BAAN THAI

BAAN THAI

Share

Foot Reflexology & Health Center

25/05/2026

🏮Chinese Cupping (拔罐 - Bá Guàn)🏮
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

(မြန်မာလို 'ပကွမ်' လို့ခေါ်ပါတယ်)

'ပကွမ်'ကုထုံးရဲ့အကျိုးကျေးဇူးတွေက ဘာတွေလဲ

☣️ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
လေဟာနယ်စနစ်နဲ့ အရေပြားအောက်က အဆိပ်အတောက်တွေကို စုပ်ယူပေးတာကြောင့် ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။

🩸 သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်
ပူနွေးတဲ့အပူရှိန်နဲ့ ကုသပေးတာဖြစ်လို့ သွေးကြောတွေကို ပွင့်စေပြီး သွေးလည်ပတ်မှု ပိုကောင်းလာစေပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကိုလည်း မြင့်တက်စေပါတယ်။

💪 ကြွက်သားနာကျင်မှုကို သက်သာစေတယ်
ဇာတ်ကြောတက်တာ၊ ခါးနာတာ၊ ဇက်ကြောတက်တာနဲ့ အဆစ်အမြစ်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။

😌 စိတ်ဖိစီးမှုကို လျှော့ချပေးတယ်
ဒီပစ္စည်းလေးနဲ့ ကုသပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ကောင်းကောင်းအိပ်ပျော်စေပါတယ်။

'ပကွမ်' ကုထုံးရဲ့ ထူးခြားတဲ့ရလဒ်ကတော့ အရေပြားပေါ်မှာ အဝိုင်းလိုက် အနီရောင် ဒါမှမဟုတ် အညိုရောင် အကွက်တွေ ကျန်ခဲ့တာပါပဲ။ ဒါဟာ ကုထုံးခံယူသူရဲ့ အပူများခြင်း‌ေချွးပုပ်များနဲ့ ကိုယ်တွင်းအဆိပ်အတောက်များထွက်ရှိလာမှု့အနည်းအများကိုပြသနေတဲ့ ရလဒ်ဖြစ်ပါတယ်
ဒါက ရက်အနည်းငယ်ကြာရင် သူ့အလိုလို ပြန်ပျောက်သွားပါတယ်။ အဲဒီအကွက်တွေက နာကျင်မှုမရှိတတ်ပါဘူး။
'ပကွမ်'ကပ်တဲ့နေရာမှာ ပူလောင်တာ၊ နာကျင်တာ ဒါမှမဟုတ် အရေပြားပိုးဝင်တာမျိုး မဖြစ်အောင် သန့်ရှင်းပြီး စနစ်တကျ ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် 'ပကွမ်'ကုထုံးကို ကျွမ်းကျင်တဲ့ ပညာရှင်နဲ့သာ လုပ်သင့်ပါတယ်
ပကွမ်းကုထုံးကို BAAN THAI Spa မှာလည်း လာရောက်ကုသမှုခံယူလို့ရပါတယ်ရှင့်

အမှတ် 40မြေညီ/ မင်းလမ်း/စမ်းချောင်းမြို့နယ် /ရန်ကုန်
Ph 09776172073




















#ပကွမ်းကုထုံး

24/05/2026

Foot massage ဘာကြောင့်နှိပ်သင့်လဲ🤔??

👣အကြောပေါင်းစုံရှိတဲ့ နေရာဟာ ခြေဖဝါးမှာ ရှိနေလို့ပါ

👣ခြေချောင်းလေးတွေ ထုံတာ/ ကျဥ်တာ

👣ဒူးနာတာ/ လမ်းလျှောက် လို့မကောင်းတာ

👣သွေးလည်ပတ်မှု့ မ ကောင်း လို့ ညဘက်အိပ်မပျော်တာ

👣အထိုင်များလို့ ခြေထောက်သွေးကျပီးရောင်တာ

👣ခြေဖဝါး အတွင်းကြောမျက်တာ/ အကြောတင်တာ

👣အိပ်ရေးပျက်တာ/ကြွက်တက် တတ်တဲ့သူများသူအတွက်လည်း ခြေဖဝါးနှိပ်ပေးသင့်ပါတယ်။

☺မင်မင်ကတော့ သိတာလေးတွေပဲဝေမျှပေးလိုက်တာပါရှင့်၊ဒီထက်လည်းခြေဖဝါးနှိပ်နယ်ခြင်းရဲ့အကျိူးကျေးဇူးတွေအများကြီးရှိပါ သေးတယ်ရှင့်😍😍🙏🙏🙏

