါဘာ့ကြောင့်လဲ,ဥပမာ ငါသမ္မတဆီစာရေးရင်သူငါ့ကိုဖြေမလား,"ဒါတွေကိုမေးမြန်းလေ့ရှိကြတယ်, သင် မေးခွန်းတွေမေးရင် ဆွေးနွေးငြင်းခုံမှုတွေကတော့ရှိကြမှာပါဘဲ,မေးခွန်းမေးတဲ့
သူတွေလက်ထဲမှာအစွမ်းအစတွေအများကြီးရှိပါတယ်

၇. ဆင်းရဲတဲ့သူတွေကအလွယ်ဆုံးလမ်းကိုလိုက်ကြတယ်
နှစ်တွေများစွာဆီက ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းစျေးဝယ်တူတူထွက်ခဲ့ကြတယ်,သူကအမြဲဘဲ စျေးအပေါဆုံးဆိုတဲ့အရာကိုဝယ်တယ်,
ဘယ်သူမှမဝတ်ချင်တဲ့အရာပါ,
ဒါပေမယ့်သူဝယ်တယ် ဘာလို့လဲဆိုတော့စျေးနှုန်းကြောင့်လေ , ပြီးသူအဲဒါကိုကြာရှည်လဲမဝတ်ပါဘူး

၈. ချမ်းသာတဲ့သူတွေကအကောင်းဆုံးနည်းလမ်းကိုရှာတယ်
ချမ်းသာတဲ့သူတွေဟာအမြဲ စျေးပေါတဲ့ အချောင်ရတဲ့အရာတွေကိုမနှစ်သက်ကြပါဘူး,သူတို့ကဘယ်အရာအတွက်ဘယ်လောက်သုံးမလဲဆိုတာ
သူတို့ကိုယ်သူတို့ကန့်သတ်မထားပါဘူး, သူတို့ဟာအရာအားလုံးကိုစနစ်တကျနဲ့ဘဲ လိုချင်ကြတာပါ

၉. ဆင်းရဲတဲ့သူတွေက ငွေကအချိန်ထက်တန်ဖိုးရှိတယ်လို့ထင်ကြတယ်
လူတွေအများစုဟာသူတို့ရဲ့အချိန်တွေကိုငွေအတွက်ရောင်းဝယ်ကုန်သွယ်နေကြတယ်, သင်ဟာနာရီ၅၀လုပ်ရင်ဒေါ်လာ၅၀၀ရချင်ရနိုင်မယ်,
လူအများစုဟာအချိန်တွေကို
ငွေအတွက်ဖြုန်းတီးနေကြတယ်,
သူတို့ဟာသူတို့ရဲ့ဘဝ အစစ်အမြန္ကို
မသိဘူး,ဘာလို့လဲဆိုတော့
ငွေနောက်လိုက်နေလို့ပါဘဲ

၁၀. ချမ်းသာတဲ့သူတွေက အချိန်ဟာငွေထက်တန်ဖိုးရှိတယ်လို့
နားလည်ကြတယ်
ချမ်းသာတဲ့သူတွေဟာသူတို့ရဲ့အချိန်တွေကိုအလကားမဖြုန်းတီးကြပါဘူး, သူတို့ဟာအမြဲဘဲအတွေ့အကြုံအသစ်တွေကိုရှာဖွေကြတယ်,သူတို့ဟာ
တစ်ခြားသူကဒါကိုလုပ်နိုင်ရင် သူတို့လည်းလုပ်နိုင်ရမယ်လို့တွေးထင်ကြသူတွေဖြစ်ပါတယ်. သူတို့ချစ်ခင်တဲ့
သူတွေကိုအကူအညီပေးကြရင်း
အချိန်တွေကိုကုန်ဆုံးစေခဲ့ကြသူတွေပါ,

၁၁. ချမ်းသာတဲ့သူတွေကယှဉ်ပြိုင်ကြတယ်
ချမ်းသာတဲ့သူတွေကအခွင့်အရေးကိုမြင်ရင်သူတို့ဟာ သူများဘယ်လိုလုပ်နေသလဲဆိုတာရှာဖွေကြတယ် , ပြီးအတုယူပြီးသူ့ထက်သာအောင်လုပ်ကြတယ်, ဆင်းရဲတဲ့သူတွေဟာ သူတို့ဘာသာလမ်းထွင်ဖို့စိတ်ကူးမရှိဘူး

