24 Hour Health Care Service -Tachileik

24 Hour Health Care Service -Tachileik

Share

Your Well Being is our top priority.

02/05/2026

24 Hour Healthcare Service ၏ (၃) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့်
တာချီလိတ် ဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ကုသိုလ်
ပြုလုပ်ခဲ့ပါသည်ရှင်။

ကျွန်မတို့၏ လုပ်ငန်းသည်:

ဦးနှောက်ထဲမှ အသိပညာရပ် နှင့်

ရင်ဘတ်ထဲမှ စေတနာ ကို အခြေခံထားရတဲ့

အလုပ်ဖြစ်ပါသည်။

ဆရာဝန်၊ သူနာပြုဆရာမ

တစ်ဦးတစ်ယောက်ချင်းကိုယ်တိုင်

လိပ်ပြာလုံစေမည့် ရွေးချယ်မှုများဖြင့်သာ

ရှေ့ဆက်လှမ်းနေသည့် ခရီးလမ်းဖြစ်သည့်အတွက်

လူကြီးမင်းတို့၏ နားလည်ပေးမှုနှင့် ယုံကြည်မှု သည်

ကျွန်မတို့ တစ်ဦးချင်းအတွက်

အကြီးမားဆုံးသော ခွန်အားဖြစ်ပါသည်။

ယခု (၃) နှစ်ပြည့်မှသည်

နောင်နှစ်ပေါင်းများစွာတိုင်အောင်

(၂၄) နာရီ ဆေးခန်းမိသားစုဝင်များ မှ

လိပ်ပြာလုံစွာဖြင့်

လူကြီးမင်းတို့၏ မိသားစုဝင်များကို

ကာကွယ်စောင့်ရှောက်ပေးနိုင်သည့်

အင်အားစုတစ်ခုအဖြစ်

ဆက်လက်ရပ်တည်ခွင့် ရရှိပါစေကြောင်း

ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ယခုထက်ပို၍

အဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများ

ပေးဆပ်နိုင်ရန်လည်း အစဉ်တစိုက် ကြိုးစားသွားပါမည်။

ကျေးဇူးတင်ပါတယ်ရှင် 🪴

(1-5-2026)

Photos from 24 Hour Health Care Service -Tachileik's post 13/04/2026

ဆေးခန်း မိသားစု
သင်္ကြန်အကြိုနေ့ အမှတ်တရ 💦🌼

09/04/2026

24 Hour Clinic Family ‘s - (9-4-2026) STORY

ကျွန်တော်/ကျွန်မတို့ ဆေးခန်းမှ

အားလုံး၏ ချစ်ရသော ညီလေး/မောင်လေး အား

ရဟန်းခံ သိမ်ဆင်းလောင်းအလှူလေးအား

မျှဝေ အပ်ပါသည်။

(၉-၄-၂၀၂၆)
၁၃၈၇ တန်ခူးလဆုတ် (၈)ရက်နေ့အလှူ

01/01/2026
01/01/2026

၂၀၂၆ နှစ်သစ်ရဲ့
ပထမဆုံးနေ့ရက်မှာ (မထင်မှတ်ဘဲ)
မိုင်းဖုန်းဆရာတော်ကြီးကို သီပေါကနေ
မိုင်းဖုန်းထိ လာရောက်ဖူးမျှော်တဲ့
ခရီးသွားယာဉ်တန်းပေါ်ရှိ
အဖိုးအဖွားများကို
နှစ်သစ်ဒါနကုသိုလ်အဖြစ်
(၂၄)နာရီဆေးခန်း (အာခါစျေးမီးပွိုင့်အနီး)နှင့်
ဟောင်လိတ်ဆေးခန်း မိသားစုဝင်များမှ
ဆေးဝါးများ လှူဒါန်းခွင့်ရရှိခဲ့ပါတယ်ရှင်…။ 🙏

အားလုံးသော
လူကြီးမိဘ
ဆွေမျိုးသူငယ်ချင်းမိတ်ဆွေအပေါင်း..

