Formula41 Thailand Co.ltd

Formula41 Thailand Co.ltd

Share

ထိုင်းနိုင်ငံမှတင်သွင်းသည်။ ဆေး၁ဗူးလျှင် ၄၄.၉၅ ဒေါ်လာ။

28/04/2018

စိတ်ခွန်အားရစေဖို့ရာ ဖတ်ကြည့်ပါ။
အစမှ အဆုံးဖတ်ဖြစ်ရင် Comment မှာ တစ်ခုခုမှတ်ချက်ပေးခဲ့ပါဗျာ။

နွားနို့ကို ​ရေ​ရောလို့ရ​ပေမယ့်
တစ်​ဆင့်​မြင့်​လာတဲ့ ​ထောပတ်​ကို​တော့
ရေ​ရောလို့မရပါဘူး။

လူ​တွေဟာသူတို့ထက်​ နည်းနည်းပဲသာရင်
မနာလိုဖြစ်​တက်​ကြ​ပေမယ့်
အများကြီးသာတဲ့သူကို​တော့
အားကျတက်​ကြပါတယ်​။

ထောပတ်​ဖြစ်​​အောင်​လုပ်​ပါ။
အများကြီးသာ​အောင်​​နေပါ။

#ခိုင်​ခန့်​​ဇော်

အဲ့အပေါ်က စာသားလေးက စိတ်ထဲမှာအမြဲစွဲနေတယ်ဗျာ့။

ကျွန်တော်အပါအဝင် လူတိုင်းက နယ်ပယ်အသီးသီးမှာ အောင်မြင်ချင်ကြမှာပါ။
ဒါပေမယ့် အောင်မြင်ဖို့အတွက် ကြိုးစားဖို့ကျ အားမစိုက်ချင်ကြပါဘူး။
အနည်းငယ်ကြိုးစားမယ် ထင်သလောက်ဖြစ်မလာရင် "ဟာကွာ မစွန်ပါဘူး" ဆိုတာမျိုးကို
စတင်တွေးမိကြမှာပါ။

နောက်တစ်ခုက ဘယ်သူ ဘာလုပ်တာ ဘယ်လိုဆိုတာကိုကြည့်ပြီး လိုက်လုပ်ချင်မိတယ်လေ။

အဲ့ဒါကိုက စမှားတာပါပဲလို့ထင်မိတယ်။
လုပ်လို့မရဘူးပြောတာတော့ မဟုတ်ပါဘူး၊ လုပ်တိုင်း မအောင်မြင်ဘူးဆိုတာကို ကြိုသိထားရမှာပါ။

အလုပ်တစ်ခုရဲ့ အစမှာ အဲ့အလုပ်ပေါ်ချစ်မြတ်နိုးခြင်းကအစပြုတယ်
အလုပ်အတွက် အချိန်ကို နစ်မြုပ်ထားရမယ် အပျော်အပါးတွေထက် အလုပ်ကပိုအရေးကြီးလာမယ်
အိပ်ရစားရဖို့ထက် အလုပ်ပြီးဖို့က ပိုအရေးပါလာမယ်

အစပိုင်းစလုပ်တဲ့နေရာမှာ လွယ်သလိုနဲ့ အခက်အခဲမျိုးစုံကို စတွေ့မယ်
နောက် အဆင်မပြေမူ့တွေက ကိုယ့်ကို ထိုးနှက်လိမ့်မယ်
ကြိုးစားသော်လဲ အသိအမှတ်ပြုခြင်းခံရတာနဲနေမယ်
ဘက်ပေါင်းစုံကတိုက်ခိုက်လိမ့်မယ်၊ အလိမ်အညာတွေ ချည်းကပ်လာလိမ့်မယ်
တချို့က ကဲ့ရဲ့မယ် တချို့က အမူအရာတွေနဲ့ ချိုးနှိမ်ဆက်ဆံမယ်
အမိန့်ပေးချင်တဲ့သူတွေ ဝေဖန်သူတွေကလဲပိုများလာမယ်
တဖန် အောင်မြင်နေပြီးသားသူတွေကို သွားကြည့်မိပြီး ဆက်လုပ်ချင်စိတ်တွေကုန်လိမ့်မယ်။

နောက်တော့ ကိုယ့်ယုံကြည်မူ့ကို လက်လျော့လိုက်မိကြရော။

တကယ်တော့ အလုပ်တစ်ခုရဲ့အစမှာ အဲ့အလုပ်ကို ကိုယ်တကယ် ဝါသနာပါမှ
နောက်ပိုင်းကြုံတွေ့လာမယ့် ဒဏ်တွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှာပါ။
ပုံပြင်တွေထဲကလို ဇာတ်လမ်းတွေထဲကလိုတော့ နေခြင်းညခြင်းထအောင်မြင်မှာမဟုတ်ပါဘူး။

အောင်မြင်ခြင်းရဲ့အစက ကျရူံးခြင်းက သို့ ရုန်းထွက်မူ့ကလို့တောင် ဆိုရလောက်တယ်။

အကြိမ်ကြိမ်ကျရူံးမှ အောင်မြင်မူ့အတွက် လမ်းစကိုရှာနိုင်မယ်၊ အဲ့လိုဖြစ်ဖို့အတွက်လဲ
အခက်အခဲများစွာထဲက ရုန်းထွက်နိုင်ဦးမှပါ။

နောက်အရေးကြီးတာတစ်ခုက ဘယ်တော့မှ အောင်မြင်နေတဲ့သူတွေ၊ ဘေးကနေဘုပြောနေတဲ့သူတွေကို
မကြည့်ပါနဲ့။

ကိုယ်တကယ်မြင်အောင်ကြည့်ရမှာက ကိုယ့်ကိုကိုယ်ပါ။
ကိုယ်ဘယ်လောက်စွမ်းဆောင်နိုင်ပြီလဲ။
ကိုယ်ဘယ်လောက် အများတကာရဲ့ထောက်ခံမူ့ကိုရပြီလဲ။
ကိုယ့်ကိုဘယ်လောက်ထိ အရေးပေးအသိအမှတ်ပြုထားလဲ။
ကိုယ့်ရဲ့စွမ်းဆောင်မူ့က ဘယ်လောက်ထိ တစ်ပါးသူကို စိတ်ကျေနပ်မူ့ပေးနိုင်လဲဆိုတာတွေပါ။

ကျွန်တော်ဆို ကိုယ့်ကိုထောက်ပြတဲ့သူတွေ အဆင်မပြေတဲ့သူတွေရဲ့ အပြောတွေကို မှတ်ထားတယ်
သူတို့ပြောတာတွေက အရေးပါတယ်၊ ကိုယ့်ရဲ့အားနည်းချက်တွေပဲ။
ကိုယ့်အားနည်းချက် ကိုယ်ပြုပြင်နိုင်မှ ကိုယ်လိုချင်တဲ့နေရာကိုရောက်မှာ တည်မြဲနေမှာပါ။

"နေပါကွာ ကိုယ့်စီမဝယ်လဲ ဂရုမစိုက်ဘူး၊ ဒီအလုပ်မလုပ်လဲတခြားအလုပ်ပြောင်းလုပ်မယ် "
အဲ့လိုဘယ်တော့မှ မတွေးပါဘူး။

ဘာကြောင့်သူအစဉ်မပြေရတာလဲ၊ သူကလိုလိုလားလား ကိုယ့်စီကအားပေးထားတာ
အနည်းဆုံး သူစိတ်ချမ်းသာရမယ်၊ ဘယ်လိုဆိုစိတ်ချမ်းသာမလဲ ဆိုတဲ့ နည်းလမ်းတွေပဲလိုက်ရှာပါတယ်။