👣ခြေဖဝါးလေးတွေနှိပ်ပေးချင်ရင် မင်မင်တို့ (ဘန်ထိုင်း)ထိုင်းရိုးရာ အနှိပ်သန့်သန့်ဆိုင်လေးမှာ လည်းလာအားပေးလို့ရပါတယ်ရှင့်

✅အမှတ် ၄၀/မင်းလမ်း/စမ်းချောင်းမြို့နယ်

☎️09 776172073

Photos from BAAN THAI's post 23/05/2026

🙏🏻 ဆာဝါဒီခရပ် 🙏🏻

ထိုင်းရိုးရာ အနှိပ်သီးသန့်ကြိုက်နှစ်သက်သူများ အတွက် ဘန်ထိုင်းမိသားစုမှ နွေးထွေးစွာ ဖိတ်ခေါ်ပါရစေရှင့် ☺️

ကျွမ်းကျင်ပီး စေတနာပါသော therapist များသာ service ပေးထားတာမို့ စိတ်ချမ်းသာမှုအပြည့် ရရပါစေမယ်လို့ ဘန်ထိုင်းမိသားစုများက အာမခံပါတယ်ရှင် 🙏🏻

Therapist ( အမျိုးသား / အမျိုးသမီး ) ၂မျိုးလုံး ဝန်ဆောင်မှုပေးတာမို့ customer စိတ်ကြိုက် မိမိနဲ့ သင့်တော်ရာ ရွေးချယ် နိုင်ပါတယ်ရှင့်

လာမယ်ဆိုရင်တော့ booking လေးကြိုတင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်

Menu လေးတွေပြပေးထားပါတယ်ရှင့်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🪷Foot Massage

🪷Foot Spa

🪷Thai Traditional Massage

🪷Back & Shoulder Massage

🪷pregnancy Massage

🪷Aroma Oil Massage

🪷Aroma Hot-Oil Massage

🪷Herbal Massage

🪷Hot Stone Massage

အပေါင်းအသင်း မိတ်ဆွေများ အားလုံးပဲ တစ်နေ့တာ ပင်ပန်းမှုတွေ ပြေပျောက်အေးချမ်းနိုင်ကြပါစေ 🙏🏻

Baan Thai Traditional Thai Massage

လိပ်စာ
၄၀ မင်းလမ်း စမ်းချောင်း
Ph - 09776172073

22/05/2026

မင်္ဂလာပါရှင့်🙏🙏🙏🙏☔☔☔☔☔🌧️🌧️🌧️
မိုးတွေရွာလို့ ကိုက်ခဲးပြီး လေးလံထိုင်းမှိူင်းနပြီလား
စိတ်ပင်ပန်းလူပင်ပန်းခြင်းကို ဖြေလျှော့ပေးစေမယ့် Hot Oil Massage✨✨ လေးနဲ့အနှိပ်ခံလိုက်ရင် လုံးဝယူပစ်သလို‌ေပျာက်သွားစေဖို့ BAAN THAI Spa မှာ booking လေးတင်လိုက်စို့နော် ❤️❤️🤩🤩🤗🤗
ကြွက်သားနာကျင်ခြင်းကိုပြေလျှော့စေတဲ့ Hot Oil Massageက သွေးလည်ပတ်မှုအားကိုလည်းကောင်းစေတဲ့အပြင် အသားအရည်ကိုလည်းအစိုဓာတ်ပေးနိုင်တဲ့ treatmentတစ်မျိုးပဲဖြစ်ပါတယ်။
ညဘက်အိပ်မ‌ပျော်တာ စိတ်ဖိစီးမှု့များ နေတာ‌ ကိုလည်သက်သာစေပါတယ်ရှင့်
ထိုင်ရိုးရာနည်းပညာရဲ့အနှိပ်အရသာကိုတငြိမ့်ငြိမ့်ခံစားချင်တယ်ဆိုတဲ့သူတွေအတွက်တော့ Hot Oil Massage လေးကို လက်တွေ့ခံစားကြည့်ဖို့ ဖိတ်ခေါ်ပါရ စေရှင့်❤️❤️🙏🙏🙏😍😍😍🙏🙏🙏
အမှတ် 40.မင်းလမ်း။စမ်းချောင်းမြို့နယ်

