Fragrance by Zin Thu
https://www.facebook.com/zin.thu.946?mibextid=LQQJ4d
09774686872
09441553161
ဖုန်းဆက်ပီးဖြစ်ဖြစ်Messengerကနေတဆင့်လဲဆက်သွယ်လို့ရပါတယ်ဗျ 🤍
06/06/2026
သူ့မှာပါတဲ့ Coca-Cola အနံ့လေးကတော်တော်လေးလူငယ်ဆန်တယ်လို့ခံစားရတယ်။ အနံ့စွဲအားလဲကောင်းတယ်။ sexyဖြစ်ဖြစ်နဲ့အထာကျတဲ့အနံ့ပုံစံမျိုးသွားထားတာဆိုတော့ညဖက်တွေမှာပိုလိုက်မယ်လို့ထင်တယ်။
ကိုယ်ဖြတ်သွားရင် မွှေးလိုက်တာ ဘာရေမွှေးဆွတ်ထားလဲ?ဆိုတဲ့စကားသံတွေခဏခဏကြားဖို့ခံနိုင်ရည်ရှိမှဒီရေမွှေးကိုဆွတ်ပါ။ 😜
#တာချီလိတ်မြို့ Fragrance by Zin Thu
05/06/2026
One
Fresh &Clean ဖြစ်ပီးလူငယ်လူရွယ်တွေနဲ့လဲအဆင်ပြေသလို
လူကြီးပိုင်းတွေလဲအကြိုက်တွေ့မယ့်အနံ့ပုံစံမျိုး။
Daily ဆွတ်လို့အဆင်ပြေပီးနေ့ရောညပါသုံးလို့ကောင်းတယ်။
အနံ့ပြင်းတာမကြိုက်သူတွေနဲ့
ရနံ့အေးအေးလေးတွေကြိုက်တဲ့သူတွေအတွက်အဆင်ပြေတယ်။
CK ကိုအနံ့စွဲတာလေးသုံးချင်တဲ့သူတွေအတွက်နွေရာသီစာလေးပေါ့
Fragrance by Zin Thu #တာချီလိတ်
01/06/2026
Fruity &Sweet & Fresh Spicy အနံ့အမျိုးစားကိုမှ အနံ့စွဲအားကောင်းကောင်းအနံ့ပျံ့လွင့်အားကောင်းကောင်းနဲ့စျေးလဲတန်တဲ့ထဲကလိုချင်ရင်ဒီကောင်လေးရှိမယ်။
စဖျန်းလိုက်တာနဲ့ သရက်သီးနံ့ချိုချိုလေးနဲ့Spicy ဖြစ်တဲ့ဂျင်းနံ့လေးကတော်တော်လေးလန်းဆန်းစေတယ်။ မိန်းကလေးတွေရောသုံးဖို့အဆင်ပြေတာက ဆွတ်ပီးနာရီဝက်လောက်ကျရင်စံ့ပယ်ပန်းနံ့လေးပါလာတာပဲ။ အသုံးသတ်မှာAmber ရဲ့ခပ်နွေးနွေးနဲ့ကိုက်စားချင်စရာအနံ့လေးကျန်ခဲ့စေတယ်။ ရာသီမရွှေးနေ့ညမရွှေးဆွတ်လို့ကောင်းပြီးလူငယ်လူရွယ်တွေနဲ့ပိုလိုက်မယ့်ရေမွှေးတခုပါပဲ။ပုလင်းပုံစံနဲ့ ဘူးပုံစံကလဲလက်ဆောင်ပေးဖို့လဲလှသလိုကိုယ်တိုင်သုံးဖို့အတွက်ဆိုလဲမိုက်နေရောပဲ။ပေးရတဲ့စျေးနဲ့ပြန်ရတဲ့အနံ့ကအရမ်းတန်လွန်းတယ်။
Full size ရော 10/30/50MLလိုချင်သလောက်ရပါမယ်ခင်ဗျာ
Fragrance by Zin Thu
29/05/2026
Hello Girls 👩🏻
ဒီကောင်မလေးကခုလိုပူလာတဲ့ရာသီမှာဆွတ်ဖို့အသင့်တော်ဆုံးမိန်းကလေးရေမွှေးလေး
စဖျန်းလိုက်တာနဲ့ကြာပန်းနဲ့ Peony ပန်းနံ့မွှေးမွှေးလေးနဲ့သလဲသီးနံ့ချိုချိုရယ်Citrus noteဖြစ်တဲ့တောရှောက်သီးနံ့နဲ့Water Noteတွေနဲ့ဆိုတော့နွေပူပူမှာအေးအေးမွှေးမွှေးလေးပေါ့။ ဆွတ်ထားရင်ပန်းနံ့သင်းသင်းလေးကကိုယ်နဲ့အတူရှိတဲ့လူတွေကိုပါအနံ့အေးစေတယ်။ ရေမွှေးနံ့ပြင်းတာမကြိုက်တဲ့သူတွေနဲ့ဆိုကွက်တိပဲ။