လူတိုင်းက ချိုသာတာကိုကြိုက်တယ်၊ လိုက်ရောတာကိုကြိုက်တယ်၊ ကိုယ့်ဘက်ကသာ ဘယ်လောက်ထိ
စွမ်းဆောင်နိုင်မလဲဆိုတာကို အမြဲတွေးနေမယ်ဆို တစ်နေ့ ကိုယ်လိုချင်တဲ့နေရာရောက်ရှိပြီး
ရောက်ရှိနေတဲ့ နေရာလဲ တည်မြဲနေမှာ အသေချာပါ လို့ ပြောလိုက်ပါရစေ။

အောက်က post လေးကိုဖတ်ပြီးလဲ စိတ်ခွန်းအားတွေရပါစေဗျာ။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

၁ ဒီဂရီ ပဲ လိုပါတယ်
*******************

နယ်ကမိတ်ဆွေတစ်ယောက် သူများငွေတွေကို
အတိုးနဲ့ ယူပြီး စီးပွားရေးလုပ်တယ်။
လုပ်ငန်း အောက်သက် မကြေတော့
အလှမ်းကျယ် အလယ်လပ်ပြီး
အခက်အခဲတွေ ဖြစ်ကုန်တယ်။
ဒီတော့ အကူအညီ လာတောင်းတယ်။
သူ လာတောင်းတာက
လုပ်ငန်း အခက်အခဲတွေကို ဖြေရှင်းဖို့ မဟုတ်ဘူး။
ဒီအသိုင်းအဝိုင်းကနေ အပြီးရှောင်ထွက်သွားဖို့ ။

အခြေအနေ အားလုံးနားထောင်ပြီးတော့
အရိုးခံ အကြံပေးမိတယ်။
ခုလိုတဲ့ ပမာဏကိုကူညီမယ်။ ရှောင်တော့ မထွက်ပါနဲ့ ။
စီးပွားရေး ဆိုတာ ကြွေတလှည့် ကြက်တစ်ခုန်ပါပဲ။
အတိုးနဲ့  ယူထားတဲ့ သူတွေကို သွားတွေ့ ပြီး ရှင်းပြလိုက်ပါ။
အခက်အခဲ ဖြစ်သွားတယ်။ ကြေအောင် ပြန်ဆပ်ပါမယ်။
အတိုးတွေတော့ ရပ်ပေးပါ။
အရင်းတွေကို အရစ်ကျ ခွဲဆပ်ပါမယ် လို့ တောင်းပန်။
ငွေရှင်တိုင်းက ငွေပဲ ပြန်လိုချင်တာ။
မင်းထောင်ကျတာ မလိုချင်ဘူး။
ဒီတော့ အချိန်ကြာပါစေ။
လစဉ်လတိုင်း နိုင်သလောက် သွင်းပြီး
အကြွေးဆပ်ပါမယ်လို့ ညှိ။
ဒီဘက်ကလည်းအကြွေးတွေ ပြန်ဆပ်နိုင်အောင်အသုံးအစွဲလျော့၊
ရိုးရိုးသားသား အောက်ခြေကနေ အလုပ် ပြန်စလုပ်ကွာ၊
ငါတို့ လည်း ဝိုင်းဝန်းမှာပေါ့ လို့ အားပေးမိတယ်။

ဒါပေမယ့် သူမျက်လုံးတွေကြည့်ရတာ
ယုံကြည်ချက် မရှိတော့ဘူး။
ကိုယ်ပြောတာလည်း ခေါင်းထဲမဝင်တော့ဘူး ထင်တယ်။
အတတ်နိုင်ဆုံး ပြန် ကြိုးစားမယ်။
ခုအကူအညီကို ကျေးဇူး တင်တယ်ပြောတယ်။
ပြီးတော့ သူ ထွက်သွား လိုက်တယ်။
နောက်ထပ်ပြန်မတွေ့ ဖြစ်ကြတော့ဘူး။

ဘဝမှာ နှစ်ခါ သုံးခါထက် ပိုရှုံးလာရင်
ယုံကြည်မှု တွေ ပျက်ပြားလာတယ်။
စမ်းသပ်မှုတစ်ခုမှာ
ငါးမန်းတစ်ကောင်ကို လှောင်ကန်ထဲမှာထည့်
မှန်အမာ တချပ် ကြားခံထားပြီး
ဟိုဘက် အခြမ်းမှာ ငါးအသေးတွေ လွှတ်ထားကြည့်တယ်။
မှန် တဘက်က ငါးလေးတွေကို မြင်ပြီး
ငါးမန်းက စားဖို့ ပြေးဟပ်တော့ မှန်နဲ့ တိုက်မိတယ်။
ဒေါသ ထွက်လာတယ်။
ထပ်ပြေးပြီး ဟပ်တယ်။ ထပ်ထိတယ်။
ထပ်ဟပ်တယ်။ ထပ်ထိတယ်။
တဖြည်းဖြည်း ထိတာများလာတော့
ငါးမန်းရဲ့ ယုံကြည်မှု ပျက်ပြားသွားတယ်။
နောက်နေ့ ထပ်ကြိုးစားတယ်။
ထပ်ထိပြန်တယ်။
ငါးမန်း လုံးဝ မှတ်သွားတယ်။
အဲဒီနားကို လာတောင် မလာတော့ဘူး။
ဒီတော့မှ မှန်ကို ဖယ်လိုက်တယ်။
ငါးလေးတွေနဲ့ သူနဲ့  တကန်တည်း ဖြစ်သွားတယ်။
ငါးလေးတွေ သူနား ဖြတ်ကူးသွားတာတောင်
ငါးမန်းဟာ လိုက် မဟပ်တော့ဘူး။
လူတွေ ချကြွေးတဲ့ အစာပဲ စားတော့တယ်။
ဖမ်းစားနိုင်ပါရက်နဲ့  မဖမ်းနိုင်တော့ဘူးလို့ ထင်မြင်ပြီး
ငါးမန်းဟာ အစွမ်းအစမဲ့ သွားတယ်။

ဒီငါးမန်းလိုပါပဲ။
အရှုံးများလာရင် လုပ်လို့ ဖြစ် ပါတော့မလား
ဆိုတဲ့ သံသယ ဝင်လာတယ်။
သံသယဝင်ပြီဆိုတာနဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးကုန်တယ်။
ယုံကြည်မှု ပျောက်ဆုံးသွားရင်တော့
ဘဝမှာ အားလုံး ဆုံးရှုံးကုန်တာပါပဲ။
သံသယဆိုတဲ့ ဝဲဂယက်ကြီးက
ဘဝရဲ့ ရနိုင်ခွင့် ရပိုင်ခွင့်တွေ အားလုံးကို
စုပ်ယူခြေမွ နိုင်ပါတယ်။

လူတိုင်းမှာလည်း
ယုံကြည်မှု ပျောက်ဆုံးကုန်တဲ့ အချိန်တွေ၊
သံသယ ဝဲဂယက်ကြီး ထဲကနေ
မနည်းလွတ်အောင် ရုန်းနေရတဲ့
အချိန်တွေ ရှိတယ်။
ဒီလိုအချိန်တိုင်းမှာ
ကိုယ်ရဲ့  ရုန်းကန်တွန်းတိုက်ချက်တိုင်းဟာ
အလကား မဖြစ်သွားဘူး ဆိုတာ သိဖို့ လိုပါတယ်။

