Digital Creator Hnin Pwint Wai

Digital Creator Hnin Pwint Wai

Share

ကျန်းမာခြင်းသည် လာဒ်ကြီးတစ်ပါးဖြစ်သည်

စိုက် မွေး ချက် စား ရောင်းမယ် ဝယ်မယ်....etc. Plant, grow, cook, eat, sell, buy, etc.

Photos from Digital Creator Hnin Pwint Wai's post 18/04/2026

အိမ်🥚🥚ကြက်ဉစစ်စစ်လေး‌ေတွ နဲနဲပြန်ရပါမယ်ရှင် ဦးသူယူကြပါနော် အိမ်🥚🥚ကြက်ဉစစ်စစ်ကအမြဲမရလို့ပါရှင် ကြက်အကောင်လေးတွေပါပြပေးထားပါတယ်နော် အဲ့ဒီ ကြက်တွေရဲ့ဉ‌ေ‌တွပါရှင်

10လံုး- 100ဘတ်
တာချီလိတ်ကပါရှင်
ph-09690952441
(မားသားဝေါလ် လ္ဖက်ရည်ဆိုင်နဲ့ CarProရေဆေးခုံနားမှာပါရှင်)

#ပို့စ်တင်ရက်(18.4.26)
#တခလ

16/04/2026
14/04/2026

ဘန်ကောက်ဆရာဝန်တွေ လက်မြှောက်ခဲ့တဲ့ ***သားဥအိမ်ရေအိတ်***ကို ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းသွားခဲ့တဲ့ ကျွန်မရဲ့ ကိုယ်တွေ့မှတ်တမ်း🥰🥰

​"သားဥအိမ်ရော၊ သားအိမ်ရော အကုန်ထုတ်ပစ်ရမယ်" လို့ ဘန်ကောက်က ဆရာဝန်တွေ အမိန့်ချမှတ်ခံခဲ့ရတဲ့ လွန်ခဲ့တဲ့ (၄) နှစ်က အဖြစ်အပျက်လေးကို ပြန်မျှဝေချင်ပါတယ်။

​ကျွန်မလိုပဲ သားဥအိမ်ရေအိတ် တည်နေသူများအတွက် လက်တွေ့ပျောက်ကင်းခဲ့တဲ့ နည်းလမ်းကောင်းလေးတစ်ခု ဖြစ်တာကြောင့် စေတနာရှေ့ထားပြီး ရေးသားလိုက်ရပါတယ်။

​🩺 စတင်တွေ့ရှိချိန်
^^^^^^^^^^^^^
ဘန်ကောက်မှာ ဆေးသွားစစ်တော့ သားဥအိမ်နှစ်ဖက်လုံးမှာ ရေအိတ်တည်နေတယ်။ တစ်ဖက်က 7 cm နဲ့ နောက်တစ်ဖက်က 6.5 cm တောင် ရှိနေပါပြီ။ အသက်အရွယ်အရ အသုံးမဝင်တော့လို့ အကုန်ထုတ်ပစ်ဖို့ ဆရာဝန်တွေက အကြံပြုပါတယ်။ ၃ လအတွင်း မခွဲရင် လိမ်ပြီးပေါက်ထွက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးခံခဲ့ရပါတယ်။
​ဒါပေမယ့် ကျွန်မက ခွဲစိတ်ခန်း (၉) ကြိမ်ဝင်ဖူးသူမို့ နောက်ထပ်တစ်ကြိမ် ထပ်မဝင်ချင်တော့ပါဘူး။ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝကုသနိုင်စွမ်းကို ယုံကြည်တာကြောင့် တခြားနည်းလမ်း ရှာဖွေခဲ့ပါတယ်။

​🌿 တွေ့ရှိခဲ့တဲ့ သဘာဝနည်းလမ်း
^^^^^^^^^^^^^^
ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းရဲ့ ဟောပြောချက်တွေကို နားထောင်ပြီး လက်တွေ့စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ငယ်ငယ်က တိရစ္ဆာန်လေးတွေ ဒဏ်ရာရရင် ဆနွင်းနဲ့ဆီ လိမ်းပေးတာကို သတိရပြီး ယုံကြည်မှု ပိုရှိလာခဲ့တယ်။