21/05/2026

"Massage is good for health and muscle"

(နှိပ်နယ်ခြင်းသည် ကျန်းမာရေးနှင့် ကြွက်သားများအတွက် အကျိုးကျေးဇူးရှိခြင်း)

Massage is good for health and muscle: ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပုံမှန်နှိပ်နယ်ခြင်း၏ အရေးပါမှု
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် နေ့စဉ်လှုပ်ရှားမှုများကြောင့် ပင်ပန်းနွမ်းနယ်မှုများ ရှိနေတတ်ပါသည်။ ထိုပင်ပန်းနွမ်းနယ်မှုများကို ပြေလျော့စေပြီး ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေရန်အတွက် "နှိပ်နယ်ခြင်း (Massage)" သည် အလွန်အရေးပါသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။

ပုံမှန်နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ
ပုံမှန်နှိပ်နယ်ပေးခြင်းသည် ခန္ဓာကိုယ်အတွက် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေပါသည် -

• ကြွက်သားများ ပြေလျော့စေခြင်း - နှိပ်နယ်ပေးခြင်းဖြင့် ခန္ဓာကိုယ်သည် ပိုမိုချောမွေ့ပြီး ပြေလျော့လာစေသည်။

ကြွက်သားများသည် ပိုမိုပျော့ပျောင်းလာကာ ညီညာသောပုံစံကို ရရှိစေပြီး ကျောနှင့် ပခုံးတစ်လျှောက် တောင့်တင်းမှုများကို သိသိသာသာ လျော့နည်းစေပါသည်။

• သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း - တစ်ရှူးများအတွင်း သွေးလည်ပတ်မှု ကောင်းမွန်လာစေခြင်းဖြင့် ကြွက်သားများကို ပိုမိုကျန်းမာစေပြီး ဟန်ချက်ညီသော ပုံစံမျိုး ဖြစ်ပေါ်စေပါသည်။ ၎င်းသည် ကြွက်သားများ တင်းကျပ်မှုနှင့် တင်းမာမှုများကို လျော့နည်းစေသည်။

နှိပ်နယ်ခြင်း မရှိပါက ကြုံတွေ့ရနိုင်သည့် အခြေအနေများ
ဆန့်ကျင်ဘက်အနေဖြင့် ပုံမှန်နှိပ်နယ်ပေးခြင်းမရှိပါက ခန္ဓာကိုယ်သည် အောက်ပါပြဿနာများကို ကြုံတွေ့ရနိုင်သည် -

• ကြွက်သားများ တင်းကျပ်လာခြင်း - ကြွက်သားများ ပိုမိုတင်းကျပ်လာပြီး ပိတ်ဆို့နေသကဲ့သို့ ခံစားရတတ်သည်။ အထူးသဖြင့် ပခုံး၊ ခါးအောက်ပိုင်းနှင့် တင်ပါးဆုံရိုးများတစ်ဝိုက်တွင် တင်းမာမှုကို ပိုမိုမြင်တွေ့နိုင်ပါသည်။

• တစ်ရှူးများ တောင့်တင်းလာခြင်း - တစ်ရှူးများ ပိုမိုသိပ်သည်းလာကာ ပျော့ပြောင်းမှုနည်းလာသည်။ ဤအခြေအနေသည် အချိန်ကြာလာသည်နှင့်အမျှ တောင့်တင်းမှုနှင့် လှုပ်ရှားမှု ကန့်သတ်ချက်များ (Limited Mobility) ကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို ပိုမိုတင်းမာပြီး ကျစ်လစ်နေစေသည့် အကျိုးဆက်များကို ဖြစ်စေပါသည်။

အနှစ်ချုပ်
အလုံးစုံပြောရလျှင် ပုံမှန်နှိပ်နယ်ပေးခြင်းသည် ခန္ဓာကိုယ်အား ပိုမိုချောမွေ့၊ ပျော့ပြောင်းပြီး ဟန်ချက်ညီသော ပုံစံကို ပိုင်ဆိုင်စေပါသည်

