Abacus Maths by Tr Lin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Abacus Maths by Tr Lin, Health/Beauty, Sagaing.
ပေသီးအသုံးပြု၍ သင်္ချာတွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ
ရိုးသားစွာပြောရရင် ကလေးတော်တော်များများက သင်္ချာမကြိုက်ကြပါဘူး။ ကလေးအများစုအတွက်က သင်္ချာက ခက်ခဲတယ်၊ ပျင်းစရာကောင်းတတ်ကြပါတယ်။ ဒါဆိုကလေးတွေ သင်္ချာပျော်ဖို့ ဘာလုပ်ရမလဲ။ အကောင်းဆုံးနည်းလမ်းထဲက တစ်ခုကတော့ သင်္ချာကို ပိုစိတ်၀င်စားစရာကောင်းပြီး ဆွဲဆောင်မှုရှိလာအောင် ပေသီးလေးတွေ သုံးပြီးသင်ကြားခြင်းပါ။
ရေတွက်ရာမှာ လက်ချိုးပြီးရေတွက်ကြတယ်။ ပုတီးစေ့လေးတွေ၊ ကျောက်တုံးတွေ၊ တုတ်ချောင်းတွေနဲ့ ရေတွက်ကြတယ်။ ဒီလို အသုံးပြုတွက်ချက်ရာမှ ပေသီးကပေါ်လာခဲ့ပါတယ်။ တရုတ်ပေသီးဟာ BC 500 လောက်ကတည်းကပေါ်လာခဲ့ပြီးတော့ အာရှ၊အာဖရိကနှင့် ကမ္ဘာတစ်၀န်းမှာ ယနေ့ထိတိုင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲပါ။
ဂဏန်းသင်္ချာတွက်နည်းဟာ ပေသီးသင်္ချာတွက်နည်းကို အခြေခံတာပါ။
ပေသီးသင်္ချာ တွက်နည်းဟာ သင်္ချာ လေ့လာသင်ကြားရာမှာ အမြန်ဆုံးတွက်ချက်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဂဏန်းပေါင်းစက်ထက်တောင်မှ မြန်ပါတယ်။
ငယ်ရွယ်စဉ်မှာ ပေသီးသင်္ချာတွက်နည်းကို သင်ပေးမယ်ဆိုရင် ကလေးရဲ့ သင်္ချာစွမ်းရည်ကို တောက်ပလာအောင် လက်ဆောင်ကောင်းတစ်ခုပေးလိုက်တာပါ။ ကြီးလာတဲ့အခါမှာလည်း သင်္ချာဘာသာရပ်အတွက် ခိုင်မာတဲ့အုတ်မြစ်ကောင်းတစ်ခုရရှိအောင် ပံ့ပိုးပေးပြီးသားလည်း ဖြစ်ပါတယ်။
ပေသီးကို အသုံးပြုပြီး သင်္ချာတွက်ခြင်းဖြင့် ရရှိလာမည့် အဓိကအကျိုးကျေးဇူးများ ကတော့
• သင်္ချာတွက်ချက်မှုပိုင်းမှာ ပိုမြန်ပြီးး ပိုတော်လာစေပါတယ်။
• ဖိအားတွေနဲ့ stress တွေကို ခံနိုင်ရည်ရှိလာပါတယ်။
• ပြဿနာဖြေရှင်းနိုင်စွမ်းတွေလည်း တိုးတက်လာပါတယ်။
• အကျိုးအကြောင်း ဆက်စပ်တွေးခေါ်မှုကို သင်ယူရာမှာလည်း ရှင်းလင်းလာစေပါတယ်။
• အာရုံစူးစိုက်မှုနဲ့ လေ့လာမှုတွေ ကောင်းမွန်လာစေပါတယ်။
• စ်ိတ်ဓာတ်ခိုင်မာမှုတွေလည်း မြင့်မားလာစေပါတယ်။
• စာရေး၊စာဖတ်ရာမှာလည်း တိုးတက်လာပါတယ်။
• Photographic Memory(အမြင်နဲ့ မှတ်မိနိုင်တဲ့ ဥာဏ်ရည်၊ မှတ်ဥာဏ်) စွမ်းရည်လည်းတိုးတက်လာပါတယ်။
• နားထောင်နိုင်စွမ်း (Listening Skills)တွေလည်း တိုးတက်လာပါတယ်။
• သင်္ချာဟာ အဓိပ္ပာယ်ရှိတယ်။ ပျော်စရာကောင်းတယ်။ အသုံး၀င်တယ်ဆိုတာကို လည်းသိလာစေပါတယ်။
• အပေါင်း၊အနှုတ်၊အမြှောက်၊အစားမှာ ခိုင်မာတဲ့ အခြေခံရရှိစေပါတယ်။