Apple ရဲ့ ခေါင်းကိုင်ဖခင် စတိပ်ဂျော့
စတန်းဖိုဒ်တက္ကသိုလ် အတွက်
ပြောခဲ့တဲ့မိန့် ခွန်းမှာ
အဓိကအချက်သုံးချက်ပါတယ်။
ပထမအချက်က ဘဝရဲ့  အမှတ်စက်တွေ
စပ်ဆက်ကုန်တဲ့ အကြောင်းပါ။
စတိပ်ဂျော့ ဘဝမှာ ကျဆုံးမှုတွေ များပါတယ်။
မွေးထဲက စွန့် ပစ်ခံခဲ့ရတာ၊
ကျောင်းစရိတ် ကြီးမြင့်လို့  ကျောင်းထွက်ခဲ့ရတာ၊
သူတည်ထောင် ခဲ့တဲ့ ကုမ္ပဏီရဲ့ 
အအောင်မြင်ဆုံး အချိန်မှာ
သူ့ ကိုကုမ္ပဏီကထုတ်ပစ်ခဲ့တာစသည်ဖြင့်ပေါ့။

သူ ကျောင်းထွက်မယ် ဆုံးဖြတ်ပြီးတုန်းက
အားနေတာနဲ့  အလကား မနေဘဲ
ကျောင်းက ဖွင့်ထားတဲ့ စာလုံး အလှရေးတဲ့
သင်တန်း သွားတက် နေပါတယ်။
ဒါက သူစိတ်ဝင်စားတဲ့ ကွန်ပြူတာနဲ့  မဆိုင်ပါဘူး။
အနုပညာနဲ့ ဆိုင်တယ်။

ဒါပေမယ့် နောင်ဆယ်နှစ်အကြာ
ပထမဆုံး "မက်ကင်းတော့ရှ် ကွန်ပြူတာ"ကို
စလုပ်တဲ့ အချိန်မှာဒီစာလုံးအလှ တွေကို
သတိရပြီး ထည့်ခဲ့တယ်။
ကွန်ပြူတာမှာပထမဆုံး စာလုံးပုံစံအလှကို
ကမ္ဘာမှာ Apple က စထည့်နိုင်ခဲ့တယ်။
အနုပညာနဲ့ ကွန်ပြူတာကိုအဲဒီသင်တန်းတက်နေချိန်က
ဆက်စပ်သွားမယ်လို့  သူ ဘယ်လိုမှ မထင်ခဲ့ဘူး။
ဒါကြောင့် ဘဝမှာလုပ်ဆောင်နေတဲ့ အရာတွေကို
အမှတ်စက်ချနေတယ် သဘော ထား။
မအောင်မြင်ခင်မှာ ရှေ့ ကို ကျော်ကြည့်ပြီး
အစက်တွေ ဆက်ကြည့်လို့ မရဘူး။
အောင်မြင် ပြီးမှ ပြန်ကြည့်တော့
အစက်တွေ အကုန်လုံးက ဆက်စပ် နေတယ်၊
အလကား မဖြစ်သွားဘူးလို့  ပြောခဲ့ပါတယ်။

ဘဝမှာ ရှေ့ ဆက်တိုးလို့ မရတော့ဘူးလို့ 
ထင်သွားပြီး ယုံကြည်မှုတွေ ပျောက်ဖူးတယ်။
ပုံပြင်ထဲက အစွမ်းအစ မရှိတော့ဘဲ
သူများချကြွေးတာ စားနေရတဲ့ ငါးမန်းကြီးကို
မြင်ယောင်ပြီး ထပ်တွန်းရုန်းကန် ခဲ့တယ်။
ရုန်းကန်နေတာ ကြာလည်း
ဘာမှ အရာမထင်လာတော့ စိတ်ဓာတ် ကျလာတယ်။
စိတ်အားကုန်ခါနီး
စတိပ်ဂျော့ ရဲ့  အစက်တွေ အကြောင်း ဖတ်မိတော့
တနေ့ ဆက်စပ် သွားမှာပါ လို့ 
ကိုယ်ဟာကိုယ် အားပေး မဲတင်းဖူးတယ်။

အောင်မြင်ဖို့ ကအများကြီး မလိုပါဘူး။
အလုပ်ကိုမက်မောစိတ်နဲ့ ကြိုးစားမှု၊
ဥာဏ်နဲ့  ဆင်ခြင် ချိန်ဆမှု၊
အလုပ်ကိုယ်ကျင့်တရား နဲ့ 
အချိန်အတိုင်းအတာတစ်ခု။
ဒါတွေပဲ လိုတယ်။
ဒါတွေကို မဆုတ်မနစ် စိုက်လိုက်မတ်တပ်
လုပ်နိုင်အောင်တော့ယုံကြည်မှုလိုပါတယ်။

ရေကို အပူပေးရင်
အငွေ့ စပြန်မယ့် ရေဆူမှတ် ရှိတယ်။
ဒီ ရေဆူမှတ်က ၁၀၀ ဒီဂရီ ဆို
၉၉ ဒီဂရီရောက်တဲ့ထိ မဆူသေးဘူး။
မဆူသေးသရွေ့ အရည်ကနေ
အငွေ့ မဖြစ်သေးဘူး။
ဒီချိန်မှာ အပူမပေးဘဲ ရပ်လိုက်ရင် ရေက ရေပါပဲ။
၉၉ ဒီဂရီအားထုတ်ခဲ့သမျှ အလကားဖြစ်သွားမယ်။
နောက်ထပ် ၁ ဒီဂရီစာ ထပ် အပူပေး လိုက်တာနဲ့ 
၁၀၀ ပြည့်ပြီး ရေ ထဆူမယ်။
အရည် ဘဝကနေ အငွေ့ ဘဝ ထပြောင်း
လေထဲ လွှင့်တက်သွားမယ်။

ဒါကြောင့် ကျွန်တော်တို့  ကြိုးစားနေသရွေ့ 
အောင်မြင်မယ်ဆိုတာ ယုံနေဖို့ တော့လိုတယ်။
အမှတ်စက်တွေက အချိန်စေ့ရင်
ဆက်စပ်သွားပါလိမ့်မယ်။
ရေကလည်း ၁၀၀ ဒီဂရီပြည့်ရင် ဆူပါလိမ့်မယ်။
တခါတလေ ဘဝသစ် ပြောင်းသွားဖို့ ၊
လေထုအမြင့်ထဲ လွှင့်တက်သွားဖို့ က
၁ ဒီဂရီ ပဲလိုပါတယ်။
အားမလျော့လိုက်ပါနဲ့ ။

Credit :Internet

25/04/2018

စစ်သားတို.ရဲ့ဆရာမ
********************
စာသင်ခန်းထဲဝင်လာတော့ ဆရာမမျက်နှာထားက ခပ်တင်းတင်း။ ဆရာမရဲ့ အသက်ကလည်း ငယ်ငယ်.. သင်ရမှာကလည်း စစ်သားတွေဆိုတော့ မျက်နှာထားကိုမာထားလိုက်တယ်။ဆွေမျိုးအသိုင်းအ၀ိုင်းထဲမှာတောင် စစ်သားဆိုတာမရှိခဲ့ဘဲ သူငယ်ချင်းတစ်ယောက်စ၊နှစ်ယောက်စသာ
တပ်မတော်ထဲမှာ အသိရှိသူဆိုတော့ စစ်တပ်နဲ.ဆရာမဘ၀ဟာ ပြဒါးတစ်လမ်း၊
သံတစ်လမ်းလို. ပြောလို.ရပါတယ်။ ခုလို စစ်သားတွေကိုစာလာသင်ပေး
ရမယ်လို.လည်း တစ်ခါမှ မတွေးမိခဲ့ဖူးပါဘူး။ သင်ရမှာကလည်း "အသုံးလုံး" လို.
အလွယ်တကူခေါ်တဲ့ စာမတတ်သူပပျောက်ရေးသင်တန်း။ "တပ်မတော်ထဲမှာ စာမတတ်သူပပျောက်ရေးစီမံချက်အရ" တာဝန်ရှိသူတွေက ဌာနကို အကူအညီတောင်းလို. လာသင်ပေးရတာပါ။

