Beauty Blog by Hsu

Beauty Blog by Hsu

Share

Authentic cosmetics available 🫶

Photos from Beauty Blog by Hsu's post 25/07/2025

Cleasing water Instock ရနိုင်တာလေးတွေပါ🥰

Garnier -25000
Simple -25000/18000
Jm -20000/28000
Bioderma -59000
Graymerlin -28000

Royal expressရောက်တဲ့မြို့မှန်သမျှ
Codရပါတယ်ရှင့်☺️

Photos from Beauty Blog by Hsu's post 17/07/2025

Rom&nd blur fudge best seller 2ရောင်လုံး

အသင့်ရှိပါမယ်ရှင့် 😍😍

24,000 ks

Photos from Beauty Blog by Hsu's post 17/07/2025

Yoon skin cleasing foam Instock 19,500ks

Foto crd

ောက်တဲ့နေရာတိုင်းcodရပါတယ်

Photos from Beauty Blog by Hsu's post 17/07/2025

တခါသုံးတာနဲ့ အရမ်းသိသာလွန်းလို့
လူကြိုက်များရုံမက စျေးလေးလဲတအားတန်တဲ့
Su silk power shot treatment လေးတွေ
အရောင်စုံ အသင့်ရှိပါတယ်သဲလေးတို့ရေ👀👀

250g ဘူးကြီးတဘူးမှ ၁၆၅၀၀ဆိုတော့
တန်လိုက်တာမှ ဟင်ခနဲဟာခနဲဖြစ်ကုန်ပြီ😍
မိမိဆံသားနဲ့လိုက်ဖက်တာလေးကို
ရွေးချယ်ဝယ်ယူနိုင်ပါပြီနော်သဲလေးတို့

ောက်တဲ့မြို့တိုင်းကိုcashondeliရပါတယ်ရှင့်

17/07/2025

Hello သဲလေးတို့ရေ
စစ်တွေဆိုင်ပိတ်ထားရတုန်းမို့
ရန်ကုန်ဆိုင်မှာရှိတဲ့ stockလေးတွေ
ခုကစ ပြန်activeဖြစ်အောင် postလေးတွေ
တင်တော့မှာမို့ ပြန်အားပေးကြပါအုံးနော်❤️❤️

Royal express ရောက်တဲ့နေရာတိုင်း
အိမ်အရောက်ငွေချေCod ရပါတယ်

မင့်ဘလောက်တောင်ပစ်ထားမိလဲဆို
မင့်ကလေးတောင်ကြီးကုန်ပြီ🤣🫠👀

12/03/2025

ဒီဖက်pageလေး activeမဖြစ်တာ တနှစ်ကျော်ရော့ပြီ
မင်လဲခလေးမွေးနေတာနဲ့ ဟိုဖက်ကဆိုင်ပိတ်ထားရတာနဲ့ရောပြီး postတင်ဖို့ပျင်းသွားတာ😁
ရန်ကုန်ဖက်ရောက်နေတဲ့အသဲတွေက
ဒီဖက်ကအမြဲမှာလို့ရပါတယ်နော်
မင်ကနဂိုထဲကရန်ကုန်ဆိုင်ထိုင်တာမို့
ထွေထူးpostမတင်ဖြစ်တာပါ

ကဲလိုရင်းကလာပါပီ🤩
စစ်တွေဖက်cosmetics လိုတဲ့သူရှိရင်
တပတ်လောက်ဖွင့်ရောင်းပေးထားပါမယ်နော်
ဟိုဖက်မှာပစ္စည်းတွေအတော်များကျန်ခဲ့တာမို့ပါနော်🥹
ခုထုတ်မရောင်းရင်လဲ
ဒိတ်ကုန်တာနဲ့ မင်အရှူံးပေါ်မှာမို့တပတ်လောက်ဘဲ
အရင်စျေးတွေနဲ့stockပြတ်ရောင်းပေးပါမယ်
လက်ကားအကုန်ယူမဲ့သူရှိရင်လဲ
အကုန်တခါထဲပေးထားခဲ့ချင်ပါတယ်
ငွေလေးပေါ်သွားအောင် စျေးညှိပေးပါမယ်နော်
အများသမားတွေ လက်ဆင့်ကမ်းပေးပါလ်ု့🥹
Internet လိုင်းတွေကလဲမရတော့

ဘာပစ္စည်းလေးတွေကျန်ခဲ့လဲတော့မင်လဲအသေးစိတ်မသိလို့ postပြန်တင်ပေးပါမယ်

Photos from Beauty Blog by Hsu's post 30/05/2024

အတုတွေအရမ်းပေါတဲ့ခေတ်မှာ

Clinqieu DD gel oil freeပါတဲ့ USA imported

50ml size / 125 ml လေးတွေ ရန်ကုန်ဖက်
အသင့်ရှိတာမို့ လိုအပ်ရင် ယူထားပါ
ငွေစျေးကဒီထက်မကထိုးတက်ဖို့ရှိပါတယ်🥺