🪴သုခ၊ သောက မျှတစွာ ကြုံတွေ့ရင်တောင်
စိတ်မလှုပ်မရှားနဲ့ ဖြတ်သန်းနိုင်တဲ့
နှစ်သစ်ဖြစ်ကြပါစေ 🙏

🪴ဘေးအန္တရာယ်ကင်းရှင်း၍
ကိုယ်ကျန်းမာ၊ စိတ်အေးချမ်းပြီး
နေ့ရက်တိုင်းမှာ စိတ်ကျေနပ်အားရစရာတွေကို
တွေ့မြင်နိုင်တဲ့ နှစ်သစ်ဖြစ်ကြပါစေ 💛

🪴မလွန်မကျူး၊ မလျော့မနည်းဘဲ
ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းထိန်းသိမ်းနိုင်တဲ့
နှစ်သစ်ဖြစ်ကြပါစေ 🙏

🪴ကြိုးစားမှုတိုင်း အဓိပ္ပါယ်ရှိပြီး
အချိန်မမှား၊ လမ်းမလွဲတဲ့
နှစ်သစ်ဖြစ်ကြပါစေ ✨

🪴ကုသိုလ်ရှိ၊ ကံကောင်းတဲ့
နှစ်သစ်ကို အားလုံး ပိုင်ဆိုင်နိုင်ကြပါစေ

မင်္ဂလာတွေ လွှမ်းခြုံသော ၂၀၂၆ ဖြစ်ကြပါစေရှင် ။🙏

# Hawn Leik Clinic
# 24 Hour Clinic
# Tachileik

Photos from 24 Hour Health Care Service -Tachileik's post 06/12/2025

(6-12-2025)
4th year anniversary of Our Clinic-

ပရ နဲ့ အတ္တ မျှတအောင် ကြိုးစားလုပ်ကိုင်နေတဲ့

ကျွန်တော်တို့ ဆေးခန်းလေးရဲ့ (၄)နှစ်ပြည့် အလှူအနေနဲ့
အဖိုးအဖွားများအတွက် medical check up ဆောင်ရွက်ပေးခဲ့ပါတယ်။

သွေးစစ်ဖို့ လိုအပ်တဲ့ အဖိုးအဖွားများအတွက်လဲ
သွေးဖောက်ဆေးစစ်ပေးခဲ့ပြီး၊
လိုအပ်တဲ့ ဆေးဝါးများ ဖြည့်စွက်လှူဒါန်းပေးခြင်း၊
အားဆေးများ ထိုးနှံပေးခြင်း အစရှိတဲ့
ကျန်းမားရေးစောင့်ရှောက်ကုသပေးတာတွေကို
လုပ်ပေးဖြစ်ခဲ့ပါတယ်ခင်ဗျာ…

ဆေးခန်းရဲ့ ဒီနေ့ (၄)နှစ်သက်တမ်းရှိသည်အထိ
ကာလတစ်လျှောက်လုံး
လက်တွဲလာခဲ့ပေးတဲ့ လုပ်ဖော်ကိုင်ဖက်
ဆရာ/ဆရာမ များအားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

အချို့အရာတွေက အထောက်အပံ့ဆိုတာထက်
မေတ္တာ ဆိုတဲ့ စကားလုံးနဲ့
ပိုပြီး အပ်စပ်မယ် ထင်ပါတယ်…

အမှတ်တရ မျှဝေသိမ်းဆည်းလိုက်ပါတယ် 🪴

08/10/2025

24 Hour Laboratory မှ Technician ရာထူးအတွက် အလုပ်ခေါ်ယူနေပါသည်။



လျှောက်ထားနည်းများ 🌸

စိတ်ဝင်စားသူများအနေနဲ့
• Messenger မှတဆင့် CV Form ပေးပို့နိုင်ပါသည်။

သို့မဟုတ်

• အောက်ဖော်ပြပါ ဆေးခန်းလိပ်စာများသို့ ကိုယ်တိုင် ပေးပို့နိုင်ပါသည်။

ဆေးခန်းလိပ်စာများ-

🏥 24 Hour Clinic
အာခါစျေးမီးပွိုင့်အနီး၊
ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့။