စစ်တပ်ထဲသွားပြီး စစ်သားတွေကို စာသွားသင်ရမယ်ဆိုတော့ ငြင်းပါသေးတယ်။ သင်ရမယ့်သူတွေရဲ့ အသက်တွေကလည်းကြီးနေကြပြီ။ပြီးတော့ ယောကျာ်းကြီး
တွေ.. ယောကျာ်းထဲမှာမှ စစ်မြေပြင်တွေမှာရန်သူနဲ. သူသေကိုယ်သေ
တိုက်ခိုက်သတ်ဖြတ်လာတဲ့ စစ်သားရင့်မာကြီးတွေ။ ဒီလိုလူကြီးတွေက အသက်(၃၀)အရွယ် ဆရာမလေးတစ်ယောက်စကားကို နားထောင်မတဲ့
လား။ ပြီးတော့ အင်တာနက်စာမျက်နှာတွေမှာတွေ.နေရတဲ့စစ်သားတွေရဲ့
ပေါက်တတ်ကရသတင်းတွေက ဆရာမလေးကိုကျောချမ်းစေပါတယ်။
ဒါပေမယ့် ၀န်ထမ်းဆိုတော့လည်း "အထက်လူကြီးရဲ့ Request ဟာ မိမိတို.အတွက် Command ဖြစ်သည်"ဆိုတဲ့အတိုင်း လက်ခံလိုက်ရတော့ပါပဲ။ အတွေ.အကြုံရှိတဲ့ ဆရာမကြီးတွေကတော့ အားပေးရှာပါတယ်။
"ဘာမှစိတ်မပူနဲ. ဆရာမလေး။ ဆရာမလေးထင်ထားတာတွေနဲ. တစ်ခြားစီဖြစ်နေလိမ့်မယ်။ ဆရာမလေးမကြုံဖူးတဲ့ ထားရာနေ၊ စေရာသွား၊
ခိုင်းတာလုပ်တဲ့ ပစ်တိုင်းထောင်လိုလူသားတွေကို ဆရာမလေးတွေ.ရလိမ့်မယ်၊
ဒီတစ်ရက်တော့ သွားသင်ပေးပါ။ ဆရာမလေး အဆင်မပြေရင် နောက်နေ.ကျ လူချိန်းပေးပါမယ်" တဲ့။

ညက ကောင်းကောင်းအိပ်မပျော်ပါဘူး။ မနက်လင်းတော့ ဆုံးဖြတ်ချက်ချ
လိုက်တယ်။ သူတို.တွေ ဘာပဲဖြစ်ပါစေ .. ငါက ဆရာမ။ ဆရာမဆိုတော့ ဆရာ/
ဆရာမတို. ကျင့်သုံးရမယ့် စေတနာ၊၀ါသနာ၊ဂရုဏာဆိုတဲ့ နာ(၃)နာနဲ.သင် မယ်။ ခဏနေတော့ တပ်ကလာကြိုခိုင်းတဲ့ကားနဲ. စစ်တပ်ထဲကို လိုက်ခဲ့လိုက်
ပါတယ်။ ကားမောင်းသမားစစ်သားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကားပေါ်တက်
မယ်လုပ်တော့ ကိုယ့်ထက်အသက်ကြီးတဲ့ကားသမားကကားတံခါး ဖွင့်ပေးနေလို.
အားနာနေရပါသေးတယ်။ ကားပေါ်မှာ ကားသမားနဲ. စကားပြောရင်း ရင်းနှီးသွားပါတယ်။ စိတ်ထဲမှာတော့ တွေးလိုက်မိသေးတယ်။ "ဒီနေ. စာသင်
ရမယ့်စစ်သားကြီးတွေလည်း ဒီကားသမားလို ဖော်ဖော်ရွေရွေဆိုရင်
ကောင်းမယ်"။

စစ်တပ်ထဲအ၀င်ဝဂိတ်ရောက်တော့ ကင်းစောင့်နေတဲ့ရဲဘော်လေး တစ်ယောက်
က အလေးလှမ်းပြုပါတယ်။ "အရာရှိလည်းမပါဘဲနဲ. ဘာလို.အလေးပြုတာလည်း
ဆရာ" လို. ကားသမားကိုမေးကြည့်တော့ အံ့သြဖွယ်ရာစကားတစ်ခွန်းကိုကြား
ရပြန်ပါတယ်။ "ဆရာမလေးကို အလေးပြုတာပါ"တဲ့။စာသင်ခန်းရှေ.ကားရပ်
လိုက်တော့ ကားသမားကပဲ အရင်ဆင်းပြီး ဆရာမလေးတံခါးကို ဖွင့်ပေးနေပြန်
လို."နေပါစေ..နေပါစေ"ပြောနေရပါသေးတယ်။ ဒါပေမယ့် တံခါးကတော့
ဖွင့်ပြီးနေပါပြီ။

စာသင်ခန်းထဲဝင်လိုက်တော့ ဆရာမလေးသင်ခဲ့ဖူးတဲ့စာသင်ခန်းတွေနဲ. ကွာခြားမှုကိုစတွေ.လိုက်ရပါတယ်။ စာသင်ခန်းတစ်ခုလုံးက ငြိမ်သက်နေ
ပါတယ်။ စီနီယာကျပုံပေါက်တဲ့ စစ်သားတစ်ယောက်က ရှေ.ထွက်လာပြီး ရုတ်တရက်အော်လိုက်တော့ လန်.သွားရပါသေးတယ်။ သူအော်လိုက်တာက
"သင်တန်း ရှေ.ကြည့်"တဲ့။ ပြီးတော့ ဆက်အော်တဲ့အသံတွေက "ဦးထုပ်ဆောင်း"
"တန်းထ" ဆိုတဲ့အသံတွေ။ အောက်ကလူတွေ ကလည်းရှေ.ကလူခိုင်းတဲ့
အတိုင်း တသွေမတိမ်းလိုက်လုပ်နေကြပါတယ်။ အဲဒီမှာ ပြဿနာက စတာ။ ရှေ.ကစီနီယာလုပ်တဲ့သူက ရုတ်တရက် ဆရာမလေးရှေ.တည့်တည့်မှာ
ရပ်ပြီး အလေးပြုလိုက်တယ်။ ပြီးတော့ ဆက်တိုက်အော်တော့တာပဲ။ "သင်တန်းသားရှိရင်း ၃၀ ယောက်၊ ခန်းမ၀င် ၃၀ ယောက်၊ ပျက်ကွက်မရှိ၊ ခန်းမ၀င်ပြီးအသင့်" တဲ့။ အော်ပြီးတော့ ဆရာမရှေ.မှာပဲ တောင့်တောင့်ကြီး
ရပ်နေတယ်။ ဆရာမကလည်း ဘာပြန်ပြောရမှန်းမသိဘဲကြောင်ကြည့်နေတယ်။ ဆရာမက ဘာမှပြန်မပြောတော့ သင်တန်းသားခေါင်းဆောင်က ဆရာမကို
မေးတယ်။" ထိုင်ခိုင်းလိုက်ရတော့မလားဆရာမ"တဲ့။ အဲကျမှ သတိရပြီး
"ရပြီ..ရပြီ.. ထိုင်ကြပါရှင်" လို.ကမန်းကတန်း ပြောလိုက်ရတယ်။စာမသင်ရသေး
ခင်မှာပဲ ဌာနကဆရာမကြီးတွေပြောလိုက်တဲ့"ပစ်တိုင်းထောင်လိုလူသားတွေ
ဆိုတာ မှန်နေပြီထင်တယ်"လို. တွေးလိုက်မိပါတယ်။