• မှတ်ဥာဏ်စွမ်းရည်တွေ တိုးတက်လာပြီး စိတ်ဓာတ်ထက်မြတ်လာစေပါတယ်။
ငယ်သေးတဲ့အရွယ်မှာ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးတဲ့ဦးနှောက် ကို မှန်ကန်တဲ့ ဦးနှောက်ဖွံ့ဖြိုးစေတဲ့ အရာတွေနဲ့ လေ့ကျင့်ပေးဖို့ အလွန်ကို လိုအပ်ပါတယ်။ ဒါဟာသူတို့ ဘ၀အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခုရရှိအောင် ဖန်တီးပေးခြင်းပါ။
ပေသီးသင်္ချာ (Abacus Maths) နဲ့ ပတ်သက်ပြီး မိဘတွေမေးလေ့ရှိတဲ့ မေးခွန်းတွေကို အတိုချုံးပြီး ပြည့်စုံအောင်ဖြေပေးထားပါတယ်။
❓ပေသီးသင်္ချာကို ဘယ်အရွယ်ကစပြီးသင်ပေးလို့ရပြီလဲ။
💡 ၄နှစ် ၅နှစ်အရွယ်က စပြီး ပေသီးသင်္ချာကို စသင်ပေးလို့ရပါပြီ။ သင်ပေးဖို့အကောင်း
ဆုံးအရွယ်က ၄နှစ်ကနေ ၁၂နှစ်အတွင်း ဖြစ်ပါတယ်။
❓ပေသီးသင်္ချာမှာ level ဘယ်နှခုရှိလဲ။
💡Level ၁၀ခုရှိပါတယ်။
❓ပေသီးသင်္ချာသင်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ။
💡၂နှစ်လောက်ပေးဖို့လိုပါတယ်၊ ကလေးအခြေအနေပေါ်မူတည်ပြီး အချိန်အပြောင်းအလဲ ရှိနိုင်ပါတယ်။
❓ပေသီးသင်္ချာသင်ပေးခြင်းဖြင့် ဘယ်လိုအကျိုးရှိမလဲ။
💡 ပေသီးသင်္ချာသင်ကြားပေးခြင်းဖြင့် မှတ်ဉာဏ်ကို တိုးတက်စေပြီး အကျိုးအကြောင်း ဆက်စပ်တွေးခေါ်နိုင်စွမ်းကို မြင့်မားစေပါတယ်။ အာရုံစူးစိုက်မှုကို တိုးတက်စေတဲ့အပြင် formula တွေနဲ့ variable တွေရဲ့ ဆက်သွယ်ချက်တွေကိုလည်း အလွယ်တကူမြင်သာစေပါတယ်။
ကြည်ဆုဝေ ( CMY Maths)
Hand Abacus (level_1-2)online class
👉Hand Abacus(ပေသီးသင်္ချာ ) ဆိုတာ ပေသီး ပခုံနဲ့ ကိန်းဂဏန်းတွေကို တွက်ချက်သောနည်းလမ်းပဲ ဖြစ်ပါတယ်
ပေသီးသင်္ချာ Level 1 & 2 မှာတော့ ပေသီးခုံ မလိုအပ်ပဲ ပေသီးခုံ နဲ့တွက်ချက်တဲ့နည်းလမ်းအတိုင်း ဘယ်ဖက်လက်/ညာဖက်လက်(လက်မ/လက်ညိုး)ကို သာအသုံးပြု၍ တွက်ချက်ရမှာ ဖြစ်ပါတယ်
*Level 3မှစပြီးမှသာ ပေသီးခုံ လိုအပ်မှာဖြစ်ပါတယ်
ပေသီးသင်္ချာသည် left brain & right brain (ဦးနှောက်ဘယ်ညာ) နှစ်ဖက်စလုံးကို ညီတူညီမျှ ဖွံ့ဖြိုးအောင် ပေသီးဖြင့် သင်္ချာဂဏန်းများကို အခြေခံကာ ရိုးရှင်းသော တွက်ချက်မှုများဖြင့် သင်ကြားသော သင်္ချာပညာဖြစ်ပါတယ်။
Abacus ကို အသုံးပြုပြီး တွက်ချက်ခြင်းဟာ ကလေးများကို ပေါင်း နှုတ် မြောက် စား လုပ်တတ်ရုံသာမက
➡မှတ်ဥာဏ်အားကောင်းစေခြင်း
➡အာရုံစိုက်နိုင်စွမ်းကို မြှင့်တင်ပေးခြင်း
➡အချက်အလက်များကို မှတ်သားနိုင်ခြင်း
➡စိတ်ကူးပုံဖော်နိုင်စွမ်းရှိခြင်း
➡ဖန်တီးနိုင်စွမ်းရှိခြင်း
အစရှိတဲ့ အကျိုးကျေးဇူးများစွာကိုလဲရရှိစေနိုင်ပါတယ်။