30/05/2024

Cetephil Uk importedလေးတွေ
ရန်ကုန်ဖက်အသင့်ရှိပါမယ်😍

ခုစျေးလေးနဲ့ဆိုငါးသောင်းကျော်တာကို

အရင်စျေး ဘူးသေး 28,000ks
ဘူးကြီး 45,000ks ယူပါ🫶🏼

Date fresh 💯

Photos from Beauty Blog by Hsu's post 30/05/2024

စျေးတွေထိုးတက်နေတာမှာ
ရန်ကုန်ဖက်ရှိနေတဲ့stockတွေကို
အရင်စျေးလေးတွေနဲ့ဘဲဖြတ်ရောင်းပေးမှာမို့
အားပေးကြပါနော် အမျိုးတို့😍
Ygn /Mday /နယ်မြို့တွေDelivery နေ့တိုင်းရှိပါတယ်‼️
စစ်တွေဆိုင်ဖွင့်ရောင်းပေးချင်ပေးမဲ့
အဆင်ပြေမပြေ အကြံလေးပေးကြပါ🥹
ဝန်တပုံနဲ့ထိုင်နေတာ၃/၄လရှိနေပြီမို့
စိတ်ဓာတ်တွေလဲကျဆင်းလာပါပြီ🥺

Clinique mascara half size
အရမ်းမသေးပါနော်
Daily ပေါ့ပါးလေးသုံးချင်ရင်သူလေးယူပါ
USA imported တခုမှ အရင်းစျေး ၆၅၀၀ထဲနဲ့
၁၀ချောငိးရပါမယ်🫶🏼

10ခုဘဲ စစ်တွေဆိုင်ရပါမယ်
မနေ့ကမှအသစ်ဝင်တာလေးပါ
Mascara expired က၆လဘဲမို့
Mini sizeလေးတွေက အဝယ်သင့်ဆုံးပါ🤩

01/05/2024

ဘူးသေး USA Instock 36000ks

CeraVe Moisturizing lotion ဝယ်မယ်ဆို…

Dermatologist တွေကအစ recommend လုပ်တဲ့ CeraVe brand ရဲ့အရည်အသွေးစိတ်ချရမှုကတော့အထူးတလည်ပြောဖို့တောင် လိုမယ်မထင်ဘူး။ အသက်အရွယ်ငယ်တဲ့သူမှ ကြီးတဲ့သူထိ အရွယ်တိုင်းအသုံးပြုလို့ရသလို၊ sensitive skin တွေအစ အသားအရေတိုင်း သုံးနိုင်တယ်။ သူ့ရဲ့ရိုးရှင်းပြီး၊ gentle ဖြစ်တဲ့ formula ကြောင့်ပဲ အခုမှဆေးခန်းပြပြီးလို့ moisturizer ဘာသုံးရမလဲရှာဖွေနေသူ၊ skin barrier damage ဖြစ်နေသူ၊ sensitive & sensitized skin သမားများဆို ဂျူလီတော့ သူ့ကိုပဲ recommend လုပ်လေ့ရှိတယ်။

ဝက်ခြံသက်သာစေပြီး၊ calming & soothing effect ပေးနိုင်တဲ့ moisturizer မျိုးမဟုတ်ပေမဲ့၊ moisturizing & barrier strengthening လုပ်ပေးနိုင်သော sodium hyaluronate ၊ ceramide ၊ glycerin တို့ကြောင့် အသားအရေကအထိခိုက်မခံ၊စန်းစန်းတင့်ပြီး၊ barrier အားနည်းနေရင်တော့အထောက်အကူအများကြီးပေးနိုင်တဲ့ moisturizer ပါ။

Texture က Moisturizing lotion ဆိုတဲ့နာမည်အတိုင်း cream type မကျ၊ gel type မဟုတ်၊ ခပ်ကျဲကျဲနို့ရည်ပုံစံ။ စီးကပ်ချွဲကျိမှုလုံးဝမရှိ။ စိမ့်ဝင်လွယ်ပြီး အသားအရေပေါ်သက်တောင့်သက်သာရှိတယ်။ ပျစ်ချွဲပြီး ပူအိုက်မနေဘူး။ Fragrance မပါပေမဲ့ ဆေးနံ့လိုလိုအနံ့တစ်ခုတော့ရှိတယ်။ အသက် 10,11,12 လေးတွေကအစ၊ teenager အရွယ်များပါ စိတ်ချလက်ချသုံးလို့ရပါတယ်။