​🥣 ကျွန်မ ပြုလုပ်ခဲ့သော နည်းလမ်း (ကိုယ်တွေ့)
^^^^^^^^^^^^^
​ပါဝင်ပစ္စည်းများ- ကိုယ်တိုင်ကြိတ်ထားတဲ့ ဆနွင်းစစ်စစ် နှင့် သံလွင်ဆီ (Olive Oil)။
​သောက်သုံးရန်အချိုးအစား- ဆနွင်း လက်ဖက်ရည်ဇွန်း (တစ်ဝက်) + သံလွင်ဆီ ထမင်းစားဇွန်း (တစ်ဇွန်း) ကို ရောစပ်လိုက်ပါ။
​သောက်သုံးရန်အကြိမ်ရေ- တစ်ရက်လျှင် (၂) ကြိမ် သောက်ခဲ့ပါတယ်။

​သတိပြုရန်- သောက်ပြီး နာရီဝက်ကြာမှ ရေသောက်ပါ။ အစာမရှိဘဲ သောက်ရင် မူးတတ်ပါတယ်။ (သံလွင်ဆီအစား နှမ်းဆီစစ်စစ်၊ နှမ်းနက်ဆီ၊ Cod Liver Oil တို့နှင့်လည်း ရောသောက်နိုင်သည်ဟု ဆိုပါတယ်)။

​✨ မယုံနိုင်စရာ ရလဒ်များ
^^^^^^^^^^^^^^
​၁ လအကြာမှာ- Ultrasound ပြန်ရိုက်ကြည့်တဲ့အခါ မူလက 7cm/6.5cm ရှိတဲ့ ရေအိတ်တွေဟာ တစ်ဖက်ကို 2.5 cm စီလောက်ပဲ ကျန်ပါတော့တယ်။ ပြည်တွင်းက ဆရာဝန်မလေးတောင် မယုံနိုင်လွန်းလို့ ဆီးသွားခိုင်းပြီး အခါခါ ပြန်စစ်ဆေးခဲ့ရတဲ့အထိပါပဲ။

​၄ လအကြာမှာ- ဘန်ကောက်ကို ဆေးပြန်သွားစစ်တဲ့အခါမှာတော့ ရေအိတ် လုံးဝ(လုံးဝ) မရှိတော့ပါဘူးရှင်။

​ခွဲစိတ်ခန်းအဝကနေ ဒီသဘာဝနည်းလမ်းလေးနဲ့ ပြန်လှည့်လာနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ရသလို၊ နည်းလမ်းလမ်းညွှန်ပေးတဲ့ ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းကိုလည်း အထူးကျေးဇူးတင် ရိုသေမိပါတယ်။

​ကျွန်မကတော့ အခုချိန်ထိ နေ့စဉ် ဆနွင်းနဲ့ သံလွင်ဆီကို တစ်ရက်တစ်ကြိမ် သောက်သုံးနေဆဲပါ။ ကိုယ်တွေ့လက်တွေ့မို့ တူညီတဲ့ ဝေဒနာ ခံစားနေရသူများ စမ်းသပ်ကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
Family Cooking
================
#ကျန်းမာရေး #ဆေးနည်း #ရေအိတ် #သားဥအိမ်

09/04/2026

မက်ဆီရဲ့စိတ်ထားလေးသဘောကျလို့

🗣️ မက်ဆီကို ထိုင်ရှိခိုးချင်လောက်အောင် ကြည်ညိုလေးစားခဲ့တဲ့ ဒီဒီယာ ဒရော့ဂ်ဘာ

"မက်ဆီရယ် ကျွန်တော်ရယ်နဲ့ တခြားကစားသမားအချို့က ၂၀၁၀ ကမ္ဘာ့ဖလားမတိုင်ခင် အချိုရည်ကုမ္ပဏီတခုအတွက် ကြော်ငြာ
ရိုက်ကူးပေးခဲ့ကြတယ်။

မက်ဆီက အာဖရိကတောထဲက ရွှေ့ပြောင်း ကျေးရွာလေးတစ်ခုက လူအချို့နဲ့ တွေ့ဆုံခဲ့ပြီး သူတို့နဲ့အတူ ဘောလုံးကစားပေးခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ မက်ဆီက ကျွန်တော့်ကို အရမ်းလေးနက်တဲ့လေသံနဲ့ 'ဒီဒီယာ ဒီလူတွေက ကျွန်တော်တို့ ယူရိုသန်းပေါင်းများစွာအတွက် ဘောလုံးကစားနေချိန်မှာ ညစ်ပတ်တဲ့ရေတွေသောက်နေရတာ ခက်ဗျား မြင်လား'လို့ ပြောခဲ့တယ်။

