Phyo Si Thu Cho

Phyo Si Thu Cho

Share

လွတ်လပ်စွာ ရှင်သန်မယ်

24/12/2025

🏕️ဘဝကို ကောင်းကောင်းလေးမှမခံစားတတ်ရင်
ခန္ဓာကိုယ်လှနေလည်းဘာထူးမှာလဲတဲ့ ?

📖ဒီနေ့ဖတ်လိုက်ရတဲ့ စာသားလေးတစ်ခုပေါ့

20/12/2025

စိတ်နောက်ကို
ကိုယ်ကလိုက်တာဖြစ်ဖြစ်

ကိုယ်နောက်ကို စိတ်က
လိုက်နိုင်တာပဲဖြစ်ဖြစ်

အဲ့လို စက္ကန့်တိုင်းကို
ပိုင်ဆိုင်နိုင်တဲ့ အချိန်တိုင်းဟာ
အမှန်တစ်ကယ် ပြီးပြည့်စုံတယ်

15/12/2025

☕️လုပ်ရပ်တွေက အပေါစားဆန်နေတဲ့အခါ စိတ်ဓာတ်တွေကပါ အပေါ်ကိုတက်မလာဘူး

☕️ ဘယ်သူမှမသိရင်တောင်
ကိုယ့်ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ကို
ကိုယ်တိုင်သိနေဖို့တော့လိုတယ်

☕️ လူတစ်ယောက်ကို
အထင်ကြီးလေးစားမှုတွေ
လုံးဝဆိတ်သုန်းသွားတဲ့အခါ
ဆက်ဆံရေးဆိုတာလည်း
အသက်မရှိနိုင်တော့ဘူးလေ

☕️ဒါကြောင့် ကိုယ့်ရဲ့အပြုအမူတိုင်းကို ကိုယ်တိုင်လေးစားဖို့တော့
ကျင့်ကြံရမယ်မဟုတ်လား


15.12.2025

10/12/2025

🪸 အပြန်အလှန် သိတတ်နားလည်မှုဆိုတာ

ကိုယ်ပိုင်အတွေးအခေါ်နဲ့
ပါဝင်ချင်စိတ်က အခြေတည်တာမို့
သင်ပေးလို့လည်း မရသလို
ရှင်းပြလို့လည်းမရနိုင်ဘူး

30/11/2025

ကိုယ်ချစ်ရသူရဲ့ ဘဝကို
အရမ်း စိုးမိုးချင်နေလို့ စိတ်ပင်ပန်းလာရပြီဆိုရင်

သူလည်းသူ့အလုပ် သူလုပ်နေတာပဲ
ငါလည်းငါ့အလုပ် ငါလုပ်ရမယ်လို့တွေး

သူဘာတွေလုပ်နေမလဲ လိုက်ကြည့်နေမယ့်အစား ငါဘာတွေလုပ်ရမလဲပဲတွေး

ပစ္စုပ္ပန်တိုင်းက အဓိပ္ပာယ်ရှိနေလိမ့်မယ်

PhyoStc
November 30

25/11/2025

😊သိပ်ကို ကျေနပ်ရတဲ့ အတွေးတစ်စ

😊ကျမလေ ကျမကို
စိတ်ကောင်းရှိတယ်ပြောရင်
တစ်ကယ်ကို မကြိုက်လှဘူး
ဘာလို့ဆို ကျမစိတ်မကောင်းနိုင်တဲ့အချိန်တွေလည်း အများကြီးရှိတာမို့လေ

😊အရင်ချိန်တွေက ကျမကို
လူကောင်းလေးလို့ခံစားရဖို့အတွက်
ကျမ ကောင်းပေးနိုင်တာတွေရော
မကောင်းပေးနိုင်တဲ့အရာတွေရော အစွမ်းကုန်ကြိုးစားခဲ့ဖူးတယ်

😊ဒါပေမယ့် အခုလက်ရှိအချိန်
ကျမရဲ့ အတွေ့အကြုံအရတော့
ကောင်းဖို့ကြိုးစားတာက
ကျမဘက်က အခြမ်းဖြစ်ပြီး
ကောင်းတယ်၊မကောင်းဘူးမြင်ဖို့က
အခြားသူဘက်က အတွေးအမြင်ပဲဆိုတာ
ကျမသေချာ သိသွားတယ်