အနံ့ကလူတိုင်းလက်ခံနိုင်တဲ့အနံ့ပုံစံမျိုးထုတ်ထားတာ၊ပီးတော့ပုလင်းDesign ကလဲကြည်တောက်နေတဲ့ပန်းရောင်အရည်ပုလင်းနဲ့အဖုံးကစိန်တုံးပုံစံဆိုတော့မိန်းကလေးဆန်တယ်။ကိုယ်ဆွတ်ထားရင်၂ပေပတ်လောက်ကနေအနံ့ရနေမယ်အနံ့စွဲအားကတော့၅/၆နာရီလောက်ခံမယ်။ အဆုံးသတ်မှာကိုယ်သင်းရနံ့လို Muskyဖြစ်တဲ့အနံ့နဲ့Amber နံ့လေးကကျန်နေမယ်။ ချုံပြောရရင် မိန်းကလေးဆန်တယ်၊အေးတယ်၊မွှေးတယ်၊နေ့/ညဆွတ်လို့အဆင်ပြေတယ်။ ခုမှရေမွှေးစသုံးမယ့်မိန်းကလေးတွေအတွက်လဲသင့်တော်တယ်။ လက်ဆောင်ပေးမယ်ဆိုလဲ အနံ့ကချိုအီပြီးတော့အနံ့ပြင်းတဲ့ရေမွှေးနံ့မဟုတ်တော့Blind Buy လို့အဆင်ပြေတယ်။
ကျနော့ဆီမှာ 10/30/50 ML လိုချင်သလောက်ရပါမယ်ဗျ။
#တာချီလိတ်မြို့ Fragrance by Zin Thu
27/05/2026
ကျနော့်အတွက်ကတော့Versaceထဲမှာအကြိုက်ဆုံးလို့ပြောလို့ရတယ်။
Fresh & Spicy ဖြစ်ဖြစ်နဲ့ စစချင်းမှာလိမ္မော်နံ့နဲ့ အနောက်တိုင်းဟင်းခတ်အမွှေးကြိုင်ဖြစ်တဲ့Rosemary ခါးသက်သက်လေးနဲ့စဖွင့်ထားတာတော်တော်လေးသဘောကျစရာကောင်းတယ်။ အလယ်လောက်မှာနှင်းဆီနံ့လေးပါလာမယ် ပီးရင်အဆုံးသတ်မှာ Vanilla နဲ့ Tonka Beanနံ့လေးနဲ့အဆုံးသတ်ထားပေးတယ်။ အနံ့ပျံ့လွင့်အားတော်တော်လေးကောင်းတယ် ၃/၄ချက်လောက်ဆွတ်ပီးတာနဲ့အနံ့ကကိုယ်တိုင်ရောဘေးလူပါစိတ်ချမ်းသာစရာကောင်းတယ်။ရာသီမရွှေးဆွတ်လို့ကောင်းပီးနေ့ရောညပါအဆင်ပြေတယ်။လူငယ်လူလတ်ပိုင်းတွေနဲ့ပိုအဆင်ပြေလောက်
မယ်။ အရင်Original Eros ထက်ပိုပီးFresh&Spicyဖြစ်တယ်။
Fragrance by Zin Thu
10ML-400 Bath
30/50ML လိုချငိသလောက်ရပါမယ်ခင်ဗျာ
#တာချီလိတ်မြို့09774686872 #ရေမွှေး
23/05/2026
&GABBANA Light Blue EDT
နွေရာသီအတွက်ရွှေရင်အေးလေး 🌊🌊🌊
ရနံ့အေးအေးမွှေးမွှေးလေးဆိုတော့ ဘေးလူအတွက်ရော က်ုယ်ကိုတိုင်အတွက်ပါ စိတ်ချမ်းသာစရာကောင်းတဲ့ရနံ့လေး မိန်းကလေးသုံးဆိုပေမယ့် ကျနော့်အတွက်ကတော့ unisex ဆွတ်လို့ကောင်းမယ့်ပုံစံလို့မြင်မိတယ်။ စစချင်းမှာ သံပုရာသီးနံ့နဲ့ပန်းသီးစိမ်းနံ့လေးက Juicy & Fresh ဖြစ်ဖြစ်နဲ့ ခုလိုပူအိုက်တဲ့ရာသီနဲ့ဆိုတော့ပန်းသီးဖျော်ရည်အေးအေးလေးသောက်လိုက်ရသလိုလန်းဆန်းသွားတာပဲ။ ဆွတ်ပီး1နာရီလောက်မှာထပ်တရာပန်းနံ့နဲ့စံပယ်ပန်းနံ့လေးပါတယ်။ အနံ့စွဲအားရော ပျံ့လွင့်အားရောရှယ်ပဲ။အနံ့လေးရလိုက်တာနဲ့သန့်ရှင်းသန့်ပြန့်နေတဲ့ ခံစားချက်ကိုပေးတာ အရမ်းသဘောကျဖို့ကောင်းတယ်။
10/30/50ML လိုသလောက်ရပါမယ်ဗျ
100% Authentic ✅
17/05/2026
EDT