နောက်တနေ့မှာ အဲဒီအချိုရည် ကုမ္ပဏီဒါရိုက်တာဆီကနေ ကျွန်တော် ကြားခဲ့ရတဲ့သတင်းက မက်ဆီက သူ့ရဲ့ ကြော်ငြာကရတဲ့ ရှယ်ယာအားလုံးကို အဲဒီရွာအတွက် ရေတွင်းတွေတူးဖို့နဲ့ ဆေးရုံကောင်းကောင်း၊ ကျောင်း၊ ကလေးကစားကွင်းနဲ့ တခြားလိုအပ်တဲ့ အခြေခံအဆောက်အဦးတွေဆောက်ဖို့ လှူသွားခဲ့တယ်တဲ့။

သူ ပြောခဲ့တဲ့ အကောင်းဆုံးအရာက ဒီလှူဒါန်းမှုမှာ သူ့နာမည်ကို မထည့်ဘဲ အမည်မသိ ကုသိုလ်ရှင်အဖြစ်ပဲ ထားဖို့ပါ။ နောက်ထပ် ၆ လအကြာမှာ မက်ဆီက ဆရာဝန်၊ စာရင်းဇယားကိုင်တွယ်သူနဲ့ အင်ဂျင်နီယာတွေကို အဲဒီရွာကို စေလွှတ်ခဲ့ပြီး သူ လှူဒါန်းခဲ့တဲ့ ပိုက်ဆံတွေ ရွာကလူဆီရောက် မရောက်ရယ်နဲ့ စီမံကိန်းက တကယ်ရော တည်ဆောက်ရဲ့လား သေချာအောင် လုပ်ခဲ့တယ်။
ဒီနေ့အထိ ကျွန်တော့်စိတ်ထဲမှာ မေ့မရဘဲ စွဲထင်ကျန်နေခဲ့တဲ့စကားကို ခင်ဗျားသိလား။ ကျွန်တော်တို့ တောင်အာဖရိကကို ပြန်တဲ့လေယာဉ်ပေါ်မှာ သူ့ကို ကျွန်တော် 'ဘာကြောင့် ဒါတွေအားလုံး မင်း လုပ်ပေးခဲ့တာ'လို့ မေးခဲ့တယ်။

သူက ကျွန်တော့်ကို ပြန်ပေးခဲ့တဲ့အဖြေက ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး။ 'ဘာလို့လဲဆိုတော့ အာဖရိကမှာ ကြော်ငြာတွေမလိုဘူး။ တကယ် လက်တွေ့လုပ်ဆောင်ဖို့ပဲ လိုတာပါ။ တကယ် လုပ်ဆောင်မှုမှာ ဘာမှ ပြန်ရဖို့ မျှော်ကိုးမှုပါစရာ မလိုပါဘူး'တဲ့။

မက်ဆီရဲ့ အကောင်းဆုံးဂိုးတွေက ဂိုးထဲကို သွင်းယူခဲ့တာမဟုတ်ပါဘူး။ ဘောလုံးကို မသိတဲ့သူတွေရဲ့ နှလုံးသားထဲကို ကန်သွင်းယူခဲ့တာပါ။ ဘောလုံးအကြောင်းသိတဲ့လူတိုင်းက မက်ဆီကို ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားဆိုတာ သိကြပါလိမ့်မယ်။"

Photo credit to owner

Photos from Digital Creator Hnin Pwint Wai's post 09/04/2026

ဒီနေ့တော့ 🌿🌿ကန်စွန်းလေး နဲနဲစိုက်ထားတာ ခူးပြီး 🫕🫕🍲🍲ချဉ်ဟင်းချက်စားမယ်ကွယ်🍁🍁🍁

#ကိုယ်တိုင်စိုက် ကန်စွန်းရွက်
#(9.4.26)
#တခလ

Want your business to be the top-listed Beauty Salon in Tachileik?
Click here to claim your Sponsored Listing.

Category

Website

Address

Tachileik