၁၂. ချမ်းသာတဲ့သူတွေကဖန်တီးယူကြတယ်
ချမ်းသာတဲ့သူတွေက သူတို့မှာရှိတဲ့ဗဟုသုတတွေ, အတွေ့အကြုံတွေ တပါးသူတွေရဲ့အကြံညဏ်တွေပူးပေါင်းပြီးလမ်းသစ်ထွင်လုပ်ဆောင်ကြတယ်

၁၃. ဆင်းရဲတဲ့သူတွေဆီမှာတီဗွီ အပြည့်အစုံရှိတယ်
ဆင်းရဲတဲ့သူတွေဟာအမြဲဘဲ တီဗွီရှေ့မှာအချိန်ကိုကုန်စေသူတွေပါ,သူတိူ့ဟာအားတဲ့အချိန်တွေမှာ အတွေးအခေါ်သစ်တွေ , လုပ်ငန်းအသစ်တွေအကြောင်းမစဉ်းစားကြဘဲ အမြဲဖျော်ဖြေမှု့ဇုံထဲကိုဘဲစိတ်ရောက်နေကြတယ်

၁၄. ချမ်းသာတဲ့သူတွေဆီမှာ
စာကြည့်တိုက်အကြီးကြီးရှိတယ်
ကြွယ်ဝချမ်းသာတဲ့သူတွေဟာ ပညာတတ်ပြီးစာဖတ်ကြတဲ့သူတွေပါ,သူတို့ဟာဗဟုသုတရဖို့စာဖတ်ကြတယ်
သူတို့ဟာအ‌ပျော်အပါး‌တွေဖျော်ဖြေမှုတွေထက် သူတို့ရဲ့အတွေးအခေါ်တွေ သိမြင်နိုင်စွမ်းတွေကိုတိုးတတ်ဖို့ပိုမိုလုပ်ဆောင်ကြတယ်


အားလုံးကြီးပွားချမ်းသာကြပါစေ ကောင်းသောမင်္ဂလာအခါသမယလေးဖြစ်ကြပါစေ
ကောင်းစွာအိပ်စက်နိုင်ကြပါစေ... !!





အသက်(၃၀)အရွယ်၀န်းကျင်မှာ
ချမ်းသာချင်တယ်ဆိုရင်တော့
ဒီအချက်တွေကို လုပ်ဖြစ်အောင်လုပ်ပါ။

၁။ အသက်(၃၀)အရွယ်မှာ ချမ်းသာဖို့ဆိုရင်
ငွေနောက်ကိုလိုက်ပါ။

ဒီကနေ့ခေတ်စီးပွားရေးအရဆိုရင်
သမရိုးကျနည်းတွေနဲ့ ချမ်းသာဖို့ကခက်ခဲလွန်းပါတယ်။
ပထမဆုံးခြေလှမ်းကတော့ သင့်ဝင်ငွေတိုးလာဖို့
အာရုံစိုက်ရမယ်။
ငွေတွေ ထပ်ခါထပ်ခါဝင်နေဖို့အာရုံစိုက်နေရမယ်။
ခုငွေနောက်ကိုစလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့်
သင်ဟာ ငွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာ
သိလာပြီး အခွင့်အလမ်းတွေကိုမြင်လာမှာဖြစ်ပါတယ်။

၂။ မကြွားပါနဲ့။ တိတ်တဆိတ်ကြိုးစားပါ။.

သင်ရဲ့လုပ်ငန်း သင့်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက
ဝင်ငွေမပေါသေးဘဲနဲ့တန်ဖိုးကြီးကားတွေ,
တန်ဖိုးကြီးနာရီတွေဝယ်မဝတ်ပါနဲ့။
သင့်အလုပ်ကြောင့်လူသိပါစေ။
သင်ဝယ်တဲ့အရာတွေကြောင့် လူမသိပါစေနဲ့။

၃။ ရင်းနှီးမြှပ်နှံဖို့ငွေစုပါ။ ငွေစုဖို့အတွက်ငွေမစုပါနဲ့။

ငွေစုဖို့အတွက် တစ်ခုထဲတော့အကြောင်းပြချက်က
ရင်းနှီးမြှပ်နှံဖို့ပါပဲ။ ငွေစုပြီးဆိုတာနဲ့ စုတဲ့ငွေကို
လုံးဝမထိပါနဲ့။ ဘာအတွက်မှလည်း မသုံးပါနဲ့။
အရေးပေါ်အတွက်ဆိုရင်တောင်မသုံးပါနဲ့။
ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ဝင်ငွေကိုတိုးလာစေပါတယ်။