✅အမှတ် ၄၀/မင်းလမ်း/စမ်းချောင်းမြို့နယ်

☎️09 776172073

30/04/2026

🌕✨ ကဆုန်လပြည့်နေ့✨🌕

နွေဦးရဲ့ အပူထဲမှာတောင်
လပြည့်နေ့ က အေးချမ်းမှုကို သယ်ဆောင်လာတယ်… 🌿

ဒီ​နေ့ သာမန်နေ့တစ်နေ့ မဟုတ်ဘူး
ဗုဒ္ဓရှင်ဘုရားရဲ့
မွေးဖွားခြင်း၊ ဉာဏ်အလင်းရခြင်း၊ နိဗ္ဗာန်ဝင်ခြင်းတို့
တူညီစွာ ထွန်းလင်းခဲ့တဲ့ အချိန်တန်ခိုးပါ… 🙏

ဗောဓိပင်အောက်မှာ ရေစက်လေးတွေ လောင်းချလိုက်တဲ့အခါ
ပင်ပန်းနေတဲ့ စိတ်လေးတွေပါ
တဖြည်းဖြည်း အေးချမ်းသွားတယ်… 💧🌱

ကောင်းမှုတစ်ခု ပြုလုပ်လိုက်တဲ့အခါ
လောကကြီးကလည်း ပိုပြီး လှလာတယ်
မေတ္တာတစ်စက် ပေးလိုက်တဲ့အခါ
နှလုံးသားတွေ ပိုပြီး နွေးထွေးလာတယ်… ❤️

ဒီကဆုန်လပြည့်နေ့ မှာ—
မကောင်းမှုတွေကို လွှတ်ချပြီး
ကောင်းမှုတွေကို ကိုင်တွယ်ထားကြပါစို့…

စိတ်မှာ အေးချမ်းမှု
ဘဝမှာ အလင်းရောင်
နေ့ရက်တိုင်းမှာ အောင်မြင်မှုတွေ
တိုးပွားလာပါစေ… 🌸✨

--✍ယနေ့ လပြည့်နေ့ အခါသမယတွင်🌺
-✍-ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။💐
-✍-မိသားစုအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး🌸
-✍-စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်များ 🌼
-✍-အဆင်ပြေတိုးတက်ပါစေ။🌷
-✍-မကောင်းမှုများ ပျောက်ကွယ်၍🌹
-✍- ကောင်းမှုများ တိုးပွားပါစေ။🌻
-✍-စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး🍃
-✍-လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံအောင်မြင်ပါစေ။🌿
-✍-အားလုံး သာယာအေးချမ်းကြပါစေ။ 🙏

🙏 ကဆုန်လပြည့်နေ့၏ အနန္တအကျိုးကျေးဇူးများ
အားလုံးနှင့်အတူ မျှဝေခံစားနိုင်ကြပါစေ 🙏
ิ ကံကောင်း✍
#ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေသည်

#ကဆုန်လပြည့်နေ့ #မေတ္တာ #ကောင်းမှုကုသိုလ် #ဗုဒ္ဓဘာသာ

08/04/2026

❝ သင်္ကြန်တွင်း ဆိုင်ဖွင့်ပါတယ်ရှင် ❞

We are pleased to announce that Baan Thai Spa will remain open during the Thingyan Festival 🌼💦🌼

သင်္ကြန်ပွဲတော်ရက်မှာ
"ဘန်းထိုင်း" နဲ့အတူ အပူဒဏ်ဖျောက်ပြီး အပန်းဖြေလိုက်ပါ 💦🍃

နွေနေပူပူမှာ သင်္ကြန်ရေစိုစိုနဲ့ ပျော်ပါးရင်း... တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေပြီလား? 🥵

အားလုံးပဲ မင်္ဂလာပါရှင့်။
အေးချမ်းသာယာတဲ့ သင်္ကြန်အခါသမယမှာ Baan Thai Spa မှ သတင်းကောင်းလေးတစ်ခု ပါးပါရစေ။ မင်မင်တို့ဆိုင်လေးဟာ သင်္ကြန်ရက်ရှည် အားလပ်ရက်ဖြစ်တဲ့

(ကြို၊ ကျ၊ ကြတ်၊ တက်) ၄ ရက်လုံး ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပါတယ်ရှင့်။ ⛩️✨
✨

သင်္ကြန်အထူးအစီအစဉ် (Special Treats) 🌼💦

ဒီရက်အတွင်း လာရောက်အားပေးတဲ့ ဧည့်သည်တော်တိုင်းကို...