Fresh &Cleanဖြစ်တဲ့ဒီကောင်လေးကထူးခြားတဲ့သံအနံ့နဲ့ပန်းနံ့တွေပေါင်းထားတဲ့ခေါတ်ဆန်ဆန်အနံ့ပုံစံရှိတဲ့ရေမွှေး။သံနံ့ဆိုပေမယ့်သံချေးတက်နေသလိုအနံ့မျိုးတော့မဟုတ်ဘူးနော် 😆ခုလိုနေ့ဖက်ပူတဲ့ရာသီနဲ့အရမ်းအဆင်ပြေ😊
သူကစစချင်းမှာ Metallic ဖြစ်တဲ့သံနံ့နဲ့Narcissus အဝါရောင်ပန်းနဲ့ရောထားတဲ့အနံ့လေးကထူးခြားပီးမွှေးနေတဲ့Modern ဆန်ပီးUnique ဖြစ်တဲ့ရေမွှေးမို့လို့ လူငယ်တွေလူရွယ်တွေနဲ့အရမ်းလိုက်တယ်။ Daily use လဲအဆင်ပြေသလိုအလုပ်မှာရော ညဖက်Dateတွေထိပါအဆင်ပြေတယ်။အနံ့စွဲအားက7/8 နာရီလောက်အသာလေးခံတယ်။Fresh ဖြစ်လို့နွေရာသီနဲ့လဲအရမ်းလိုက်တယ်။ခုလိုမိုးတွင်းဆိုပေမယ့်ရာသီဥတုကအိုက်စပ်စပ်ဆိုတော့ဆွတ်လို့အဆင်ပြေတယ်။
အနံ့ရနေကျရေမွှေးတွေလိုမဟုတ်ပဲထူးခြားပီးသူများနဲ့မတူပဲ ကွဲထွက်နေတဲ့အနံ့ပုံစံမျိုးလေးသုံးချင်တဲ့သူတွေအတွက်ထုတ်ထားတဲ့ရေမွှေးပါ။
Fragrance by Zin Thu
10ML-30MLလိုချင်လဲ Decent လေးတွေရပါမယ်ဗျ။
100% Authentic From Singapore 🇸🇬
16/05/2026
D&G L’lmperatrice
နွေရာသီပူပူမှာ 🍉ဖရဲသီးနဲ့ Kiwi 🥝 လေးကိုရောပီးသောက်လိုက်ရသလိုခံစားချက်လေး မိန်းကလေးဆန်ပီးလူတိုင်းလက်ခံနိုင်တဲ့အနံ့ပုံစံမျိုး စံပယ်ပန်းနံ့နဲ့ဖရဲသီးနံ့လေးကအေးပီးမွှေးနေတာလေးကသိပ်သဘောကျစရာကောင်းတယ်။ အနံ့စွဲအားကလဲမဆိုးဘူး5/6နာရီလောက်တော့ရတယ်။ တချို့လူတွေလဲအဲ့ထက်ပိုပီးအနံ့စွဲတယ်။ကိုယ်ပေါ်မှာSandalwood သစ်မွှေးနံ့လေးနဲ့ musky ဖြစ်တဲ့အနံ့လေးကကိုယ်သင်းရနံ့လေးလိုကျန်ခဲ့စေလို့မိန်းကလေးတိုင်းသဘောကျမှာပါ။
15/05/2026
9PM 🕘
စစချင်းဖြန်းလိုက်တာနဲ့ပန်းသစ်တော်သီးနံ့လေးနဲ့သစ်ဂျပိုးခေါက်နံ့လေးကချိုချိုအေးအေးလေး☺️ပီးရင်လာဗန်ဒါပန်းနံ့လေးကလဲပါသေးတော့အနံ့လေးကအသီးနံ့နဲ့ပန်းနံ့လေးရောထားတဲ့ပုံစံမျိုး။ Middle Note မှာကျတော့လိမ္မော်ပွင့်နဲ့အနံ့မွှေးတဲ့နှင်းပန်းနံ့လေးကတက်လာတယ်။ ပီးရင်Tonka Beanနဲ့ ဗနီလာနံ့ချိုချို၊ပယင်းနံ့ခပ်နွေးနွေးအနံ့လေးနဲ့Patchouli သနပ်ပင်ကအမွှေးဆီနံ့လေးပါမယ်။နေ့ဖက်တွေလဲအဆင်ပြေသလို ညဖက်တွေNight outတွေမှာပိုအဆင်ပြေတယ်။ အနံချိုတယ်ဆိုပေမယ့်အီတဲ့ဖက်ကိုမရောက်သွားဘူး။အနံ့ပုံစံကလူငယ်တွေလူလတ်ပိုင်းတွေနဲ့ပိုလိုက်တယ်။ ယောက်ကျားလေးသုံးဆိုပေမယ့်အနံ့ချိုတာကြိုက်တဲ့မိန်းကလေးတွေလဲသုံးလို့အဆင်ပြေတယ်။အနံ့စွဲအားလဲအဆင်ပြေတယ်။ကျနော့အတွက်ကတော့ပေးရတဲ့စျေးနဲ့ပြန်ရတဲ့အနံ့နဲ့တကယ်တန်တဲ့ရေမွှေးပါပဲ။
Fragrance by Zin Thu
💯 Authentic ✔️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tachileik
06271