😊ဒီလို အတွေ့အကြုံတွေကနေ အခြေတည်လာတဲ့ အတွေးတစ်စဟာ
ကျမအတွက် ဘယ်လောက်
heal ဖြစ်သွားခဲ့လဲဆို

လောကမှာ တစ်ယောက်တည်းဖြစ်မှာအကြောက်ဆုံးဆိုပြီး
ချစ်ခြင်းမေတ္တာနဲ့နွေးထွေးမှုဆိုတာကြီးကို
တစ်သက်လုံးလိုက်ရှာပြီး
မျှော်လင့်နေခဲ့တဲ့ ကျမဟာ
ငါ့အတွက် ငါရှိတယ်ဆိုတဲ့စကားကို
ခိုင်ခိုင်မာမာကြီး လက်ခံသွားနိုင်တဲ့အထိပဲမို့

😊အတွေးတစ်စ ဖြစ်ပေါ်စေခဲ့သူတွေနဲ့ အကြောင်းတရားတွေအားလုံးကို
သိပ် ကျေးဇူးတင်မိတယ်

PhyoStc
25.11.2025

22/11/2025

🤍 နှလုံးသားကို အလိုလိုက်ပါ 🤍

ပြီးပြည့်စုံချင်တဲ့ ဆန္ဒတွေကို
ခဏမေ့ထားပြီး
ကိုယ်တစ်ကယ် လိုချင်တဲ့ ပုံစံနဲ့ပဲ
ဘဝကို ရှေ့ဆက်ကြည့်ဖို့
သင့်ရဲ့မျက်နှာဖုံးတွေကို ခဏလောက်
ခွါချကြည့်ပါ

16/11/2025

🪴 ကြုံတွေ့ခဲ့ရသမျှ အဆင်မပြေမှုတွေအားလုံးဟာ အမှန်ကို မြင်နိုင်ဖို့ အကြောင်းတရားတွေဆိုတာ
လက်တွေ့ ခံစားသိရှိပြီးတဲ့နောက်မှာ

🪴 လက်ရှိတွေ့ကြုံနေရတဲ့
အရေးကိစ္စတွေဟာလည်း တစ်စုံတစ်ခုအတွက် အထောက်အပံ့ကောင်းလို့
တွေးမိလိုက်တော့ အရင်ကလောက်
မပူလောင်ရတော့ဘူး

Phyo Stc

14/11/2025

💖💛ဘယ်သူ့ကိုမှ မနစ်နာစေသရွေ့
ကိုယ်ဟာ အကောင်းဆုံးပဲ

02/11/2025

🌏 ကမ္ဘာ လောကကြီးက တစ်နေ့တစ်မျိုး
မရိုးနိုင်အောင် ပညာတွေ သင်ပေးနေတယ်

ငိုမလား
ရယ်မလား

ဘယ်လိုပုံစံနဲ့ လက်ခံယူမလဲဆိုတာကတော့
ကိုယ့်အပိုင်းပေါ့🤝

25/10/2025

🍂ဆုပ်ကိုင်ထားချင်တဲ့ အရာအားလုံးကို တစ်ပြိုင်နက်တည်း လွှတ်ချဖို့
ကြုံလာရတဲ့အခါ

🍂တစ်ယောက်တည်းကမ္ဘာကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစား နေရတဲ့အခါ

🍂လောကကြီးရဲ့ အမှန်တရားတွေကို ကွက်ကွက်ကွင်းကွင်း မြင်လာရတဲ့အခါ

မျှော်လင့်ထားတာထက် အဆမတန်
ဝမ်းနည်း နာကျင်ရတယ်

🌻 ယုံကြည်ပါတယ်
အဆုံးသတ်မှာ ဒီနာကျင်မှုတွေဟာ
သိပ်ကိုလှပတဲ့ ပန်းလေးတစ်ပွင့် အဖြစ်
ဖြစ်တည်နေမယ်ဆိုတာကိုပေါ့

17/10/2025

နှစ်ပတ်စာ Energy Healing ✌️

Want your business to be the top-listed Beauty Salon in Tachileik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

ရွှေတိဂုံဘုရားအဆင်း ၊ဂေါက်ကွင်းလမ်း
Tachileik

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Thursday 08:00 - 08:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00