💦သင်္ကြန်ရဲ့ သင်္ကေတဖြစ်တဲ့

"မုန့်လုံးရေပေါ်" အချိုပွဲနဲ့ ⚪️⚪️🥥

Baan Thai ရဲ့ လက်ရာစစ်စစ်

"ဂျင်းပြုတ်ရည်" ပူပူလေးတို့နဲ့ 🫚☕️

နွေးထွေးစွာ ဧည့်ခံပေးသွားမှာဖြစ်ပါတယ်။

ဘာကြောင့် "ဘန်းထိုင်း" ကို လာသင့်တာလဲ?

အလုပ်တွေပိ၊ လူမှုရေးတွေများပြီး အညောင်းမိနေတာကို လျစ်လျူရှုထားရင် ကြာလာတာနဲ့အမျှ ကျီးပေါင်းနဲ့ လေးဖက်နာလို ရောဂါတွေအထိ ဖြစ်ပွားနိုင်ပါတယ်‼️ ဒါကြောင့် ခန္ဓာကိုယ်ထဲက အပူတွေထွက်သွားပြီး ပေါ့ပါးလန်းဆန်းသွားဖို့အတွက် စနစ်ကျတဲ့ ထိုင်းရိုးရာနှိပ်နယ်မှုက အကောင်းဆုံးပါပဲ။

✅ ကျွမ်းကျင်မှု: ထိုင်းနိုင်ငံမှာ ၁၅ နှစ်ကျော် လုပ်သက်အတွေ့အကြုံရှိတဲ့ ဆရာကိုယ်တိုင် စနစ်တကျ ကြီးကြပ်ပေးနေတာမို့ စိတ်ချလက်ချ အနားယူနိုင်ပါတယ်။

✅ သန့်ရှင်းမှု: စမ်းချောင်း၊ မင်းလမ်းထဲမှာ မိသားစုအနှိပ်သန့်သန့်လေးအဖြစ် ဖွင့်လှစ်ထားလို့ အမျိုးသား၊ အမျိုးသမီးနဲ့ မိသားစုဝင်တွေပါ သီးသန့်အနားယူနိုင်မှာပါ။

💆‍♂️ ရရှိနိုင်သော ဝန်ဆောင်မှုများ:

• Foot Massage - ခြေထောက်အညောင်းပြေနှိပ်ခြင်း
• Body Massage - တစ်ကိုယ်လုံး အကြောပြေနှိပ်ခြင်း
• Foot Scrub - ခြေဖဝါးအသားမာသန့်ရှင်းရေး
• Thai Herbal Foot - ထိုင်းရိုးရာ ဆေးစိမ်နှိပ်ခြင်း
• ဆေးကြပ်ထုပ်/ကျောပါကွမ့် - အကြောပြေထိုင်းနည်းစစ်စစ်များ

ဒီနှစ်သင်္ကြန်မှာ အပူအောင်းတာတွေကင်းဝေးပြီး ပေါ့ပေါ့ပါးပါးနဲ့ အလှဆုံးဖြတ်သန်းနိုင်ဖို့ "ဘန်းထိုင်း" ကို လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 🏃‍♀️🏃‍♂️

🗓️ ပိတ်ရက်မရှိ ဖွင့်လှစ်ပါသည်

📍 BANN THAI FOOT REFLEXOLOGY & HEALTH CENTER

🏠 အမှတ် (၄၀)၊ မင်းလမ်း၊ စမ်းချောင်းမြို့နယ်။
☎️ 09-776172073

Refresh Your Soul & Beat the Heat this Thingyan at Baan Thai! 💦🍃

Feeling exhausted from the summer heat and the festivities of the Water Festival? 🥵

Whether you've been out splashing water or just need a break from the holiday hustle, your body deserves a recharge!

Greetings to all! 🌸 In celebration of the auspicious Thingyan Festival, we are happy to announce that Baan Thai Spa will remain OPEN daily throughout the entire 4-day holiday (Akyo, Akya, Akyat, and Atat). ⛩️✨

🌼 Thingyan Special Treats 💦

To make your visit even more special, every guest who joins us during the festival will be treated to:

• "Mont Lone Yay Paw" – The traditional sweet symbol of Thingyan. ⚪️⚪️🥥

• Signature Hot Ginger Tea – Our homemade Baan Thai blend to soothe your body. 🫚☕️

Why Choose "Baan Thai"?

Neglecting body aches and stiffness from work or social stress can lead to long-term issues like cervical spondylosis or joint pain.‼️

Our systematic Thai Traditional Massage helps release trapped body heat and restores your natural energy.