👉ခု Hand Abacus (Level-1) မှာ ဘာတွေ သင်ကြားရမလဲဆိုရင်
1. Counting (From 1 to 99)
2. Single and Double Addition & Subtraction (Direct Method)
3. Small Friend Formula (Addition & subtraction)
4. Big Friend Formula (Addition & Subtraction ) တို့ကို သင်ကြားရမှာ ဖြစ်ပါတယ်။
✨ အသက် ၅နှစ် အရွယ်မှစပြီး တက်ရောက်နိုင်ပြီ ဖြစ်ပါတယ်
Level 1 ကို ကလေးဥာဏ်ရည်ပေါ်မူတည်၍ ၃လမှ ၅လကြာမြင့်နိုင်ပါသည်။
⏰အချိန် စနေ တနင်္ဂနွေ မနက် ၈ နာရီ မှ 9နာရီ
သင်တန်းကြေး တစ်လ - 20000 ကျပ်
နေရာ ရွှေမင်းဝံရပ်ကွက်၊စစ်ကိုင်းမြို့
ဖုန်း-09979262115
အထူးPromotion
Hand abacus (ပေသီးသင်္ချာ)
Level 1 to 10ထိ တက်ချင်သူများအတွက် အထူးအခွင့်အရေးလာပါပြီရှင့်
Level 1ကို1000ကျပ်သာကျမှာဖြစ်ပါတယ်ရှင့်
တစ်ခါ သင်တန်းကြေးသွင်းထားရုံနဲ့ တသက်တာလေ့လာခွင့် ပေးထားပါတယ်ရှင့်
📽Video သင်ခန်းစာဖြစ်လို့ အားတဲ့အချိန် ၀င် လေ့လာလို့ရပါတယ်ရှင့်👩💻
မိမိသားသမီးကိုပြန်သင်ချင်တဲ့မိဘများပဲဖြစ်ဖြစ်သင်တန်းပြန်ဖွင့်လိုတဲ့ဆရာများပဲဖြစ်ဖြစ်တက်ရောက်နိုင်ပါတယ်ရှင့်
🧮လက်နဲ့ရော ပေသီးနဲ့ရော နှစ်မျိုးလုံး မျှေ၀ပေးထားပါတယ်ရှင့်✅️
ပေသီး သင်္ချာ စိတ်ရင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်ရှင့်
Facebook group ကြိုက်နှစ်သက်ရာနေရာမှ လေ့လာလို့ရပါတယ်ရှင့်
မရမှာလဲ မပူရပါဘူးနော် groupလေးကလဲရာသက်ပန် ထားပေးမှာပါရှင့်
သင်ခန်းစာ နားမလည်တာရှိရင်လဲ messager မှာ အချိန်မရွေးတိုက်ရိုက် ေမးမြန်းလို့ရပါတယ်ရှင့်🥰
✨ဒီသင်တန်းေလးကို တီချယ်တွေ/ ဖေဖေ မေမေတွေ သာမက ကလေးအသက် ၅နှစ်ကနေ စပြီး လိုက်ပါ သင်ယူလို့ရပါတယ်ရှင့်
သင်တန်းကြေး level 1 to 10=10000
🧮လက်နဲ့ရော ပေသီးနဲ့ရော မျှေ၀ ပေးသွားမှာမို့ အရမ်းတန်နေပါပြီနော်
🧮Level 1 to 10 မျှေ၀ပေးမည့် ခေါင်းစဥ်များ
🧮 Level -1 Addition & Subtraction (basic)
Level-2 Addition & Subtraction
(advanced)
Level-3 Multiplication (basic)
Level-4 Division (basic)
Level-5 Multiplication (advanced)
Level-6 Division (advanced)
Level-7 Positive values &Negative values
Level -8 Decimal
Level -9 Percentage
Level -10 Square Roots တို့ပါ၀င်ပါတယ်ရှင့်
☎️ဆက်သွယ်ရန် Cb or📱09979262115
ပေသီးသချာ်(abacus math) level 1 to 10
Offline သင်တန်းလေးကိုသင်တန်းကြေး10000ကျပ်တိတိဖြင့်စာရင်းပေးနိုင်ပါသည်။
Click here to claim your Sponsored Listing.