ဒါ့အပြင် အသားအရေအကုန်လုံးသုံးနိုင်တယ်။
သို့ပေမဲ့ အသားအရမ်းခြောက်တတ်ရင်တော့ အစိုဓာတ်ကောင်းကောင်းမရနိုင်ဘူး။ Very dry skin တွေပါအဆင်ပြေရလောက်တဲ့ထိ အစိုဓာတ်မထိန်းထားပေးဘူး။ တစ်ဖက်မှာလည်း အဆီတစ်အားပြန်တတ်တဲ့ oily skin များ နွေရာသီ မနက်ပိုင်းသုံးမယ်ဆို အဆီပြန်တတ်ပါတယ်။ Gel type တွေလို ရွှက်ကနဲစိမ့်ဝင်ပြီး၊အေးအေးလေးမနေဘူး။ ဂျူလီ့အတွက်တော့ အရင်တုန်းက မနက်ဘက်လိမ်းရတာအဆင်မပြေခဲ့ပေမဲ့၊ အခုကျ မနက်ရောညပါ သူနဲ့တော်တော်ကီးကိုက်နေတယ်။

အသားအရေကို Drying ဖြစ်​စေမဲ့ alcohol မပါပါ။ (တစ်ချို့ cerave မှာ alcohol ပါလားဆိုပြီး လာလာမေးတတ်ကြလွန်းလို့။) ပါဝင်တဲ့ alcohol သည် plant sources ကရတဲ့ fatty acids ကဆင်းသက်လာသော fatty alcohol များသာဖြစ်တယ်။ နာမည်မှာသာ Alcohol ပါတာ Fatty alcohol သည် အားလုံးရင်းနှီးကြတဲ့ ethanol တို့နဲ့လုံးဝမှမတူပါ။ Fatty alcohol သည် skincare တွေမှာပါတဲ့ ဆီ(oil) နဲ့၊ ရေ(water) ကို သက်သက်စီကွဲမသွားစေဖို့ ကူညီပေးနိုင်တဲ့အပြင်၊ skin cells တွေကို soft ဖြစ်စေပြီး၊ အသားအရေကိုအစိုဓာတ်ပေးနိုင်တဲ့ Emollient အနေနဲ့ပါ လုပ်ဆောင်ပေးနိုင်တယ်။ စိတ်ပူဖို့မလို။

USA - Daily Moisturizing Lotion
Uk - Moisturizing Lotion ဆိုပြီး Import နှစ်မျိုးရှိတယ်။ လက်ရှိပုံထဲက USA import ပါ။
USA import က UK ထက်စာရင် consistency အနည်းငယ် ပို lightweight ဖြစ်တာကလွဲပြီး ၊ လိမ်းရတာရော၊ ရလဒ်ရော ဘာမှကွာခြားမနေပါ။ (တစ်ခါတစ်ရံ အနံ့ပိုင်း အနည်းငယ် differ ဖြစ်နိုင်။) ဂျူလီကတော့ import အစွဲမရှိဘူး။ ဝယ်လို့ရတာသုံးလိုက်တာပဲ။ ဒါပေမဲ့ personally UK import ကိုပိုသဘောကျမိတယ်။ ဘူးကြီးချင်းအတူတူ UK ဘူးကြီးမှာ ပါတဲ့ပမာဏက USA ထက် 100ml ကျော်ပိုများတော့ ပိုအသုံးခံလို့။
ဘူးကြီးတစ်ဘူးကို တစ်ယောက်ထဲပဲသုံးမယ်ဆို ခန့်မှန်းခြေ USA(355ml) - 7လကနေ 10လဝန်းကျင်လောက်၊ UK(473ml) - 1နှစ်လောက်ထိ အီနေအောင်သုံးရပါတယ်။ ဝယ်တော့သာ အလုံးအရင်းပေးရတာ၊ သုံးရတဲ့လနဲ့ပြန်တွက်ကြည့်ရင်တော့ တန်တယ်လို့ဆိုရမယ်။

အပျင်းတစ်ပြီး Moisturizer collection တွေမရေးတာ နှစ်ပေါက်နေပြီမို့၊ အခုအကြွေးအကုန်ပြန်ဆပ်ပါပြီ။ အဝဖတ်ဖို့သာ ပြင်ထားကြပါ။🤓

Note : Purchased with my own money.

Let’s care with
Juliee,
let’s care with juliee ၏ ပုံနှင့်စာသားများကို ပြန်လည်ကူးယူတင်ခြင်း၊ ဆင်တူရိုးမှားပုံများ စာများ copy တာမျိုးလုံးဝမှခွင့်မပြု။

Photos from Lei's Vlog Diary's post 14/04/2024

Origins moisturizer Instock sizeအစုံ😍

Want your business to be the top-listed Beauty Salon in Sittwe?
Click here to claim your Sponsored Listing.

Telephone

Website

Address

Kan Nar LAN/OHdan Quarter
Sittwe