✅ Expertise: Supervised by a master therapist with over 15 years of professional experience in Thailand. You are in safe, expert hands.

✅ Clean & Family-Friendly: Located in a quiet spot on Min Street, Sanchaung, we offer a clean and peaceful environment suitable for men, women, and families.

💆‍♂️ Our Services:

• Foot Massage – Relief for tired feet.
• Body Massage – Full body tension release.
• Foot Scrub – Smooth and cleanse your heels.
• Thai Herbal Foot Soak – Traditional herbal therapy.
• Herbal Compress & Back Cupping – Authentic Thai recovery techniques.

Don't let the heat get you down! Stay light, refreshed, and healthy this Thingyan. We look forward to welcoming you to Baan Thai.

🗓️ Open Daily (No Holidays)
📍 BAAN THAI FOOT REFLEXOLOGY & HEALTH CENTER
🏠 No. 40, Min Street, Sanchaung Township.
☎️ 09-776172073

☎️09776172073
😍😍😍🙏🙏🙏



#သင်္ကြန်
#ထိုင်းရိုးရာ
#ထိုင်းအနှိပ်

Photos from BAAN THAI's post 05/04/2026

လူတိုင်းက အလုပ်တစ်ခုမဟုတ်လုပ်နေရတာဖြစ်လို့
အညောင်းမိတာတွေဖြစ်တတ်ပါတယ်😰😰

ကိုယ်လက်မအီမသာဖြစ်တာနဲ့ အပူတွေအောင်းတာက
ကြာလာတာနဲ့အမျှ ကျီးပေါင်းနဲ့လေးဖက်နာရောဂါတွေအထိ ဖြစ်ပွါးနိုင်ပါတယ်‼️‼️

ဒီလိုတွေမဖြစ်ရအောင်❌
🍃အပူတွေထွက်ပြီး ပေါ့ပါးလန်းဆန်းနေဖို့
🍃ထိုင်းရိုးရာနည်းနဲ့ စနစ်ကျကျ နှိပ်နယ်ပေးဖို့
လိုအပ်ပါတယ်

ထိုင်းနိုင်ငံကနေ
💁‍♀️𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐓𝐡𝐚𝐢 𝐌a𝐬𝐬𝐚𝐠𝐞(အနှိပ်ပညာ)
ကို သင်ယူခဲ့ပြီး လုပ်သက် 15နှစ်ကျော် အတွေ့ကြုံရှိ ဆရာကိုယ်တိုင်ကြီးကြပ်ပြီး
💁‍♀️စမ်းချောင်း။။မင်းလမ်းထဲမှာ
ထိုင်းရိုးရာမိသားစုအနှိပ်သန့်သန့်ဆိုပြီး
ဖွင့်လှစ်ထားတဲ့ “ဘန်းထိုင်း” ကတော့
အနှိပ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုပေါင်းများစွာပေးနေပါပြီ✔️

▪️𝐅𝐨𝐨𝐭 𝐌𝐚𝐬𝐬𝐚𝐠𝐞
ခြေထောက်နှိပ်နယ်ပေးခြင်း

▪️𝐁𝐨𝐝𝐲 𝐌𝐚𝐬𝐬𝐚𝐠𝐞
တကိုယ်လုံးနှိပ်နယ်ပေးခြင်း

▪️𝐅𝐨𝐨𝐭 𝐒𝐜𝐫𝐮𝐛
ခြေဖဝါးအသားမာသန့်ရှင်းခြင်း

▪️𝐓𝐡𝐚𝐢 𝐇𝐞𝐫𝐛𝐚𝐥 𝐅𝐨𝐨𝐭
ခြေထောက်ဆေးစိမ်

▪️ကျော ပါကွမ့်
▪️ဆေးကြပ်ထုပ်
စတဲ့ ထိုင်းရိုးရာအကြောပြေနှိပ်နည်းအမျိုးမျိုးကို “ဘန်းထိုင်း” မှာရနိုင်ပါတယ်နော်✅

အမျိုးသား၊အမျိုးသမီးနှင့်မိသားစုတွေအတွက်
သီးသန့်ဖွင့်လှစ်ထားတာမို့
💁‍♀️တစ်ယောက်ချင်းပဲလာလာ
💁‍♀️မိသားစုနဲ့ပဲလာလာ ကျန်းမာရေးအတွက်အသင့်တော်ဆုံး အညောင်းညာပြေစေတဲ့ “ဘန်းထိုင်း” ပါ💯