စာသင်တော့လည်း တစ်ကယ့်ကလေးတွေလို အော်ကြီးဟစ်ကျယ်နဲ. "ကကြီးခခွေး" ကိုလိုက်ဆို နေကြပါတယ်။ ဆရာမလေးရဲ့စိတ်မှာ စစ်သားကြီးတွေ
ကို စစ်သားတွေလို.မမြင်တော့ဘဲ ကိုယ့်တပည့်လေးတွေလိုမြင်လာပါတယ်။
စစ်ယူနီဖောင်းကိုလည်း အစိမ်းရောင်လို.မမြင်တော့ဘဲ အဖြူနဲ.အစိမ်းလို.
မြင်လာပါပြီ။ အထင်နဲ.အမြင်တွေကတော့ တစ်ခြားစီဖြစ်နေပါပြီ။

ညနေသင်တန်းပြီးတဲ့အချိန် စီနီယာစစ်သားက အလေးပြုပြီးသင်တန်းဖြုတ်ခွင့်
တောင်းတဲ့အခါမှာတော့ ဆရာမလေးအနေနဲ.ကြောင်အမ်းအမ်းဖြစ်မနေတော့ဘဲ
"ဆက်လုပ်ပါ" ဆိုတဲ့စကားလေးကို လျှောလျှောလျှုလျှုပြောထွက်ခဲ့ပါတယ်။

ပြန်ဖို.ပြင်တဲ့အချိန်မှာတော့ စာသင်ခန်းရှေ.မှာ ကားက အဆင်သင့်စောင့်နေ
ပါတယ်။ ဆရာမလေးခြင်းကို စီနီယာကျောင်းသားကကိုင်ပြီး ကားနားကို
လိုက်ပို.ပါတယ်။ကျန်တဲ့သင်တန်းသားတစ်ယောက်ကတော့ တံခါးကိုသွားဖွင့်ပေး
နေပါတယ်။ ကားသမားတောင် ဖွင့်ပေးစရာမလိုတော့ပါဘူး။ ကားပေါ်တက်ပြီး ကားထွက်တဲ့အချိန်မှာတော့ ဆရာမလေးက အပြုံးတွေနဲ. လက်ပြပြီးနှုတ်ဆက်
လိုက်ပါတယ်။ အဲချိန်မှာ စီနီယာစစ်သားကြီးဆီက "အလေးပြု"ဆိုတဲ့အသံကြီး
ထွက်လာပါတယ်။ သူ.အော်သံနဲ.အတူ ဘေးကစစ်သားတွေပါ သတိအနေအထား
ရောက်သွားကြပါတယ်။

ဆရာမလေးက ကားပေါ်ကနေ လက်ပြနေရင်းနဲ. စကားတစ်ခွန်းလှမ်းပြော
သွားပါတယ်။ " နောက်နေ.တွေလည်း ဆရာမလေး လာခဲ့အုံးမယ်နော်။အိမ်စာတွေ
သေချာလုပ်ခဲ့ကြပါ"တဲ့။

Credit ...
ဆရာမ ဒေါ်သီတာ

30/03/2018
Photos from Formula41 Thailand Co.ltd's post 24/03/2018

နှလုံးသွေးကြောကျဉ်းရောဂါလုံးဝ
ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့
ဆေးနည်းကောင်းတစ်လက်
--------

ကျွန်တော်နှလုံးရောဂါပြင်းထန်စွာခံစားရချိန်ကျွန်တော်နေထိုင်ရာပုသိမ်မြို့ ရှိပုသိမ်ဆေးရုံကြီးနှင့်ဇီဝကအထူးကု
ဆေးခန်းတို့ တွင်တက်ရောက်ကုသခဲ့
ရာဆေးစစ်ချက်အရနှလုံးသွေးကြော
သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ
ကောင်းစွာအလုပ်မလုပ်တော့သော
ကြောင့်နှလုံးစက်ထည့်ရမည့်အခြေနေ
ဖြစ်ခဲ့ပါသည်-ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ
ကျွန်တော့်လိုခွဲစိပ်ခါနီးလူနာတစ်ဦး
မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား
သည်ဆိုသောဆေးနည်းကိုပေးသဖြင့်
ရန်ကုန်၌ဆေးကုသခံရန်ပြင်ဆင်နေချိန်
တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်-ထို့ နောက်ရန်ကုန်အာရှတော်ဝင်
အထူးကုဆေးခန်းတွင်သွားရောက်စမ်းသပ်ရာနှလုံးသွေးကြောပိတ်ဆို့ မှုများမရှိ
တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍မယုံနိုင်ဖြစ်ကာသေချာစေရန်
မဟာမြိုင်အထူးကုဆေးခန်း၌24နာရီ
စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး
ကြောများပုံမှန်ကောင်းမွန်နေကြောင်း
သေချာသွားတော့သည်-ကျွန်တော်ခံစားနေရသောရင်ဘတ်
အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း
ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း
သွားပါသည်-ထို့ ကြောင့်ကျွန်တော့်လို
နှလုံးသွေးကြောကျဉ်းဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်-ဆေးနည်းမှာ -
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား
၂-တရုတ်ဇီးသီးငါးလုံး
၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် 
၎-ဆားအနည်းငယ်တို့ ကိုရေဖန်ခွက်
ခြောက်ခွက်ထည့် နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက်
ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်-
ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူး
အထူးတင်ပါသည်။

( Ko Sai)

16/03/2018

🇫🇴🇷🇲🇺🇱🇦 4️⃣1️⃣
#ဖေါ်မြူလာ 41 အမျိုးသားအားဆေး
ဆေးတောင့် #၆၀ပါတစ်ဗူးလျှင်(44.95US$) မြန်မာငွေ(၆၅၀၀၀)ကျပ်.
ဆေးတောင့် #30ပါတစ်ဗူးလျှင်(26.95US$ မြန်မာငွေ(၃၈၀၀၀)ကျပ်.
အမျိုးသားများ သုတ်အားနည်းခြင်း ဆီးချိုရောဂါကြောင့် ကျားအားလျော့နည်းခြင်း ဒူးနာ ခါးနာတေဖြစ်နေခြင်း အိပ်ရာထဲမှာအချိန်တို အတွင်းအပြီးမြန်ခြင်း စိတ်ကတော့ပါတယ် ဒါပေမဲ့ မွေးရာပါဖွာဘက်တော်လေးက ခေါင်းမထောင်နိုင်ခြင်း သေးနေခြင်း တိုနေခြင်း ဒီပြသနာတွေရှိနေပြီဆိုရင် အိမ်ထောင်သာယာရေးထိခိုက်စေနိုင်ပါတယ်…သင်ဘယ်လိုဖြေရှင်းမလဲ .ဘာမှမပူပါနဲ့ ဖေါ်မြူလာ 41 သောက်ပြီး မိတ်ဆွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းလိုက်ပါ.
ဖေါ်မြူလာ41ဆေးသည်ဘေးထွက်ဆိုးကျိုး လုံးဝမရှိကြောင်း U.S.A တွင် ရွှေတံဆိပ်ယူပြီး သက်သေပြခဲ့တဲ့ဆေးပါ.
#သတိပြု့ရန်=>နှလုံးရောဂါ ရှိလျှင် မသောက်သင့်ပါ.
ထုတ်လုပ်သည့်နိုင်ငံ U.S.A
ထုတ်လုပ်သည့်ခုနှစ် ၂၀၁၆.၃.၂၈
ကုန်ဆုံးသည့်ခုနှစ် ၂၀၁၉.၃.၂၈
Company မှ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပါသည်။
ဆေးဗူးပေါ်တွင် လုံခြုံရေးစတစ်ကာ ပါပါသည်။
မြို့ပေါင်း ၆၀ကျော်အိမ်ထိ အရောက်ပို့ပေးသည်။
ဝယ်ယူသူနဲ့အလျဉ်းသင့်သလို အမြန်ချောပို့ / ကားဂိတ် တို့နဲ့ပို့ဆောင်ပေးပါတယ်.
အသုံးတည့်မည်ဆိုလျှင် ယခုပဲ မက်ဆေ့ခ်ျ ပို့၍ မှာယူလိုက်ပါ။
မြန်မာဖုန်း