🏥 ဟောင်လိတ် ဆေးခန်း
လေယာဉ်ကွင်းလမ်းမ၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ်မြို့။



တာဝန်များနှင့် အကျိုးခံစားခွင့်များ

နယ်ဝေးမှ လာရောက်မည့်သူများအား နေစရာ စီစဉ်ပေးပါသည်။

• အသေးစိတ်အချက်အလက်များကို ဖုန်းဖြင့်မေးမြန်းနိုင်ပါသည်။

📞 ဆက်သွယ်ရန်ဖုန်းနံပါတ်များ
• 09973490878
• 09676163564

သို့မဟုတ် Viber Message ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။

ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ —

🩺 အလုပ်ကိုတန်ဖိုးထားတတ်သူ

💡 မိမိကိုယ်ကိုတန်ဖိုးထားတတ်သူ

❤️ အသင်းအဖွဲ့နဲ့ပူးပေါင်းဖွံ့ဖြိုးတိုးတက်လိုသူ

တို့ကို ဦးစားပေးခေါ်ယူလိုသည့်အတွက်

Fresher Techinician များလည်း လျှောက်ထားနိုင်ပါသည်။

15/06/2025

🩺Healthy Tips Sunday-
(24Hour Health Care Service-Tachileik)

ဖျားနေတာနဲ့ မက်ကလောင်ခြစ်ပြီး
အပူအဆိပ်ထုတ်တတ်ကြတာ တကယ်အကျိုးရှိလား?”

🩺 answer: ❌ မလုပ်သင့်ပါ

ဖျားရင်၊ ကိုယ်ခန္ဓာ ကိုက်ခဲရင် အပူအဆိပ်ထွက်မယ်ထင်ပြီး အသားကိုခြစ်ခြင်းက ရိုးရာယုံကြည်ချက်တစ်ခု (traditional belief)ဖြစ်ပါတယ်။

(ဥပမာ- ကိုယ်ခန္ဓာ ညောင်းညာ ကိုက်ခဲတယ်၊ လည်ပင်းမှာ မက်ကလောင်ခြစ်လိုက်တော့
နာကျင်မှုအာရုံက လည်ပင်းဆီမှာဘဲ စုသလိုဖြစ်သွားတော့
တခြားနေရာက သက်သာသလိုဖြစ်သွားတာမျိုးပါ)

🔴 အန္တရာယ်တွေက

➤ ခြစ်ရာနေရာတွေမှာ infection ဖြစ်တတ်တယ်။

➤ ထပ်ဖန်တလဲလဲ ခြစ်တဲ့နေရာတွေမှာ permanent scar (အမြဲအမာရွတ်) ကျန်တတ်တယ်။

တကယ်လို့ သာမန်အအေးမိတာမျိုးမဟုတ်ဘဲ
ဖျားရတဲ့အကြောင်းအရင်းက serious ဖြစ်နေလျှင်…

➤ မက်ကလောင်ခြစ်ခြင်းကြောင့်
ရောဂါက မကောင်းဘဲ ပိုဆိုးသွားနိုင်ပါတယ်။ ⛔️

➤ သာမန် ဖျားနာတာမဟုတ်ဘဲ
Dengue, Covid လည်း ဖြစ်နေနိုင်တာကို မသိဘဲ
စိတ်ရဲ့စွဲချက်နဲ့ ခြစ်တာကြောင့်
အန္တရာယ်ဖြစ်စေနိုင်ပါတယ်။