ဒါကြောင့် ညောင်းညာကင်းဝေး
အကြောပြေစေဖို့ “ဘန်းထိုင်း” ကို လှမ်းခဲ့ကြပါစို့🏃‍♀️🏃

🗓️ပိတ်ရက်မရှိ ဖွင့်လှစ်ပါသည်
BANN THAI FOOT REFLEXOLOGY & HEALTH CENTER
🏠အမှတ်40,မင်းလမ်း,စမ်းချောင်းမြို့နယ်

☎️09776172073
😍😍😍🙏🙏🙏

04/04/2026

☀️ အပူရှပ်ခြင်း ( Heat Stroke ) ကို ကာကွယ်ကြမယ် ။

ယခု အချိန်အခါ နွေရာသီ တွင် တနေ့တခြား အပူချိန်မြင့်တက်လာနေပြီဖြစ်ပြီး ပတ်ဝန်းကျင် တွင် အပူရှပ်ခြင်းကို မကြာခဏ မြင်တွေ့နေရပါတယ်။

နွေရာသီမှာ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေး ပြသနာများထဲမှ အပူကြောင့်
❗️သတိလစ်ခြင်း၊
❗️အပူရှပ်ခြင်း ကို အထူးဂရုစိုက်ရမဲ့ ကာလဖြစ်ပါတယ်။

☀️အပူရှပ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာများကတော့

✅ခန္ဓာကိုယ်အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်နှင့် အထက် မြင့်နေခြင်း
✅ကိုယ်လက်မအီမသာဖြစ်ပြီး အော့အန်ခြင်း
✅ချွေးထွက်များခြင်း
✅ခေါင်းကိုက်ခြင်း
✅အသားအရေပူစပ်ပူလောင်ဖြစ်ခြင်း

စတာတွေ ဖြစ်လာရင် ထိရောက်မြန်ဆန်တဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။

☀️ အပူရှပ်ခြင်းဟာ ထိရောက်မြန်ဆန်တဲ့ ကုသမှုမခံယူရင် အသက်အန္တရာယ်စိုးရိမ်ရနိုင်တာကြောင့် အပူရှပ်ခြင်းကို ကာကွယ်နိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ် -

1. ရေများများသောက်ပါ

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်အလုံအလောက်ရှိနေပါက ချွေးထွက်ခြင်းကြောင့် ဆုံရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့်အပြင် ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်
သောကြောင့် ရေများများ သောက်ပေးသင့်ပါတယ်။

2. နေအပူဆုံးအချိန်တွေမှာ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ

နေအပူဆုံးအချိန်တွေဖြစ်တဲ့ နေ့လည် ၁၁ နာရီကနေ ၃ နာရီအတွင်း အပြင်ထွက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ မဖြစ်မနေသွားရမည့်အခါမျိုးမှာ ထီး၊ ဦးထုပ်၊ ချည်သားင်္အကျီနှင့် နေရောင်ကာခရင်မ်များလိမ်းပြီးမှ သွားသင့်ပါတယ်။

3. အရက်သေစာနှင့် Caffeine ကဖင်းဓာတ်ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

အယ်လ်ကိုဟောပါဝင်တဲ့ အရက်ဘီယာနှင့် Caffeine ကဖင်းဓာတ်ပါဝင်သည့် လက်ဖက်ရည်၊ ကော်ဖီ သောက်သုံးခြင်းများသည် ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

4. လေဝင်လေထွက်ကောင်းမွန်တဲ့နေရာမျိုးတွင် နေပါ။

ရာသီဥတု အပူရှိန်ပြင်းထန်နေတဲ့ အချိန်အခါမျိုး၊ လူထူထပ်သည့်နေရာမျိုးနှင့် အလုံပိတ်အခန်းမျိုးများတွင် အချိန်ကြာကြာနေထိုင်ခြင်းဟာ ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ယခုအချိန်အခါဟာ ဆီအခက်အခဲကြောင့် ဆီတန်းနေကြရတာ ဖြစ်တဲ့အတွက် နေပူထဲတွင် ဆီတန်းနေသော ပြည်သူပြည်သားများ အနေနဲ့ အပူရှပ်ခြင်းကို ကာကွယ်နိုင်ရန်အတွက် အထက်ပါဖော်ပြချက်များကို လိုက်နာသင့်ပါတယ်ရှင်။

Telephone

Website

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00