11/03/2018

🇫🇴🇷🇲🇺🇱🇦 4️⃣1️⃣
#ဖေါ်မြူလာ 41 အမျိုးသားအားဆေး
ဆေးတောင့် #၆၀ပါတစ်ဗူးလျှင်(44.95US$) မြန်မာငွေ(၆၅၀၀၀)ကျပ်.
ဆေးတောင့် #30ပါတစ်ဗူးလျှင်(26.95US$ မြန်မာငွေ(၃၈၀၀၀)ကျပ်.
အမျိုးသားများ သုတ်အားနည်းခြင်း ဆီးချိုရောဂါကြောင့် ကျားအားလျော့နည်းခြင်း ဒူးနာ ခါးနာတေဖြစ်နေခြင်း အိပ်ရာထဲမှာအချိန်တို အတွင်းအပြီးမြန်ခြင်း စိတ်ကတော့ပါတယ် ဒါပေမဲ့ မွေးရာပါဖွာဘက်တော်လေးက ခေါင်းမထောင်နိုင်ခြင်း သေးနေခြင်း တိုနေခြင်း ဒီပြသနာတွေရှိနေပြီဆိုရင် အိမ်ထောင်သာယာရေးထိခိုက်စေနိုင်ပါတယ်…သင်ဘယ်လိုဖြေရှင်းမလဲ .ဘာမှမပူပါနဲ့ ဖေါ်မြူလာ 41 သောက်ပြီး မိတ်ဆွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းလိုက်ပါ.
ဖေါ်မြူလာ41ဆေးသည်ဘေးထွက်ဆိုးကျိုး လုံးဝမရှိကြောင်း U.S.A တွင် ရွှေတံဆိပ်ယူပြီး သက်သေပြခဲ့တဲ့ဆေးပါ.
#သတိပြု့ရန်=>နှလုံးရောဂါ ရှိလျှင် မသောက်သင့်ပါ.
ထုတ်လုပ်သည့်နိုင်ငံ U.S.A
ထုတ်လုပ်သည့်ခုနှစ် ၂၀၁၆.၃.၂၈
ကုန်ဆုံးသည့်ခုနှစ် ၂၀၁၉.၃.၂၈
Company မှ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပါသည်။
ဆေးဗူးပေါ်တွင် လုံခြုံရေးစတစ်ကာ ပါပါသည်။
မြို့ပေါင်း ၆၀ကျော်အိမ်ထိ အရောက်ပို့ပေးသည်။
ဝယ်ယူသူနဲ့အလျဉ်းသင့်သလို အမြန်ချောပို့ / ကားဂိတ် တို့နဲ့ပို့ဆောင်ပေးပါတယ်.
အသုံးတည့်မည်ဆိုလျှင် ယခုပဲ မက်ဆေ့ခ်ျ ပို့၍ မှာယူလိုက်ပါ။
မြန်မာဖုန်း

08/02/2018

နှလုံး-အဆုပ် ပြန်လည် အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း

• လူနာကို မာသောကြမ်းပြင်ပေါ် ထားပါ။

• မိမိက လူနာ၏ ဘေးမှာ ဒူးနှစ်ဖက် ထောက်ပြီး ထိုင်ပါ။

• လူနာမှ တင်းကြပ်နေသော အဝတ်အစားများ လျော့ပါ-ဖယ်ပါ။

• မိမိ၏ လက်ဝါး နှစ်ဖက်ကို ထပ်ပြီး၊ လူနာ၏ ရင်ဘတ် အလယ်တည့်တည့် နို့အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာ တင်ပါ။

• မိမိ၏ လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ ကာ၊ မိမိ၏ လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။

• နှစ်လက်မခန့် ကျသွားအောင် ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။

• တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ရမည်။

• အကြိမ် ၃ဝ လုပ်ပြီးတိုင်း၊ ပါးစပ်မှလေသွင်းခြင်း (၂) ခါ လုပ်ရမည်။

• ရင်ပတ် ဖိ-ကြွခြင်းနှင့် ပါးစပ်မှလေသွင်းခြင်းကို စုစုပေါင်း (၂) မိနစ် သို့မဟုတ် (၅) ပါတ် လုပ်ရမည်။

ဒေါက်တာတင်ဆွေ့

08/02/2018

ကြက်ဥအတုနှင့် အစစ်

အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်းကိုဖော်ပြပေးလိုက်ပါတယ်

ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။

ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။

ကြက်ဥအတုနှင့် အစစ်ကို ယှဉ်ကြည့်ပါက အတု၏ အရောင်က ပိုရင့်ခြင်း။

အတု၏အခွံသည် ဖယောင်းနှင့်ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ခြင်း။

ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံ မျက်နှာပြင်က ပို၍ကြမ်းခြင်း။

ကြက်ဥကို ခွဲ၍ကြည့်မည်ဆိုပါက အတု၏ အနှစ်နှင့် အကာသည် သီးသန့်မနေဘဲ ရော၍သွားခြင်း။

ကြက်ဥအတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါခြင်း။

ပြုတ်လိုက်ပါကလည်း အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာ သီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရသည်။

စာဖတ်သူများအနေဖြင့် အထက်ပါနည်းလမ်းများဖြင့် သတိပြု ခွဲခြားစိစစ်ဝယ်ယူ စားသုံးကြရန်၊ ရောင်ချသူများ အနေဖြင့် ကြက်ဥအတုများ ရောင်းချခြင်းမပြုရန်၊ စားသောက်ဆိုင်များမှလည်း ကြက်ဥအတုများ အသုံးပြု၍ ကြော်လှော်ချက်ပြုတ် ရောင်းချခြင်းမပြုကြဖို့လိုအပ်ပေသေးသည်မဟုတ်ပါလား

Credit - The New Light of Myanmar

08/02/2018

အားလုံးသတိထားရတော့မည့် မျက်လုံးကင်ဆာ

ဖုန်း တက်ဘလက်နဲ့ကွန်ပြူတာ အမြဲလိုလို
ကြည့်နေတဲ့သူတွေ သတိထားရမယ့်
မျက်လုံးကင်ဆာဖြစ်ပွားမှု

အသက်၄၀ လူတယောက်ဟာ သူမျက်လုံးမှာ
အရောင်တွေသန်းနေလို့ ပြရင်းနဲ့
diagnnosed eyes cancer
ဖြစ်နေတယ်လို့ သိရပါတယ်

သိပ္ပံပညာရှင်တွေအများစုက အမြဲလိုလို
သုတေသနပြုနေတဲ့ ကိစ္စထဲကတခုဖြစ်တဲ့
မိုဘိုင်းဖုန်းများထဲမှာ ဖြာထွက်နေတဲ့
အစိမ်းရောင်အလင်းတန်းတွေဟာ
လူရဲ့အမြင်အာရုံကို ထိခိုက်စေတယ်လို့
ပြောပါတယ်