✅ အစားထိုးလုပ်လို့ရတဲ့နည်းလမ်းတွေအနေနဲ့

• အပူချိန်အချိန်တိုအတွင်းကျလာဖို့ ဆို —

➤ ရေပတ်တိုက်ပေးတာမျိုး

➤ အကိုက်အခဲပျောက်ဆေး Paracetamol သောက်ပေးတာမျိုး

➤ ခန္ဓာကိုယ်နာကျင်မှုအတွက် လိမ်းဆေး လိမ်းပေးတာမျိုး

➤ အနားယူပေးတာမျိုး အစရှိတဲ့ နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်


🔍 တစ်ခါတစ်လေ ဖျားနာတာဟာ

serious infection ကြောင့်ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ တိုင်ပင်ခြင်းကတော့
အမြဲအလုံခြုံဆုံးနည်းပါပဲ။” ✅✅🩺🩺




#အေးချမ်းစွာကျန်းမာပါစေ

13/06/2025

⛔️⛔️အလုပ်ခေါ်စာ မဟုတ်ပါ… ❌❌

✅✅. “နှလုံးသားခေါ်စာ “တစ်စောင်ပါ။💙🩵
____________________________________________

🌸 “ဆေး “ မဟုတ်ပေမယ့်…
“ဆေး”လို ဖြစ်မယ့်သူလေး_ လိုအပ်နေပါသောကြောင့်

ကျွန်ုပ်တို့ ဆေးခန်းက –

သူနာပြုဆရာမတစ်ဦးရဲ့ ကြင်နာတတ်တဲ့ စိတ်~~ ☺️

မေတ္တာနဲ့ ပြည့်နေတဲ့ အသက်ရှုသံကို 🩺
ရှာဖွေလျက်ရှိပါတယ် 👀👀



📌 အခြားလိုအပ်ချက်များ –

🩷 အသက် (၃၀) နှစ်အောက်ဖြစ်ရမည်

🩷 ရုပ်ရည်ပြေပြစ်သပ်ရပ်ပြီး ဖော်ရွေမှုရှိသူဖြစ်ရမည်

🩷 ရှမ်းစကား ပြောတတ်သူ

🩷 လူနာတစ်ဦးကို မိသားစုလို ပြုစုနိုင်တဲ့ ဆရာမစိတ်ရှိသူ

🩷 တက်ကြွပြီး လေ့လာသင်ယူဖို့ ရဲရင့်သူ



🏠 နေစရာအဆောင်စီစဉ်ပေးပါသည်။

💸 လစာမှာ ဂျူတီချိန်အလိုက် ခံစားရသည့်အပြင်
အခြားသော အကျိုးခံစားခွင့်များရှိသည့်အတွက်
ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (🇹🇭 )

📍24 Hour Clinic
အာခါစျေးမီးပွိုင့်အနီး၊ တာချီလိတ်မြို့။
📞 phone & Viber -
09426569363
09676163564
09677662066
09973490878

24 Hour Health Care Service ၏
page Messenger မှ တဆင့်
လျှောက်ထားမှုများကိုလည်း ဝမ်းပန်းတသာ
ကြိုဆိုပါသည်။

Photos from 24 Hour Health Care Service -Tachileik's post 16/09/2024

“၂၄ နာရီ”-ဆေးခန်း + “ဟောင်လိတ်” ဆေးခန်း
မိသားစုဝင်များ
နှင့်
လူနာများ - တို့၏
ကာလဒါနအလှူအတန်းအဖြစ်
ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး
ဆေးဝါးများ
ပို့ဆောင်လှူဒါန်းဖြစ်ခဲ့သည့်
အမှတ်တရ ပုံရိပ်များ။

Feeling- ၁၆-၉-၂၀၂၄-

- တာချီလိတ်မြို့။

It’s not how much we give but how much love we put into giving.
-Mother Teresa

Want your business to be the top-listed Beauty Salon in Tachileik?
Click here to claim your Sponsored Listing.

Category

Address

24 Hour Clinic, ArKhar Zay, Taunggyi-Tachileik Road, TachileikTaunggyi/Tarchileik Rd
Tachileik
06271