၄။ အကြွေးယူတာကို ရှောင်ပါ။

သင်ဘယ်တော့မှငွေမချေးရအောင်
အကောင်းဆုံးငွေကြေးကိုထိန်းချုပ်ပါ။
စည်းကမ်းတွေသတ်မှတ်ထားပါ။
ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှုအသစ်တွေ
ပြုလုပ်ဖို့ငွေကြေးစီးဆင်းမှုတိုးတက်ဖို့အတွက်သာ
အကြွေးယူကြတာပါ။
ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့
ငွေချေးကြတယ်။ ဒီတော့ ဆင်းရဲတဲ့သူတွေက
ပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက
ပိုချမ်းသာကြပါတော့တယ်။

၅။ ငွေကို သဝန်တိုတတ်တဲ့ချစ်သူတယောက်လို
ပြုမူဆက်ဆံပါ။

ငွေတွေပေါများလာပါစေလို့
ဘယ်လောက်ဆုတောင်းနေနေ အချည်းနှီးပါပဲ။
ငွေကြေးပိုင်းဆိုင်ရာ လွပ်လပ်မှုရှိရမယ်ဆိုတာ
ဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားပါ။
ချမ်းသာဖို့ဆိုရင် ငွေကို ဦးစားပေးတစ်ခုအနေနဲ့
သတ်မှတ်ထားရမယ်။
ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုပဲ။
သင်က သူမကိုဂရုမစိုက်ရင်
သူမကလည်း သင့်ကိုဂရုစိုက်မှာမဟုတ်ပါဘူး။
ဒီထက်ဆိုးလာရင် သူမက သင့်ထက်ပိုကောင်းတဲ့
သူတစ်ယောက်နဲ့တွေ့ပြီး သင့်ကို စွန့်ခွာကောင်း
စွန့်ခွာသွားနိုင်ပါတယ်။

၆။ ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး။

ပိုက်ဆံဟာ နာရီကိုလည်းမသိဘူး။
အချိန်ဇယားတွေကိုလည်းမသိဘူး။
အားလပ်ရက်တွေကိုလည်း မသိဘူး။
ငွေက အလုပ်ကြိုးစားတဲ့သူတွေကို ချစ်တယ်။

၇။ ဆင်းရဲတယ်ဆိုတာ အဓိပ်ပါယျမရှိတဲ့အရာပဲ။

ဘီဂိတ်က , ဆင်းဆင်းရဲရဲနဲ့မွေးလာတာ
သင့်အပြစ်မဟုတ်ဘူး။ ဆင်းဆင်းရဲရဲနဲ့
သေသွားရင်တော့သင့်အပြစ်ဘဲ လို့ပြောဖူးပါတယ်။

၈။ အကောင်းဆုံးစိတ်ခွန်အားပေးနိုင်သူ
အကြံပေးနိုင်သူကို ရှာပါ။

တိုးတက်အောင်မြင်ဖို့ဆိုရင် မိမိကို
တွန်းအားအကောင်းဆုံးပေးနိုင်တဲ့သူကို ရှာဖွေရမယ်။
ဒါဟာအကောင်းဆုံးနည်းလမ်းပါပဲ။

၉။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါ။
အမွေတွေ ဘာတွေ စဉ်းစားမနေနဲ့။
စွန့်ဦးလုပ်ကိုင်သူတွေဟာအကောင်းဆုံး
လုပ်ဆောင်နိုင်ပါတယ်။

မီလျံနာအများစုဟာ ကိုယ်တိုင်ကြိုးစားပြီး
ကြွယ်ဝလာသူတွေဖြစ်ပါတယ်။
________________________________
မူရင်းရေးသူအား
ေးပါသည်
__________________
မေတ္တာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည်
လူငယ်များအတွက်
စိတ်ခွန်အားဖြစ်စေမယ့် စာပေများဖတ်ချင်ရင်
ကျွန်တော်(Page)ထဲကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်
👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻
https://www.facebook.com/အလိမ္မာ-စာမှာရှိ-111237918054327/

04/08/2021
ဉာဏ်ကောင်းရန်နည်း - OnDoctor 01/07/2021

ဉာဏ်ကောင်းရန်နည်း - OnDoctor (Zawgyi) ဉာဏ်ကောင်းရန်နည်း မိမိရင်သွေးငယ် ဉာဏ်ကောင်းစေရန် မိဘတိုင်း ဆန္ဒရှိကြပါတယ်။ မိမိကလးငယ် ဉာဏ်ရည်ဖွံ့ဖြိုး...

06/03/2021
Want your business to be the top-listed Beauty Salon in Sagaing?
Click here to claim your Sponsored Listing.

Telephone

Website

Address

Sagaing