ကျွန်တော်တို့ ညဘက်ဖုန်းတွေကို ညမီးအလင်း
လေးနဲ့တိုက်ရိုက်အကြာကြီး အသုံးပြုတဲ့အခါ
ဖုန်းရဲ့အလင်းတန်းဟာ မျက်စိကို တိုက်ရိုက်ရောက်ရှိပြီး
အဲ့ဒီကနေ
ဖြစ်လာတဲ့ electro beam ဖြာထွက်မှုကနေ
မျက်လုံးအိမ်ကိုခြောက်သွေ့စေပြီး
မျက်လုံးကင်ဆာကနေ မျက်လုံးကန်းသည့်အထိ
ဒုက္ခပေးနိုင်ပါတယ်

ဒီအမည်မဖော်ပြထားတဲ့သူဟာ ညတိုင်း
အမှောင်ထဲမှာဖုန်းကို မိနစ်၃၀လောက်သုံးလေ့
ရှိပြီး အခုတော့သူကောင်းကောင်း
မမြင်ရတော့ဘူးလို့ ပြောပါတယ်

ဆရာဝန်တွေကလည်း အဲ့ဒီမျက်လုံးအိမ်
ခြောက်သွေ့မှုကနေ ဖြစ်ပေါ်လာတဲ့
retina replace လုပ်တာက လက်ရှိ
ဆေးလောကမှာအရမ်းကို အခက်အခဲဖြစ်ပြီး
ကုသရခက်ခဲတဲ့ အခြေအနေတမျိုးလို့လည်း
ပြောပါတယ်

အခု ဟောင်ကောင်နဲ့တရုတ်ပြည်မှာ
လူငယ်အများစုဟာ မျက်လုံးအိမ်ခြောက်သွေ့ခြင်း
မျက်လုံးကင်ဆာဖြစ်ခြင်း စတဲ့ရောဂါတွေနဲ့
ကြုံတွေ့နေရတယ်လို့ ပြောပါတယ်
အဓိကအချက်ကတော့ smart phone
တွေကို အသုံးများခြင်းရဲ့အကျိုးဆက်ပါပဲ

ကျွမ်းကျင်သူတွေကတော့ လက်ကိုဖုန်း
တက်ဘလက်နှင့်ကွန်ပြူတာသုံးစွဲမှုမျိုးကို
အချိန်များစွာမသုံးစွဲဖို့ ညအချိန်အလင်းရောင်
မရှိတဲ့အချိန်မှာ မိုဘိုင်းဖုန်း တက်ပလက်
ကွန်ပြူတာတွေရဲ့ အလင်းရောင်တခုထဲနဲ့
လုံးဝမသုံးစွဲပဲ မီးအလင်းရောင်အလုံအလောက်
ရတဲ့နေရာအောက်မှာသာ သုံးစွဲကြဖို့
အကြံပေးထားပါတယ်

မျက်လုံးကင်ဆာ မျက်လုံးအိမ်ခြောက်သွေ့မှုကြောင့်
ဖြစ်ပေါ်လာမဲ့ ရောဂါတွေကင်းဝေးစေဖို့ အင်တာနက်သုံးချိန်
ဂိမ်းကစားချိန်တွေကို တက်နိုင်သလောက်
လျော့ချကြဖို့ စေတနာဖြင့်သတိပေးအပ်ပါတယ်ခင်ဗျာ

ဘာသာပြန်ဆိုသူ - ရသ

01/12/2017

တက္ကသိုလ်ဝင်ခွင့် အမှတ်နဲ့ခွဲတဲ့စနစ် ဖျက်သိမ်းလိုက်ပါပြီ
--------------

အမှတ် နဲ့ ခွဲတဲ့ စနစ် ဖျက်သိမ်း လိုက်ပါပြီ ။ ဒီနှစ် ၁၀တန်း
အောင်တဲ့ သူတွေ ကိုယ်ကြိုက်တဲ့ တက္ကသိုလ် တက်လို့ ရပါပြီ ။
လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့်
စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့်
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့်
ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ
ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍
ရွေးချယ်တက်ရောက်နိုင်မည့်
အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲ
ကျင့်သုံးရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်
ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက်တွင်
ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌
ကျင်းပသည့် ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသူ၊
ကျောင်းသားများ ကြုံတွေ့ရမြဲဖြစ်သည့် အသက်မွေးဝမ်းကျောင်း
တက္ကသိုလ်ဝင်ခွင့်ရရှိရန်အခွင့်အလမ်းနည်းပါးစေသည့်
ကန့်သတ်ထားသည့် ဝင်ခွင့်အမှတ်များ မြင့်တက်ခြင်း၊
ကျောင်းသားလက်ခံမှုဦးရေလျှော့ချခြင်း စသည့်ပြဿ နာများကို
လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။
လာမည့်ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်စိစစ်ရာတွင်
အခြေခံပညာကျောင်းများမှ စဉ်ဆက်မပြတ် အကဲခတ်ကာ ဘက်စုံပညာအရည်အချင်းမှတ်တမ်းချုပ်
(CPR, comprehensive personal record)မှ လုပ်ငန်းေ
ဆာင်ရွက်ခဲ့မှုများကို ကြည့်ရှု၍ ထည့်သွင်းဆောင်ရွက်သွား
မည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
‘‘အရင်တုန်းက ကလေးရဲ့ရမှတ်ကိုပဲကြည့်တဲ့ ပေတံတစ်ခု
တည်းကိုပဲ သုံးခဲ့တယ်။ အရင်တုန်းက အမှတ်ပေးစနစ်ကိုပဲ
ကျင့်သုံးခဲ့တယ်။ အမှတ်ကောင်းတဲ့လူဟာ သူတို့ရွေးချယ်ချင်တဲ့
တက္ကသိုလ်ကို ဝင်ခွင့်ရတယ်။ အမှတ်မကောင်းတဲ့လူက
ဝါသနာပါတာကို ရွေးချယ်လို့မရဘဲနဲ့ ရိုးရိုး ဝိဇ္ဇာ၊ သိပ
္ပံ တက္ကသိုလ်တွေကိုပဲရွေးချယ်ရတယ်။
အခုလိုဖြစ်တော့ ကလေးတစ်ယောက်က
တက္ကသိုလ်ဝင်ခွင့်ကို အမှတ်တစ်ခုတည်းကိုပဲ မကြည့်ဘဲနဲ့
ကျန်တဲ့ဘက်စုံကို အလေးပေးပြီးတော့မှ ကလေးတစ်ယောက်ကို
ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာနဲ့ အကိုက်ညီဆုံးဆိုတာကို
ရွေးချယ်ခွင့်ရတာ အင်မတန်ကောင်းတဲ့ ပြောင်းလဲမှုတစ်ရပ်ပဲ’’ဟု
နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ပါမောက္ခ
ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
လာမည့်နှစ်မှစ၍ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးစနစ်ကို
ပြောင်းလဲကျင့်သုံးပါက လက်ရှိဝန်ထမ်းအင်အားနှင့် အချိန်ကာလ
ပိုမိုလိုအပ်မည်ဖြစ်သလို ကျောင်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ စုပြုံလျှောက်ထား
မည့် အခြေအနေကြောင့် အခြေခံအမှတ်သတ်မှတ်ချက်
ဆက်လက်ရှိနိုင်ကြောင်း အငြိမ်းစားပညာရေးအရာရှိတစ်ဦးက
သုံးသပ်ထားသည်။
‘‘ဒီနှစ်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနကပဲ
ရွေးချယ်ပေးတာပါ။
ရှေ့နှစ်ကစပြီးတော့ တက္ကသိုလ်အလိုက် ရွေးချယ်တဲ့စနစ်ကို
ပြောင်းနိုင်ပါတယ်။ဖြစ်နိုင်တာက ဆေးတက္ကသိုလ်က
အင်္ဂလိပ်နဲ့ ဘိုင်အိုနဲ့ရွေးမယ်ဆိုရင် ဆရာတို့ကတော့ အင်္ဂလိပ်၊
သင်္ချာ၊ ရူပဗေဒသုံးဘာသာမှာ ဘယ်လောက်ရမယ်ဆိုရင်တော့
ဝင်ခွင့်ကို လျှောက်ထားခွင့်ပြုမယ်ဆိုတာမျိုးတော့
အကြမ်းဖျင်းစဉ်းစားထားတယ်။
ဆွေးနွေးပြီးတော့ ပြည်သူတွေကို တရားဝင်ကြေညာမှာပါ။
အနည်းဆုံး ၁၀ လလောက်စောပြီးတော့ ကျောင်းသားနဲ့
ကျောင်းသားမိဘကို ကြေညာပေးသွားမှာပါ’’ဟု ရန်ကုန်နည်းပညာ
တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်ကပြောသည်။
နေပြည်တော်၌ ဇူလိုင် ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသား
ပညာရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က
အတည်ပြုလိုက်သည်။
အဆိုပါ အမျိုးသားပညာရေးဥပဒေကြမ်းတွင် ကျောင်းသားများ၏
အရည်အချင်းနှင့် ဆန္ဒပေါ် အခြေခံ၍ ရွေးချယ်နိုင်ခွင့်ရှိသော
တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးနိုင်ရန် တင်ပြထားသောကြောင့် လာမည့်ပညာသင်နှစ်တွင် ယင်းဥပဒေနှင့်အညီ
လိုက်နာကျင့်သုံးရတော့မည်ဖြစ်သည်။
‘‘သက်ဆိုင်ရာဘာသာရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်
ဘာသာရပ်အလိုက် ဖွံ့ဖြိုးမှုဖြစ်လာမယ်။ ကိုယ်ဝါသနာပါရာကို
လေ့လာနိုင်ခွင့်ရလာမယ်။ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီးတော့
ဝင်ခွင့်ဖြေရမယ်ဆိုရင် 2nd Chance
တစ်ခု သူ ရလာမယ်။ တချို့ဆိုရင် ဆေးပညာကို
ဝါသနာလည်းပါတယ် အရမ်းလည်းတော်တယ်။
ဒါပေမဲ့ ဆေးအမှတ်မမီဘူး။ ဝါသနာနဲ့ ဆန္ဒနဲ့ သွားပြီးတော့
ထပ်တူမကျတဲ့အခါမှာ ဘယ်မှာပြဿနာသွားတက်လည်းဆိုတော့
လူသားရင်းမြစ်ဆုံးရှုံးမှုတွေ အများကြီးကြုံရတယ်’’ဟု
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်
(NNER)အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကပြောသည်။
ပြီးခဲ့သည့် ၂၀၁၃-၁၄ ပညာသင်နှစ်တွင် အသက်မွေးဝမ်းေ
ကျာင်းတက္ကသိုလ် ဝင်ခွင့်အမှတ်များမှာ အမြင့်ဆုံးဖြစ်ပြီး
ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ
ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် ထိပ်ဆုံးတွင်ရှိနေသည်။
ဆေးတက္ကသိုလ်ဝင်ခွင့်မှာ
ကျား ၄၉၀၊ မ ၅၀၈ မှတ်နှင့် ဒုတိယ၊ ရေကြောင်းတက္က
သိုလ်ဝင်ခွင့်မှာ ကျား ၄၈၇၊ မ ၄၉၇ မှတ်နှင့် တတိယ
အမှတ်ကန့်သတ်ချက် အများဆုံးဖြစ်ခဲ့ပြီး
တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးလေးဘာသာနှင့်အထက်
ယရရှိခဲ့သည့် ကျောင်းသူ၊ကျောင်းသားများသာ
ဝင်ခွင့်ရရှိရန် အိပ်မက်မက်နိုင်ခဲ့သည်။
‘‘ဒါက ကောင်းသောပြောင်းလဲမှုတစ်ခုပါ။
ကျောင်းသားက ကိုယ်ဝါသနာပါရာ ရွေးချယ်ပြီး
တက်မယ်ဆိုရင်တော့
ကောင်းပါတယ်။ ဝင်ခွင့်စနစ်ကလည်း တက္ကသိုလ်တိုင်းက
ဝင်ခွင့်ခေါ်မယ်ဆိုရင်လည်း ကျောင်းသားတွေ၊ ကျောင်းသား
မိဘတွေမှာလည်း စစချင်းဆိုရင် ရှုပ်ထွေးတဲ့အနေအထား
မျိုးလည်း ရှိလာကောင်း ရှိလာနိုင်တယ်။ ခေါ်တဲ့ကြော်ငြာကို
မသိလိုက်တာမျိုး၊ ဝင်ခွင့်ဖြေတဲ့ရက် တိုက်နေတာမျိုးတွေ ဖြစ်နိုင်တယ်။
တော်တော်လေးကို အသေးစိတ်ညှိရမယ့်ကိစ္စတွေပါ’’ဟု
ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်
ကပြောသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသူ၊
ကျောင်းသားများမှာ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များထက် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များကို အများစုရွေးချယ်
တက်ရောက်ရသည့် အကြောင်းရင်းမှာ ပညာသင်နှစ်ပြီးဆုံး၍
အလုပ်ခွင်သို့ဝင်ရောက်ပါက အလုပ်အကိုင်ရရှိနိုင်သည့် အခွင့်အလမ်းပိုမိုများပြားခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် အချိန်နီး
ကပ်လာပါက သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်
ဝင်ခွင့်ဖြေဆိုရန် အနီးကပ်သင်တန်းများ၊ ကျူရှင်များနှင
မးခွန်းများ စသည်ဖြင့် အချိန်အခါကိုလိုက်၍
ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။
‘‘ဝင်ခွင့်တွေမှာလည်း မကုန်ဆုံးနိုင်ေ
တာ့တဲ့ ကျူရှင်ပြဿ နာပါ။ ဝင်ခွင့်စာမေးပွဲသင်တန်းတို့ အဲဒီလိုဇာတ်
လမ်းတွေက အစပိုင်းမှာ ပေါ်လာနိုင်ဦးမှာပါ။ အဓိကပြင်ရမှာ
စာမေးပွဲစနစ်ကိုရော၊ ဝင်ခွင့်စနစ်ကိုရော တစ်ပြိုင်တည်းတွဲပြင်ရမှာ။
အခုထိက စာမေးပွဲစနစ်ကို တစ်လုံးမှ ပြောတာမတွေ့ရသေးဘူး’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်
(NNER) အဖွဲ့ဝင် ဦးဇော်မျိုးလှိုင်က ပြောသည်။
ပညာရေးဝန်ကြီးဌာနသည် ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးစနစ်ကို အသေးစိတ်အစီအစဉ် ရေးဆွဲဆောင်ရွက်၍ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူများအား ကြိုတင်အသိ
ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသူ၊
ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်များကို
မိမိတို့ဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူ၍
လျှောက်လွှာများကို ဩဂုတ် ၁၅ ရက်မှ
စက်တင်ဘာ ၅ ရက်အထိ အဆင့်မြင့်ပညာဦးစီးဌာန
(အောက်မြန်မာပြည်)တွင် လာရောက်လျှောက်ထားနိုင်မည်ဖြစ်ပြီး
အမှတ်နှင့်ဆုံးဖြတ်၍ ဝင်ခွင့်လျှောက်ထားရသည့်စနစ်မှာ
ယခုနှစ်သည် နောက်ဆုံးအကြိမ်သာ ဖြစ်လာနိုင်မည်ပာု ကိုဇော်မျိုးလှိုင်ထံမှကြားသိလိုက်ရပါသည်။

Credit to original writer

Want your business to be the top-listed Beauty Salon in Tachileik?
Click here to claim your Sponsored Listing.

Category

Telephone

Address


Tachileik
06271